ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ကိုယ့်နားမှာ တကယ်နေချင်တဲ့သူက
ခက်ခဲပင်ပန်းရရင်တောင်
ကိုယ့်နားမှာနေဖို့ နည်းလမ်းရှာလိမ့်မယ်။
နေလို့မရခဲ့ရင်တောင်
မေးထူးခေါ်ပြောဆိုတဲ့ အငေးရပ်ဝန်းတွေမှာ
ရှိနေလိမ့်မယ်။
ကိုယ့်ဆီကို တကယ်လာချင်တဲ့သူကလည်း
မလွယ်ကူမှုတွေ၊ အတားအဆီးတွေရှိသည့်တိုင်
ကိုယ့်ဆီကိုလာဖို့ နည်းလမ်းရှာလိမ့်မယ်။
အချစ်မှာအကြောင်းပြချက်တွေမရှိဘူး။
မင်းအတွက်... မင်းနဲ့အတူဆိုတာတွေပဲရှိတယ်။
အချစ်တွေက ရိုးရှင်းပါတယ်... စစ်မှန်ခဲ့ရင်ပေါ့။ ❤️
#nayvel
သတိရတဲ့အခါ တိမ်တွေကို ငေးကြည့်ဖြစ်တယ်
တခါတလေ
ကိုယ်နဲ့မလှမ်းမကမ်းက တိမ်လေးတွေကိုပဲဖြစ်ဖြစ်
တခါတလေကျ
သူရှိလောက်မဲ့နေရာလေးက တိမ်တွေကိုပဲဖြစ်ဖြစ်
ငေးရင်းငေးရင်း သူဘာတွေလုပ်နေမလဲ
သူအဆင်ပြေပါ့မလားဆိုပြီး
သူ့ပုံစံလေးကအစ မြင်ယောင်ရင်း လွမ်းနေမိတာမျိုးလေ
တိမ်တွေဘယ်လောက်ထိ အဖော်ပြုပေးသလဲဆိုရင်
ကိုယ်တို့ဘယ်လောက်ပဲဝေးဝေး
အနည်းဆုံးတော့ ဒီကောင်းကင်ကြီးအောက်မှာ
အတူတူရှိနေပါသေးတယ်ဆိုပြီး
ခံစားလာစေတယ် နွေးထွေးစေတယ်
ကျိုးကြေနေမဲ့စိတ်တွေကို နှစ်သိမ့်ပေးတယ်
တိမ်တွေသာ စကားပြောတတ်ခဲ့ရင် မေးကြည့်ချင်တယ်
မင်းရော ဒီတိမ်တွေကိုငေးကြည့်ဖြစ်လား
တိမ်တွေမြင်တိုင်း ကိုယ့်လိုသတိရနေရဲ့လား...
-Flexx



ငယ်ရွယ်ခြင်းပုံရိပ်တွေက
ရပ်တန့်သွားသလို ခံစားလာရပြီးတော့
အလုပ်သွား အလုပ်ပြန်တိုင်း တွေ့ရတတ်တဲ့
ဆယ်ကျော်သက်လေးတွေကိုလဲ
အားကျတတ်လာတယ်...။
ဒီနှစ်တွေထဲ အသက်ဟာ သိပ်မကြီးသွားပေမဲ့လဲ
တချို့အရာတွေ တော်တော်များများ ပြောင်းလဲသွားတာမဟုတ်လား...။ နောက် ၅ နှစ်...ပြီးတော့ နောက် ၁၀ နှစ်မှာရော ဘယ်လိုရှိနေဦးမှာလဲ။
ငါ ချစ်တဲ့ ဒဏ်ကို ခံနိုင်မဲ့သူရှားပါတယ် ။
ငါ့ဘ၀ထဲကို ၀င်လာတဲ့ သူတော်တော်များများက
ငါ့ဒဏ်ကို မခံနိုင်လို့ ထွက်သွားကြတာများတယ် ။
သူတို့တွေ ပြောကြတာတော့ ငါကဆိုးတယ် တဲ့။
ငါနဲ့မချစ်ခင်ကတည်းက ငါက ဆိုးတဲ့အကြောင်းကို
သူတို့ကို ပြောထားပြီးသား ။
ငါဟာ တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါကျရင်
စိတ်ရောကိုယ်ပါ နှစ်ပြီး ချစ်တတ်တဲ့အကြောင်းတွေကို
ငါပြောခဲ့ပြီးသား။
ငါ့စိတ်ကို သည်းခံနားလည်ပေးမယ်လို့ ကတိတွေ
အထပ်ထပ်ခံပြီး တစ်ကယ်တမ်း ငါ့ဘက်က
ချစ်တဲ့စိတ်တစ်ခုထဲနဲ့ ဆိုးလိုက်မိတဲ့အခါမှာ
ငါ့ကို အပြစ်ပြောစရာတစ်ခုလိုပဲ မြင်ကြတယ်။
တစ်ကယ်တော့ ငါဆိုးတယ်ဆိုတာ
ငါ ချစ်တဲ့သူကိုမှဆိုးမိတာ။
ငါ့ကို ချစ်ပေးနိုင်မဲ့သူ ၊
ငါဆိုးသမျှကို မညိုမငြင်နဲ့ သည်းခံပေးနိုင်မဲ့သူထင်မိလို့
ငါဆိုးမိတာ ။
(သူတို့လည်း ငါ့ကို အစပိုင်းလောက် ကောင်းပြတာပါပဲ)
ငါ ဆိုး နေရင်တောင် ငါ့ဒဏ်ကို ခံနိုင်တဲ့သူကိုပဲ
လိုချင်မိတာပါ။
သူ့ရဲ့နွေးထွေးကြင်နာမှုတွေနဲ့
ငါ့ကို ထွေးပွေ့နှစ်သိမ့်ပေးရင်း ငါ့ရဲ့ အကျင့်တွေကို
ဖြည်းဖြည်းချင်း ပြင်သွားပေးနိုင်မဲ့သူကို
မက်မောမိတာ ။
ဒါပေမဲ့လေ သူတို့ပဲ၀င်လာကြတယ် ။
သူတို့ပဲ ပြန်ထွက်သွားကြတယ် ။
အကြောင်းပြချက်က ငါ့ဒဏ်ကို မခံနိုင်လို့တဲ့။
'" တစ်ယောက်က ဆိုးလို့ရလို့ ဆိုးနေတာကို
တစ်ယောက်ကလည်း မငြိုမငြင်နဲ့
စိတ်ရှည်ပေးနေတတ်တဲ့ relationshipလေးတွေကို
မြင်ရင် ငါ သိပ်အားကျတာပဲ။"
အချစ်စစ်မှန်တယ်ဆိုရင် တစ်ယောက်ရဲ့အားနည်းချက်တွေ တွေ့နေရင်တောင် ဖယ်ခွာရမှာမဟုတ်ဘူးလေ။
လမ်းမှန်ကို ရောက်ဖို့ ပြုပြင်ပေးရမယ်မလား။
ငါကလေ ....ငါက အရမ်းဆိုးနေတတ်တဲ့သူ
မဟုတ်ပါဘူး ။
ငါက တစ်စုံတစ်ယောက်ကို သိပ်ချစ်မိသွားရင်
ငါ့အနားမှာ ငါ့ကိုပဲချစ်ပြီး ရှိနေစေချင်ရုံပါ။
ဒါပေမဲ့လေ .... ငါ့ဒဏ်ကို ခံနိုင်တဲ့သူက ရှားပါတယ်။
မိုးရာသီကိုချစ်တဲ့သူတွေကို Pluviophileလို့ခေါ်ပါတယ်..။Introvertအများစုသဘောအကျဆုံးကလည်းမိုးရာသီပါတဲ့..။
အပူတွေကိုချုပ်ငြိမ်းစေတဲ့မိုးစက်တွေဖြစ်လို့လည်းသိပ်မြတ်နိုးမိတာပါပဲ
မိုးရွာချိန် coffeeပြေးဖျော်တတ်သလို ခပ်အေးအေးmovieလေးတွေရှာကြည့်မိတယ်
ဒါမှမဟုတ်ဝတ္ထုလေးတစ်အုပ်ဖတ်ရင်း
အဲအချိန်မှာကော်ဖီရနံ့ဟာပိုမွှေးပျံ့ပြီး
Movieထဲကတေးသွားတွေဟာပိုပြီးအသက်ဝင်လာသလိုခံစားရလို့လေ
မိုးရွာချိန်ရော မိုးရွာပြီးစအချိန်လေးကိုပါသဘောကျမိတယ်..။လေအေးတွေနဲ့အတူဝေ့ပါလာတဲ့ မြေသင်းနံ့တွေ သစ်ရွက်လေးတွေမြက်စိမ်းလေးတွေမှာ တွဲခိုနေတဲ့မိုးရေစက်လေးတွေ..
နေရောင်ပက်ဖြန်းချိန်ဖြာထွက်သွားတဲ့အလင်းစက်လေးတွေ..နှစ်နှစ်ခြိုက်ငေးရင်း...
ဘဝမှာရှိခဲ့ဖူးတဲ့တစ်ချို့သောသူတွေကို
တစ်စုံတစ်ယောက်ကိုသတိတရလွမ်းရင်းပေါ့.
Credit from #lavenderpan -7