Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ခေါင်းဆောင်ကောင်းဖို့ လိုသလို နောက်လိုက်ကောင်းဖို့လည်း လိုအပ်
တစ်ရံရောအခါက လိမ္မာပါးနပ်သောလှည်းကုန်သည် ဦးစီးသည့် လှည်းငါးရာအစုသည် သဲကန္တာရကို ဖြတ်သန်းပြီး ကုန်ရောင်းထွက်ကြသည်။ ရာသီဥတုမှာ ပြင်းထန်လှသဖြင့် နေ့အချိန်တွင် နားကြပြီး ညအခါမှသာ ခရီးဆက်နိုင်သည်။ ထို့ကြောင့် ကြယ် နက္ခတ်တာရာတို့ကို ကြည့်ပြီး လမ်းကြောင်းရှာဖွေတတ်သော လမ်းပြတစ်ယောက်ကိုပါ ငှားရမ်းခဲ့သည်။ ခရီးမှာ ငါးဆယ့်ကိုးယူဇနာမျှ ကျယ်ပြန့်ပြီး ယနေ့တစ်ညခရီးဆက်ပြီးလျှင်ဖြင့် ကန္တာရကို ကျော်ပေပြီ။ ရှေ့ဆုံးလှည်းမှလမ်းပြသည် ခရီးပန်းသဖြင့် အိပ်ပျော်သွားရာ နွားသည် လမ်းမှားလေသည်။ ရှေ့မှနွားလှည်းလမ်းမှားသဖြင့် နောက်မှလှည်းများလည်း လမ်းမှားကြကုန်သည်။
တစ်ညလုံးမောင်းနှင်ခဲ့ပြီး နံနက်မိုးသောက်မှ မနေ့ညက ခရီးစထွက်ခဲ့သော ဒုံရင်းနေရာသို့ ပြန်ရောက်နေသည်ကို တွေ့ကြရသည်။ နောက်ထပ်တစ်ည အချိန်ပေးပြီး ခရီးဆက်လျှင် လိုရာအရပ်သို့ ရောက်မည်မှန်သော်လည်း ဆိုးဝါးသည့်အချက်မှာ သောက်ရေကုန်သွားခြင်းဖြစ်သည်။ အစားအစာများ ကျန်သေးသော်လည်း သောက်ရေမရှိသည်က ဆိုးလို့နေသည်။ ရာသီဥတုမှာ အင်မတန်မှ ပူပြင်းလှသဖြင့် သောက်ရေမရှိဘဲ နေ့ဘက်ခရီးဆက်ရန်မှာ မဖြစ်နိုင်သလို ရေမသောက်ဘဲ ညအထိတောင့်ခံပြီး ခရီးဆက်ဖို့မှာလည်း မဖြစ်နိုင်ပေ။ လှည်းမှူးသည် အနီးပတ်ဝန်းကျင်သို့ လှည့်လည်စူးစမ်းရာ တစ်နေရာတွင် နေစာမြက်တို့ ပေါက်ရောက်ရှင်သန်နေသည်ကို တွေ့ရသည်။ အပင်ရှိလျှင် ရေရှိမည်မှာမလွဲ။ လှည်းသမားတို့သည် အတောင်ခြောက်ဆယ်ထိ တူးမိသောအခါ ကျောက်ဖျာကိုတွေ့သည်။ လှည်းသမားတို့သည် စိတ်ဓာတ်ကျပြီး အားလျော့လေသည်။
လှည်းမှူးသည် ငါပါစိတ်ဓာတ်ကျနေလျှင် အားလုံးသေဖွယ်ရာရှိသည်ဟု တွေးပြီး တွင်းထဲသို့ဆင်းကာ ကျောက်ဖျာကို ကပ်ပြီး နားထောင်ရာ ရေစီးသံကို ကြားရသည်။ တွင်းပေါ်တက်ပြီး လှည်းသမားတို့ကို ပြောပြရာ ခြေကုန်လမ်းပမ်းကျနေသဖြင့် ခေါင်းတခါခါနှင့် ဆက်လက်တူးရန် တွန့်ဆုတ်နေသည်။ လှည်းမှူး၏ တပည့်ရင်းတစ်ဦးသာလျှင် တွင်းထဲသို့ဆင်းပြီး သံတူရွင်းဖြင့် အားစိုက်ခွဲရာ ကျောက်ဖျာသည် ရေစီးကြောင်းပေါ် ကန့်လန့်ခံပြီး ကျိုးကြသဖြင့် ရေချိုတို့သည် တွင်းပေါ်ထိတိုင်အောင် ပန်းထွက်လာသည်။ ထိုအခါမှ လှည်းသမားနှင့် နွားများသည် ရေချိုတို့ကို သောက်သုံးကြသည်။ ထိုနေရာတွင်ပင် ချက်ပြုတ် စားသောက်ကြသည်။ ရေထွက်သောနေရာတွင် တိုင်ထူကာ တံခွန်ဆွဲပြီး နောက်လူတို့ အသုံးပြုနိုင်ရန် အမှတ်အသားပြုခဲ့ပြီး ချမ်းသာစွာ ခရီးဆက်သွားကြသည်။
ငါးရာ့ငါးဆယ်ဇာတ်နိပါတ်တော်လာ ဝဏ္ဏပထဇာတ်တော်တွင် ခေါင်းဆောင်က မည်မျှကောင်းကောင်း မိမိကိုယ်တိုင် ဝိရိယစိုက် ကြိုးစားအားထုတ်မှသာ လိုရာဆန္ဒပြည့်ဝနိုင်ကြောင်း သင်ခန်းစာယူမိပါသည်။ တစ်ခါတစ်ရံ၌ ကာလရှည်ကြာစွာ ကြိုးစားအားထုတ်ထားသည်ကို ပန်းတိုင်ရောက်ရန် ခြေတစ်လှမ်းစာအလိုရောက်မှ ရပ်တန့်မိလိုက်သဖြင့် ဆုံးရှုံးရသည်များလည်း ရှိတတ်သည်ကို သတိချပ်သင့်ပေသည်။
breakingnews
ပွဲရသွားပြီလို့ဆိုလိုက်တဲ့ ဂျွန်ဂျုံး😬😬💥💥💥
MMA ပရိသတ်တွေစောင့်မျှော်နေတဲ့ GOAT ကြီးရဲ့ပွဲကြေညာပါတော့မယ်၊💥🤘ပြိုင်ဘက်နဲ့ UFC အဖွဲ့နဲ့ရော သဘောတူညီမှု ရရှိထားပြီလို့ ဆိုပါတယ်💥
မကြာမီ သူ့ရဲ့ ပြိုင်ဘက်ကို ဥက္ကဌကြီးတရား၀င်ကြေညာပါတော့မယ်လို့သိရပါတယ်🤘🤘💥
ဘယ်သူဖြစ်နိုင်လဲ?😬🫣
အဲလက်စ်ပါရဲယား ကောဖြစ်နိုင်ခြေရှိလား?
Credit to lkmyanmar
မကြာခင် ရွေးကောက်ပွဲ တတိယအဆင့်ကို ရောက်လာတော့မယ့် အိန္ဒိယမှာ အစိုးရက ပြည်တွင်းပဲဖူလုံရေးကို ရှေးရှုပြီး ကုလားပဲ သွင်းကုန်ခွန် ပယ်ဖျက်တာနဲ့ စားတော်ပဲဝါ အခွန်လွတ်တင်သွင်းခွင့် သက်တမ်းတိုးတာတွေကို တပြိုင်တည်း ကြေညာခဲ့ပါတယ်။ အဲဒီပဲတွေဟာ အိန္ဒိယသားတွေရဲ့အခြေခံစားကုန်တွေ ဖြစ်ပြီး ရွေးကောက်ပွဲကာလမှာ ဈေးတက်တာတွေ မဖြစ်အောင်လို့ အစိုးရက စီမံပေးတာ ဖြစ်ပါတယ်။ တချိန်တည်းမှာ တရားမဝင် ပဲသိုလှောင်သူတွေကို ကွင်းဆင်း စစ်ဆေး ဖော်ထုတ်တာတွေလည်း လုပ်နေပြီး ပဲဈေးတွေ အရမ်း မတက်အောင် ထိန်းကျောင်းနေတယ်လို့ သိရပါတယ်။
ဒါလေး 3 ခု သိရင် Marketing စလုပ်လို့ရပါပြီ
အဲ့ဒါကတော့ What ၊ Who နဲ့ How ပါ
- ကိုယ်ဘာရောင်းမယ်ဆိုတာရယ်
- ဘယ်သူတွေကို ရောင်းမယ်ဆိုတာရယ်ကို
တိတိကျကျသိရင် Marketing စလုပ်လို့ရပါပြီ ✅
အရေးကြီးတာက 'တိတိကျကျ'သိဖို့တော့လိုပါတယ်
=====
ကိုယ်ရောင်းနေတဲ့ပစ္စည်းအကြောင်းတောင်မသိတဲ့ စျေးသည်ဆီကနေ ဘယ်သူမှမဝယ်ချင်််ပါဘူး..✅
ဒါ့ကြောင့် ကိုယ့်ပစ္စည်းရဲ့
- အားသာချက်တွေ
- အားနည်းချက်တွေ
- ပါဝင်တဲ့အရာတွေ
- စွမ်းဆောင်နိုင်စွမ်းတွေ
- အာမခံနိုင်တဲ့အရာတွေကို သိထားဖို့လိုပါတယ်..
Admin တို့ကော?..
Page မှာရောင်းနေတဲ့ ပစ္စည်းတွေရဲ့အကြောင်း ဂဃနဏသိရဲ့လား?
ခေါင်းအစ၊ ခြေအဆုံးသိပါတယ်ဆိုရင်
နောက်တစ်ဆင့်တက်လို့ရပါပြီ ✅😁
=====
ဆံပင်မရှိတဲ့ကတုံးတစ်ယောက်ကို
ခေါင်းလျှော်ရည်ထိုးရောင်းလို့ရနိုင်မလား?
ကိုယ်ဘာရောင်းမလဲ သိပြီဆိုရင်
ဘယ်သူ့ကိုရောင်းမလဲဆိုတာ စဥ်းစားရပါတယ်✅
ဒီလို စဥ်းစားတဲ့အခါ Customer ရဲ့တနေ့တာကို မျက်လုံးထဲမှာ ပုံဖော်ပြီး မြင်ယောင်ကြည့်ပါ
ဥပမာ ကြေးအိုးရောင်းတာဆိုရင်ကိုယ့် Customer က
- အသက် 20ကနေ 30ကြား လူငယ်ဖြစ်မယ်
- ဝင်ငွေကောင်းတဲ့လူမျိုးဖြစ်နိုင်သလို၊ မုန့်ဖိုးကောင်းကောင်းရတာမျိုးလဲဖြစ်နိုင်တယ်
- နေ့လည်ပိုင်း အလုပ်တွေလုပ်ပြီး အလုပ်တွေပြီးတဲ့အချိန် ကိုယ့်ချစ်သူ၊ မိသားစုနဲ့ ကြေးအိုးသွားစားဖို့ ချိန်းတာမျိုးဖြစ်နိုင်မယ်
- ဖုန်းသုံးတဲ့အချိန်အများစုက မနက််နိုးတဲ့အချိန်နဲ့ ညနေအလုပ်တွေပြီးတဲ့အချိန်ဖြစ်လိမ့်မယ်...
- ညကျရင် မိသားစု၊ သူငယ်ချင်းတွေကို အချိန်ပေးပြီး နောက်နေ့အတွက်အားဖြည့်ဖို့ အိပ်ကြလိမ့်မယ်
အစရှိသဖြင့် Cus ရဲ့ တနေ့တာကိုမြင်ယောင်ကြည့်ပါ
အကယ်၍ မြင်ယောင်လို့မရရင် ကိုယ့်ရဲ့ VIP customer တွေ၊ ကိုယ့်ရဲ့ ဖောက်သည်တွေကို မေးမြန်းကြည့်ပါ..
Data ပိုတိတိကျကျသိလေ ပိုကောင်းလေပါပဲ ✅
=====
Customer ရဲ့အကြောင်းသိပြီဆိုရင်
ဘယ်လိုရောင်းမလဲ (How) စဥ်းစားလို့ရပါပြီ
စောနက ကြေးအိုးနဲ့ဆက်ပြောရရင်
- Customer တွေက Online က ဝယ်စားတာများရင် Facebook မှာ များများကြော်ငြာမယ်...
- Engagement Goal တွေ၊ Message Goal တွေနဲ့ Messenger လာမေးအောင် Boost လုပ်မယ်ပေါ့
- Messenger ကနေရောင်းမယ်၊ Deli အပ်မယ်..
- Customer တွေက အပြင်မှာ ဝယ်စားတာများရင် ဘယ်နှပွဲစားရင် တစ်ပွဲ Free ဆိုပြီး Loyalty ကဒ်တွေလုပ်ပေးမယ်
- Facebook မှာ Page ထောင်ပြီး ဆိုင်ဖွင့်ထားကြောင်း လူတွေသိအောင် အသိပေးမယ်..
- Message Goal မသုံးတော့ပဲ Engagement Goal တွေ၊ Reach Goal တွေနဲ့ လူများများမြင်အောင်လုပ်မယ်
=====
လူအများစုက ဒီနေရာမှာနည်းနည်းတိုင်ပတ်ကြပါတယ်
ဘယ်လိုရောင်းလို့ရနိုင်မလဲဆိုတာ မသိကြလို့ပါ
အကယ်၍ ကိုယ်စဥ်းစားလို့မရရင် သူများတွေ
- ဘယ်လိုရောင်းနေလဲ?
- ဘယ်လိုလူတွေမြင်အောင်လုပ်ကြလဲ?
- Customer အသစ်ရအောင် ဘာတွေလုပ်ကြလဲ?
- ကိုယ်ကော ဒီဆိုင်ကို ဘယ်လိုစသိတာလဲ?
အစရှိသဖြင့် တစ်ဆိုင်ပြီးတစ်ဆိုင်လေ့လာပါ
သူတို့ရဲ့နည်းလမ်းတွေကို ပြန်သုံးကြည့်ပါ ✅
တချို့နည်းလမ်းတွေက အလုပ်ဖြစ်တာရှိမယ်
တချို့နည်းလမ်းတွေက အလုပ်မဖြစ်တာရှိမယ်
အလုပ်ဖြစ်တဲ့နည်းလမ်းကို ရွေးချယ်ပြီး ကြိုးစားပါ💖
=====
ဒီ 3 ခုကို သိပြီဆိုရင် သင်စျေးစရောင်းလို့ရပါပြီ 🌟
စုံစမ်းမေးမြန်းမှုတွေ ရလာပြီဆိုရင်
Customer ရလာဖို့ Chance ရှိလာပါပြီ...✨🤗
ပိုပြီးရောင်းအားကောင်းချင်ရင် စျေးရောင်းနေတာကို လူတွေမြင်အောင် ဘယ်လိုလုပ်လို့ရနိုင်သေးလဲ (How) ဆိုတာကို ထပ်မံလေ့လာပါ...
Marketing နည်းလမ်းတိုင်းကို စမ်းသုံးကြည့်ပါ ✅
သင့်စီးပွားရေးလုပ်ငန်းရဲ့ What, Who နဲ့ How ကို
တိတိကျကျ ကွဲကွဲပြားပြားသိပြီလားနော် 💖
ယနေ့ ရွှေဈေး (မေ - ၆ ရက်၊ ညနေ ၄ နာရီ)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၁၃ ဒေါ်လာ
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၇၅၀၀၀၀ ကျပ်
ဝယ်ဈေး ၄၇၁၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၅၅၀၀၀၀ ကျပ်
ဝယ်ဈေး ၄၅၁၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
မေမှာ ရပ်တန့်လိုက်ရတဲ့ ဆက်ဆံရေးတွေရှိတယ်။
မေရောက်ပြီဆို ချစ်သူတွေ အထိအရှများတယ်။
မေဟာ နွေရဲ့ အပူဆုံးလ လဲ ဖြစ်တယ်။
ပြီးတော့ ငါသိပ်ချစ်ရတဲ့ တစ်စုံတစ်ယောက်ကို
လက်လွှတ်လိုက်ရတဲ့လ ဖြစ်ခဲ့တယ်။
#tarmhyuunge