1 y - Translate

ရန်ကုန်မှာမိုးရွာတော့
ကော်ဖီခွက်နဲ့ဘယ်သူမှဓာတ်ပုံရိုက်မတင်ကြတော့ဘူး

" နင်တို့ ပုံမတင်ကြဘူးလား" လို့မေးကြည့်တော့

‌အပေါစားကော်ဖီမစ်တစ်ထုပ်၄၀၀
အကောင်းစားကော်ဖီမစ်တွေက မဝင်တော့ဘူးတဲ့
ရေနွေးကြမ်းသောက်ပြဖို့
လက်ဖက်ခြောက်ကဈေးကြီးနေတဲ့အပြင်
ရေနွေးတည်ဖို့ မီးပါမလာတော့ဘူး

ဒါတင် မဟုတ်သေးဘူး
ကိုင်ဖို့ခွက်က ကွဲသွားတဲ့အပြင်
ခွက်ပါ ပြန်မဝယ်နိုင်တော့ဘူး တဲ့

ကဲ

image

image
Del Harris changed his profile picture
1 y

image
Elaine Love changed her profile picture
1 y

image
Elaine Love changed her profile picture
1 y

image
lee zysko changed her profile picture
1 y

image

image
1 y - Translate

ကမ္ဘာ့ရွှေစျေးကတော့ 24 နာရီအတွင်း ဆက်တိုက်အကျနဲ့ ခရီးဆက်နေပြီး ဒေါ်လာစျေးကသာ ၄ ထောင်အောက်ကို ပြန်ဆင်းသွားရင် သေချာပေါက် မြန်မာ့ရွှေစျေး ကျဆင်းသွားမှာပါ ။

ဒီတပတ်အတွင်း တခုခုတော့ ထူးခြားမှာပါ

#ရွှေစျေး

image
1 y - Translate

(၁၅.၅.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး -၃,၉၉၉,၁၀၀ ကျပ်
ပြင်ပပေါက်စျေး- ၄,၉၄၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၃၉၁၀ ကျပ်(ဝယ်)၊ ၃၉၇၀ ကျပ်(ရောင်း)

👉စက်သုံးဆီ
Octane 92 - ၂၆၆၀ ကျပ်
Octane 95 - ၂၇၆၅ ကျပ်
Premium Diesel - ၂၃၇၀ ကျပ်
Diesel - ၂၃၂၅ ကျပ်

ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာဒေသအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image
1 y - Translate

အမေရိကန်တစ်ဒေါ်လာလျှင် ၄၁၀၀ ကျပ်အထိ စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၄၉ သိန်းခွဲသို့ စံချိန်တင်ထိုးတက်

■ ထိုင်းတစ်ဘတ်လျှင် မြန်မာငွေ ၁၁၁ ကျပ် အထိ စံချိန်တင်ရောက်ရှိ

ရန်ကုန်၊ မေ ၁၅

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၁၀၀ ကျပ်ဝန်းကျင်အထိ စျေးနှုန်းမြင့်တက်လာပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ၄၉ သိန်းခွဲသို့ စံချိန်တင် စျေးနှုန်းမြင့်တက်လာကြောင်း ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မေလ ၈ ရက်နေ့မှစတင်ပြီး အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေစျေးနှုန်းမှာလည်း အခေါက်ရွှေတစ်ကျပ်သား ၄၈ သိန်းအထိ မြင့်တက်လာကြောင်း၊ ယင်းနောက် နေ့စဉ် ရွှေစျေးနှုန်းမြင့်တက်ခဲ့ပြီး ယနေ့ မွန်းလွဲပိုင်းတွင် အခေါက်ရွှေတစ်ကျပ်သား ၄၉ သိန်းခွဲ ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရှိရသည်။

"ကမ္ဘာ့ရွှေစျေးက ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၂၃၅၀ တစ်ပတ်ချာလည်ပဲ။ ကျလည်း နည်းနည်း ၊ တက်လည်း နည်းနည်းပဲ။ မြန်မာ့ရွှေစျေးထိုးတက်နေတာက ဒေါ်လာစျေးထိုးတက်နေလို့။ ဘာကြောင့် ဒေါ်လာတန်ဖိုးတက်လဲမေးရင်တော့ ဒေါ်လာရှားပါးလာတာ၊ နိုင်ငံရေးမကောင်းတာ၊ ထိုင်း၊ တရုတ်နယ်စပ်တွေ ကုန်သွယ်ရေးရပ်နေတာ၊ အများကြီးပေါ့။ ဒီမှာလည်း စီးပွားရေးက ချွတ်ခြုံကျဖြစ်နေပြီ။ အဲဒါတွေကြောင့်။ ဗဟိုဘဏ်က ဝင်ဟန့်ရင် ခဏ ကျတယ်။ ပြီးရင်ပြန်တက်ပေါ့။ လိုအပ်ချက်က များတယ်။ စီးပွားရေးကလည်း ပြိုနေတာလေ" ဟု ရန်ကုန်ရွှေကုန်သည်တစ်ဦးက ဆိုသည်။

ယနေ့ အမေရိကန်ဒေါ်လာမှာ တစ်ဒေါ်လာလျှင် ၄၀၃၀ ကျပ်နှင့် ၄၁၀၀ ကျပ်အကြား ရောင်းသူ၊ ဝယ်သူညှိနှိုင်း၍ ရောင်းချနေကြကြောင်း၊ ထိုင်းဘတ်ငွေမှာ ထိုင်းတစ်ဘတ်လျှင် မြန်မာကျပ်ငွေ ၁၁၁ ကျပ် ရှိနေကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးမှာ ထိုးကျနေကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

image