2 နှစ်များ - ဘာသာပြန်ပါ။

မြန်မာပြည်က အမှောင်လောကသားတွေကတော့ AI ကို အသုံးချပြီး စီးပွားရှာနေကြပြီဗျာ

သတိထားမိကြလားတော့ မသိဘူး။ အခုနောက်ပိုင်းမှာ AI နဲ့ လုပ်ထားတဲ့ ဗီဒီယိုတွေ၊ ဓာတ်ပုံတွေကို သုံးပြီး စီးပွားရှာကြတဲ့ လူတွေများလာပြီ။ အဲ့ဒီလိုမျိူး AI အသုံးချပြီး စီးပွားရှာကြတာကို အမှောင်လောကသားတွေရဲ့ ၁၈+ Contents တွေမှာ တွေ့ရများတယ်။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် YouTube ပေါ်မှာ မိန်းကလေး AI Avatar နဲ့ AI မြန်မာအသံ သုံးပြီးလုပ်ထားတဲ့ ၁၈+ Knowledge Sharing ဗီဒီယိုတွေများလာတယ်။ နောက်ပြီးတော့ Slot ဂိမ်းကြော်ငြာတွေမှာ အရင်တုန်းက Celebrities တွေရဲ့ ပုံတွေကို ယူသုံးကြပေမဲ့ အခုနောက်ပိုင်းမှာတော့ AI မော်ဒယ်ပုံတွေကို အသုံးများလာကြတယ်။

ဒါကြောင့် မြန်မာပြည်က အမှောင်လောကသားတွေဟာ နောက်ဆုံးပေါ် နည်းပညာကို အသုံးချပြီး စီးပွားရှာတဲ့နေရာမှာ အလင်းလောကသားတွေထက် ပိုသွက်တယ်လို့ ပြောရမယ်။

အဓိကပြောချင်တာကတော့ အခုက AI ခေတ်ဖြစ်နေပါပြီ။ အဲ့ဒီတော့ အလင်းလောကသားတွေလည်း AI ကို အသုံးချပြီး စီးပွားရှာကြပါ။ AI ဟာ အသုံးချတတ်ရင် ချတတ်သလို ကိုယ့်အတွက် အကျိူးရှိစေပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ချန်ပီယံလိဂ်ဖလားဆွတ်ခူးပြီး နောက်တစ်ရက်မှာတင် အမ်ဘတ်ပေ ကို ရီးရဲလ် စာချုပ်ချုပ်လိုက်ပြီ
-----------------
ရီးရဲလ်မက်ဒရစ်အသင်းဟာ အမ်ဘတ်ပေကို တရားဝင်လက်မှတ်ရေးထိုး စာချုပ်,ချုပ်လိုက်ပြီလို့ နာမည်ကျော်သတင်းထောက် ရိုမာနိုရဲ့ဖော်ပြချက်အရ သိရှိရပါတယ်။ အမ်ဘတ်ပေ ဟာ ရီးရဲလ်မက်ဒရစ်ဆီကို ပြောင်းရွှေ့တော့မယ်ဆိုတာ ကမ္ဘာတစ်ဝန်းက ဘောလုံးပရိသတ်အားလုံး သိရှိနေပြီးသားပါ။ အခုတော့ တရားဝင်အတည်ပြုချက် ထွက်လာခဲ့ပြီဖြစ်လို့ ရီးရဲလ်မက်ဒရစ်ဆီကို အမ်ဘတ်ပေက ၂၀၂၃-၂၄ ဘောလုံးရာသီကြီး ပြီးဆုံးပြီးတဲ့နောက် နောက်တစ်ရက်မှာတင် ရောက်လာခဲ့ပြီလို့ ဆိုရပါလိမ့်မယ်။

ရီးရဲလ်မက်ဒရစ်ဟာ ချန်ပီယံလိဂ်ဆုဖလားကြီးကို ၁၅ ကြိမ်မြောက် ဆွတ်ခူးရရှိပြီးတဲ့နောက် နောက်တစ်ရက်မှာတင် အမ်ဘတ်ပေကို စာချုပ်ချုပ်ဆိုပြီး မင်္ဂလာအပေါ် မင်္ဂလာထပ်ဆင့်ကာ အချိုရည်ကို သကာထပ်လောင်းလိုက်ပြီပဲဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ဆီကို အမ်ဘတ်ပေ ရောက်ပြီ၊ အမ်ဘတ်ပေကို ရီးရဲလ်မက်ဒရစ် စာချုပ်ချုပ်ဆိုလိုက်ပြီဆိုတဲ့သတင်းကို နာမည်ကြီးအေးဂျင့် ဖာဘရီဇီယို ရိုမာနိုက သူ့ရဲ့တွစ်တာလူမှုကွန်ရက်စာမျက်နှာကနေ HERE WE GO ဆိုတဲ့စာလုံးနဲ့ တွဲဖက်ပြီး BREAKING NEWS အဖြစ် အသိပေးလိုက်တာကို လက်ရှိမှာ နာမည်ကြီးသတင်းမီဒီယာများစွာက ကိုးကားရေးသားနေကြပြီလည်းဖြစ်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာ အမ်ဘတ်ပေ ကို လာမယ့်သီတင်းပတ်ထဲမှာ အသင်းကစားသမားအဖြစ် တရားဝင်မိတ်ဆက်ပွဲ ကျင်းပမယ်လို့ သိရှိရပြီး ယူရိုပြိုင်ပွဲမတိုင်ခင် အမ်ဘတ်ပေကို စာချုပ်,ချုပ်လိုက်တဲ့အတွက် အမ်ဘတ်ပေ ဟာ ယူရိုပြိုင်ပွဲကို ရီးရဲလ်မက်ဒရစ်အသင်းကိုယ်စားပြုကစားသမားအဖြစ် ကစားခွင့်ရသွားခဲ့ပြီဖြစ်ပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

ကမ္ဘာ့ပထမဆုံးနဲ့ တစ်ခုတည်းသော သင်္ဘောတင် ဆုံလည်ဓာတ်လှေကား

ကမ္ဘာပေါ်မှာ ပထမဆုံးနဲ့ တစ်ခုတည်းရှိတဲ့ သင်္ဘောတင် ဆုံလည်ဓာတ်လှေကားကတော့ စကော့တလန်နိုင်ငံမှာ တည်ရှိပါတယ်။ ဖို့တ်အန်ကလိုက် တူးမြောင်းကို ယူနီယံတူးမြောင်းနဲ့ ချိတ်ဆက်ရာမှာ အနိမ့်၊ အမြင့် မတူညီတဲ့အတွက် ဖောကတ်ဘီး (Falkirk wheel)ကို တီထွင်ခဲ့ကြတာပါ။

Millennium Link စီမံကိန်း တစ်စိတ်တစ်ပိုင်းအဖြစ် ၁၉၉၈ ခုနှစ်က ပေါင် ၈၄ သန်း အကုန်အကျခံ တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ ခေတ်မီဒီဇိုင်း ဖြစ်ပေမဲ့ အာခီးမီးဒိစ်ရဲ့ ဖလှယ်ရဂုဏ်သတ္တိအပေါ် အခြေခံပြီး တည်ဆောက်ထားတာပါ။ ဆုံလည်ဓာတ်လှေကားရဲ့ ကန်ထဲကို သင်္ဘောဝင်လာရင် ကန်ထဲက ရေတွေနဲ့ နေရာချင်း ဖလှယ်လိုက်မှာဖြစ်ပြီး အပေါ်ကန်၊ အောက်ကန် အလေးချိန်ကို တန်ချိန် ၅၀၀ ဖြစ်နေအောင် ကွန်ပျူတာစနစ်နဲ့ စောင့်ကြည့်စိစစ်ထားတာပါ။

image
2 နှစ်များ - ဘာသာပြန်ပါ။

ဆီဆိုင်ဝန်ထမ်း မိတ်ဆွေအတွက် စုဘူးဖောက်ပြီး စက်ဘီးဝယ်ပေးခဲ့တဲ့ ကလေးငယ်

တောင်အာဖရိကနိုင်ငံမှ ၁၀ နှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ သူနဲ့ ခင်နေတဲ့ ဆီဆိုင် ဝန်ထမ်း အလုပ်သွား၊ အလုပ်ပြန်လုပ်ရတာ အဆင်ပြေစေဖို့ သူ့စုထားတဲ့ငွေတွေနဲ့ စက်ဘီးတစ်စီး ဝယ်ပေးခဲ့ဖူးပါတယ်။ အဲဒီကောင်လေးနာမည်က ဗော်ဂန်ပါ။ သူ့အမေက ကားဆီ ဝင်ဖြည့်ရင်း ဗော်ဂန်က တိုနီနဲ့ ခင်သွားတာပါ။

အဲဒီတုန်းက ဗော်ဂန် နေမကောင်း ဖြစ်နေတဲ့အချိန် တိုနီနဲ့ စကားပြောရင်း ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားခဲ့တာကို သူ့အမေက မြင်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာ ဗော်ဂန်က တိုနီ့ဆီ မကြာခဏ လာလည်လေ့ရှိပါတယ်။ တစ်ရက်တော့ တိုနီက စက်ဘီးတစ်စီး ဝယ်ချင်တယ်၊ ပိုက်ဆံလည်း သိပ်မတတ်နိုင်ဘူး။ ဈေးသင့်တာလေးရှိရင် ပြောပါဦးလို့ ဗော်ဂန်ကို အကူအညီ တောင်းခဲ့တာပါ။

အဲဒီနောက်မှာ ဗော်ဂန်က အားလပ်ရက် ခရီးထွက်ရင် သုံးဖို့ သူ စုထားတဲ့ စုဘူးကို ဖောက်ပြီး တိုနီအတွက် စက်ဘီးအသစ်တစ်စီး ဝယ်ပေးခဲ့တာပါ။ ဗော်ဂန်က စုဘူး မဖောက်ခင် သူ့မိခင်ထံ ခွင့်တောင်းခဲ့ပြီး သူ့မိခင်ကလည်း ဗော်ဂန်ရဲ့ စိတ်စေတနာကောင်းရှိမှုကို အားပေးအားမြှောက်ပြုတဲ့အနေနဲ့ ခွင့်ပြုပေးခဲ့တာပါ။ ဒီဖြစ်ရပ်ကတော့ ၂၀၁၉ ခုနှစ်က ဖြစ်ပွားခဲ့တာပါ။

Ref: 10-year-old boy uses his savings to buy gas station attendant a bicycle: 'Most proud of you'

image
2 နှစ်များ - ဘာသာပြန်ပါ။

Bled Island, Solvenia

image
2 နှစ်များ - ဘာသာပြန်ပါ။

အဒီဘီယော🤝✅ချယ်စီး!!!

ကဲဘိုလေတို့ကတော့ စပြီးနော် နယူးကာဆယ်တို့ ချိတ်ဆက်နေတယ့် ဖူဟမ် ခံစစ်ကစားသမား အဒီဘီယောကိုတော့ ချယ်စီး အသင်းက မြန်မြန်ဆန်ဆန် ဝင်ရောက် ဆွေးနွေးခဲ့ပြီးနောက် ချက်ချင်းဆိုသလို ကစားသမားကမီးစိမ်းပြခဲ့တယ့် အတွက်ကြောင့် အဒီဘီယောကတော့ ချယ်စီးရဲ့ ဒီနှစ် အပြောင်းရွှေ့ရဲ့ ပထမဦးဆံး ခေါ်ယူမူဖြစ်လာခဲ့ပါပြီး။ လာမယ့် အပတ်မှာဆေးစစ်မူ ပြုလုပ်ပြီး အပြီးခေါ်ယူနိင်တော့မှာ ဖြစ်ပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

အဒီဘီယော🤝✅ချယ်စီး!!!

ကဲဘိုလေတို့ကတော့ စပြီးနော် နယူးကာဆယ်တို့ ချိတ်ဆက်နေတယ့် ဖူဟမ် ခံစစ်ကစားသမား အဒီဘီယောကိုတော့ ချယ်စီး အသင်းက မြန်မြန်ဆန်ဆန် ဝင်ရောက် ဆွေးနွေးခဲ့ပြီးနောက် ချက်ချင်းဆိုသလို ကစားသမားကမီးစိမ်းပြခဲ့တယ့် အတွက်ကြောင့် အဒီဘီယောကတော့ ချယ်စီးရဲ့ ဒီနှစ် အပြောင်းရွှေ့ရဲ့ ပထမဦးဆံး ခေါ်ယူမူဖြစ်လာခဲ့ပါပြီး။ လာမယ့် အပတ်မှာဆေးစစ်မူ ပြုလုပ်ပြီး အပြီးခေါ်ယူနိင်တော့မှာ ဖြစ်ပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

အဒီဘီယော🤝✅ချယ်စီး!!!

ကဲဘိုလေတို့ကတော့ စပြီးနော် နယူးကာဆယ်တို့ ချိတ်ဆက်နေတယ့် ဖူဟမ် ခံစစ်ကစားသမား အဒီဘီယောကိုတော့ ချယ်စီး အသင်းက မြန်မြန်ဆန်ဆန် ဝင်ရောက် ဆွေးနွေးခဲ့ပြီးနောက် ချက်ချင်းဆိုသလို ကစားသမားကမီးစိမ်းပြခဲ့တယ့် အတွက်ကြောင့် အဒီဘီယောကတော့ ချယ်စီးရဲ့ ဒီနှစ် အပြောင်းရွှေ့ရဲ့ ပထမဦးဆံး ခေါ်ယူမူဖြစ်လာခဲ့ပါပြီး။ လာမယ့် အပတ်မှာဆေးစစ်မူ ပြုလုပ်ပြီး အပြီးခေါ်ယူနိင်တော့မှာ ဖြစ်ပါတယ်။

imageimage
2 နှစ်များ - ဘာသာပြန်ပါ။

Dress တွေစကတ်တွေထဲမှာဆိုရင် A-Line Skirt လေးတွေ Dress လေးတွေက ဒီရာသီအတွက်အဆင်အပြေဆုံးပါ။ 💯တအားတိုပြီး တအားကားတဲ့ Dressမျိုးတွေ စကတ်မျိုးတွေဆိုရင် မိုးသည်းပြီးလေတွေဘာတွေတိုက်တဲ့အခါ နည်းနည်းလန်မှာဘာညာစိတ်ပူရတယ်လေနော်။ A- Line Dress တွေ စကတ်တွေမဟုတ်ပဲ ကိုယ်တွေ fit ဖြစ်တဲ့ Dress မျိုးလေးတွေ၀တ်မယ်ဆိုရင်လည်း အိုခေပါတယ်လို့။ 👌

image

how cute ❤