ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
အုန်းနို့သာကူပြင်
သာကူပြင်အတွက်
သာကူ ၂၀၀ ဂရမ်
သကြား ၉၀ ဂရမ်
နို့ဆီစားပွဲဇွန်း ၁ ဇွန်း
ဂျုံစားပွဲဇွန်း ၂ ဇွန်း+ နို့မှုန့် စားပွဲဇွန်း ၂ ဇွန်းကိုရေနဲ့
မပျစ်မကျဲဖျော်ထားပါ
အုန်းနို့ ၃၀၀ မီလီလီတာ
ရေ ၇၀၀ မီလီလီတာကိုဆူအောင်တည်ပြီး သာကူစေ့
ထည့်ပါသာကူတွေနဲနဲပွလာရင်သကြား၊နို့ဆီ၊
အုန်းနို့နဲ့ဆားနဲနဲလေးထည့်ပြီး အဖြူစေ့လေးတွေ
ပျောက်တဲ့အထိတည်ပါ။
နောက်ရေဖျော်ထားတဲ့ ဂျုံ၊ နို့မှုန့်ထည့်မွှေပါ
ပျစ်လာရင် ဆီဆွတ်ထားတဲ့ ၈ လက်မဗန်းထဲ ထည်ပါ
အုန်းနို့ပြင်အတွက်
အုန်းနို့ ၃၀၀ ဂရမ်
သကြား ၆၀ ဂရမ်
နို့ဆီ စားပွဲဇွန်း ၄ဇွန်း
ဂျုံ စားပွဲဇွန်း ၃ဇွန်း၊နို့မှုန့်စားပွဲဇွန်း၃ဇွန်းကိုရေဖျော်ထားပါ
အုန်းနို့ကို သကြားနဲ့ရောပြီး ဆူအောင်တည်ပါ
နို့ဆီထည့်ပါ၊ ဆားလေးနဲနဲပါထည့်
ရေဖျော်ထားတဲ့ ဂျုံ၊ နို့မှုန့်ထည့်ပြီး ပျစ်အောင်တည်ပါ
သာကူပြင်ပေါ်လောင်းပြီး ၁၈၀ ဒီဂရီ အပူပေးထားတဲ့ oven မှာ နာရီဝက် ဖုတ်ပေးရင်ရပါပြီ
အအေးခံပြီးမှ လှီးပါ
အီဆိမ့်နေအောင်စားကောင်းတဲ့ သာကူပြင်ပါ။
ကမ္ဘာ့အရှားပါးဆုံး ရောင်ခြယ်တွေကို ထိန်းသိမ်းထားတဲ့ ဟားဗတ်တက္ကသိုလ်စာကြည့်တိုက်
ဟားဗက်တက္ကသိုလ်ရဲ့ စာကြည့်တိုက်ထဲမှာ ကမ္ဘာ့အရှားပါးဆုံး အရောင်တွေကို ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ နေရာတစ်ခု ရှိတယ်။ The Straus Center for Conservation and Technical Studies ဟာ ရောင်ခြယ်နမူနာပေါင်း ၂၅၀၀ ကျော် ပါဝင်တဲ့ Forbes Pigment Collection ကို ထိန်းသိမ်းပေးထားတာပါ။ အဲဒီရောင်ခြယ်တွေထဲမှာ မံမီရုပ်အလောင်း၊ သတ္တု၊ အဆိပ်၊ အဖိုးတန်တွင်းထွက်ပစ္စည်း အစရှိတဲ့ အရာတွေကနေ ထုတ်ယူထားတဲ့ အင်မတန်ရှားပါးသော ရောင်ခြယ်တွေ ပါဝင်ပါတယ်။
ဟားဗက်တက္ကသိုလ်ရဲ့ Fogg Museum ကို ဦးစီးဆောင်ရွက်ခဲ့တဲ့ အက်ဒ်ဝပ်ဖို့ဘ်က ၁၉၁၀ ပြည့်နှစ်ကနေ ၁၉၄၄ ခုနှစ်ကြားကာလအတွင်း အဲဒီရောင်ခြယ်တွေကို စုဆောင်းခဲ့တာ ဖြစ်ပါတယ်။ အက်ဒ်ဝက်ဖို့ဘ်ဟာ အမေရိကန်နိုင်ငံမှာ အနုပညာထိန်းသိမ်းစောင့်ရှောက်မှု ဖခင်ကြီးအဖြစ် တင်စားခံခဲ့ရပြီး သူ့ဘဝတစ်လျှောက်လုံးမှာ ကမ္ဘာတလွှား ခရီးဆက်ပြီး ရောင်ခြယ်တွေ စုဆောင်းခဲ့တာပါ။
အီတလီပန်းချီဆရာတွေရဲ့ ဂန္ထဝင် ပန်းချီကားတွေကို အတု၊ အစစ် ခွဲခြားရာမှာ သူက အဲဒီရောင်ခြယ်တွေနဲ့ နှိုင်းယှဉ်စစ်ဆေးလေ့ရှိပါတယ်။ ဒီနေ့အချိန်အထိလည်း ပညာရှင်တွေက ပန်းချီကား အတု၊ အစစ် ခွဲခြားနိုင်ဖို့ အဲဒီရောင်ခြယ်တွေကို အသုံးပြုနေဆဲပါပဲ။
Ref: Forbes Pigment Collection
မျက်လုံး ညောင်းလာတဲ့အခါ ဒါတွေ လုပ်ကြည့်ပါ
ကွန်ပျူတာရှေ့ အကြာကြီး ထိုင်အလုပ်လုပ်ရသူတွေ၊ စာရင်းအင်းတွေနဲ့ တွက်ချက် အလုပ်လုပ်ရသူတွေဟာ ရေရှည်မှာ မျက်လုံးညောင်းလာ ၊ မျက်စိတွေ ခြောက်သွေ့ယားယံတာတွေ ကြုံလာရတတ်ပါတယ်။
မျက်စိတွေ ခြောက်သွေ့ ယားယံနေတယ်လို့ ခံစားရလာရင်တော့ မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်ပေးကြည့်ပါ။ ဒီနည်းနဲ့ သက်သာလာနိုင်ပါတယ်။ ပြီးတော့ မျက်စိကို ပြန်လည် လန်းဆန်းလာစေဖို့ ဒီနည်းလမ်းတွေ သုံးကြည့်နိုင်ပါတယ်။ မျက်ကပ်မှန် တပ်တဲ့လူဆိုရင်တော့ ဒီနည်းတွေ မသုံးခင်မှာ မျက်ကပ်မှန် ချွတ်ထားဖို့ လိုပါတယ်။
၁)လက်ဖဝါးနှစ်ဖက်ကို ပူနွေးလာအောင် ပွတ်ပေးပါ ။ ပြီးတော့ တံတောင်ဆစ်နှစ်ဖက်ကို စားပွဲပေါ်တင်ပြီး လက်ဖဝါးတွေနဲ့ မျက်လုံးကို အုပ်ထားပေးပါ။ မျက်စိမှိတ်ပြီး အသက် ဖြေးဖြေးမှန်မှန် ရှူပါလ။ ပြီးတော့ လက်ဖနောင့်နဲ့ မျက်လုံးကို ဖွဖွလေး ဖိ ပေးပါ။ ဒီအတိုင်း သုံးလေးခေါက်လောက် လုပ်ကြည့်ပါ။
၂)လက်မ နှစ်ဖက်နဲ့ မျက်ခုံးတွေကို နှိပ်နယ်ပေးပါ။ မျက်ခုံး နှစ်ခု ဆုံတဲ့နားကနေ နားထင်ဘက်ကို တဖြည်းဖြည်း နှိပ်သွားပေးပါ။
ဒီနည်းလမ်းတွေ အတိုင်း လုပ်ကြည့်မယ်ဆို မျက်စိ အညောင်းအညာပြေ ပြီး ပြန်လည်လန်းဆန်းလာစေမှာ ဖြစ်ပါတယ်။
(၁၈.၅.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး -၃,၉၉၉,၂၀၀ ကျပ်
ပြင်ပပေါက်စျေး- ၅,၀၁၀,၀၀၀ ကျပ်
👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၃၉၈၀ ကျပ်(ဝယ်)၊ ၄၀၃၀ ကျပ်(ရောင်း)
👉စက်သုံးဆီ
Octane 92 - ၂၆၂၅ ကျပ်
Octane 95 - ၂၇၅၀ ကျပ်
Premium Diesel - ၂၃၉၅ ကျပ်
Diesel - ၂၃၄၅ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာဒေသအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။
ရွှေနှင့် ဒေါ်လာ ကိုင်ဆောင်ထားသူများ နေ့စဉ် အခွန်ဆောင်ရမည်ဆိုသည့် သတင်းမှား
ရွှေနဲ့ဒေါ်လာ လက်ဝယ်ကိုင်ဆောင်ထားသူတွေအားလုံး နေ့စဉ် ငါးရာခိုင်နှုန်း အခွန်ဆောင်ရ မယ်ဆိုတဲ့သတင်း ပျံ့နှံ့နေပါတယ်။
ဧပြီလ ၉ ရက်နေ့က “သူတော်စင်ဘူးသီး” ဆိုတဲ့နာမည်နဲ့ ဖေ့စ်ဘုတ်အသုံးပြုသူတယောက်ကနေ “ရွှေ၊ ဒေါ်လာ လက်ဝယ်ထားရှိသူများအားလုံး နေ့စဉ် ၅ ရာခိုင်နှုန်း အခွန်ဆောင်ရမည်။ မြို့နယ်အခွန်ရုံးတွင် လက်ဝယ်ထားရှိမှုတန်ဖိုးစုစုပေါင်း၏ ၅ ရာခိုင်နှုန်းကိုအခွန်ဆောင်ရမည်ဖြစ်ပြီး အခွန်ပြေစာထုတ်ယူရန် ရွှေဝယ်ရောင်းခွင့်ထောက်ခံစာ၊ ဒေါ်လာအသုံးပြုခွင့်ထောက်ခံစာတို့ပါ ပူးတွဲတင်ပြရမည်” ဆိုပြီး “Gold” ဆိုတဲ့ ဖေ့စ်ဘုတ်ဂရုတခုမှာ ပိုစ့်တင်ထားခဲ့ပါတယ်။ အဲ့ဒီပိုစ့်ကို ပြန်လည်မျှဝေသူ ၇၀ နီးပါးရှိခဲ့ပြီး အခု မေလအထိ ပျံ့နှံ့နေဆဲဖြစ်ပါတယ်။ အခုမေလထဲမှာတော့ “မြန်မာ့ရွှေဈေး Update” ဆိုတဲ့ ဖေ့စ်ဘုတ် ဂရုမှာ “သူတော်စင်မရမ်းသီး” ဆိုတဲ့အကောင့်ကနေ ဒီစာသားကို မေ ၁၂ ရက်နေ့မှာ ဖြန့်ဝေထားတာပါ။
အခုလို ပျံ့နှံ့နေတဲ့ ရွှေနဲ့ ဒေါ်လာ လက်ဝယ်ကိုင်ဆောင်ထားသူတွေ ငါးရာခိုင်နှုန်းကို နေ့စဉ် အခွန်ဆောင် ရမယ်ဆိုတာဟာ တကယ်တော့ လွဲမှားနေပါတယ်။ ဒါဟာ သတင်းမှားဖြစ်ကြောင်းကို ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း(YGEA) က မေလ ၁၃ ရက်နေ့မှာ ဖြေရှင်းထားပါတယ်။ လင့် https://bit.ly/3UMAT53
အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံးက တာဝန်ရှိသူတယောက်ကို ဆက်သွယ်မေးမြန်းတဲ့အခါမှာလည်း ရွှေကိုလက်ဝယ်ထားရှိတာဟာ အခွန်ဆောင်စရာမလိုအပ်ကြောင်းနဲ့ မိမိမှာရှိတဲ့ ရွှေတွေကို ရောင်းချပြီး အိမ်၊ ခြံ ဝယ်ယူတဲ့အခါမှသာ သက်ဆိုင်ရာအခွန်နှုန်းထားနဲ့ အခွန်ဆောင်ရမှာဖြစ်တဲ့အကြောင်း ပြောပါ တယ်။
ဒေါ်လာလက်ဝယ်ထားရှိမှုနဲ့ပတ်သက်ပြီး သက်ဆိုင်ရာ ဘဏ်တွေမှာ သတ်မှတ်ထားတဲ့ဈေးနဲ့ ဝယ်ယူနိုင်ပြီး သတ်မှတ်ပမာဏကိုပဲ လက်ဝယ်ကိုင်ဆောင်ထားခွင့်ရှိပြီး အဲ့ဒီကာလအတွင်းမှာတော့ အခွန်ဆောင်စရာ မလိုအပ်ပါဘူး။ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်ရဲ့ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့ ထုတ်ပြန်ချက်အရ လူတယောက်ကို အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ဒါမှမဟုတ် ဒေါ်လာ ၁၀,၀၀၀ နဲ့ ညီမျှတဲ့ နိုင်ငံခြားငွေကို လက်ခံရရှိတဲ့နေ့ကနေ ခြောက်လအတွင်းပဲ ကိုင်ဆောင်ခွင့်ရှိပြီး အဲဒီ သတ်မှတ်ကာလထက် ကျော်လွန်ပြီး ကိုင်ဆောင်ပါက အရေးယူမယ်လို့ ကြေညာထားပါတယ်။ ခြောက် လကျော်တဲ့အထိ အသုံးမပြုတဲ့နိုင်ငံခြားငွေတွေကို လိုင်စင်ရငွေလဲလုပ်ငန်းတွေမှာ စျေးကွက်ပေါက်စျေး နဲ့ ရောင်းချလဲလှယ်တာ၊ ဘဏ်စာရင်းထဲကို ထည့်သွင်းတာတွေ လုပ်ရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အောက်လက်ဝယ်ထားရှိသူတွေအတွက်တော့ အခွန်ဆောင်စရာ မလိုအပ် ပေမယ့် ဘဏ်မှာ သတ်မှတ်ပေါက်ဈေးအတိုင်း စားရင်းသွင်းထားရမှာပါ။ လင့် https://bit.ly/3K6xqtm , လင့် https://bit.ly/4aogLfl
အလားတူပဲ ရွှေလက်ဝယ်စုဆောင်းထားတဲ့သူတွေအတွက်လည်း နေ့တိုင်းအခွန်ဆောင်ဖို့ မလိုအပ်ပါဘူး။
ဒါကြောင့် ရွှေနဲ့ ဒေါ်လာ လက်ဝယ်ကိုင်ဆောင်ထားသူတွေအားလုံး နေ့စဉ်ငါးရာခိုင်နှုန်းကို အခွန်ဆောင်ရ မယ်ဆိုတဲ့သတင်းဟာ သတင်းမှားပဲ ဖြစ်ပါတယ်ရှင်။