Whiplash (2012)
❝ စကားတွေထဲမှာ “ တော်တယ် ”ဆိုတဲ့ စကားလုံးလောက် အန္တရာယ်ရှိတဲ့စကား ဘာမှမရှိဘူး ❞
IMDB 8.5 တောင် ရထားတဲ့ ရုပ်ရှင်ဖြစ်ပြီး သရုပ်ဆောင်တွေကောင်းလွန်တဲ့ မင်းသားတွေရဲ့ သရုပ်ဆောင်ချက်တွေကြောင့် ကြည့်နေတဲ့ ကိုယ်တွေပါ
သူတို့ဘေးရောက်နေသလိုခံစားရစေတဲ့ လူငယ်တွေအတွက် စိတ်ခွန်အားဖြစ်စေမယ့် ရုပ်ရှင်ကားဖြစ်လို့ လက်မလွှတ်သင့်တမ်းကြည့်သင့်တဲ့ရုပ်ရှင်ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း
ဇာတ်လမ်းကတော့ Andrew ဆိုတဲ့ ဆယ်ကျော်သက် Drummer သမားတစ်ယောက်ရဲ့ သူ့အိမ်မက်တွေ အမှန်တကယ် ဖြစ်လာဖို့
ကြိုးစားရုန်းကန်ခဲ့တဲ့ အကြောင်းကို အဓိက ရိုက်ကူးပြသထားပါတယ်။ Andrew က Jazz Drummer သမားတစ်ယောက်ဖြစ်ပြီးတော့
Shaffer သင်တန်းကျောင်းမှာ တက်ရောက်နေပါတယ်။ သူအိမ်မက်ကတော့ အောင်မြင်ကျော်ကြားတဲ့ Jazz Drummer တစ်ယောက်
ဖြစ်ချင်တာဖြစ်ပါတယ်။ Andrew အပါအဝင် သင်တန်းက သင်တန်းသားတွေ အကုန်လုံးက Fletcher လို့ခေါ်တဲ့ ဆရာတစ်ယောက်ရဲ့
Jazz တီးဝိုင်းအဖွဲ့မှာပါဖို့ ကြိုးစားနေကြသူတွေဖြစ်ကြပါတယ်။ ဆရာFletcher ဟာ တခြားဆရာတွေလိုတော့ မဟုတ်ပါဘူး။ သူလိုချင်တဲ့
ပုံစံကို သူ့အဖွဲ့မှာ မရမချင်း မနားတမ်း တွန်းအားပေးတဲ့ လူမျိုးတစ်ယောက်ဖြစ်ပါတယ်။ အဖွဲ့ထဲ အသစ်ရောက်လာတဲ့ Andrew ဆို Fletcher ရဲ့
ပြင်းထန်လွန်းတဲ့ လေ့ကျင့်ပေးမှုတွေဆိုရင် ကြည့်နေတဲ့ ကိုယ်တွေပါ အသက်ရှုကြပ်မတတ် ခံစားရပါတယ်။ ဆရာကတွန်းအားပေး တပည့်ဖြစ်သူ
Andrew ကလည်းအပြင်းအထန်လေ့ကျင့်နဲ့ပါပဲ။ Drum တီးရတာ များလွန်းလို့ သွေးတွေထွက်လာတာတောင် မနားတဲ့သူဖြစ်ပါတယ်။
ဒီလို အပြင်းအထန်လေ့ကျင့်တဲ့ Andrew တစ်ယောက် Fletcher ရဲ့လေ့ကျင့်ပေးမှုတွေနဲ့အတူ သူ့အိမ်မက်အတိုင်း အောင်မြင်ကျော်ကြားတဲ့
Jazz Drummer တစ်ယောက်ဖြစ်လာမလား....
ဇာတ်ကားကိုကြည့်လိုက်ရင် ကျွန်တော်တို့ရေးထားတာထက် အများကြီး ပိုပြီးလေးနက်တဲ့ဇာတ်ကားတစ်ခုဖြစ်နေမယ့်အပြင် Jazz ဂီတ ကိုလည်း
အကောင်းဆုံးခံစားရစေမယ့် ရုပ်ရှင်တစ်ခုဖြစ်ပါတယ်။ ပြီးတော့ လူငယ်တွေအတွက် သူရဲ့ ကြိုးစားမှုတွေမှာ အတုယူစရာတွေ အများကြီးပါတာကြောင့်
2012 ကထွက်ရှိထားတဲ့ "Whiplash" ဇာတ်ကားကို စိတ်ခွန်အားရဖို့ လိုအပ်တဲ့ လူငယ်တွေအတွက် ကြည့်ရှုသင့်တဲ့ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။
