1 y - Translate

၁-လုံးကျက် ၄-လုံးရ Verb Form -100 ✅

Reference Book 📖 Dictionary of Verb Forms

#english_စာ_သင်ကြမယ်

#verbforms
#crd

image
1 y - Translate

၁-လုံးကျက် ၄-လုံးရ Verb Form -100 ✅

Reference Book 📖 Dictionary of Verb Forms

#english_စာ_သင်ကြမယ်

#verbforms
#crd

image
1 y - Translate

၁-လုံးကျက် ၄-လုံးရ Verb Form -100 ✅

Reference Book 📖 Dictionary of Verb Forms

#english_စာ_သင်ကြမယ်

#verbforms
#crd

image
1 y - Translate

၁-လုံးကျက် ၄-လုံးရ Verb Form -100 ✅

Reference Book 📖 Dictionary of Verb Forms

#english_စာ_သင်ကြမယ်

#verbforms
#crd

image
1 y - Translate

၁-လုံးကျက် ၄-လုံးရ Verb Form -100 ✅

Reference Book 📖 Dictionary of Verb Forms

#english_စာ_သင်ကြမယ်

#verbforms
#crd

image
1 y - Translate

၁-လုံးကျက် ၄-လုံးရ Verb Form -100 ✅

Reference Book 📖 Dictionary of Verb Forms

#english_စာ_သင်ကြမယ်

#verbforms
#crd

image
1 y - Translate

၁-လုံးကျက် ၄-လုံးရ Verb Form -100 ✅

Reference Book 📖 Dictionary of Verb Forms

#english_စာ_သင်ကြမယ်

#verbforms
#crd

imageimage
+8
Moe Moe Su Naing shared a post  
1 y

သက္ကတ အမေးအဖြေ (၄)

(၁)
သက္ကတမှာ အက္ခရာ‌ပုံသေရှိလား။

အက္ခရာ ဆိုတာ အသံကို ဆိုလိုတာဆိုရင်တော့ ပုံသေသဘောရှိပါတယ်။ အ---ဪ။ က---(အံ)-(အး)၊ ‌ဆိုတာတွေပါ။

အရေးအက္ခရာ (တကယ့်အခေါ်က လိပိ) ကိုမေးတာဆိုရင်တော့ ပါဠိရော သက္ကတရော ပုံသေကိုယ်ပိုင် အရေးလိပိ မရှိပါဘူး။ ရှေးခေတ်က ဗြဟ္မ္၊ ပလ္လဝ၊ ကဒမ္ဗ၊ ခရောသျှဋ္ဌီ၊ ကန္နဒ၊ ဂူဂျရတီ၊ ဗင်္ဂလီ စသဖြင့် သူ့ဒေသအလိုက် သူ့အက္ခရာအရေးလိပိ ကိုသုံးပြီး ရေးကြပါတယ်။ မြန်မာပြည်က သက္ကတတတ် ပါဠိတတ်ဟာ မြန်မာအရေးစာလုံးအက္ခရာ (လိပိ) နဲ့ ရေး၊ ဥရောပသားများဆိုရင် ရောမသင်္ကေတနဲ့ရေး၊ သီဟိုဠ်သားဆိုရင် သီဟိုဠ်အရေးနဲ့ရေး၊ ကွန်ပြူတာပညာရှင်ဆိုရင် ယူနီကုဒ်စနစ်တခုခုသုံးပြီးရေး စသဖြင့် ရေးသားနိုင်ပါတယ်။

ခုခေတ်မှာတော့ အိန္ဒိယနိုင်ငံ (ဘရတဝဿ)မှာ သက္ကတစာ‌ပေအများဆုံး ရေးသားထုတ်ဝေဖြစ်တာက ဒေဝနာဂရီအက္ခရာနဲ့ဖြစ်နေလို့ တချို့က ဒါကို သူ့ကိုယ်ပိုင်အက္ခရာအရေးအသားလို့ ထင်မှတ်ပြီး

သက္ကတမှာ ကိုယ်ပိုင်အက္ခရာရှိ၊ ပါဠိမှာမရှိလို့ လွဲမှားစွာ ပြောမိပါတယ်။

တိတိကျကျပြောရရင် အင်္ဂလိပ်ပြင်သစ်ဘာသာစကားများဟာ ရောမလိပိ အရေးအသားစနစ်ကို မွေးစားသုံးစွဲတာဖြစ်တယ်။

(၂)
သက္ကတ လို့ ရေးတာမှန်လား သက္ကဋ လို့ရေးတာမှန်လား။

သံသ္ကၒတ လို့ မူရင်းက ရှိပါတယ်။ ဆံဆကရိတ လို့ ဆင်ဆင်ဖတ်ရမှာဖြစ်ပြီး ဟိန္ဒီဘာသာနည်းအရ နာမသတ်ကာ ဆံဆကရိတ် လို့ ခေါ်ပါတယ်။

ပါဠိပြောင်းရင် သံယုဂ်တွေကို ပါဠိသဘာဝကျကျ ပြင်ရပါတယ်။ သံခတ (သင်္ခတ) လို့ ပြင်မလား၊ (သင်/သက်+ကတ) လို့ ပြင်မလား။ သ္ကၒ မှာပါတဲ့ သ္က ဟာ ခ ဖြစ်တာများပါတယ်။ သ္ကန္ဒ > ခန္ဒ(နတ်)၊ သ္ကန္ဓ > ခန္ဓ (ခန္ဓာအစု) လို့ ဖြစ်တတ်လေတော့ သင်္ခတ ဖြစ်ထိုက်တယ်လို့ တောင်ပေါက်ဆရာတော်က အယူရှိပါတယ်။

ဒါပေမယ့် စူဠဝါအဋ္ဌကထာ၊ ကစ္စည်းသဒ္ဒါကျမ်း၊ သဒ္ဒနီတိကျမ်း၊ မောဂ္ဂလာန်ပဉ္စိကာ(ဋီကာ)ကျမ်း၊ သီလက္ခန်ဋီကာသစ် စတဲ့ကျမ်းအားလုံးက သက္ကတ လို့သာ သုံးစွဲရိုးရှိကြပါတယ်။

‌‌ခေတ်ပညာရှင်တချို့က သက္ကဋလို့ မြန်မာမှုပြုချင်တာလည်း ဆန်းပြားစွာ‌တွေ့ရပါတယ်။

ဆရာ ဦးဇော်မင်းဦးရဲ့ facebook page မှ (Zaw Min-Oo)

https://www.facebook.com/zaw.m....inoo.12935756?mibext