1 နှစ် - ဘာသာပြန်ပါ။

မင်္ဂလာပါအမျိုးတို့

Shan Po သူ့ပရိုဖိုင်အဖုံးကို ပြောင်းလိုက်တယ်။
1 နှစ်

image
Htet Htet Win Pe သူမ၏ပရိုဖိုင်ပုံပြောင်းခဲ့သည်။
1 နှစ်

image
1 နှစ် - ဘာသာပြန်ပါ။

တောင်ကိုရီးယားဘက် မိုးပျံပူးပေါင်းတွေနဲ့ အမှိုက်တွေပို့တာ ခဏရပ်မယ်လို့ မြောက်ကိုရီးယားပြော

ပြုံးယမ်း၊ ဇွန်-၃-၂၀၂၄
မျိုးဆက်(VOM)

မြောက်ကိုရီးယားဟာ တောင်ကိုရီးယားဘက်ကို အမှိုက်တွေထည့်ထားတဲ့ မိုးပျံပူပေါင်းတွေ လွှတ်တာကို ခဏရပ်မယ်လို့ ထုတ်ဖော်ပြောဆိုလာပါတယ်။

ဒါပေမယ့်လည်း တောင်ကိုရီးယားဘက်ကနေ မြောက်ကိုရီးယားဆန့်ကျင်လက်ကမ်းစာစောင်တွေ ထပ်မံပေးပို့မယ်ဆိုရင် အမှိုက်ပူပေါင်းတွေ ပြန်လွှတ်မယ်လို့ ခြိမ်းခြောက်ထားပြီး လက်ရှိချိနထိ အမှိုက်တန်ချိန် ၁၅ တန် တောင်ကိုရီးယားဘက်ကို ပေးပို့ခဲ့တယ်လို့ မြောက်ကိုရီးယား ဒုတိယကာကွယ်ရေးဝန်ကြီး ကင်ကန်အီက ပြောပါတယ်။

မြောက်ကိုရီးယားဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့ကတည်းက အညစ်အကြေးတွေ အမှိုက်တွေပြည့်နေတဲ့ မိုးပျံပူပေါင်းတွေကို လွှတ်တင်မှုတွေပြုလုပ်ခဲ့ပြီး မြောက်ကိုရီးယားကိုဝေဖန်တဲ့ လက်ကမ်းစာစောင်တွေကို မိုးပျံပူပေါင်းတွေနဲ့လွှတ်တာကို လက်တုံ့ပြန်တာလို့ မြောက်ကိုရီးယားက ပြောပါတယ်။

ဒီလိုအမှိုက်တွေ ထပ်ပို့နေဦးမယ်ဆိုရင် မြောက်ကိုရီးယားကို တန်ပြန်အရေးယူမှုတွေလုပ်ဆောင်မယ်လို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်က မနေ့က သတိပေးပြောဆိုထားပါတယ်။

တောင်ကိုရီးယားတက်ကြွလှုပ်ရှားသူတွေဟာ မြောက်ကိုရီးယားဆန့်ကျင်ရေးတွေကို နယ်စပ်ကနေ အသံချဲ့စက်တွေနဲ့ ထုတ်လွှင့်ခဲ့ဖူးပြီး ၂၀၁၈ ခုနှစ်မှာ ဒီလှုပ်ရှားမှုတွေကို ရပ်တန့်ခဲ့ကြပါတယ်။

Ref:NHK
Photo:Reuters

image
Sai Phyo သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
1 နှစ်

image
1 နှစ် - ဘာသာပြန်ပါ။

မသန်စွမ်းသူများအတွက် ရန်ပုံငွေရှာဖို့ နိုင်ငံအနှံ့ စက်ဘီးစီးနှင်သွားမယ့် အသက် ၆ နှစ် ကလေးလေး

အသက် ၆ နှစ်အရွယ် စင်ကာပူနိုင်ငံသားလေးက တစ်ရက်အတွင်း စင်ကာပူအနှံ့ ကီလိုမီတာ ၁၂၀ စက်ဘီးစီးနှင်နိုင်တဲ့ အသက်ငယ်ဆုံးပုဂ္ဂိုလ်ဖြစ်လာဖို့ စိန်ခေါ်မှုတစ်ခုကို လက်ခံဖြစ်ခဲ့ပါတယ်။ ဖခင်ဖြစ်သူပါ လိုက်ပါအဖော်ပြုပေးမယ့် အာရမ်ဆိုတဲ့ အဲ့ဒီကလေးလေးက အခုလို စက်ဘီးစီးနှင်ပြီးတော့ မသန်စွမ်းသူများအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ SUN-DAC အတွက် ရန်ပုံငွေရှာပေးသွားမှာလည်းဖြစ်ပါတယ်။

သူဟာ သူ စက်ဘီးစီးနှင်တဲ့ ကီလိုမီတာတိုင်းအတွက် စင်ကာပူဒေါ်လာ ၁၀၀ ရရှိဖို့ မျှော်လင့်ထားတာပါ။ ကီလိုမီတာ ၁၂၀ ဝန်းကျင်လောက် စက်ဘီးစီးနှင်သွားမှာဖြစ်ပါတယ်။ အာရမ်ဟာ အသက် ၄ နှစ်ကတည်းက စက်ဘီးစီးတာကို စိတ်ပါဝင်စားခဲ့ပြီး စက်ဘီးမြန်မြန်စီးရတာကို ကြိုက်ခဲ့တာလို့ ဖခင်ဖြစ်သူ ဘဂျမင် ဆွန်းက ပြောပါတယ်။

အာရမ်က အသက် ၄ နှစ်မှာ Jurong East ကနေ သူ့အဘွားအိမ်ရှိတဲ့ Bukit Panjang အထိ ၁၀ ကီလိုမီတာ စက်ဘီးစီးခဲ့ပါတယ်။ ၂၀၂၄ ခုနှစ်အစောပိုင်းက East Coast Park မှာ ၅၂ ကီလိုမီတာ စက်ဘီးစီးနှင်နိုင်ခဲ့ပြီးတဲ့နောက်မှာ ဖခင်ဖြစ်သူက သူ့ကို ကီလိုမီတာ ၁၂၀ စက်ဘီးစီးနှင်ဖို့ စိန်ခေါ်ခဲ့တာပါ။

အာရမ်က ဒီစိန်ခေါ်မှုခရီးစဉ်ပြီးမြောက်ခဲ့ရင် Asia Book of Records မှာ စံချိန်ချိုးနိုင်မယ်လို့ သူ့မိဘတွေက ယုံကြည်ထားပါတယ်။ Asia Book of Records မှာ လက်ရှိစံချိန်ကိုင်ဆောင်ထားသူက တစ်ရက်အတွင်း ကီလိုမီတာ ၁၀၀ စက်ဘီးစီးခဲ့တဲ့ ဗီရက်တ် ဗီဂျေပါပဲ။ ဗီရက်တ်က အသက် ၉ နှစ်အရွယ်၊ ၂၀၂၂ ခုနှစ် မတ်လ ၁၃ ရက်နေ့မှာ ဒီစံချိန်ကို ချိုးခဲ့တာပါ။

အခုတော့ အာရမ်က ကီလိုမီတာ ၁၂၀ စက်ဘီးစီးနှင်နိုင်ဖို့ စက်ဘီးစီးလေ့ကျင့်နေပါတယ်။

Ref: Boy, 6, cycling 120km around S'pore to raise funds for people with disabilities; aims to break Asian record

image
Hein Htet သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
1 နှစ်

image
TheinMyat Aung သူ့ပရိုဖိုင်အဖုံးကို ပြောင်းလိုက်တယ်။
1 နှစ်

image
1 နှစ် - ဘာသာပြန်ပါ။

ရာဖာနယ်စပ်မှ ဆုတ်ခွာပေးရန် အစ္စရေး ကို အီဂျစ်တောင်းဆို

ကိုင်ရို၊ဇွန် ၃

အမေရိက၊ အစ္စရေးနှင့် အီဂျစ်တို့မှတာဝန်ရှိသူများသည် ကိုင်ရို၌ကျင်းပသည့် တွေ့ဆုံဆွေးနွေးမှုကိုရပ်ဆိုင်းပြီးနောက် အစ္စရေးက သိမ်းယူထားသည့် ရာဖာနယ်စပ်မှ အစ္စရေးတပ်များဆုတ်ခွာပေးရန် အီဂျစ်ကတောင်းဆိုခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့်မေလက အစ္စရေးက ရာဖာကို ထိုးစစ်မြှင့်တင်ပြီး အီဂျစ် - ဂါဇာနယ်စပ်ရှိ ဂါဇာဘက်အခြမ်းကို သိမ်းထားသဖြင့် အီဂျစ်က ဒေါသထွက်ကာ ၎င်းတို့နယ်စပ်မှတစ်ဆင့်ပေးပို့နေသည့် ဂါဇာအတွက်အထောက်အပံ့များနှင့်ရွှေ့ပြောင်းခြင်းများအတွက် အစ္စရေးနှင့်ဆက်၍ အလုပ်မလုပ်နိုင်ဟုဆိုခဲ့သည်။

နှစ်ဘက်နယ်စပ်ပြန်ဖွင့်ရန် သဘောတူညီမှုမရခဲ့သော်လည်း တနင်္ဂနွေနေ့က တွေ့ဆုံမှုသည် အပြုသဘောဆောင်သည်ဟု အီဂျစ်လုံခြုံရေး သတင်းရင်းမြစ်များကပြောကြားခဲ့သည်။

ပါလက်စတိုင်းအာဏာပိုင်များက လုပ်ငန်းပြန်စရန် သဘောတူပါက လုပ်ငန်းဆောင်ရွက်မှုကို ကြီးကြပ်ရန် နယ်စပ်၌ ဥရောပစောင့်ကြည့်သူများကိုပါ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်းလည်း အဆိုပါအစည်းအဝေးတွင် အီဂျစ်ကိုယ်စားလှယ်အဖွဲ့ကပြောကြားခဲ့သည်။

Source : ရိုက်တာ/အက်ဖ်အက်စ်

image
TheinMyat Aung သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
1 နှစ်

image