2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေး ငွေဈေး ဆီစျေး
======================
( မေ ၊ ၂၅ ရက် ၊ ၂၀၂၄ ခုနှစ် )
၁။ ရွှေ - ၅၁ သိန်း ၉ သောင်း ၉ ထောင်
၂။ ဒေါ်လာ - ၄၂၀၀
၃။ ဓာတ်ဆီ - ၉၂-၂၆၂၅ ၊ ၉၅-၂၇၅၀
၄။ ဒီဇယ် - ၂၃၃၅
၅။ တရုတ် (၁၀၀) = ၅၆၄၀၀ ကျပ် (မူဆယ်)
မှတ်ချက်။ အချိန်နှင့်နေရာဒေသအပေါ် မူတည်ပြီး ဈေးနှုန်းများ ကွာခြားမှုနှင့် အပြောင်းအလဲများရှိနိုင်ပါသည်။
#ရွှေဈေးငွေဈေးဆီစျေး

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့စက်သုံးဆီစျေးနှုန်း (၂၅-၅-၂၀၂၄)

#fuel
#ဆီစျေး

image
2 နှစ်များ - ဘာသာပြန်ပါ။

Apple TV 4K ဆိုတဲ့ TV Box က $149 ပဲရှိပါတယ် A15 Bionic Chipset ပါပြီးတော့ Streaming Service တွေအပြင် Apple Arcade နဲ့ ဂိမ်းဆော့နိုင်ပါသေးတယ်

HomePod Mini က $99 ပဲရှိပြီးတော့ Siri ကိုသုံးပြီး သီချင်းဖွင့်ခိုင်းတာ ၊ Smart Home Devices အနေနဲ့ အသုံးချနိုင်တာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်

ဒါတွေကိုကြည့်ရင် သီးသန့် အနေအထားနဲ့ လုပ်ဆောင်နိုင်မှုတွေ ကိုယ်စီရှိတဲ့ Apple Devices တွေစျေးနီးပါးကို Apple Pencil Pro ကို စျေးတင်ထားတယ်ပြောရမှာပါ

ကောင်းကွက်ကိုရှာပြောရရင် လုပ်ဆောင်မှု အသစ်တွေပါလာတဲ့ Apple Pencil Pro ရဲ့စျေးနှုန်းက အရင် Apple Pencil 2nd Gen နဲ့ စျေးတူတူပါပဲ

ဒီအချက်က Apple ကိုချီးကျူးရမှာပါ

အသစ်ပါလာတဲ့ လုပ်ဆောင်မှုတွေဆိုရင်
Haptic Motor ပါလာတာ
Squeeze Function ၊
Barrel Roll ဆိုတဲ့ Gyroscope အသစ်ကြောင့်ရလာတဲ့ Feature အပြင် Find My လိုစနစ်အသစ်တွေကအစ ပါဝင်လာတာပါ

Apple Pencil ကို တကယ်အသုံးချမဲ့သူတွေဘက်က ကြည့်ရင် စျေးပိုမကြီးလာတဲ့အပြင် Feature အသစ်ကြောင့် တကယ်ကိုတန်ပါတယ်

ပြသနာက Apple Pencil Pro က အသစ်ထွက်ထားတဲ့ iPad Pro (M4) နဲ့ iPad Air (M2) တွေနဲ့ Support လုပ်တာပါ

Apple Pencil Pro က စျေးပိုမကြီးလာဘူးဆိုပေမဲ့ သုံးချင်တယ်ဆိုရင် iPad Air သို့ Pro အသစ်တွေကို $600 လောက်အနည်းဆုံးထပ်သုံးပြီး ဝယ်ရမဲ့ အချက်တော့ရှိပါတယ်

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (မေ - ၂၅ ရက်)

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၂၀၀ ကျပ်
ဝယ်ဈေး - ၄၁၅၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၁၁၀ ကျပ်
ဝယ်ဈေး - ၃၀၃၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၅၅၅ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၁၄.၆၆ ကျပ်
ဝယ်ဈေး - ၁၁၂.၃၇ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၈၉၂ ကျပ်
ဝယ်ဈေး - ၈၆၅ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၇၉ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၇၄ ကျပ်
ဝယ်ဈေး - ၂၅.၉၄ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၅၀.၃၅ ကျပ်
ဝယ်ဈေး - ၄၉.၂၂ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၆ ကျပ်
ဝယ်ဈေး - ၃.၀၀ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၄၄၂ ကျပ်
ဝယ်ဈေး - ၅၃၂၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၈၇ ကျပ်
ဝယ်ဈေး - ၂၇၂၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၈၈ ကျပ်
ဝယ်ဈေး - ၃၀၁၉ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၄၄ ကျပ်
ဝယ်ဈေး - ၅၃၂ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၄၂ ကျပ်
ဝယ်ဈေး - ၁၁၁၇ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ယနေ့ ရွှေဈေး (မေ - ၂၅ ရက်၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၃၄ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၁၉၀၀၀၀ ကျပ်
ဝယ်ဈေး ၅၁၅၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၄၉၉၀၀၀၀ ကျပ်
ဝယ်ဈေး ၄၉၅၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image

MANGO STRAWBERRY BANANA Smoothie!!!

So cute ?

Panipuri~

?

2 နှစ်များ - ဘာသာပြန်ပါ။

ငါ ချစ်တဲ့ ဒဏ်ကို ခံနိုင်မဲ့သူရှားပါတယ် ။

ငါ့ဘ၀ထဲကို ၀င်လာတဲ့ သူတော်တော်များများက
ငါ့ဒဏ်ကို မခံနိုင်လို့ ထွက်သွားကြတာများတယ် ။

သူတို့တွေ ပြောကြတာတော့ ငါကဆိုးတယ် တဲ့။
ငါနဲ့မချစ်ခင်ကတည်းက ငါက ဆိုးတဲ့အကြောင်းကို
သူတို့ကို ပြောထားပြီးသား ။
ငါဟာ တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါကျရင်
စိတ်ရောကိုယ်ပါ နှစ်ပြီး ချစ်တတ်တဲ့အကြောင်းတွေကို
ငါပြောခဲ့ပြီးသား။

ငါ့စိတ်ကို သည်းခံနားလည်ပေးမယ်လို့ ကတိတွေ
အထပ်ထပ်ခံပြီး တစ်ကယ်တမ်း ငါ့ဘက်က
ချစ်တဲ့စိတ်တစ်ခုထဲနဲ့ ဆိုးလိုက်မိတဲ့အခါမှာ
ငါ့ကို အပြစ်ပြောစရာတစ်ခုလိုပဲ မြင်ကြတယ်။

တစ်ကယ်တော့ ငါဆိုးတယ်ဆိုတာ
ငါ ချစ်တဲ့သူကိုမှဆိုးမိတာ။
ငါ့ကို ချစ်ပေးနိုင်မဲ့သူ ၊
ငါဆိုးသမျှကို မညိုမငြင်နဲ့ သည်းခံပေးနိုင်မဲ့သူထင်မိလို့
ငါဆိုးမိတာ ။

(သူတို့လည်း ငါ့ကို အစပိုင်းလောက် ကောင်းပြတာပါပဲ)

ငါ ဆိုး နေရင်တောင် ငါ့ဒဏ်ကို ခံနိုင်တဲ့သူကိုပဲ
လိုချင်မိတာပါ။
သူ့ရဲ့နွေးထွေးကြင်နာမှုတွေနဲ့
ငါ့ကို ထွေးပွေ့နှစ်သိမ့်ပေးရင်း ငါ့ရဲ့ အကျင့်တွေကို
ဖြည်းဖြည်းချင်း ပြင်သွားပေးနိုင်မဲ့သူကို
မက်မောမိတာ ။

ဒါပေမဲ့လေ သူတို့ပဲ၀င်လာကြတယ် ။
သူတို့ပဲ ပြန်ထွက်သွားကြတယ် ။
အကြောင်းပြချက်က ငါ့ဒဏ်ကို မခံနိုင်လို့တဲ့။

'" တစ်ယောက်က ဆိုးလို့ရလို့ ဆိုးနေတာကို
တစ်ယောက်ကလည်း မငြိုမငြင်နဲ့
စိတ်ရှည်ပေးနေတတ်တဲ့ relationshipလေးတွေကို
မြင်ရင် ငါ သိပ်အားကျတာပဲ။"

အချစ်စစ်မှန်တယ်ဆိုရင် တစ်ယောက်ရဲ့အားနည်းချက်တွေ တွေ့နေရင်တောင် ဖယ်ခွာရမှာမဟုတ်ဘူးလေ။
လမ်းမှန်ကို ရောက်ဖို့ ပြုပြင်ပေးရမယ်မလား။

ငါကလေ ....ငါက အရမ်းဆိုးနေတတ်တဲ့သူ
မဟုတ်ပါဘူး ။
ငါက တစ်စုံတစ်ယောက်ကို သိပ်ချစ်မိသွားရင်
ငါ့အနားမှာ ငါ့ကိုပဲချစ်ပြီး ရှိနေစေချင်ရုံပါ။

ဒါပေမဲ့လေ .... ငါ့ဒဏ်ကို ခံနိုင်တဲ့သူက ရှားပါတယ်။

image