၁ နာရီ
🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
၇၁၀၀၀၀၀
------------------------------
🇺🇲 ရန်ကုန် ၅၉၀၀-၆၁၀၀
🇹🇭 ဘတ် ၆၃၀ ~ ၆၂၅
#crd
ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
၁ နာရီ
🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
၇၁၀၀၀၀၀
------------------------------
🇺🇲 ရန်ကုန် ၅၉၀၀-၆၁၀၀
🇹🇭 ဘတ် ၆၃၀ ~ ၆၂၅
#crd
ရာသီဥတု အမေးအဖြေ⛈️⛈️
How many season are there in Myanmar?
မြန်မာနိုင်ငံမှာ ရာသီဥတု ဘယ်နှစ်မျိုးရှိလဲ?
There are three season in Myanmar.
မြန်မာနိုင်ငံမှာ ရာသီဥတု ၃ မျိုးရှိပါတယ်။
Summer, Winter, Rainy season
နွေရာသီ၊ ဆောင်းရာသီ ၊ မိုးရာသီ
It's looks like going to rain.
ကြည့်ရတာ မိုးရွာလိမ့်မယ်ထင်တယ်။
It's cold today.
ဒီနေ့ သိပ်အေးတာပဲ။
It's a very hot day.
သိပ်ပူတဲ့နေ့ပဲ။
It's warm.
ရာသီဥတုက နွေးတယ်။
It's snowing.
နှင်းတွေကျနေတယ်။
It's hailing.
မိုးသီးတွေ ကြွေနေတယ်။
It's thundering.
မိုးကြိုးတွေ ပစ်နေတယ်။
It's blowing hard.
လေပြင်းတိုက်နေတယ်။
It's very windy.
လေသိပ်ထန်နေတယ်။
It's raining.
မိုးရွာနေတယ်။
It's very fine day.
ဒီနေ့သိပ်သာယာတာပဲ။
#easyenglish #learningenglish #englisheverywhere
၁၂ နာရီ
🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
၇၂၀၀၀၀၀
------------------------------
🇺🇲 ရန်ကုန် ၆၀၀၀-၆၁၀၀၀
🇹🇭 ဘတ် ၆၃၀ ~ ၆၀၀
-------------------------------
#crd
ဘူးသီး၊ ဘူးညွှန့်ရဲ့ ကျန်းမာရေးဆိုင်ရာအကျိုးကျေးဇူးများ
ဘူးသီးမှာ အမျှင်ဓာတ်မြင့်မားစွာပါဝင်တာကြောင့် ဝမ်းချုပ်ခြင်းကိုကာကွယ်နိုင်ပြီး ကိုလက်စထရောနဲ့အဆီနည်းပါးပါတယ်။ ဗီတာမင်ဘီနဲ့စီပါဝင်တာကြောင့် anti-oxidant အစွမ်းသတ္တိတွေရစေပါတယ်။ ရေဓာတ် 92% ခန့်ပါဝင်ပါတယ်။ အရည်ရွှမ်းတာကြောင့် ရေဓာတ်ပြည့်ဝပေါတယ်။ ဘူးသီး၊ ဘူးညွှန့်စားခြင်းရဲ့အကျိုးကျေးဇူးတွေကတော့အောက်ပါအတိုင်းဖြစ်ပါတယ်။
၁) antioxidant ကြွယ်ဝခြင်း
reactive oxygen species (ROS) တွေပေါများတာကြောင့် နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ အရိုးအဆစ်နာကျင်ခြင်းနဲ့ကင်ဆာရောဂါကဲ့သို့ရောဂါတွေကို သက်သာစေနိုင်ပါတယ်။ သဘာ၀ antioxidant အရင်းမြစ်ဖြစ်တယ်လို့ဆိုပါတယ်။
၂) အမျှင်ဓာတ်ကြွယ်ဝခြင်း
အမျှင်ဓာတ်ကြွယ်ဝပြီးအဆီဓာတ်နည်းပါးခြင်းကြောင့် အစာခြေလွယ်ပြီး ဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။
၃) ရေဓာတ်ကြွယ်ဝခြင်း
ရေဓာတ် 92% ခန့်ပါဝင်တာကြောင့် ရေဓာတ်ခမ်းခြောက်သူများ ၊ ဆီးမကောင်းသူများ၊ ယူရစ်အက်ဆစ်များသောကြောင့် ဆီးပူသောသူများကို သက်သာစေနိုင်ပါတယ်။
၄) နှလုံးသွေးကြောဆိုင်ရာရောဂါများဖြစ်ပွားမှုအန္တရာယ်မှကာကွယ်နိုင်ခြင်း
ကြွက်တွေမှာလေ့လာချက်အရ နှလုံးခုန်နှုန်းကိုပုံမှန်ဖြစ်စေပြီး နှလုံးအားကောင်းစေပါတယ်။ နှလုံးရောဂါဖြစ်ပွားမှုအလားအလာကို နည်းပါးစေပါတယ်။
၅) ဘက်တီးရီးယားတွေကို သေစေနိုင်ခြင်း
ဝမ်းဗိုက်အတွင်းရှိသန်တွေကိုသေစေတယ်လို့လေ့လာတွေ့ရှိချက်အရသိရပြီး မှိုနဲ့ဘက်တီးရီးယားတွေကို တိုက်ဖျက်နိုင်တယ်လို့လည်းဖော်ပြကြပါတယ်။
အသည်းကအဆိပ်အတောက်တွေလည်းကင်းစေပါတယ်။ သတိထားရမှာကတော့ ဗူးသီး၊ ဗူးညွှန့်ကို ကျက်အောင်ချက်ပြုတ်စားသောက်ရမှာဖြစ်ပါတယ်။ အစိမ်းစားပါက အစာအိမ်နဲ့အူများကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်။
#crd
၁၁ နာရီ
🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
၆၆၉၀၀၀၀
------------------------------
🇺🇲 ရန်ကုန် ၅၄၀၀-၅၇၀၀
🇹🇭 ဘတ် ၆၅၀ ~ ၆၄၀
-------------------------------
#crd
၁၀ နာရီ ၃၀ မိနစ်
🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
၆၇၆၀၀၀၀
------------------------------
🇺🇲 ရန်ကုန် ၅၄၀၀-၅၈၀၀
🇹🇭 ဘတ် ၆၆၀ ~ ၆၄၅
#crd
ကြီးပြင်းလာခဲ့ရတဲ့ ဘဝအခြေအနေတွေမတူရင် ကိုယ်ချင်းစာတတ်တဲ့ စိတ်တွေလဲ မတူကြဘူး...
Bus ကား တိုးစီးပီးကျောင်းတတ်ခဲ့ရတဲ့ လူတွေက ကိုယ်ကားမောင်းတဲ့အခါ Bus ကားတွေကို လမ်းမှာဦးစားပေးတတ်တယ် ကျပ်နေတဲ့ ကားပေါ်ကလူတွေ ရဲ့ အိမ်မြန်မြန်ရောက်ချင်တာကိုသိတယ်လေ..
ထမင်းကြမ်း ကို နောက်နေ့ ထမင်းချိုင့်ထည့်ခဲ့ရတဲ့လူတွေက ထမင်းရဲ့ တန်ဖိုးကိုသိတယ် ထမင်းပစ်ရတာကို အပစ်တခုလိုဖြစ်နေတယ်...
Broken Family နဲ့ ကြီးခဲ့တဲ့ လူတွေက သူတို့ကိုယ်တိုင်လဲ မေတ္တာတရားနဲ့ သစ္စာတရားကို အရာရာထက်တန်ဖိုးထားတတ်သလိုသူများရဲ့ အသိုက်အမြုံကိုလဲဘယ်တော့မှ ဖျက်စီးမှာမဟုတ်ဘူး နွေးထွေးမှုရဲ့ တန်ဖိုးကိုသိသလို အထီးကျန်မှုရဲ့ ဒဏ်ကိုလဲသိတယ်လေ...
ကိုယ်ချင်းစာတရားဆိုတာက နှုတ်ကထွက်လာတာမဟုတ်ဘူး ဖြတ်သန်းလာခဲ့ရတဲ့ နေ့ရက်တွေကနေရလာတဲ့ နှလုံးသားနဲ့ ဦးနှောက် ထဲကထွက်လာတဲ့ ငွေနဲ့ဝယ်လို့မရတဲ့ အရာ...
Empathy is not easy without ur brain and heart 🩶
#charm
နွားနို့က သားသတ်လွတ်လား
ကြက်ဥက သားသတ်လွတ်သလားဆိုပြီး သားသတ်လွတ်စားတဲ့သူတွေ အမြဲဒွိဟဖြစ်နေသလိုပဲ တစ်ချို့ Community တွေနဲ့ သားသတ်လွတ်စားတဲ့သူတွေကြားမှာလည်း နွားနို့က သားသတ်လွတ်သလားဆိုပြီး ငြင်းခုန်နေကြပါတယ်။
နွားနို့ကသားသတ်လွတ်တယ်လို့ ယူဆတဲ့သူတွေရဲ့ အကြောင်းပြချက်တွေက
၁။ နွားနို့ဆိုတာ လူသားတွေလိုပဲ နွားမရဲ့နို့အိမ်ကနေထွက်တာဖြစ်တယ်။ အသားကနေရရှိတာ မဟုတ်သလို နို့သောက်ခြင်းဟာ အခြားတိရစ္ဆာန်တစ်ကောင်ကောင်ရဲ့ အသားစားနေတာ မဟုတ်တဲ့အတွက် သားသတ်လွတ်တယ်။
၂။ နွားနို့မှာ ကြက်ဥလိုမျိုး အကောင်ပေါက်နိုင်တဲ့ ရင်သွေးပါဝင်တာမရှိသလို့ တစ်ခြားသက်ရှိဖြစ်စဉ် ဘားမှ မပါဝင်တဲ့အတွက် သားသတ်လွတ်တယ်။
၃။ ဘာသာရေးနဲ့ပတ်သက်ပြီး ဟိန္ဒူအယူဝါဒမှာ နွားနို့ဟာသန့်စင်တဲ့အတွက် ၁၀၀% သားသတ်လွတ်တယ်။
၄။ Lacto Vegetarian ဆိုတဲ့ သားသတ်လွတ်စားတဲ့နည်းလမ်းမှာ အသား၊ ငါး၊ ဥ တွေအပြင် အဲ့အရာတွေပါတဲ့ အစားအသောက်တွေကိုရှောင်ပြီး နွားနို့နဲ့ နို့ထုတ်ကုန်တွေဖြစ်တဲ့ Cheese တို့ Yogurt တို့ ထောပတ်တို့ကို သားသတ်လွတ်အဖြစ်သတ်မှတ်ထားပါတယ်။
နွားနို့ကို သားသတ်မလွတ်ဘူးလို့ ယူဆတဲ့သူတွေရဲ့ အကြောင်းပြချက်တွေက
၁။ နွားနို့မှာ နွားတွေရဲ့ မော်လီကျူးတည်ဆောက်မှုတွေနဲ့ သူတို့ရဲ့ DNA တွေပါဝင်တာကြောင့် သားသတ်လွတ်မဟုတ်ပါဘူး။
၂။ ကြက်ဥတွေလိုပဲ တိရစ္ဆာန် Fat ပါဝင်တဲ့အတွက်ကြောင့် သားသတ်မလွတ်ပါဘူး။
၃။ နွားနို့မှာ မရှိမဖြစ်လိုအပ်တဲ့ Essential Amino Acid 9 မျိုး၊ Vitamin B12 နဲ့ Cholesterol ပါဝင်တာကြောင့် သားသတ်မလွတ်ပါဘူး။
၄။ နွားနို့ထုတ်ဖို့အတွက် Biochemical Reaction တွေပြုလုပ်ရတဲ့အတွက် နွားနို့က သားသတ်မလွတ်ပါဘူး။
အရိုးအဆစ်နဲ့ သွားတွေ သန်မာဖို့အတွက်လာ? ကြွက်သားတွေ တည်ဆောက်ပြီး ပိုကြံ့ခိုင်တဲ့ ခန္ဓာကိုယ်အတွက်လား? အဆီပိုကျပြီး ပိုလှချင်တဲ့သူတွေအတွက်လား? ဒါမှမဟုတ် စိတ်သက်သောင့်သက်သာ ဖြစ်ဖို့အတွက်လား?
သင်ဘယ်ဘက်ကိုရွေးရွေး နွားနို့ဟာ အသက်အရွယ်မရွေးတဲ့လူတွေအတွက် အာဟာရပြည့်ဝတဲ့ အစားအသောက်ဆိုတာတော့ ငြင်းလို့မရပါဘူး။
သင်ဆိုရင်ရော ဘယ်ဘက်မှာနေမှာလဲ သားသတ်လွတ်တဲ့ဘက်လား? သားသတ်မလွတ်တဲ့ဘက်လား?
#cowcowmilk
#crd