1 y - Translate

သတိရလာတဲ့အခါ
ညနေခင်းတွေကို နားကျပ်တပ်ပစ်တယ်၊
ဆေးလိပ်တွေကိုအကန့်သတ်မဲ့သောက်တယ်၊
မရင်းနှီးတဲ့သီချင်းတွေနဲ့အသိကျွမ်းဖွဲ့တယ်၊
အတိတ်ကနာမည်တစ်ခုကို တိုးတိုးလေးငြီးတယ်၊
ပြီးတော့ ကိုယ့်ဘဝကိုယ်တစ်စစီပြန်လိုက်ကောက်တယ်။
#ငြိမ်းကို

image
1 y - Translate

ချစ်ခြင်းမေတ္တာကို ပန်းတွေနဲ့ဖော်ကြူးတဲ့အခါ
ကျွန်တော်ကို ကံ့ကော်ပန်း တွေပဲပေးပါ ။
#မယ်ညို

image
1 y - Translate

ဝေးရတဲ့အကြောင်းရင်းတွေကို
ရှာကြည့်လိုက်တော့
ကိုယ်တို့တွေကိန်းဂဏန်းတွေလောက်
အသံမထွက်ကြတော့တာ။
တစ်ယောက်ကိုတစ်ယောက်
မလိုအပ်တော့တာ
ဒါမှမဟုတ်တစ်ယောက်ယောက်က တစ်ယောက်ယောက်ကိုရှာတွေ့သွားတာ ။
- ဘုန်းမင်းနွေ

image
Apu Lay shared a post  
1 y

1 y

တနေ့လုံးမွှေးနေတဲ့ ယုဇနလေးပေါ့...💐🩷

#flowers

image
image
image
1 y - Translate

ကမ္ဘာပေါ်မှာ
လူတွေ တစ်ယောက်နဲ့ တစ်ယောက်
ဆက်သွယ်ပြောဆိုကြတဲ့ ဘာသာစကား
မျိုးကွဲပေါင်း ဘယ်လောက်အတိုင်းအတာ
ပမာဏအထိ ရှိနေလိမ့်မလဲဆိုတာ သူမသိဘူး။
နုံအလှတဲ့ သိုးတစ်ကောင်အတွက်တော့
သူ့ရဲ့ သိမှုတိုင်းဟာ အမြဲတမ်းလိုလို
အကန့်အသတ်တစ်ခုခု အတိအကျ
ရှိနေတတ်တယ်။ ဥပမာ - “ကျွန်မ ရှင့်ကို
ပြန်ချစ်ဖို့ လုံးဝ မဖြစ်နိုင်ပါဘူး” ဆိုတဲ့
စေတန်နတ်ဆိုးရဲ့ စကားကို လူယောက်ျား
တစ်ယောက်အနေနဲ့ ဘဝတစ်လျှောက်လုံး
နားလည်လက်ခံနိုင်ဖို့ရာ ခက်ခဲနေခဲ့သလိုမျိုးပေါ့။ အလိုမတူဘဲ မပွင့်ချင်တဲ့ ပန်းကလေး
တစ်ပွင့်ရဲ့ မာန်မာနအတွက် သူ့ဆီမှာ
တစ်စက်တစ်လေတောင်မှနာကျည်းစရာမရှိခဲ့။ ဒါပေမဲ့ သူ ငိုကြွေးခဲ့တယ်။
လူသားတစ်ယောက်ရဲ့ ခြေဖမိုးပေါ်
ပါးအပ်ခွင့်တောင် မရခဲ့တဲ့၊ ခံစားမှုအရာမှာ
နုံနည်း သိမ်ဖျင်းတယ်လို့ သတ်မှတ်ခံရတဲ့
သတ္တဝါတစ်ကောင်ရဲ့ ဝမ်းနည်းနာကျင်စွာ
နိမ့်ကျဖြစ်တည်ရခြင်းမျိုးနဲ့။
အဲဒီအခါမှာ သူ့ရဲ့ မျက်ရည်တွေဟာ
ရွက်ကြွေတောတစ်ခုလုံးကို ရှပ်တိုက်
ပြေးလွှားနေတဲ့ မိုးသက်လေပြင်းနဲ့အတူ
လွင့်ပါးသွားမယ်။ တောင်နံရံတွေဆီကနေ
ရိုက်ခတ်လွင့်ပျံ့လာတဲ့ အသံလှိုင်းတွေ
ကြားထဲမှာလည်း ယိမ်းထိုး လူးလွန့်နေမယ်။
ဒါပေမဲ့ မိန်းမစီးစက်ဘီး တစ်စီးရဲ့
လက်ကိုင်ပေါ်က စတစ်ကာလေးတစ်ခု
ဒါမှမဟုတ် ဆိတ်ဖလူးပန်းပင်ကလေးရဲ့
ရိုးတံပိန်ပိန်သေးသေးလေးတစ်ခု အစရှိတဲ့
မြေပြင်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့
အရာရာ တိုင်းအပေါ်မှာ တစ်စက်ချင်းစီ
ကျရောက် စိုရွှဲသွားစေဖို့တော့
သူ လုံးဝ မမေ့လျော့ခဲ့။ ဒီလိုနဲ့ပဲ
အဆုံးသတ်မှာတော့ သူ့မျက်ရည်စက်နဲ့
ထိတွေ့သမျှတိုင်းဟာ “ချစ်တယ်”လို့
အဓိပ္ပာယ်ရတဲ့ ဘာသာစကားတိုင်းကို
ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုတတ်မြောက်
သွားကြပါလိမ့်မယ်။ သိပ်လှပတဲ့
ကြိယာဝိသေသနတွေ အပြည့်အသိပ်နဲ့ပါပဲ။
▫️ဆစ်ခ်▫️

image
1 y - Translate

တနေ့လုံးမွှေးနေတဲ့ ယုဇနလေးပေါ့...💐🩷

#flowers

image
1 y - Translate

တနေ့လုံးမွှေးနေတဲ့ ယုဇနလေးပေါ့...💐🩷

#flowers

image
1 y - Translate

တနေ့လုံးမွှေးနေတဲ့ ယုဇနလေးပေါ့...💐🩷

#flowers

image
1 y - Translate

တနေ့လုံးမွှေးနေတဲ့ ယုဇနလေးပေါ့...💐🩷

#flowers

image
image
image
1 y - Translate

ရည်းစားနဲ့ပြတ်တာထက်
ပိုပြီးကြေကွဲနာကျင်ရမဲ့ ဝတ္ထုတစ်ပုဒ်ပါပဲ။
" နွေတစ်ည " ဆိုတဲ့နာမည်အတိုင်း
ရင်ဘတ်ကြီးတစ်ခုလုံး ပူပြင်း
လောင်ကျွမ်းပြီး ငူငူငိုင်ငိုင်ကြီးကျန်ခဲ့ရတာ။
စာအုပ်အကြောင်းပြောရမယ်ဆိုရင်
ဆန်စက်မှာ စပါးသယ် အလုပ်ကြမ်း
လုပ်ရင်း အသက် ၁၅နှစ်မှာ
လင်နောက်လိုက်ခဲ့တဲ့ " ခင်ဝေ " နဲ့
သစ်တောအရာရှိလေး " မောင်ကိုကို " ရဲ့
ဘဝဇာတ်ခုံတစ်ခုပေါ်က ချစ်ခြင်းမေတ္တာတွေ၊
ပျော်ရွှင်မှုရဲ့နောက်ဆက်တွဲနာကျင်စရာတွေနဲ့
လောကဓံရဲ့တစ်ဆစ်ချိုးပြောင်းလဲမှုတွေ ၊
တအုံ့နွေးနွေးမျိုသိပ်ထားခဲ့ရတဲ့
မယုံကြည်မှုတွေနဲ့ တစ်စစအေးစက်ငြိမ်သက်
လာခဲ့တဲ့ အိမ်ထောင်ရေးတစ်ခုကိုမြင်တွေ့ရမယ်။
ချစ်ခြင်းတရားနဲ့ သံသယဖြစ်မှုတွေရဲ့
အားပြိုင်လွန်ဆွဲမှုတွေကို
အထင်းသားကြီး မြင်တွေ့ရတယ် ။
နောက်ဆုံး စာဖတ်သူဘက်က
ကျောခိုင်းထွက်ခွာသွားသူကို
အပြစ်မတင်ရက်နိုင်သလို
ကျန်ခဲ့ရသူအတွက်လဲ ဂရုဏာသက်ရင်း
သက်ပြင်းအရှည်ကြီးတွေချရင်းနဲ့ပဲ
တခုခုလစ်ဟာနေသလို
တငွေ့ငွေ့ လောင်မြိုက်နေသလို
ခံစားချက်ကြီးနဲ့ကျန်နေခဲ့ရမဲ့ ဝတ္ထုတစ်ပုဒ် ။
ဝတ္ထုထဲက အမည်နာမ၊
အဖြစ်အပျက်တစ်ချို့နဲ့
အပြင်လောကမှာ ခပ်ဆင်ဆင်
အမာရွတ်တွေ ရှိခဲ့ဖူးသူဆိုရင်တော့
တဘဝလုံး ဆွေးမြေ့သွားလို့ရနိုင်မဲ့
စာအုပ်တစ်အုပ်ပါပဲ ။ ။

image