2 yrs - Translate

Yellow Day ! 💛💛💛

image
2 yrs - Translate

Yellow Day ! 💛💛💛

imageimage
2 yrs - Translate

ကိုယ်တို့အားလုံးက ဘဝမှာ တစ်ယောက်ထက်ပိုတဲ့
ချစ်ရသူတွေကို ဆုံတွေ့ဖူးခဲ့ကြမှာပဲ

တစ်လလောက်ပဲ တွယ်ငြိမိတဲ့ သံယောဇဉ်တွေ

တစ်နှစ်ကျော်လောက် ကြာတဲ့ relationship တွေ

အချိန်တွေ အကြာကြီး နှစ်တွေအများကြီး အတူဖြတ်သန်းခဲ့ဖူးတဲ့ ချစ်ခြင်းတွေနဲ့

ရက်ပိုင်းလောက်ပဲ နှောင်ဖွဲ့မိတဲ့ သဘောကျ နှစ်သက်ခြင်းတွေရောပေါ့

ဘဝကြီးရဲ့ တစ်ထောင့်တစ်နေရာမှာ ဘယ်သူနဲ့ ဆုံတွေ့ခဲ့ပြီး ဘယ်သူ့ကို အတွယ်ငြိခဲ့ဆုံးလဲ ဘယ်သူ့ကို အချစ်ခဲ့ဆုံးလဲဆိုတာ ကိုယ်ကိုယ်တိုင်ကလွဲပြီး ဘယ်သူက ပိုသိမှာတဲ့လဲ

ရေစက်ဆိုတာ ကိုယ်ကမှ နက်နက်ရှိုင်းရှိုင်း မချစ်မိခဲ့ရင် ဒါမှမဟုတ် ...

ကိုယ့်နှလုံးသားကို လှုပ်ခတ်သွားအောင် ဘယ်လိုချစ်ခြင်းမျိုးနဲ့ ဖလှယ်ရမလဲဆိုတာ မသိခဲ့တဲ့ လူတစ်ယောက်နဲ့သာဆိုရင် ဖြတ်သန်းခဲ့ရသမျှက အချိန်ဖြုန်းရုံသက်သက်ပဲလေ

နှစ်တွေအကြာကြီး အတူရှိခဲ့ပြီးမှ ကျောခိုင်းရတဲ့အခါ ရင်ဘတ်ထဲမှာ ခံစားချက်ဗလာနဲ့ ဘာမှမဖြစ်ခဲ့ဖူးသလို နေနိုင်တဲ့ ဆုံတွေ့ခြင်းမျိုး ရှိသလို

ဘဝတစ်ကွေ့မှာ ဖျတ်ကနဲ ဆုံတွေ့ပြီး နှလုံးသားကို လှပ်ကနဲဖြစ်အောင် လှုပ်ရှားဆွဲယူသွားနိုင်တဲ့ စွဲလန်းတမ်းတခြင်းမျိုးလည်း ရှိတတ်တာပဲ

ဘယ်သူ့ကို အချစ်ခဲ့ဆုံးလဲ ကိုယ်ပဲသိပါတယ်

ဘယ်သူ့ကို အပိုင်ဆိုင်ချင်ဆုံးလဲ ကိုယ်ပဲ သိပါတယ်

image
2 yrs - Translate

ဘဝမှာ ဘယ်သူ့ကိုမှ အပြစ်မတင်ပါနဲ့။ ကောင်းတဲ့သူက ကိုယ့်ကို ပျော်ရွှင်စေမယ်။
မကောင်းတဲ့သူက ကိုယ့်ကို အတွေ့အကြုံရစေမယ်။

အကောင်းဆုံးလူက ကိုယ့်ကို အမှတ်တရလေးတွေ ဖန်တီးပေးနိုင်သလို အဆိုးဆုံးလူကတော့ ဘဝသင်ခန်းစာတွေ ပေးမှာပေါ့။
တစ်ခါတလေမှာ အယုံကြည်ဆုံးလူက နောက်ကျောကို ဓားနဲ့ထိုးတာမျိုးကို ခံရတတ်သလို ကိုယ့်ကို သဘောကျလိမ့်မယ်လို့ တွေးကို မတွေးထားမိတဲ့သူဆီက ချစ်ခြင်းမေတ္တာကို လက်ခံရတာမျိုးလည်း ရှိတတ်ပါတယ်။
ကိုယ် ပြုံးပျော်ရွှင်စေဖို့အတွက် တချို့က ကိုယ်လုပ်မိတဲ့အမှားကိုတောင် လျစ်လျူရှုပေးချိန်မှာ တချို့ကတော့ ကိုယ်လုပ်တောင် မလုပ်ခဲ့တဲ့အရာတွေအတွက် ကိုယ့်ကို ငိုကြွေးစေတတ်ပါတယ်။

တချို့က ကိုယ်အလိုအပ်ဆုံးအချိန်မှာ ထားပစ်ခဲ့ကြတတ်ပေမယ့် တချို့ကတော့ ထွက်သွားဖို့ အတင်းနှင်ထုတ်နေရင်တောင် ကိုယ့်အနားမှာပဲ ဆက်နေဖို့ ရွေးချယ်တတ်ကြပါတယ်။

ကမ္ဘာကြီးမှာ လူပေါင်းစုံရှိတာမို့ ဘယ်လက်ကိုတော့ လက်ဆွဲနှုတ်ဆက်လိုက်ရမယ်။

ဘယ်လက်ကိုတော့ ဆက်လက်တွဲထားရမယ်ဆိုတာ ခွဲခြားတတ်ဖို့လိုပါတယ်။

ဒါဟာ ဘဝပါပဲ။ စွန့်လွှတ်တတ်ဖို့လည်း သင်ယူနိုင်ရမယ်။

ဆွဲထားတတ်ဖို့လည်း သင်ယူတတ်ရမယ်လေ။ ကိုယ့်ကို ဂရုစိုက်တဲ့သူတွေကသာ ကိုယ် တိတ်ဆိတ်ပြီး ဘာအသံမှ မထွက်ရင်တောင် စိတ်ထဲကအော်ဟစ်နေမိတဲ့ အကူအညီတောင်းသံကို ကြားနိုင်တာမလား။

ဘယ်သူက ကိုယ့်ကို တကယ်ဂရုစိုက်တဲ့သူလဲဆိုတာ ခွဲခြားတတ်ပြီလား။#credit_photo

image

lovely cat

2 yrs - Translate

ရှဲရှဲ.. With ,

image
2 yrs - Translate

“Honestly if a man wants you, you won’t have to ask for effort. He will make time, he will call you, he will text you.

Trust me! No man is too busy for a woman he truly wants.”

image
2 yrs - Translate

အမှားနည်းချင်ရင် စကားနည်းနည်းပဲပြော
***************************

လူ့ပတ်ဝန်းကျင်မှာ လူတိုင်းရှောင်လွှဲလို့မရတဲ့အရာတစ်ခုကတော့ ပြောဆိုဆက်ဆံခြင်းပါပဲ။ လူမှုပေါင်းသင်းဆက်ဆံရေးမှာ ကိုယ့်နှုတ်ကထွက်ကျလာတဲ့ စကားလုံးတိုင်းက တန်ဖိုးရှိဖို့နဲ့ သူများကို မထိခိုက်စေဖို့က အရေးအကြီးဆုံးပါ။

လူတော်တော်များများက အနိုင်ရလိုဇောနဲ့ စကားတွေကို မထိန်းဘဲ ငါ့စကားနွားရ ပြောတတ်ကြတယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကြား ဆက်ဆံရေးတွေ ပြတ်တောက်သွားစေတဲ့ အဓိက တရားခံကလဲ စကားလုံးတွေကြောင့်ပဲဖြစ်နေတတ်ပါတယ်။

အဲဒီတော့ ကျွန်တော်တို့က စကားတစ်ခွန်းပြောတေ့ာမယ်ဆိုရင် ပြောသင့်လား၊ မပြောသင့်လား ပြန်စဉ်းစားဖို့ လိုပါတယ်။ ကိုယ်ပြောမဲ့ စကားရဲ့ အတိမ် အနက်ကို ကိုယ်တိုင်သိဖို့လဲ လိုပါတယ်။ စကားလုံးတွေက လူတစ်ယောက်ရဲ့ စိတ်နေသဘောထားနဲ့ အဆင့်အတန်းကို ဖော်ပြနိုင်တဲ့အတွက် ကောင်းတဲ့စကားတွေပဲ ကိုယ့်နှုတ်က ထွက်နိုင်ဖို့ စာတွေဖတ်ရမယ်။ စာမဖတ်ရင် အကန်းနဲ့တူတယ် မဟုတ်လား။ စာတွေဖတ်မှပဲ အကောင်း၊ အဆိုး၊ အကြောင်း၊ အကျိုး၊ အမှား၊ အမှန်တွေကို ဝေဖန်ပိုင်းခြားဆင်ခြင်နိုင်စွမ်းရှိပြီး အကျိုးရှိတဲ့ စကားလား။ အကျိုးမရှိတဲ့ စကားလားဆိုတာ ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်နိုင်မှာပေါ့။

ဒီတော့စကားများများပြောရင် အမှားများများပါတတ်လို့ ပြောမဲ့စကားတိုင်းကို ပြောသင့်၊ မသင့် အရင်စဉ်းစားပါ။ စကားကောင်းတွေပြောနိုင်ဖို့ ဗဟုသုတရရှိတဲ့ စာအုပ်တွေကို နေ့စဉ်ဖတ်ပါ။

ဒီစာအုပ်လေးက အမေရိကန်စာရေးဆရာ Cal Newport ရဲ့ နာမည်ကျော် So Good They can't Ignore You ကို ဘာသာပြန်ထားတဲ့စာအုပ်လေးပဲ ဖြစ်ပါတယ်

image
2 yrs - Translate

ချစ်ရဲ့သားနဲ့ဆက်မတွဲနိုင်တော့တဲ့
လက်ကလေးတွေဟာကိုယ်တို့လက်တွေထင်ပါရဲ့
TO THE BONE သီချင်းလေးကြားတိုင်း
မင်းရောငိုနေမလား
မေ့ပြစ်လိုက်ဖို့ကလွဲပြီးရွေးချယ်စရာမရှိတာမို့
မင်းကတော့အများကြီးမနာကျင်ရရင်ကောင်းမှာဘဲ
မင်းကိုချစ်ခွင့်ရခဲ့ပြီး၊မင်းအချစ်ကိုလည်းရခဲ့ပြီးမို့လို့
ကိုယ်ဒီလောက်နဲ့ပဲရပ်ပေးလိုက်တော့မယ်။
လမ်းခွဲခဲ့ရလို့အများကြီးစိတ်မကောင်းပေမဲ့လည်း
ကိုယ့်ရဲ့အတိတ်ရက်စွဲတစ်ချို့မှာ
'မင်းရှိနေခဲ့ဘူးတယ်'ဆိုတာနဲ့တင်လုံလောက်ပါပြီ

ကိုယ်မင်းကိုချစ်ခဲ့တယ်.....🌦

image
2 yrs - Translate

မင်းသူငယ်ချင်းသာ မင်းကိုတကယ်ချစ်ရင် ဒူးရင်းသီး ဝယ်ကျွေးလိမ့်မယ်😝
မဝယ်ကျွေးရင် မချစ်လို့ပဲ😜

#fallinginlove

image