1 နှစ် - ဘာသာပြန်ပါ။

Breaking!!! ကစားသမား ၁၂ ယောက် တိတိ ရောင်းချမယ့် စပါး!!

စပါးကတော့ လာမယ့်နွေ မှာ နည်းပြ ကြီး အန်ဂျီကို အပြောင်းရွှေ့ ပါဝါပေးပြီးနောက် ကစားသမား ၁၂ ယောက် ကိုရောင်းချမှာ ဖြစ်ကြောင်းသိရပါတယ်။ ဒီကစားသမားတွေကတော့ ဖောစတာ, လိုစယ်ဆို, ဟော့ဗျက်, ရိုဒွန်, စပန့်, ရီဂွန်လွန်း, ဆစ်စနွန်, ဒေးဗီး, အီမာဆွန် , အန်ဒွန်လီ, ဂေလ်း နဲ့ ဆိုလိုမွန်တို့ပဲဖြစ်ပါတယ်။

image
image
image
image
1 နှစ် - ဘာသာပြန်ပါ။

မြန်မာနိုင်ငံတွင် တိရစ္ဆာန်အစာနှင့် ကြက်သားပေါက် ထုတ်လုပ်ရောင်းချသည့် ကိုရီးယားကုမ္ပဏီ CJ Feed Myanmar ယာယီရပ်နားလိုက်ကြောင်း အဆိုပါကုမ္ပဏီက သတင်းထုတ်ပြန်သည်။

လတ်တလောဖြစ်ပွားနေသည့် စီးပွားရေးလုပ်ငန်းများ လည်ပတ်မှုအကြပ်အတည်းသည် ကုမ္ပဏီအပေါ်လည်း သက်ရောက်မှုရှိလာခဲ့သည်ဟု အဆိုပါကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကုမ္ပဏီအနေဖြင့် အရောင်းအဝယ်လုပ်ငန်းများ ခက်ခဲလာခြင်း၊ ကုန်ကြမ်းကုန်ကျစရိတ်များတိုးမြင့်လာခြင်း၊ ကုန်ကြမ်းရရှိမှုခက်ခဲခြင်းတို့ကို ရင်ဆိုင်ရသည့်အပြင် လုပ်ငန်းလည်ပတ်ရန်အတွက် ထုတ်လုပ်မှုလုပ်သားအင်အား မလုံလောက်မှုများ ဖြစ်ပေါ်နေခြင်း အစရှိသည့် မလွန်ဆန်နိုင်သောဖြစ်ရပ်များ ဖြစ်ပေါ်နေခြင်းတို့ကြောင့် မေ ၂၈ ရက်မှစတင်ပြီး တိရစ္ဆာန်အစာနှင့် ကြက်သားပေါက်များ ထုတ်လုပ်ရောင်းချနေမှုကို ခေတ္တရပ်နားထားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ထားသည်။

ယင်းသို့ရပ်နားမည်ဖြစ်သဖြင့် အရောင်းကိုယ်စားလှယ်များ၊ ဖောက်သည်များအနေဖြင့် ကုန်ဖိုးအကြွေးကျန်များကို ဇွန် ၂၈ ရက် နောက်ဆုံးထားပြီး ကုမ္ပဏီသို့ မပျက်မကွက် ပြန်လည်ပေးသွင်းကြရန်နှင့် လက်တွဲလုပ်ဆောင်ခဲ့သည့် အရောင်းကိုယ်စားလှယ်များ၊ ဖောက်သည်များကို အထူးကျေးဇူးတင်ရှိသည်ဟု CJ Feed Myanmar ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုရီးယားကုမ္ပဏီတစ်ခုဖြစ်သည့် CJ Feed Myanmar မှာ မှော်ဘီမြို့နယ် မြောင်းတကာစက်မှုဇုန်တွင် စက်ရုံတည်ဆောက်ထားပြီး ကြက်၊ ဝက်၊ ဘဲ၊ ငါးအစားအစာများကို ထုတ်လုပ်ရောင်းချခြင်း၊ ကြက်သားဖောက် လုပ်ငန်းမှ ကြက်သားပေါက်များကို မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီတိုင်းအပါအဝင် ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချလျက်ရှိသည်။

၂၀၁၇ ခုနှစ်တွင် ဒေါ်လာ ၂၁ သန်းကျော်ရင်းနှီးမြှုပ်နှံကာ ပြည်တွင်းစျေးကွက်အတွင်း ဝင်ရောက်လာသည့် အဆိုပါကုမ္ပဏီမှာ ခုနစ်နှစ်ကျော်အကြာတွင် ယာယီလုပ်ငန်းရပ်နားခဲ့ခြင်းဖြစ်သည်။

image

image
Arkar Yan သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
1 နှစ်

image
M M
1 နှစ် - ဘာသာပြန်ပါ။

😁

image

image
1 နှစ် - ဘာသာပြန်ပါ။

ဟဲ့

image
1 နှစ် - ဘာသာပြန်ပါ။ - Facebook

"စိတ်ကြွက်သားတွေ ပိုမိုသန်မာလာစေဖို့"

🔳 ဝိတ်မ တဲ့အခါ ကြွက်သားတွေ ဘာကြောင့် ကြီးလာသလဲ သိပါသလား။

ဒီလိုပြင်းထန်တဲ့ ဖိအားသက်ရောက်မှုကြောင့် ကြွက်သားအမျှင်တွေ စုတ်ပြဲပျက်စီးသွားပါတယ်။ အဲဒါကို ပြုပြင်တယ်။ အစားထိုးတယ်။ ဒီလိုနဲ့ ကြွက်သားထုက တဖြည်းဖြည်း ကြီးလာတာ ဖြစ်ပါတယ်။

ဝိတ်မ,မရင်၊ Plank မထောက်ရင်၊ Push-up မလုပ်ရင်၊ Belly မရိုက်ရင် ကြွက်သားတွေက မပျက်စီးဘူး။ မပျက်စီးတော့ ကြီးထွားမလာဘူး။ ဒီတော့ လက်မောင်းကြွက်သား၊ ရင်အုပ်ကြွက်သား၊ Six packs ဒါတွေလည်း ထွက်မလာတော့ဘူး။

ပြောချင်တာက ကြွက်သားထွက်လာတယ် ဆိုတာ နာကျင်မှုကို ကျော်ဖြတ်ပြီးမှ ရနိုင်တဲ့အရာမျိုးပဲ။

🔳 စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း ဒီသဘောပါပဲ။

အခက်အခဲတွေနဲ့ ရင်ဆိုင်ရတယ်။ ပြိုလဲတယ်။ စိတ်ဓါတ်ကျတယ်။ ဒါတွေကို ကုစားရတယ်။ အားပြန်မွေးရတယ်။ ပြီးတဲ့အခါ ပိုသန်မာတဲ့ လူတစ်ယောက်အဖြစ်နဲ့ ပြန်လည်ထွက်ပေါ်လာတယ်။

🔳 ဘဝမှာ ကံသိပ်ကောင်းတဲ့သူတွေ တွေ့ဖူးပါတယ်။ ဘာဆို ဘာဒုက္ခမှ မရှိတဲ့သူတွေပေါ့။ ရွှေပေါ်မြတင် ဘဝကို ဖြတ်သန်းကြရတယ်။ လူတကာ အားကျကြရတယ်။

အဲဒီလို အမြဲတမ်း အနိုင်ရနေတဲ့အခါ ဘယ်လိုရှုံးနိမ့်ရမယ်မှန်း မသိတော့ဘူး။ အဆင်မပြေမှုတွေ၊ အခက်အခဲတွေ ကြုံရတဲ့အခါ ဘယ်လိုရင်ဆိုင်ရမယ် မသိတော့ဘူး။

🔳 စိတ်ပညာရှင် Angela Duckworth ကတော့ သူ့စာအုပ်ထဲမှာ ခုလို သုံးနှုန်းထားပါတယ်။

“Fragile Perfects” တဲ့။

"ထိရှလွယ်၊ ကွဲအက်လွယ်သော ပြီးပြည့်စုံသူများ" လို့ ဘာသာပြန်ချင်တယ်။ အကုန်တော့ ပြည့်စုံနေတယ်။ ဘာမှ မဖြစ်သေးသရွေ့ပေါ့။ တစ်ခုခု ဖြစ်လိုက်တာနဲ့ ပြိုဆင်းသွားရော။

ဒါကြောင့် စိတ်ဓါတ်ကြံ့ခိုင်ခြင်းဟာလည်း ခန္ဓာကိုယ်မှာ ကြွက်သားတည်ဆောက်သလိုပဲ အခက်အခဲတွေကို ရင်ဆိုင်ဖူးတော့မှသာ ရလာနိုင်တဲ့ အရာမျိုး ဖြစ်ပါတယ်။

🔳 ဘာနာကျင်မှုမှ မကြုံဖူးတဲ့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်က မကျစ်လစ်ဘူး။ ဘာအခက်အခဲမှ မရှိဖူးတဲ့ လူတစ်ယောက်ရဲ့ စိတ်ဟာလည်း ပွယောင်းယောင်း ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် အခက်အခဲတွေကို ကိုယ့်အတွက် Workout လုပ်နေသလို၊ Gym ကစားနေသလို၊ ဝိတ်မ,နေသလို သဘောထားပြီး ရင်ဆိုင်ကြည့်ပါ။ ဒုက္ခပေးလာသူတွေကိုလည်း ကိုယ့်ရဲ့ Gym Trainer အဖြစ် မြင်ယောင်ကြည့်ပါ။

ဒီအရာတွေကသာ ကိုယ့်ရဲ့ “စိတ်ကြွက်သား” ကို ပိုမိုကြံ့ခိုင်လာစေမှာ ဖြစ်ပါတယ်။

🔳🔳🔳🔳🔳🔳🔳

ဇွန်လ ၃ ရက်​နေ့ စမယ့် "Mental Resilience" သင်တန်းအ​ကြောင်း အ​သေးစိတ် သိချင်ရင်​ ဒီမှာဖတ်လို့ ရပါတယ်။

https://www.facebook.com/photo.....php?fbid=9910833157

အပ်မယ်ဆိုရင်​တော့ ဒီကို စာပို့ပြီး အပ်လို့ရပါတယ်။ ​ကျေးဇူးတင်ပါတယ်ခင်ဗျ။

https://m.me/61555309377597

1 နှစ် - ဘာသာပြန်ပါ။

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ရေအောက်ဥမင်လမ်း

အာရေဘီယံပင်လယ်အောက်မှာ တည်ဆောက်ထားတဲ့ ရေအောက်ဥမင်လိုဏ်ခေါင်းကတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ရေအောက်ဥမင်လမ်းဖြစ်ပြီး ၇ ကီလိုမီတာ ရှည်လျားပါတယ်။ Mumbai Coastal Road လို့ အမည်ပေးထားတဲ့ ဒီလမ်းဟာ မွန်ဘိုင်းမြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းအဖြစ် သတ်မှတ်ခံထားရပြီး အချိန်ကုန် သက်သာစေမယ့် လမ်းကြောင်းလို့ သတ်မှတ်ထားကြပါတယ်။

image
1 နှစ် - ဘာသာပြန်ပါ။

အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ရေအောက်ဥမင်လမ်း

အာရေဘီယံပင်လယ်အောက်မှာ တည်ဆောက်ထားတဲ့ ရေအောက်ဥမင်လိုဏ်ခေါင်းကတော့ အိန္ဒိယနိုင်ငံရဲ့ ပထမဆုံး ရေအောက်ဥမင်လမ်းဖြစ်ပြီး ၇ ကီလိုမီတာ ရှည်လျားပါတယ်။ Mumbai Coastal Road လို့ အမည်ပေးထားတဲ့ ဒီလမ်းဟာ မွန်ဘိုင်းမြို့ရဲ့ ယာဉ်ကြောပိတ်ဆို့မှုပြဿနာကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းအဖြစ် သတ်မှတ်ခံထားရပြီး အချိန်ကုန် သက်သာစေမယ့် လမ်းကြောင်းလို့ သတ်မှတ်ထားကြပါတယ်။

image