2 yrs - Translate

ခင်ဗျားက ချန်ခဲ့ရကြောင်းကို
ဝံ့ဝံ့စားစားလေးပြောသွားတဲ့အခါ
ကျွန်တော်ကလည်း ကျန်ရစ်ခဲ့ရပါကြောင်းကို
အရက်ခွက်လေးကိုင်ပြီး သက်သေ ပြမယ်
တချို့သော ဇာတ်လမ်းတွေက
အစချီဖို့ အခွင့်အရေး မရှိဘူး
ဇာတ်သိမ်းဖို့အတွက် သီးသန့်ဖြစ်တည် လာတာမျိုး💔

image
K K changed his profile picture
2 yrs

image
K K changed his profile picture
2 yrs

image
2 yrs - Youtube

2 yrs - Youtube

2 yrs - Translate

Thailand’s April inflation rises slightly, first time in 7 months

https://www.businesstimes.com.....sg/international/ase

image
2 yrs - Translate

Durian duel: Malaysia to enter fray to export the spiky fruit to China, alongside Thailand, Vietnam

https://www.businesstimes.com.....sg/international/ase

image
2 yrs - Translate

ကွယ်ရာမှာ ဘယ်သူတွေက
ငါ့မကောင်းကြောင်း အတင်းတွေပြောနေကြပါစေ
ငါတော့ဂရုမစိုက်ဘူး
ငါတစ်ယောက်တည်းကသာ ငါ့အကြောင်းကိုကောင်းကောင်းသိတာ
ဘာတွေကြုံတွေ့ခဲ့ရသလဲ
ဘာတွေကိုကျော်ဖြတ်ခဲ့ရလဲဆိုတာ ငါပဲအသိဆုံးမို့
ငါ့ကိုတိုက်ရိုက်လာမပြောရဲကြသ၍
သူတို့နဲ့တန်တဲ့အဆင့်မှာပဲနေရတာလို့သတ်မှတ်ပီး
အရာရာကို လိုက်မခံစားဖြစ်တော့ဘူး
ငါ့ရဲ့ဖြစ်တည်မှုက လူတိုင်းကိုစိတ်ကျေနပ်စေဖို့မဟုတ်ဘူး

image
2 yrs - Translate

✅ အရေးကြီးဆုံးအချက်ကတော့ ဒူးရင်းသီးကိုရွေးတဲ့အခါ ပေါ့တဲ့အသီးကို ရွေးရမှာပဲဖြစ်ပါတယ်။
=======================

👉 အခုလိုမျိုးဈေးကြီးကြီးနဲ့ ဝယ်စားနေရတဲ့ ဒူးရင်းချိန်မှာ အရဲစွန့်ပြီးဝယ်စားလိုက်ကာမှာ အထဲမှာ အမွှာသေးသေလေးနဲ့ တိုးလို့ စိတ်တိုဖူးတဲ့ လူတွေရှိလား?....

ဆိုင်ရှင်ကခွဲပြလိုက်ရင်တော့ ကိစ္စမရှိပေမယ့် မခွဲပြလိုက်ရင်လည်း ကိုယ့်ဟာကိုယ် အမွှာကြီးကြီးနဲ့ အသားများတာတွေရွေးဖို့ အောက်ကအချက်လေးတွေ ဆက်ဖတ်ကြည့်ကြရအောင်ပါ။


(၁)အမြင်စွမ်းအင်ကိုအသုံးချခြင်း

အသီးပုံစံကို ကြည့်လိုက်လို့ ပုံစံမမှန်တာ၊ ချိုင့်နေတာမျိုးက မြှောင်းထဲမှာ အသားမပြည့်တတ်တဲ့တာမျိုး ဖြစ်တဲ့အတွက် အတတ်နိုင်ဆုံး အလုံးဝိုင်းဝိုင်းလေးတွေကို ရွေးယူပါ။ ဘောလုံးလို ဝိုင်းနေတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူး။ ဘဲဥပုံ (သို့မဟုတ်) ရှည်မျောမျောလေးပေါ့။

နောက်တစ်ခုကတော့ အညှာကို လည်းကြည့်လို့ရပါတယ်။ အညှာစိမ်းစိမ်းစိုစိုလေးဆို ကောင်းပါတယ်။ အညိုရောင်ဖြစ်လေလေ ခူးထားတာကြာပြီဖြစ်ပြီး မလတ်ဆတ်တော့လေလေပါပဲ။

အသားများများလိုချင်ရင်တော့ ဆူးကျဲပြီး ဆူးညီတာလေးတွေကိုပဲ ရွေးသင့်ပါတယ်။ အညှာထိပ်လေးတွေကိုလည်း ကြည့်လို့ရပါတယ်။ အညှာထိပ်လေးတွေ ညီနေမယ်ဆိုရင် ကြွေသီးပါ။ ဝယ်ဖို့သင့်တော်ပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။


(၂) အနံ့ခံကြည့်ခြင်း

အနံ့ခံကြည့်လိုက်လို့ အမွှေးနံ့သင်းသင်းလေး ရမယ်ဆိုရင် မှည့်နေပြီလို့ပြောလို့ ရပါတယ်။ ချက်ချင်းခွဲစားမယ် ဆိုရင်တော့ ဒါမျိုးဝယ်သွားလို့အဆင်ပြေပါတယ်။ အနံ့တအားပြင်းနေတာမျိုးကိုတော့ရှောင်ပါ။ ဒါဆိုရင် အမှည့်လွန်နေပြီ ဆိုတဲ့လက္ခဏာပါပဲ။ဘာနံ့မှမရဘူးဆိုရင်တော့ မဝယ်ပါနဲ့။ မမှည့်သေးတာဖြစ် နိုင်သလို မှည့်ချင်မှတောင် မှည့်တော့မယ့်အနေအထားပါ။

ဒူးရင်းရဲ့ အောက်ခြေဟာဆိုရင် အသားအထူဆုံး အပိုင်းတွေဖြစ်လို့ တိကျတဲ့ အနံရဖို့ ခက်ခဲမှာ ဖြစ်တဲ့အတွက် နမ်းကြည့်တဲ့အခါ ထိပ်နဲ့ အောက်ခြေ မဟုတ်တဲ့ ဘေးဘက်တွေကိုသာ နှာခေါင်းကို ထားကြည့်ပြီး အနံ့ခံကြည့်ရမှာဖြစ်ပါတယ်။

*စိုက်ပျိုး၊ မွေးမြူရေးနဲ့ ပတ်သက်တာ အစိမ်းရောင်လမ်းဆော့ဝဲမှာ မေးပါ။

(၃) လှုပ်ကြည့်ခြင်း

ဒူးရင်းသီးကို လှုပ်ကြည့်လိုက်လို့ အသံကြားရတဲ့အခါ ဒူးရင်းသားတွေက အမြှောင်းတွေကနေ ကောင်းစွာ ကွဲကွာနေတာကို ဖော်ညွှန်းတဲ့အတွက် ရွေးချယ်သင့်တဲ့ အလုံးပဲဖြစ်ပါတယ်။ အသံတွေမကြားရတဲ့အခါ မမှည့်သေးတဲ့ အသီးဖြစ်ပြီး ဆူညံသံတွေတအားကြားရမယ်ဆိုရင်တော့ အမှည့်လွန်နေတဲ့အသီး ဖြစ်နိုင် ပါတယ်။

ယေဘုယျအားဖြင့် အပင်နုတွေက ဒူးရင်းသီးတွေဟာ ချိုတဲ့အရသာကိုပေးပြီးတော့ အပင်ရင့်တွေရဲ့ ဒူးရင်းသီးက နည်းနည်းခါးသက်တဲ့ အရသာကိုပေးပါတယ်။

အရေးကြီးဆုံးအချက်ကတော့ ဒူးရင်းသီးကိုရွေးတဲ့အခါ ပေါ့တဲ့အသီးကို ရွေးရမှာပဲဖြစ်ပါတယ်။

image
2 yrs - Translate

လက်ရှိငွေကြေးဖောင်းပွမှုနှုန်း အတန်အသင့်မြင့်မားခြင်းမှာ အမေရိကန်နိုင်ငံမှ အတိုးနှုန်း မြှင့်တင်ခြင်းကြောင့် အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်ခဲ့ပြီး၊ ဖွံ့ဖြိုးပြီးနိုင်ငံများနှင့်ဒေသတွင်းနိုင်ငံများ၏ ငွေကြေးတန်ဖိုးများကျဆင်းလာကြောင်း၊ မြန်မာနိုင်ငံတွင်လည်း ကုန်သွယ်ဖက်နိုင်ငံများ၏ နိုင်ငံခြားငွေလဲလှယ်နှုန်းဖြင့် သွင်းကုန်တန်ဖိုးတွက်ချက်ခြင်းနှင့် ကုန်သွယ်ဖက်နိုင်ငံများ၏ ကုန်ဈေးနှုန်းများ မြင့်တက်ခြင်းတို့ကြောင့် သွင်းကုန်ဈေးနှုန်းများမြင့်တက်ခြင်း၊ ကုန်သွယ်မှုလိုငွေများအား ဈေးကွက်မှ ဝယ်ယူဖြည့်တင်းရခြင်းတို့ စသည်တို့ကြောင့် ကုန်ဈေးနှုန်းများမြင့်တက်ခြင်း ဖြစ်သည်ဟု ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။ (ကုန်ဈေးနှုန်းတွေ စွတ်တက်နေတာနဲ့ ပတ်သက်လို့ ဗဟိုဘဏ် ဘာလုပ်နေလဲ ဘာညာ သိရတာပေါ့ 😃 )