Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
သင့်ရဲ့ Marketing အောင်မြင်လား၊ ကျရှုံးလား
သိချင်ရင် တိုင်းတာမှုတွေ နေ့စဥ်ပြုလုပ်ပါ.. ✅
Marketing လုပ်တဲ့အခါမှာ ကြိုးစားနေပေမဲ့
နည်းလမ်းမှားနေရင် မတိုးတက်နိုင်ပါဘူး
ဒါ့ကြောင့် ကိုယ်ရတဲ့ရလာဒ်တွေကို အမြဲတိုင်းတာပါ
=====
Marketing အောင်မြင်လား၊ ကျရှုံးလားသိရဖို့
ဘယ်အရာတွေတိုင်းတာလို့ရမလဲဆိုရင်
1. (Inquiry) စုံစမ်းမေးမြန်းမှုဘယ်နှယောက်ရလဲ?
2. (Lead) ဝယ်သူဖြစ်ဖို့အလားအလာရှိသူတွေ
3. (Engagement) React ဘယ်လောက်ရလဲ?
4. (Views) လူဘယ်နှယောက် မြင်သွားလဲ?
5. (Follower) အသစ် ဘယ်နှယောက်ရလာသလဲ?
6. (Superfans) အမာခံပရိတ်သတ်တွေ ရှိသလား?
7. (ROI) အမြတ် ဘယ်လောက်ပြန်ရသလဲ?
ဒီ 7 ခုကို တိုင်းတာလို့ရပါတယ်...
=====
(Inquiry) စုံစမ်းမေးမြန်းမှုကိုတိုင်းတာဖို့ဆိုရင်
Page ရဲ့ Messenger ထဲကိုသွားပါ
ဒီနေ့ Date နဲ့ Conversation ဘယ်နှခု ရလာသလဲ
စာအုပ် / Notes ထဲမှာချရေးပါ..
ဖုန်းဆက်မေးမြန်းသူတွေကိုလဲ ထည့်မှတ်ပါ
စုံစမ်းမေးမြန်းမှုတွေထဲကမှ ကိုယ်ရောင်းနေတဲ့အရာ
ဝယ်နိုင်ခြေရှိသူ / တကယ်ဝယ်သွားတဲ့သူတွေကို
(Leads) ခေါင်းစဥ်အောက်မှာမှတ်ပါ..
=====
မိမိ Tiktok အကောင့် / Page ထဲသွားပြီး
နောက်ဆုံးတင်ထားတဲ့ Post က 1ရက်အတွင်း
- React ဘယ်နှခုရသလဲ?
- Comment ဘယ်နှခုရသလဲ?
- Share ဘယ်နှခုရသလဲ?
- Views ဘယ်နှခုရသလဲ? စိစစ်ပါ
ဒီအပိုင်းကတော့ Facebook နဲ့ Tiktok မှာဆို
Professional Dashboard ထဲမှာ
အလွယ်တကူစစ်ကြည့်လို့ရပါတယ် ✅
=====
မိမိဆီမှာ Follower ဘယ်နှယောက်ရှိသလဲဆိုတာက
အရေးကြီးသလိုပဲ (Superfans) အမာခံပရိတ်သတ်
ဘယ်နှယောက်ရှိလဲဆိုတာကလဲ အရေးကြီးပါတယ်
(Superfans) အမာခံပရိတ်သတ်ဆိုတာ
ကိုယ်ဘာလုပ်လုပ်အားပေးကြသူတွေ၊
ကိုယ်ဘာတင်တင် အချိန်ပေးပြီးအဖတ်လုပ်သူတွေပါ
Top fan ပမာဏနဲ့လဲ တိုင်းတာလို့ရပါတယ် ✅
=====
ကိုယ်က Branding ကို သိပ်ပြီးအာရုံမစိုက်သေးရင်
Marketing Campaign တွေ လုပ်ပြီးတဲ့အခါ
အမြတ်ဘယ်လောက်ပြန်ရသလဲဆိုတာ တိုင်းတာပါ
လုပ်ငန်းငယ်တွေလည်ပတ်ဖို့ အမြတ်လိုပါတယ်
အမြတ်မရတဲ့ Page တစ်ခုက ကြာကြာရပ်တည်ဖို့
လုံးဝမလွယ်ကူပါဘူး.. ဒါ့ကြောင့် ROI တိုင်းတာပါ
(ROI = Return on Investment)
=====
ဒီမှာတစ်ခုမေ့ထားလို့မရတာက
Marketing ရဲ့ အဆုံးသတ်ကနေ
(Inquiry) စုံစမ်းမေးမြန်းမှုတွေပဲရတာဖြစ်ပါတယ်
Customer ရလာမှာမဟုတ်ပါ
မိမိရလာတဲ့ စုံစမ်းမေးမြန်းမှုတွေကို
အရောင်းအဖြစ်သို့ပြောင်းလဲခြင်းကို
(Sales) အရောင်းစကေးလို့ခေါ်ပါတယ်..
=====
Marketing ဘယ်လောက်ကောင်းကောင်း
ရောင်းတဲ့အခါစာမပြန်ရင် အမြတ်ကသုညဖြစ်မှာပါ
ဒါ့ကြောင့် Customer များများရချင်ရင်
စျေးကွက်ရေးရာကော၊ အရောင်းစကေးကော
ကျွမ်းကျင်နေဖို့ လိုအပ်ပါတယ်.. ✅
=====
လောကမှာ ဘယ်အရာ ဘယ်နယ်ပယ်မှာမဆို
တိုင်းတာမှုမရှိရင် တိုးတက်မှုရှိမရှိ မသိရနိုင်ပါဘူး
အရပ်ရှည်လာလားသိချင်ရင် အရပ်တိုင်းရတယ်..
စာဘယ်လောက်မှတ်မိလဲဆိုတာသိချင်ရင်
စာမေးပွဲဖြေထားတဲ့အမှတ်နဲ့တိုင်းတာကြတယ်..
ကိုယ်လုပ်နေတာ တိုးတက်မှုရှိရဲ့လားသိချင်ရင်
တိုင်းတာမှုတွေ နေ့စဥ်ပြုလုပ်နေပါ✅
တိုင်းတာထားတဲ့ Data တိတိကျကျရှိရင်
ပိုအလုပ်ဖြစ်မဲ့ Plan တွေ ချမှတ်နိုင်ပါလိမ့်မယ် ✨🤗
ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၆ ရက်)
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၃၉၆၀ ကျပ်
ဝယ်ဈေး - ၃၉၀၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၂၈၈၀ ကျပ်
ဝယ်ဈေး - ၂၈၃၀ ကျပ်
-ယူရို
ရောင်းဈေး - ၄၃၀၁ ကျပ်
ဝယ်ဈေး - ၄၂၁၀ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၀၇.၅၃ ကျပ်
ဝယ်ဈေး - ၁၀၅.၂၆ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၈၈၇ ကျပ်
ဝယ်ဈေး - ၈၇၇ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၅၄၀ ကျပ်
ဝယ်ဈေး - ၅၃၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၅.၇၂ ကျပ်
ဝယ်ဈေး - ၂၅.၁၈ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၄၇.၃၇ ကျပ်
ဝယ်ဈေး - ၄၆.၃၇ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၂.၉၁ ကျပ်
ဝယ်ဈေး - ၂.၈၄ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၄၈၈၇ ကျပ်
ဝယ်ဈေး - ၄၇၈၄ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၆၂၂ ကျပ်
ဝယ်ဈေး - ၂၅၆၇ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၂၉၀၆ ကျပ်
ဝယ်ဈေး - ၂၈၄၄ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၁၂ ကျပ်
ဝယ်ဈေး - ၅၀၁ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၀၇၅ ကျပ်
ဝယ်ဈေး - ၁၀၅၂ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
သာမန်ကွန်ပျုတာတွေ သုံးရတာ ပျင်းလာရင် ဒီ စူပါကွန်ပျူတာဝယ် မူရင်းစျေး ဒေါ်လာ ၁ သန်းကို ဒေါ်လာ ၂ သောင်းလောက်နဲ့ လေလံစျေးကွက်ပေါ်ရောက်လာတဲ့ Cheyenne Supercomputer ပါ
လေလံစွဲရမယ်ဆိုတော့ကာ စျေးကတော့တက်လာဖို့ပဲရှိလောက်တယ်
ကိုယ်သုံးမဲ့ Task တွေနိုင်ပါ့မလား စိတ်ပူနေရင် Spec ကိုကြည့်
Intel E5-2697v4 CPUs ကို အခု ၈၀၀၀ ကျော်ဆိုတော့ 1400,00 croes လောက်ပါမယ်ဗျာ
RAM က 300,000 GB လောက်ဆိုတော့ Multitasking ပိုင်းတော့ နိုင်လောက်မှာပါ
ပြသနာအနေနဲ့ Cooling Problem လေးရှိတယ်တော့ ပြောထားလေရဲ့ သုံးထားတဲ့ သက်တမ်းကတော့ ၇ နှစ်ပါတဲ့
ရေအိမ်အသုံးပြုတိုင်း ငွေရစေမယ့် အိမ်သာကို တောင်ကိုရီးယားတက္ကသိုလ်ပါမောက္ခ တီထွင်
တောင်ကိုရီးယားတက္ကသိုလ်တစ်ခုမှာတော့ အိမ်သာတက်ရုံနဲ့ ကော်ဖီဖိုး၊ သစ်သီးဖိုး၊ စာအုပ်ဖိုး ရှာဖွေနိုင်ပြီ ဖြစ်ပါတယ်။ အူလ်ဆန် အမျိုးသားသိပ္ပံနဲ့နည်းပညာတက္ကသိုလ်မှ မြို့ပြနဲ့ သဘာဝပတ်ဝန်းကျင် အင်ဂျင်နီယာဘာသာရပ် ပါမောက္ခ ချိုကျားဝမ်က သဘာဝပတ်ဝန်းကျင်နဲ့ ကိုက်ညီမယ့် ရေအိမ်တစ်ခု ဖန်တီးခဲ့ပြီး စွန့်ပစ်အညစ်အကြေးတွေကို ဇီဝဓာတ်ငွေ့ ပြန်လည်ထုတ်လုပ်နေတာပါ။
BeeVi ရေအိမ်ဟာ စွန့်ပစ်အညစ်အကြေးတွေကို လေစုပ်စက်နဲ့ စုပ်ယူပြီး မြေအောက်စည်ပိုင်းထဲ ပို့ကာ ဇီဝဓာတ်ခွဲပြီး မီသိန်းဓာတ်ငွေ့ ထုတ်လုပ်ကာ တက္ကသိုလ် အဆောက်အအုံကို စွမ်းအင်ပြန်ပေးနေတာ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ တစ်နေ့တာ အစာဟောင်း စွန့်ပစ်မှု ၅၀၀ ဂရမ်ကနေ မီသိန်းဓာတ်ငွေ့ ၅၀ လီတာ ထုတ်လုပ်နိုင်ပြီး စွမ်းအင် 0.5 ကီလိုဝပ် ထွက်ရှိမှာပါ။
ချိုကျားဝမ်က သူ တီထွင်ထားတဲ့ ရေအိမ်အသုံးပြုသူတွေကို Ggool လို့ အမည်ပေးထားတဲ့ ဒီဂျစ်တယ်ငွေကြေး ပြန်ပေးပြီး အဲဒီငွေကြေး အသုံးပြုကာ တက္ကသိုလ်ပရဝုဏ်ထဲက ဆိုင်တွေမှာ ကော်ဖီဖိုး၊ သစ်သီးဖိုး၊ စာအုပ်ဖိုး ပေးနိုင်အောင် စီစဉ်ထားတာ ဖြစ်ပါတယ်။ ချိုကျားဝမ်ဟာ ၂၀၂၁ ခုနှစ်ကတည်းက အဲဒီအိမ်သာကို တီထွင်ခဲ့တာပါ။
Ref: South Korean toilet turns excrement into power and digital currency
ယနေ့ ရွှေဈေး (မေ - ၆ ရက်၊ နံနက် ၁၀ နာရီ)
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၁၃ ဒေါ်လာ
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၄၇၄၀၀၀၀ ကျပ်
ဝယ်ဈေး ၄၇၀၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၅၄၀၀၀၀ ကျပ်
ဝယ်ဈေး ၄၅၀၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
ဆာလာက လီဗာပူးအတွက် နောက်ဆုံး (၇) ရာသီမှာ (၆) ရာသီက တစ်ရာသီအတွင်း အနည်းဆုံး (၂၅) ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ ရာသီတွေပါပဲ။ ဒီဘဲက ဖွဲမီးလို တငွေ့ငွေ့လောင်ပြနေတဲ့ ကစားသမားလို့ ဆိုရင်လည်း မမှားပါဘူး။
သူက ပရိသတ်တွေကြား၊ မီဒီယာတွေကြားမှာ အရမ်းကြီး ဝုန်းဒိုင်းကြဲလောက်ရအောင်လည်း လုပ်ပြခဲ့တာ မဟုတ်ဘူး။ ဒါပေမယ့် သူလုပ်စရာရှိတာကို မှန်မှန်လေး လုပ်နေတယ်။ ဂိုးတွေ ပုံမှန်သွင်းနေတယ်။
နေရာစုံကနေ ဂိုးသွင်းနိုင်တဲ့ ကစားသမားဖြစ်ပြီး တစ်ခါတလေ သူ့အတွက် လုံလောက်တဲ့ ချီးကျူးမှုတွေ မရဘူးလို့တောင် ခံစားမိတယ်။ ဒါပေမယ့် တစ်ဦးချင်းဆုတံဆိပ် တော်တော်များများလည်း သူ့ဆီမှာ ရှိပြီးသားပါ။ လီဗာပူးပရိသတ်တွေအတွက်တော့ တိုက်စစ်မှာ ဒီလိုကစားသမားမျိုး တစ်ယောက်ရထားတာ တော်တော်ကံကောင်းပါတယ်။
"ငါဘာလုပ်လုပ်
ငါ့ကိုအကောင်းမမြင်ဘူးဆိုပြီး
အကောင်းမမြင်သူတွေရဲ့ရှေ့မှာ
ကိုယ့်ကိုကိုယ် နိမ့်ကျခံပြီးအားငယ်မပြနဲ့
"အမှန်တကယ်တော့
အကောင်းမြင်တတ်တဲ့သူက
မင်းဘာလုပ်လုပ်
ချစ်ခင် နှစ်သက်တတ်ကြသလို...
"အကောင်းမမြင်တတ်သူက
မင်းဘာမှ မလုပ်ပဲနေလဲ
အပစ်တင် ကဲ့ရဲ့တတ်ကြတယ်။.........,,,
#crd_to_owner_with_respect
#crdphoto