2 yrs - Translate

ချစ်တာကတော့ ဘယ်သူမဆို လုပ်နိုင်ကြပါတယ်..။

သို့ပေမဲ့ ချစ်တယ်ဆိုတဲ့နောက်က နွေးထွေးကြင်နာမှုတွေပါလာမယ်။နားလည်မှုတွေရှိမယ်။သစ္စာတရားတွေရှိမယ်။ဖြည့်ဆည်းပေးလိုမှုတွေရှိတယ်..
ဒါတွေကိုပဲ ပေးနိုင်တဲ့လူကတော့ ရှားလိမ့်မယ်..။

စကားလေးတစ်ခုလိုပေါ့ သဘောကျတာ၊ချစ်တာ၊နွေးထွေးပေးတယ်ဆိုတာမျိုးက ဘယ်သူမဆိုလုပ်နိုင်ပေမယ့် စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပေးနေတာမျိုး၊ အများကြီးနွေးထွေးပြီး၊ဂရုတစိုက်ချစ်ပေးတာမျိုးကတော့ တကယ်ကောင်းတဲ့လူမှလုပ်နိုင်တာတဲ့..။

အချစ်ဟာအမျိုးမျိုးရှိတယ်..။
ငါမင်းကိုချစ်တယ်လို့ပြောပြီး ငါ့အလိုကိုလိုက်၊ငါ့အကြိုက်ကိုဆောင်၊ငါ့ကိုဂရုစိုက်ရမယ်ဆိုတဲ့ အချစ်တွေလည်းရှိတယ်..။

မင်းကိုတော့ တတ်နိုင်သလောက်အကုန်ကို ပေးချင်တာ ဆိုတဲ့အချစ်တွေလည်းရှိတယ်..။

ချစ်တာကတော့ဘယ်သူမဆိုလုပ်နိုင်တယ်။

ဒါပေမဲ့ တစ်စုံတစ်ယောက်နဲ့အတူတူရှိနေဖို့ ကြိုးစားတာမျိုး၊ ဘဝထဲကိုဆွဲခေါ်ဖို့စိတ်ကူးတာမျိုး၊အခက်အခဲတွေကိုအတူတူ ရင်ဆိုင်ဖို့ကြိုးစားတာမျိုး
သူတစ်ခုခုလုပ်တော့မယ်ဆိုရင် သူ့ရဲ့လုပ်ရပ်ကြောင့်
ကိုယ်စိတ်ညစ်မလားဆိုပြီး ကိုယ့်ဘက်ကိုတွေးပေမဲ့ ချစ်တာမျိုးကတော့ရှားတယ်..။

လူတွေကို ခဏတာချစ်လို့ရပါတယ်
သို့ပေမဲ့ တစ်ဘဝလုံးစာအတွက်ဆိုရင်တော့
သံယောဇဥ်ကော၊မေတ္တာကော၊နားလည်မှုတွေ၊နွေး ထွေးမှုတွေပါ ပါမှဖြစ်မယ်..။

imageimage
2 yrs - Translate

မြေပဲဆံချက်
----------------
ဒါလေးကတော့ အညာမှာ ချက်လေ့ချက်ထရှိတဲ့ ဟင်းတစ်မည်ပါ။ မုန်လာဥဖြူလှိုင်လှိုင်ပေါ်ချိန် မုန်လာချဉ်တည်ပြီး မြေပဲဆံချက်လေးနဲ့ တွဲဖက်စားတဲ့အခါ ရိုးရှင်းပြီး ထမင်းမြိန်စေတဲ့ ဟင်းလျာလေးပါရှင်။

ပါဝင်ပစ္စည်းများ
မြေပဲဆံ(အစိမ်း) - ၅ ကျပ်သား
ကြက်သွန်နီ - ၁ ဥ
ကြက်သွန်ဖြူ - ၁ ဥ
ကိုင်းခရမ်းချဉ်သီး - ၄ လုံး
ဆီ - ၅ ကျပ်သား
ငရုတ်အရောင်တင်မှုန့် - စတီးဇွန်း ၂ ဇွန်း
ဆား - အနည်းငယ်
နနွင်း - အနည်းငယ်

ချက်နည်း
မြေပဲဆံကို ညက်ညက်ထောင်းထားပါ။ ကိုင်း ခရမ်းချဉ်သီး၊ ကြက်သွန်နီ/ဖြူကို လှီးထားပါ။ ဆီပူလာလျှင် ကြက်သွန်ဖြူ/နီ၊ နနွင်း ဆီသတ်ပါ။ ခပ်နွမ်း နွမ်းဖြစ်လာလျှင် အရောင်တင်မှုန့်ထည့်ပါ။ ကိုင်းခရမ်း ချဉ်သီးထည့်ပြီး လိပ်လာသည်အထိ ဆီသတ်ပါ။ ကိုင်းခရမ်းချဉ်သီးလိပ်လာလျှင် မြေပဲဆံထည့်ပါ။
ဆား ထည့်ပါ။ ရေနွေး အနည်းငယ်ချင်းလိုက်ပြီး အိထွေးပြီး ဆီပြန်လာသည်အထိ ချက်ပါ။
#cooking

image

Yummy

2 yrs - Translate

လက်ရှိချန်ပီယံ အီတလီအသင်းရဲ့
ယူရို ၂၀၂၄ ဆန်ကာတင်
၃၀ဦးစာရင်း 🇮🇹🇮🇹

image

?

2 yrs - Translate

မိုးအေးအေးနဲ့ကော်ဖီလေးသောက်☕

image

Oreo cream cold brew

2 yrs - Translate

လူကိုအန္တရာယ်ဖြစ်စေနိုင်သော ခရမ်းချဥ်သီးအစေ့

ခရမ်းချဥ်သီးစားလျှင် အတွင်းမှာရှိသော အစေ့များကို အတတ်နိုင်ဆုံးဖယ်ရှားပြီးမှ စားသုံးသင့်ပါသည်။ ထိုအစေ့များက အဓိကပြဿနာ (၂) ခု ပေးပါသည်။ ပထမပြဿနာမှာ အစေ့များသည် အစာအိမ်နှင့် အူနံရံမှ ထုတ်လုပ်လိုက်သော အစာခြေရည်များတွင် အလွယ်တကူ မပျက်စီးနိုင်သောကြောင့် အူအတက်နေရာ၌ပိတ်ပြီး အူအတက်ရောင်ခြင်း (Acute appendicitis) ဖြစ်ပွားနိုင်ပါသည်။ အူအတက်ရောင်ပါက အချိန်မီခွဲစိတ်ကုသရန် လိုအပ်ပါသည်။ အချိန်မီမခွဲစိတ်၍ အူအတက်ပေါက်သွားခဲ့လျှင် အသက်ဆုံးရှုံးနိုင်ပါသည်။ ဒုတိယပြဿနာမှာ အစေ့များကို အစာခြေရည်များမှ ချေဖျက်ပျက်စီးသွားပြီး အူနံရံမှစုပ်ယူလိုက်လျှင် သွေးထဲတွင် ယူရစ်အက်ဆစ် (Uric acid) များတက်စေပါသည်။ အစေ့တွင်ပါဝင်သော ပြူရင်းအယ်ကာလွိုက် (Purine alkaloid) များက ခန္ဓာကိုယ်ထဲတွင် ယူရစ်အက်ဆစ်အဖြစ် ပြောင်းလဲနိုင်သောကြောင့်ဖြစ်သည်။ သာမန်လူကောင်းဆိုလျှင် ပြဿနာမရှိသော်လည်း ယူရစ်အက်ဆစ်များနေသည့် ဂေါက် (Gout) ရောဂါလိုမျိုးရှိလျှင် ရုတ်တရက် အဆစ်အမျက်များ ရောင်လာတတ်ပါသည်။ ထို့ကြောင့် ခရမ်းချဥ်သီးစားလျှင် အစေ့များကို ဇကာနှင့်တိုက်၍ ဖယ်ရှားပြီးမှစားသင့်ပါသည်။ ပြည်ပနိုင်ငံများတွင် ခရမ်းချဥ်သီးဆော့စ်ပြုလုပ်သည့် နည်းစဥ်တွင်ဖြစ်စေ၊ စည်သွပ်ဘူးများထဲတွင် ခရမ်းချဥ်သီးထည့်ရာတွင်ဖြစ်စေ အစေ့များကို မဖြစ်မနေဖယ်ထုတ်ပေးရပါသည်။

ဒေါက်တာခင်မောင်လွင် (FAME)

image
Robert osero changed his profile picture
2 yrs

image
Robert osero changed his profile picture
2 yrs

image