2 yrs - Translate

တကယ်တမ်းရင်ထဲကနေ စွန့်ပစ်လိုက်တဲ့အခါ
အရင်လို စိတ်ဆိုး စိတ်ကောက်နေကြသလို
ဖုန်းနံပါတ်တွေလည်း Blacklistမလုပ်ထားတော့ဘူး

Facebook တွေ Messenger တွေလည်း
မ Block တော့ဘူး သူနဲ့ပါတ်သက်ဆက်နွယ်နေသမျှ အားလုံးကိုလျစ် လျူရှုပစ်လိုက်တာပဲ

နေမြဲ စားမြဲအတိုင်းလေးပဲ
သူ့ကို မြင်နေ တွေ့နေရင်တောင်
သာမန်လူတစ်ယောက်လိုပဲ ခံစားလိုက်တယ်

သတိရမိရင်တောင်
ဒီထက်ပိုမချစ်မိအောင်ပဲကြိုးစားပီး
ထိန်းထားလိုက်တယ် ဒီလောက်ပါပဲ

ချစ်ခဲ့တုန်းကလည်း အရာရာတိုင်းကို
အသေးအမွှားလေးကအစ ဂရုတစိုက်ချစ်ခဲ့တယ်
မေ့ပစ်ချိန်တန်တော့လည်း အသေးအမွှားလေးကအစ
နာနာကျင်ကျင်နဲ့ကို မေ့လိုက်တယ်
ကိုယ် တစ်ကယ်လူသားဆန်ပါတယ်💔

image
2 yrs - Translate

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ဟာ ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာပေါ်မှာ ခရီးသည်အများဆုံး လာရောက်လည်ပတ်တဲ့မြို့အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ခရီးသည် ၂၂.၇၈ သန်းအထိ လာရောက်ခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ် အောက်တိုဘာလကနေ ၂၀၂၄ ခုနှစ် မတ်လ ၃၁ ရက်အထိ Airports of Thailand Plc (AoT) ကုမ္ပဏီလက်အောက်မှ ထိုင်းလေဆိပ်တွေရဲ့ဝင်ငွေဟာ ဘတ် ၃၄.၁၉ ဘီလျံအထိ ရှိခဲ့ပြီး လွန်ခဲ့တဲ့နှစ် အလားအတူ ကာလအပိုင်းအခြားနဲ့ယှဉ်ရင် ၇၁.၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ သုဝဏ္ဏဘူမိလေဆိပ်အပါအဝင် နိုင်ငံတကာလေဆိပ် ၆ ခုမှာ ခရီးသည် ဆိုက်ရောက်၊
ထွက်ခွာမှု သိသိသာသာ မြင့်တက်လာတာနဲ့အမျှ ဝင်ငွေလည်း အဆမတန်
တိုးတက်လာခဲ့တာ ဖြစ်ပါတယ်။

image
2 yrs - Translate

#စိတ်မပျက်ပါနဲ့

ကြိုးစားရင်းနဲ့ ရှုံးနိမ့်လာတဲ့အခါ
စိတ်မပျက်ပါနဲ့....။

ပေးဆပ်ရင်းနဲ့ နာကျင်လာတဲ့အခါ
စိတ်မပျက်ပါနဲ့....။

နားလည်ပေးရင်းနဲ့ မျက်နှာလွှဲခံရတဲ့အခါ
စိတ်မပျက်ပါနဲ့....။

ကြံ့ကြံ့ခံရင်ဆိုင်ရင်း လဲပြိုလာတဲ့အခါ
စိတ်မပျက်ပါနဲ့....။

အလျှော့ပေးရင်း သိမ်ငယ်လာတဲ့အခါ
စိတ်မပျက်ပါနဲ့....။

ဘဝစစ်စစ်ဆိုတာ အမြဲတမ်းဖြစ်ချင်တာတွေ
မဖြစ်နိုင်ပေမယ့်.
ကြိုးစားအားထုတ်နေသူတွေအတွက်
မကောင်းတဲ့ အဆုံးသတ် ဆိုတာလဲမရှိပါဘူး

"နောက်ထပ်အခွင့်အရေး"ဆိုတာတွေဟာ
ကံတရားကပေးတဲ့ လက်ဆောင်ပဲ မဟုတ်ပါလား

ကိုယ်လုပ်နိုင်တဲ့ ကိုယ့်စွမ်းအင်တွေကို
လျှော့ချ လိုက်မှသာ
တကယ်စိတ်ပျက်စရာကောင်းတဲ့ ဘဝကိုဖြစ်စေမှာပါ

ကိုယ်ကကောင်းတာလုပ်ပြီး
စိတ်ပျက်စရာတွေချည်းပဲ ကြုံလာရလို့
စိတ်ဆင်းရဲမနေပါနဲ့
အချိန်ကာလတစ်ခု ရောက်လာတဲ့အခါ
ကိုယ့်စိတ်ရဲ့ဆန္ဒတွေအတိုင်း အကျိုးပေးလာပါလိမ့်မယ်....။

#ဒါ့ကြောင့်

" စိတ်ပျက်တိုင်းသာ အရှုံးပေးနေပါက
အဘယ်မှာ ဘဝစစ်ရှိမည်နည်း " လို့ပဲ
စိတ်ပျက်နေသူများအတွက်
အားပေးစကားလေး ပြောလိုက်ပါရစေ.....။

image

Strawberry Cake ❤

2 yrs - Translate

စိတ်ဓါတ်ကျတော့မယ်ဆိုရင် ဖတ်ပါ
=============================
လောကကြီးမှာ မင်းထက်တော်တဲ့သူဆိုတာမရှိဘူး မင်းထက်ကြိုးစားနေတဲ့ သူတွေပဲရှိတယ်။

မင်းထက်အရည်အချင်းပြည်စုံတဲ့ သူဆိုတာမရှိဘူး မင်းလိုပဲ ကိုယ့်ရဲ့အရည်
အချင်းကို ပြည့်စုံလာအောင် ကြိုးစားနေတဲ့ သူတွေပဲရှိတယ်။

မင်းတစ်ယောက်တည်း စိတ်ညစ်စရာတွေ ပျော်စရာတွေရှိနေတာ မဟုတ်ဘူး။

မင်းလိုပဲ စိတ်ညစ်စရာတွေနဲ့ ပျော်စရာတွေရဲ့ကြားမှာ အဆင်ပြေအောင် နေ နေရတဲ့ သူတွေပဲရှိတယ်။

မင်းတစ်ယောက်တည်း မျက်ရည်ကျဖူးတာ မဟုတ်ဘူး။

လူဆိုတာ မွေးကတည်းက အငိုနဲ့စပြီး အငိုနဲ့အဆုံးသတ်ကြတာ သဘာဝပဲ။

မင်းတစ်ယောက်တည်း ကျရှုံးဖူးတာ မဟုတ်ဘူး။

ဘဝမှာ ရှုံးနိမ့်ခြင်းဆိုတာကို လူသားတိုင်း ခံစားဖူးကြတာချည်းပဲ။

မင်းတစ်ယောက်တည်း ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရခဲ့တာ မဟုတ်ဘူး။

လူသားတွေထဲမှာ ကိုယ်ဖြစ်ချင်တာကို ဖြစ်ခွင့်မရပဲ သေဆုံးသွားကြရသူတွေ အများကြီးရှိတယ်။

ဒါကြောင့် မင်းဘာလို့အားငယ်နေမှာလဲ။မင်းဘာလို့ စိတ်ဓါတ်ကျနေမှာလဲ။
မင်းဘာကြောင့် တွေဝေနေမှာလဲ။
မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ။
မင်းဘာကြောင့် ကြောက်ရွံ့နေမှာလဲ။

ဘဝရဲ့စိန်ခေါ်မှုတွေအောက်မှာ ဘယ်
တော့မှဒူးမထောက်လိုက်နဲ့ ကောင်လေး၊ကောင်မလေးတို့။

မင်းအမေက ဘဝကိုအရှုံးပေးဖို့အတွက်မင်းကို အသက်နဲ့ရင်းပြီး မွေးခဲ့တာမဟုတ်ဘူး။ဒါကြောင့် အခုချက်
ချင်း မင်းမျက်ရည်တွေကို သုတ်လိုက်။

မနက်ဖြန်တိုင်းဟာ မင်းအတွက်ကံကောင်းခြင်းတွေ ဆီးကြိုနေတယ်လို့ ယုံကြည်ပြီး မင်းကြိုးစားလိုက်စမ်းပါ။

မင်းလည်းလူပဲ တခြားသူတွေလည်းလူတွေပဲ။လူဆိုတာ မျှော်လင့်ချက်တွေနဲ့ အသက်ရှင်နေတဲ့ သူတွေဆိုရင် ကိုယ့်ရဲ့မျှော်လင့်ချက် အိမ်မက်ကို တကယ်ဖြစ်လာအောင် လုပ်နိုင်တဲ့သူရယ်၊မလုပ်နိုင်တဲ့ သူရယ်ပဲရှိတယ်။

အိမ်မက်တွေကြားမှာပဲ နိုးမထနိုင်ပဲ သံသရာလည်နေတဲ့သူတော့ မင်းမဖြစ်စေနဲ့ ကောင်လေး၊ကောင်မလေးတို့။

image
2 yrs - Translate

ဘရက်ပစ် ရင်ဖွင့် ပြောခဲ့တဲ့ အချစ်လျှို့ဝှက်ချက်

ကျနော့်ဇနီး (အန်ဂျလီနာဂျိုလီ) တော်တော်လေး စိတ်ဓာတ်ကျခဲ့တယ်။ သူ့ ဘယ်နေရာမှာမှ အဆင်မပြေခဲ့ဘူးလေ။

နေ့တိုင်း သူ ငိုတယ်။ အနုပညာမှာ အဆင်မပြေဘူး။ လူမှုရေး ဘဝမှာ အဆင်မပြေဘူး။ ကလေးတွေနဲ့လည်း အခက်အခဲတွေရှိတယ်။ အဘက်ဘက်က သိသိသာသာကို ရှုံးနိမ့်လာတယ်။

နောက်ဆုံး ကျန်းမာရေးပါ ထိခိုက်ပြီး ဝိတ်သိသိသာသာကို ကျသွားတယ်။ အသက် ၃၅ နှစ်အရွယ်မှာ ပေါင် ၉၀ ပဲရှိတော့တယ်။ ပေါင် ၃၀ တောင် ကျသွားတာ။ သာမန်မိန်းကလေးတစ်ယောက်မှာ ရှိရမယ့် ဝိတ်ထက် သိသိသာသာကို ကျသွားတယ်။

နှလုံးအားနည်းလာတယ်။ အအိပ်လည်းမမှန်ဘူး။ အစားလည်းမမှန်ဘူး။ ကျနော်တို့ အိပ်ကောင်းလို့ တစ်ရေးနိုးနေချိန်မှာ သူမ အိပ်မပျော်နိုင်သေးဘူး။ မနက်မိုးလင်းချိန်က သူ့အတွက် အိပ်ချိန် ဖြစ်ဖြစ်နေတတ်တယ်။ ဒီကြားထဲ ကျနော်နဲ့တောင် ပြဿနာဖြစ် လိုက်သေးတယ်။ အိမ်ထောင်ရေး ပြို လဲတော့မယ့် အထိပေါ့။ နောက်တော့ ကျနော် သူ့ကို နားလည်လာတယ်။

သူအားနည်းနေတာကို သိလိုက်တယ်။ သူဖျားတိုင်း ကျနော်ပြုစုတယ်။ ညတိုင်း သူ့ဘေးမှာ နေပြီး စကားတွေပြောပေးတယ်။ ကျနော်အပြင်သွားတိုင်း ကျနော့ဇနီးကို ဘယ်လောက်ချစ်တဲ့အကြောင်း မိတ်ဆွေတွေကို ပြောဖြစ်တယ်။ သူ့အတွက် လက်ဆောင်လေးတွေ ဝယ်ပေးဖြစ်တယ်။

ကျနော်က ကမ္ဘာပေါ်မှာ အလှဆုံး မိန်းကလေးတစ်ယောက်ကို ပိုင်ဆိုင်ထား တာလေ။ ကျနော့အတွက်ကတော့ သူဟာ အလှဆုံးဖြစ်တယ်ဆိုတာ သိအောင် ကျနော် ပြောတယ်။ သူ့ကို ကြင်နာ နွေးထွေးယုယမှု ပေးတယ်။ သူစိတ်ဆင်းရဲစေအောင် ကျနော်မလုပ်တော့ အကြောင်း ကတိအထပ်ထပ် ပေးမိတယ်။ သူပျော်အောင် ထားမိတယ်။ သူယုံအောင်လည်း ကြိုးစားတယ်။

ခုတော့ အားလုံး အခြေအနေကောင်းတစ်ခုကို ရောက်သွားပါပြီ။ ကျနော့် ဇနီး ဂျိုလီဟာ အရင်တုန်းက မင်းသမီး ဂျိုလီလိုပဲ လှပပြီး တက်တက်ကြွကြွ ရှိတာကို မြင်တွေ့ရမှာပါ။

ကျနော်တစ်ခု နားလည်သွားတယ်။ The woman is the reflection of her man တဲ့။ ကျနော်တို့ ယောင်္ကျားလေးတွေရဲ့ ပြုစု၊ ပြုမူဆက်ဆံမှု အတိုင်း အမျိုးသမီးများက အလိုအလျောက် ပြုပြင်ပြောင်းလဲသွားပါတယ်။ မုန်းစရာ လူတစ်ယောက်လို့ သဘောထားပြီး ဆက်ဆံနေရင် မိတ်ဆွေရဲ့ အမျိုးသမီးဟာ မုန်းစရာ ရုပ်ရည်နဲ့ ပုံစံကို သိသာပိုင်ဆိုင်နေမှာပါ။ အချစ်တွေနဲ့ လွမ်းမိုးထားတဲ့ ချစ်သူကတော့ ကမ္ဘာမှာ အလှဆုံးပဲပေ့ါ။"

image
2 yrs - Translate

ကမ္ဘာ့ဈေးအကြီးဆုံး ဆန်အမျိုးအစားကတော့ ဂျပန်နိုင်ငံမှာ စိုက်ပျိုးတဲ့ Kinmemai Premium ဆန်ပါ။ ဂျပန်နိုင်ငံရဲ့ ဆုရ ဆန်မျိုးစိတ် ၅ ခုကို ပေါင်းစပ်ပြီး အကောင်းဆုံးမျိုးစပ်ထားတဲ့ စပါးကနေ ထုတ်လုပ်ထားတာပါ။ အလေးချိန် ၁ ကီလိုဂရမ်ကို အမေရိကန်ဒေါ်လာ ၁၀၉ ဒေါ်လာအထိ ကျသင့်ပါတယ်။

ဆန်သားအရသာ ကောင်းမွန်စေဖို့အတွက် ၆ လကြာ စီမံပြီးမှ ကြိတ်ခွဲတာပါ။ မျိုးစိတ်ကောင်းတွေကို ရွေးချယ်ပေါင်းစပ်ထားပြီး စနစ်တကျ စီမံကြိတ်ခွဲမှုကြောင့် ထူးခြားကောင်းမွန်တဲ့ အရသာရှိတယ်လို့ ဆိုပါတယ်။

image
2 yrs - Translate

Coron Palawan, Philippines 💙💙💙

image
2 yrs - Translate

ချစ်တာကတော့ ဘယ်သူမဆို လုပ်နိုင်ကြပါတယ်..။

သို့ပေမဲ့ ချစ်တယ်ဆိုတဲ့နောက်က နွေးထွေးကြင်နာမှုတွေပါလာမယ်။နားလည်မှုတွေရှိမယ်။သစ္စာတရားတွေရှိမယ်။ဖြည့်ဆည်းပေးလိုမှုတွေရှိတယ်..
ဒါတွေကိုပဲ ပေးနိုင်တဲ့လူကတော့ ရှားလိမ့်မယ်..။

စကားလေးတစ်ခုလိုပေါ့ သဘောကျတာ၊ချစ်တာ၊နွေးထွေးပေးတယ်ဆိုတာမျိုးက ဘယ်သူမဆိုလုပ်နိုင်ပေမယ့် စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပေးနေတာမျိုး၊ အများကြီးနွေးထွေးပြီး၊ဂရုတစိုက်ချစ်ပေးတာမျိုးကတော့ တကယ်ကောင်းတဲ့လူမှလုပ်နိုင်တာတဲ့..။

အချစ်ဟာအမျိုးမျိုးရှိတယ်..။
ငါမင်းကိုချစ်တယ်လို့ပြောပြီး ငါ့အလိုကိုလိုက်၊ငါ့အကြိုက်ကိုဆောင်၊ငါ့ကိုဂရုစိုက်ရမယ်ဆိုတဲ့ အချစ်တွေလည်းရှိတယ်..။

မင်းကိုတော့ တတ်နိုင်သလောက်အကုန်ကို ပေးချင်တာ ဆိုတဲ့အချစ်တွေလည်းရှိတယ်..။

ချစ်တာကတော့ဘယ်သူမဆိုလုပ်နိုင်တယ်။

ဒါပေမဲ့ တစ်စုံတစ်ယောက်နဲ့အတူတူရှိနေဖို့ ကြိုးစားတာမျိုး၊ ဘဝထဲကိုဆွဲခေါ်ဖို့စိတ်ကူးတာမျိုး၊အခက်အခဲတွေကိုအတူတူ ရင်ဆိုင်ဖို့ကြိုးစားတာမျိုး
သူတစ်ခုခုလုပ်တော့မယ်ဆိုရင် သူ့ရဲ့လုပ်ရပ်ကြောင့်
ကိုယ်စိတ်ညစ်မလားဆိုပြီး ကိုယ့်ဘက်ကိုတွေးပေမဲ့ ချစ်တာမျိုးကတော့ရှားတယ်..။

လူတွေကို ခဏတာချစ်လို့ရပါတယ်
သို့ပေမဲ့ တစ်ဘဝလုံးစာအတွက်ဆိုရင်တော့
သံယောဇဥ်ကော၊မေတ္တာကော၊နားလည်မှုတွေ၊နွေး ထွေးမှုတွေပါ ပါမှဖြစ်မယ်..။

image
2 yrs - Translate

ချစ်တာကတော့ ဘယ်သူမဆို လုပ်နိုင်ကြပါတယ်..။

သို့ပေမဲ့ ချစ်တယ်ဆိုတဲ့နောက်က နွေးထွေးကြင်နာမှုတွေပါလာမယ်။နားလည်မှုတွေရှိမယ်။သစ္စာတရားတွေရှိမယ်။ဖြည့်ဆည်းပေးလိုမှုတွေရှိတယ်..
ဒါတွေကိုပဲ ပေးနိုင်တဲ့လူကတော့ ရှားလိမ့်မယ်..။

စကားလေးတစ်ခုလိုပေါ့ သဘောကျတာ၊ချစ်တာ၊နွေးထွေးပေးတယ်ဆိုတာမျိုးက ဘယ်သူမဆိုလုပ်နိုင်ပေမယ့် စိတ်ရှည်ရှည်နဲ့စောင့်ဆိုင်းပေးနေတာမျိုး၊ အများကြီးနွေးထွေးပြီး၊ဂရုတစိုက်ချစ်ပေးတာမျိုးကတော့ တကယ်ကောင်းတဲ့လူမှလုပ်နိုင်တာတဲ့..။

အချစ်ဟာအမျိုးမျိုးရှိတယ်..။
ငါမင်းကိုချစ်တယ်လို့ပြောပြီး ငါ့အလိုကိုလိုက်၊ငါ့အကြိုက်ကိုဆောင်၊ငါ့ကိုဂရုစိုက်ရမယ်ဆိုတဲ့ အချစ်တွေလည်းရှိတယ်..။

မင်းကိုတော့ တတ်နိုင်သလောက်အကုန်ကို ပေးချင်တာ ဆိုတဲ့အချစ်တွေလည်းရှိတယ်..။

ချစ်တာကတော့ဘယ်သူမဆိုလုပ်နိုင်တယ်။

ဒါပေမဲ့ တစ်စုံတစ်ယောက်နဲ့အတူတူရှိနေဖို့ ကြိုးစားတာမျိုး၊ ဘဝထဲကိုဆွဲခေါ်ဖို့စိတ်ကူးတာမျိုး၊အခက်အခဲတွေကိုအတူတူ ရင်ဆိုင်ဖို့ကြိုးစားတာမျိုး
သူတစ်ခုခုလုပ်တော့မယ်ဆိုရင် သူ့ရဲ့လုပ်ရပ်ကြောင့်
ကိုယ်စိတ်ညစ်မလားဆိုပြီး ကိုယ့်ဘက်ကိုတွေးပေမဲ့ ချစ်တာမျိုးကတော့ရှားတယ်..။

လူတွေကို ခဏတာချစ်လို့ရပါတယ်
သို့ပေမဲ့ တစ်ဘဝလုံးစာအတွက်ဆိုရင်တော့
သံယောဇဥ်ကော၊မေတ္တာကော၊နားလည်မှုတွေ၊နွေး ထွေးမှုတွေပါ ပါမှဖြစ်မယ်..။

image