Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဗြိတိန်နိုင်ငံရဲ့ ပိုင်နက်နယ်မြေတစ်ခုဖြစ်တဲ့ (Gibraltar)
ဂျီဘရော်တာ လေဆိပ်ဟာ ကမ္ဘာ့အထူးခြားဆုံး လေဆိပ်တွေထဲကတစ်ခုအဖြစ်အမြဲသတ်မှတ်ခံရလေ့ရှိပါတယ်။
ဘာကြောင့်လဲဆိုတော့ Gibraltar လေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းဟာ မြို့ရဲ့အဓိက ကားလမ်းမကြီးတစ်ခုကိုဖြတ်သန်းတည်ဆောက်ထားလို့ပါပဲ။
ပုံထဲမှာ မြင်နေရတဲ့အတိုင်းပဲ လေယာဉ်အတက်အဆင်းလုပ်တော့မယ်ဆိုရင် ကားလမ်းကို ခဏပိတ်ထားလိုက်ရပြီး လေယာဉ်အတက်အဆင်းမရှိတဲ့ အချိန်တွေမှာတော့ ပုံမှန်အတိုင်းပဲ ကားတွေဖြတ်သန်းသွားလို့ရပါတယ်။
လေဆိပ်ရဲ့ လေယာဉ်ပြေးလမ်း အရှည်ဟာ ၁,၈၂၈ မီတာ (ပေ ၆,၀၀၀) ခန်ရှိပြီး တစ်နေ့ကို လေယာဉ်အစင်းရေ ၃၀ လောက် ပျံသန်းလေ့ရှိပါတယ်။
#လေဆိပ် #လေယာဉ်
#crd