2 နှစ်များ - ဘာသာပြန်ပါ။

အမေနဲ့အတူတူအိပ်ခဲ့ရတဲ့ ခလေးတုန်းက
ဘေးမှာ ဘေးတစောင်း ကျောပေးအိပ်နေတဲ့
အမေ့ ကျောပြင်ကိုကြည့်ရင်း
အမေ သေသွားရင် ငါဘယ်လိုနေရပါ့မလဲ
ခလေး သဘာဝအတွေးနဲ့ တကယ်ကြိတ်ငိုခဲ့ရဖူးတယ်။

အသက်တွေ ကြီးလာတော့
အမေ ချက်‌ကျွေးဟင်းလေးကို ဘယ်လိုလေး
စားချင်တာလို့ ပြောလိုက်တာနဲ့ အမေကမီးဖိုချောင်ထဲ အမြဲရှိ နေတတ်တယ်။

အမေက "အမေရှိတုန်းက( ကိုယ့်အဖွား) ချက်ကျွေးတဲ့ ဟင်းလေးကလေ" ဘယ်လို ဘယ်အကြောင်း အမြဲပြောတတ်ရင်း အဖေမရှိ‌တော့တဲ့‌နောက်ပိုင်း မီးဖိုချောင်‌နေရာခန်းလေးကပဲ သူ့အတွက် အပူပင်ကင်းတဲ့‌နေရာဖြစ်လာခဲ့တယ်ထင်ပါတယ်.....

နေထိုင်လာရင်းနဲ့ အဲ့နေ့က အိမ်အပြန်လမ်း မှာ
အမေပြန်ပါမလာတော့ဘူး ဆိုတဲ့ အသိနဲ့ တလမ်းလုံး
တင်းထားလာတဲ့ ကိုယ်က အိမ်ထဲ ဝင်ဝင်ချင်း
ဘယ်သူမှမရှိတော့ဘူး ဆိုတဲ့ စကားကိုပဲ
ထပ်ခါ ထပ်ခါ ပြောရင်း ငိုနေခဲ့တာပဲ မှတ်မိတော့တယ် ........

နေထိုင်လာရင်း နဲ့ပဲ မီးဖိုချောင်က ကိုယ့်အတွက်
အရာအားလုံးကိုခဏ မေ့နေတတ်တဲ့ နေရာ ဖြစ်လာတယ် ...အမေရှိတုန်းက ချက်ကျွေးတဲ့ ငါးအချဉ်ရည်‌ဟင်း‌လေးစားချင်တယ်......။

#frankiestories
#littleworld

image

၁၀ နာရီ

🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း

၇၉၀၀၀၀၀

🇺🇲 ရန်ကုန် ၆၂၅၀-၆၃၅၀

🇹🇭 ဘတ် ၅၈၀ ~ ၅၅၅

-------------------------------
#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

😏ဒေါ်လာစျေးတွေတက်လို့ဆိုပြီး
သိပ်လည်းစိုးရိမ်မနေပါနဲ့ ...🤨🤨

😏ဘာမှ မမြဲတဲ့လောကကြီးထဲ ရုန်ကန်နေရတာ ငါတို့ကြီးပဲ မဟုတ်ဘူး 😂😂
🤨 အကောင်ကြီးတွေလဲ သူတို့ဆက်ပြီးရပ်တည်နိုင်ဘို့ ရုန်းနေကြရတာပဲလေ
😜ကမ္ဘာရွာကြီးမှာ အားလုံးဟာ အတူတူနဲ့ အနူနူပါပဲ 😘😘

အိုခေနော် အားလုံးဖိုက်တင်း ...🤨😘🥰

image
image
image
image
image
2 နှစ်များ - ဘာသာပြန်ပါ။

🥹 ချစ်တို့ စကင်းလေးတွေမှာ ဘယ်ဟာလေးတွေဖြစ်ကြလည်းနော်...

❗️ ဝက်ခြံ
❗️ အဆီဖု
❗️တင်းတိတ်
❗️အမဲစက်
❗️ချွေးပေါက်ကျယ်
❗️အရေးအကြောင်း

🥰 မန့်မှာပြောခဲ့ပေးလို့ရပါတယ်နော်...

😉 skin type ပေါ်မူတည်ပြီး ဘယ်လို care သင့်တယ်ဆိုတာလေး မျှဝေပေးပါမယ်ရှင့်..

ချစ်တဲ့
မင်မင်

image

၉ နာရီခွဲ

🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း

၇၈၄၀၀၀၀

🇺🇲 ရန်ကုန် ၆၂၀၀-၆၃၀၀

🇹🇭 ဘတ် ၅၈၅ ~ ၅၇၀

-------------------------------
#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

😍

#englisheverywhere

image
Tom Cat သူ့ပရိုဖိုင်ပုံပြောင်းသွားတယ်။
2 နှစ်များ

image
2 နှစ်များ - ဘာသာပြန်ပါ။

မနက်"အိပ်ယာထဖို့ ကြိုးစားနေတဲ့ငါ :

image
2 နှစ်များ - ဘာသာပြန်ပါ။

၁၈၉၂ ခုနှစ် မှာတောင်ကြီးမြို့ကို အင်္ဂလိပ်တွေက မြို့သစ်တည်ဆောက်ခဲ့ပါတယ် ၊ အရင်က ညောင်ရွှေ မြို့နယ် မိုင်းသောက်ရွာအနီး က စတက်မန်း ခံတပ်မှာ ကိုလိုနီ အုပ်ချုပ်ရေး စတင်ခဲ့ ပါတယ် .. နောင် ငှက်ဖျားပေါ အသေအပျောက်များလို့ အမြင့်ပေ ၄၇၁၂ မှာရှိတဲ့ တောင်ကြီးမြို့ကို တည်ဆောက်တာဖြစ်ပါတယ် ။

အရှေ့ဘက်မှာရှိတဲ့ မြင့်မားတဲ့တောင်တန်းကြီးကို အစွဲပြုပြီးတောင်ကြီးမြို့လို့ အမည်သတ်မှတ်ခဲ့ တာ အခုချိန်ထိပါပဲ ..။ အဲ့ဒီနေရာမှာ မှာ ပအို့ဝ်း ရွာလေးတွေ ၊ ရှမ်းရွာလေးတွေ ရှိပါတယ် ၊ လူအများပြောပြောနေကြတဲ့ ဒုံတောင်တီ ဆိုတဲ့ရွာလေးနဲ့ တောင်ခြေက မွန်ခြိမ်ရွာ လေးအပါအဝင်ပေါ့ရှင် ..။ညောင်ရွှေစော်ဘွားစဝ်အုံထံမှ ဗြိတိသျှတို့က မြေဧက ၄.၉ စတုရန်းမိုင် ကို တောင်းယူ တည်ဆောက်ခဲ့တယ် လို့ သမိုင်း အတည်အကျ ဆိုပါတယ် .. ။

တပ်မြေပုံစံ စနစ်တကျ အကွက်ရိုက် ပြီး လမ်းများဖောက်လုပ်ပါတယ် ၊ အစိုးရရုံးများဆောက်လုပ်ပါတယ် ..။ ၁၈၉၂ ခုနှစ်မှာဗြိတိသျှ အရေးပိုင် ဟေးလ်ဒီ ဘရန်း စတင်ရုံးထိုင်ပါတယ် ..။

တောင်ကြီးမြို့မှာ (၁) အရေးပိုင်အိမ် ၊(၂) လက်ထောက် အရေးပိုင်အိမ်(၊၃) တိုင်းသစ်တော အရာရှိအိမ် ၊(၄) လမ်းအရေးပိုင်အိမ်၊ (၅) ဆရာဝန်ကြီးအိမ် ၊(၆) လက်ထောက် ဆေးရုံအုပ် အိမ် ၊(၇)ရဲအရာရှိအိမ် ၊(၈) တရားရုံး ၊ အရေးပိုင်နဲ့ နိုင်ငံရေး အရာရှိရုံးများ ၊(၉) ငွေတိုက်၊ (၁၀) အချုပ်ခန်း၊ (၁၁) လမ်းဌာနရုံး ၊(၁၂) ဒါဘာ ခန်းမ ၊(၁၃)ဆေးရုံ ၊(၁၄) စာတိုက် ၊ (၁၅) ကြေးနန်းရုံး ၊(၁၆) အရာရှိရိပ်သာ ( ဗိုလ်တဲ) ၊(၁၇) လမ်းတံတား တည်းခိုရိပ်သာ တို့ကို တပြိုင်နက်တည်ဆောက်ခဲ့ပါတယ် ..။

ကျွန်မ တောင်ကြီး ရောက်ရင် သမိုင်းဝင် (၁၇) နေရာ လိုက်ရှာကြည့်ပါတယ် ..။ အမှတ်စဉ်(၁) အရေးပိုင်အိမ် ၊ ( အိမ်တော် ၊အစိုးရ အိမ်တော် လို့ထင်ပါတယ် ၊ အဝေးကပဲ လှမ်းမျှော်ကြည့်ရတယ် ၊ အနားကပ်လို့မရ) အမှတ်စဉ်(၃) တိုင်းသစ်တောအရာရှိအိမ် ( အဝေးကလှမ်းရိုက်ရ ခွေးကိုက်မှာကြောက်လို့) ၊ အမှတ်စဉ် (၁၁) လမ်းဌာနရုံး၊အမှတ်စဉ်(၁၄) နဲ့(၁၅) စာတိုက်နဲ့ကြေးနန်းရုံး အဆောက်အဦတွေပဲ မြင်တွေ့မိပါတယ် ။

နှစ်ပေါင်း (၁၃၀) ကျော်သက်တမ်းရှိတဲ့ တောင်ကြီးမြို့ ရဲ့ ရှေးဟောင်းအဆောက်အဦ ကြီးတွေ ဘေးကင်းပါစေ.. ။

#crd

image
image
image

၉ နာရီ

🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း

၇၇၀၀၀၀၀

🇺🇲 ရန်ကုန် ၅၉၀၀-၆၂၀၀

🇹🇭 ဘတ် ၆၀၅ ~ ၅၉၅

-------------------------------
#crd

image