2 yrs - Translate

ယနေ့စက်သုံးဆီစျေးနှုန်း (၃-၆-၂၀၂၄)
#fuel
#ဆီစျေး

image
2 yrs - Translate

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (ဇွန် - ၃ ရက်)

-အမေရိကန်ဒေါ်လာ‌
ရောင်းဈေး - ၄၃၀၀ ကျပ်
ဝယ်ဈေး - ၄၂၀၀ ကျပ်

-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၀၄၀ ကျပ်
ဝယ်ဈေး - ၂၉၅၀ ကျပ်

-ယူရို
ရောင်းဈေး - ၄၄၉၀ ကျပ်
ဝယ်ဈေး - ၄၃၄၀ ကျပ်

-ထိုင်းဘတ်
ရောင်းဈေး - ၁၁၂.၃၆ ကျပ်
ဝယ်ဈေး - ၁၀၈.၆၉ ကျပ်

-မလေးရှားရင်းဂစ်
ရောင်းဈေး - ၈၇၅ ကျပ်
ဝယ်ဈေး - ၈၅၀ ကျပ်

-တရုတ်ယွမ်
ရောင်းဈေး - ၅၇၀ ကျပ်
ဝယ်ဈေး - ၅၅၀ ကျပ်

-ဂျပန်ယန်း
ရောင်းဈေး - ၂၆.၀၀ ကျပ်
ဝယ်ဈေး - ၂၅.၀၀ ကျပ်

-အိန္ဒိယရူပီး
ရောင်းဈေး - ၄၉.၅၇ ကျပ်
ဝယ်ဈေး - ၄၇.၈၉ ကျပ်

-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၀၃ ကျပ်
ဝယ်ဈေး - ၂.၉၃ ကျပ်

-စတာလင်ပေါင်
ရောင်းဈေး - ၅၂၈၇ ကျပ်
ဝယ်ဈေး - ၅၁၀၀ ကျပ်

-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၇၆၀ ကျပ်
ဝယ်ဈေး - ၂၆၆၅ ကျပ်

-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၀၅၀ ကျပ်
ဝယ်ဈေး - ၂၉၅၀ ကျပ်

-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၂၉ ကျပ်
ဝယ်ဈေး - ၅၁၁ ကျပ်

-ယူအေအီး
ရောင်းဈေး - ၁၁၂၉ ကျပ်
ဝယ်ဈေး - ၁၀၈၆ ကျပ်

ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်

image
2 yrs - Translate

ယနေ့ ရွှေဈေး (ဇွန် - ၃ ရက်၊ နံနက် ၁၀ နာရီ)

-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၃၂၈ ဒေါ်လာ

-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၅၂၈၀၀၀၀ ကျပ်
ဝယ်ဈေး ၅၂၄၀၀၀၀ ကျပ်

-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၅၀၈၀၀၀၀ ကျပ်
ဝယ်ဈေး ၅၀၄၀၀၀၀ ကျပ်

“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”

ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

image

TIRAMISU Cheese Foam. Latte

2 yrs - Translate

ဒီအရပ်မှာတော့
မိုးတွေ ရွာလို့ ...

ချူချာတတ်တဲ့
မင်းရဲ့ နေရာလေးမှာကော

ရာသီဥတုက ကြည်သာရဲ့ လား ...

နှာစေးချောင်းဆိုးတာလောက် ဆိုပေမယ့်
ရာသီဥတုအပြောင်းအလဲတိုင်းမှာ
နေမကောင်းဖျားနာတတ်တဲ့မင်းကိုတော့

ကိုယ့်ကိုယ်ကိုယ်ထက် ပိုပြီး
စိတ်ပူတတ်တာ
အကျင့်ဖြစ်နေခဲ့ပြီမို့

ဂရုစိုက်ပါနော် ...

#ကျေးကို

image
2 yrs - Translate

Grisons, Swiss Alps, Switzerland 💚💚💚💚

image
2 yrs - Translate

အဆီပြန်တဲ့အသားအရေ ပိုင်ရှင်တွေပြုလုပ်မိနိုင်တဲ့ အဆိုးရွားဆုံး အချက်၄ချက်

အဆီပြန်တဲ့ အသားအရေပိုင်ရှင်ဖြစ်ရတာ မလွယ်ပါဘူး။

မျက်နှာကို တစ်ရှူးနဲ့တချိန်လုံး သုတ်ပေးနေဖို့လိုပြီး ဓာတ်ပုံထဲမှာ ဆိုလည်း သင့်မျက်နှာက ဝင်းပြောင်ပြောင်ကြီးဖြစ်နေမယ့်အပြင် မျက်နှာသစ်ပြီးသွားရင်လည်း ဘယ်လောက်မှမကြာဖူး အဆီတွေနဲ့ စေးကပ်ကပ်ဖြစ်လာပြန်ဦးမှာပါ။ ဒါပေမဲ့ မပူပါနဲ့၊ အောက်မှာဖော်ပြထားတဲ့ (လူအများမှားယွင်းတတ်သော) အချက်တွေကို ရှောင်ကျဉ်ခြင်းအားဖြင့် သင့်ရဲ့ အဆီပြန်တဲ့ ပြဿနာကို အတိုင်းအတာတခုအထိ ကူညီဖြေရှင်း ပေးနိုင်မှာပါ။

အသားအရေခြောက်ကပ်လွန်းအောင်လုပ်ခြင်း
အဆီပြန်တတ်တဲ့သူတွေဟာ သူတို့ရဲ့အသားအရေကို အမြဲတမ်းလိုလို အရမ်းခြောက်ကပ်နေအောင် ထားလေ့ ရှိကြပါတယ်။ အယ်လ်ကိုဟောပါတဲ့ ပစ္စည်းတွေကို သုံးစွဲပြီး မျက်နှာကို လုံးဝပြောင်ရှင်းနေအောင် လုပ်ထား တတ်ကြပါတယ်။ သင့်မျက်နှာက အဆီတွေကို လုံးဝဖယ်ရှားပစ်လိုက်တဲ့အခါ ခဏတာအတွက်တော့ ကောင်းသွားတယ် ထင်ရပေမယ့် တကယ်တမ်းကြတော့ ပြဿနာကို ပိုလို့တောင်ဆိုးစေနိုင်ပါတယ်။ဘာလို့လဲဆိုတော့ ရုတ်တရက် ခြောက်သွေ့သွားတဲ့ သင့်အသားအရေကို အစိုဓာတ်ပြန်ပေးဖို့အတွက် ခန္ဓာကိုယ်က အဆီတွေကို ပိုလို့တောင် တိုးပြီး ထုတ်လာတော့ မှာမို့ပါ။

Moisturizer တွေကို အလွန်အကျွံ သုံးစွဲခြင်း
အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေ ပြုလုပ်တတ်တဲ့ နောက်ထပ်အမှားတခုက မှားယွင်းတဲ့ ဒါမှမဟုတ် အစိုဓာတ်များများပါတဲ့ moisturizer တွေကို သုံးလေ့ရှိတာဖြစ်ပါတယ်။မျက်နှာသစ်ပြီး ဆယ်မိနစ်လောက်အထိကတော့ မျက်နှာအသားအရေဟာ တင်းတင်းလေးနဲ့ ခြောက်ခြောက်လေး ဖြစ်နေတာကို လူတိုင်းခံစားရမှာပါ။ ဒီလို အနေအထားမျိုးကို လိုချင်တဲ့အတွက် အဆီပြန်တဲ့ အသားအရေပိုင်ရှင်တွေဟာ moisturizer တွေကို လိုတာထပ်ပိုပြီး အလွန်အမင်း သုံးကြပါတော့တယ်။ မိနစ်၂၀လောက်ကြာပြီးတဲ့အခါမှာ အဆီဂလင်းတွေကနေ အဆီတွေကို အရေပြားပေါ် စစ်ထုတ် ပေးလေ့ရှိပါတယ်။ ဒါကြောင့်မို့ moisturizerသုံးဖို့ တကယ်လိုမလိုကို သင့်အနေနဲ့ မိနစ်၂၀ သို့မဟုတ် ၃၀ လောက်အထိ စောင့်ကြည့် သင့်ပါတယ်။

မှားယွင်းတဲ့ မျက်နှာသစ်ဆေး အသုံးပြုမိခြင်း
သင်ဟာအဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်ဆိုရင် ခပ်ပြစ်ပြစ်ဖြစ်နေတဲ့ ဒါမှမဟုတ် အဆီအခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်သင့်ပါတယ်။ အမြှုပ် အခြေခံထုတ်လုပ်ထားတဲ့ မျက်နှာသစ် ဆေးတွေကတော့ အဆီပြန်တတ်သူတွေအတွက် အသင့်တော်ဆုံးပါ။ ဘာလို့လဲဆိုတော့ ပါဝင်ပစ္စည်းတွေဟာ မျက်နှာ အဆီပြန်မှုကို ဖယ်ရှားပစ်လိုက်ပေမယ့် လုံးဝမခြောက်ကပ်သွားစေလို့ ဖြစ်ပါတယ်။

မှားယွင်းတဲ့ ပါဝင်ပစ္စည်းတွေကို အသုံးပြုခြင်း
Glycolic acid လို အဆီဓာတ်ပါဝင်တဲ့ ပစ္စည်းမျိုးကို သုံးမယ့်အစား salicylic acid ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကိုသာ အသုံးပြုသင့်ပါတယ်။ Salicylic acid ဟာ အဆီဂလင်းရှိတဲ့နေရာဖြစ်တဲ့ မွေးညင်းလေးတွေရဲ့ ဟိုးအောက်ဆုံး အခြေမှာရှိတဲ့ အိတ်ကလေးတွေအထိ စိမ့်ဝင်ရောက် ရှိနိုင်စွမ်းရှိတဲ့အတွက် အဆီကိုဖယ်ရှားပစ်ရာမှာ အသုံးဝင်လှပါတယ်။ဒီ့အတွက်ကြောင့် အဆီတွေဟာ အရေပြားအပေါ်ယံလွှာကို ရောက်လာမယ့် အစား သူ့ကို တကယ်လိုအပ်တဲ့ နေရာတွေဆီကိုသာ ရောက်ရှိသွားပါတော့တယ်။

image
2 yrs - Translate

စိတ်ထဲက မပါရင် ချစ်တယ် ပြောဖို့မပြောနဲ့
Typing ရိုက်ရမှာ ပျင်းတဲ့ လူစားမျိုးပါ ။

သဘောကျမိပြီဆိုရင်
ဆံချည်မျှင်သေးသွယ်သွယ်လေးမှာကအစ
ခြေဖဝါးက ကျတဲ့ခြေမှုန်လေးအဆံုး
လိုက်တွယ်ကပ်တတ်ပါတယ် ။

မင်းဖြစ်နေလို့ လာလာပြောနေတဲ့စကားတွေပါ။
မင်းမိုလို့သာ အခုလောက်ထိ မာနတွေ အကျခံနေတာ။
ဒါကြောင့် ကိုယ်ချစ်တယ်လို့ ပြောတဲ့အခါ
စိတ်လိုလက်ရ ပြုံးလိုက်ပါ။

#ခဲတံ

image
2 yrs - Translate

အဆင်မပြေခြင်းတွေကြားမှာ
ပြိုလဲမသွားအောင်တော့

ရှိသမျှစိတ်နဲ့ ကျားကန်ထားရတာပေါ့
တကယ်တမ်းဆို ဒီကာလမှာ

အားပါးတရ မရယ်မောရတာလည်း ကြာပြီး
လွတ်လွတ်လပ်လပ် မပျော်ရွှင်ရတာလည်း ကြာပြီး။

#ဉာဏ်

🌻🍀
𝐿𝑒𝑚𝑜𝑛

image
2 yrs - Translate

ပြန်မလာတော့တာ သိနေရင်တောင် ကိုယ့်ဘက်က ခံစားချက်တွေကို သိစေချင်သေးတာ ကိုယ်ဘယ်လောက် တန်ဖိုးထားလဲဆိုတာ ပြောပြချင်နေသေးတယ် ကိုယ်ဘာပြောပြော တဖက်လူအတွက် အရေးမပါတော့မှန်း သိနေရင်တောင်မှလေ

သူ့ဘက်က reply လေးတစ်စောင်လောက် ဝင်လာမလားလို့ ရင်တထိတ်ထိတ်နဲ့ phone screen ကို မျက်တောင်မခတ်ရဲလောက်အောင် စိုက်ကြည့်နေမိတာ

ရုတ်တရက် ဖုန်း ringtone မြည်သံကြားရင် နှလုံးခုန်နှုန်းက အမြင့်ဆုံးထိ ဆောင့်တက်သွားသလို ခံစားခဲ့ရတာ ကိုယ်မျှော်လင့်တဲ့ ဖုန်းနံပါတ်မဟုတ်လို့ ရင်ထဲမှာ လှိုက်ကနဲ လစ်ဟာသွားတာကလည်း နှလုံးသားကို ဆွဲနှုတ်ယူလိုက်သလိုပဲ

အိပ်ချိန်ရောက်ရင်တောင် စိတ်ဖြောင့်ဖြောင့် မအိပ်နိုင်ရှာဘဲ အသိစိတ်က နိုးနေပြီး လူးလူးလိမ့်လိမ့်နဲ့ မိုးစင်စင်လင်းခဲ့ရတဲ့ မနက်တွေက မအိပ်ရဘဲ မက်ခဲ့မိတဲ့ အိပ်မက်ဆိုးတွေပေါ့

Credit: sakura 🌸

image