ကိုယ်လုပ်နေတဲ့အရာတိုင်းကို
Investment လို့မြင်နိုင်ရင် ဆရာပဲ 😎

အိပ်စက်မှုက → energy Investment

အစားအသောက်က → ကျန်းမာရေး investment

သင်ယူမှုတွေက → အနာဂတ် investment

နည်းပညာတွေက → productivity investment

Partner ကောင်းက → Life investment

@thelapyae
#crd

2 yrs - Translate

ခံစားဖူးလားတော့ မသိဘူး
လူတစ်ယောက်အနား
ရပ်နေရင်းက
ကိုယ်ဟာ အဲ့ဒီလူအတွက်
ဘာမှ ဟုတ်မနေတော့သလို
နာကျင်လာရတာမျိုး
လူတစ်ယောက်ကို
ချစ်နေရင်းက
ငါ မချစ်လည်း
ဘာမှ ဖြစ်သွားမှာမဟုတ်ဘူးဆိုပြီး အတွေးတွေ ဝင်လာမိတာမျိုး
အင်း
တစ်ခါတစ်လေဆို
အဆင်ပြေပေမယ့်
အမြဲတမ်း ဖြစ်လာတဲ့အခါ
ချစ်ပါတယ်ဆိုတဲ့ စကားကိုပြောဖို့ သိမ်ငယ်လာရတတ်တာပါပဲ ။

image
2 yrs - Translate

ငါတို့ကစကားတွေသာ ခဏကျွံတာပါ။
အနိုင်ရချင်လို့သာ နာအောင်ပြောနေခဲ့ကြတာ။တကယ်တမ်းကျ ဝေးလဲမဝေးရဲ၊ဆွေးလဲမဆွေးရဲဘူး။

အိပ်ယာဝင်ခါနီးမှအသံမကြားရရင်၊ဝမ်းနည်းတိုင်း
ပြေးတိုင်စရာလူတယောက်မရှိနေရင်၊တနေ့တာအဖြစ်အပျက်တွေမျှဝေဖို့ ချစ်တဲ့သူမှရှိမနေခဲ့ရင်
မဖြစ်ဘူးလေ။

ဒီအချစ်ကဒီလူနဲ့ပဲ သဟဇာတဖြစ်နေခဲ့တော့
အစားထိုးဖို့လဲမလုပ်နိုင်ဘူး။မေ့ပစ်ရအောင်လဲ
စိတ်မမာဘူး။

တကယ်ကြီးဝေးပြီထင်ပြီး အိပ်မရပဲငိုခဲ့ရတဲ့ညတွေနဲ့
မနက်ခင်းကျဘာမှမဟုတ်သလို ပြန်ရယ်မောခဲ့ကြတဲ့
မနက်ဖြန်တွေအတွက် ငါဘာကိုမှအပြစ်မတင်ဘူး။

အထက်စီးဆန်စွာပဲ ဒဏ်ရာဆိုလဲငါ့ကြောင့်၊
အကြင်နာဆိုလဲငါ့ကြောင့်ပဲဖြစ်စေချင်တာ။
နာကျင်မှုရော၊နေကြာ‌တခုရော ငါကပဲပေးချင်တာမို့
မချစ်ဖို့ဆိုတာ‌တော့ ကိုယ်ရူးသွားမှပဲဖြစ်မယ်ထင်။

#hsulubeaindray

image
2 yrs - Translate

10တန်းတောင် အောင်ခဲ့သေးတာဘဲ
တက္ကသိုလ်ရောက်မှ ကျစရာလား
ငါ့အနေအထားကြီးနဲ့

image
2 yrs - Translate

ကျွန်မ ဘယ်တော့မှ မရနိုင်တဲ့အရာဟာ
ချစ်ခြင်းမေတ္တာ ပါပဲ။

အချိန်အကြာကြာ ဖမ်းဆုပ် မထားနိုင်ဘူး
ခဏတာ ဆိုရုံလေးပဲ ။

ရလိုက်တဲ့ပမာဏထက် ပိုများတဲ့ အနာတရတွေပဲ
လက်ခံရရှိခဲ့ပါတယ်။

ကျွန်မကပဲကံမကောင်းခဲ့တာ ဖြစ်ပါလိမ့်မယ်
အများကြီးမျှော်လင့်ဖို့ မတတ်နိုင်ခဲ့ပါဘူး ။

Crd to original writer with respect 💌

image
2 yrs - Translate

သူများတွေ ချစ်လာအောင်
ကျွန်တော့်ကိုကျွန်တော်
ပြောင်းလဲတာတွေ မလုပ်ချင်တော့ဘူး။

အဲဒီ့အစား ကျွန်တော့်ရဲ့ဖြစ်တည်မှု
အရှိအတိုင်းကို လက်ခံပြီး ချစ်ပေးမယ့်
လူတယောက်ကိုပဲ မျှော်လင့်တော့တယ်။

သိတယ်မလား
ကျွန်တော်မို့လို့ ကျွန်တော်ဖြစ်နေလို့ကို
ချစ်တာ ဆိုတာမျိုးလေးလေ။

Crd#

image
2 yrs - Translate

ကမ္ဘာက ပိုပိုကျယ်လာသမျှ ကိုယ်တို့ချင်းပိုပို
ဝေးမသွားစေချင်ဘူး

အတူတူ မက်ခွင့်ရမယ်ဆို အိမ်မက်တွေအများကြီး
ပုံဖော်ထားမယ်
စိတ်ချင်း အနီးဆုံးချည်ထားမယ်

ညတွေထဲက မှိန်ဖျော့ဖျော့ကြယ်ရောင်တွေလို
ချစ်ခြင်းမေတ္တာကို မင်းဆီမှာထားမယ်
ဘဝတစ်ခုလုံး စွဲနေတဲ့ မှတ်ဉာဏ်ထဲ
မျက်ဝန်းသဲ့သဲ့နဲ့ ရယ်သံတွေဟာ အချိုဆုံးပဲ

ပန်းပွင့်လေးလိုမျိုး အိတ်ကတ်ထဲထည့်သိမ်းသွားပေး
မနက်ခင်းနေရောင်တွေလို အတူရှိနေပေး
တစ်ယောက်ဟာ တစ်ယောက်အိမ်လို
အနီးဆုံးနေရာ ဖြစ်နေပေးဖို့

ကိုယ်တို့ကြား နှောင်ဖွဲ့ထားချင်တယ်။

#ဇူခီ

image
2 yrs - Translate

ကြွက်ထောင်ချောက်မှာ
ကြွက်‌တွေ ကိုကြောက်လန့်စေတဲ့အရာ တစ်ခုမှမပါဘူး။
ကြွက်တွေကြိုက်တတ်တဲ့ အစားအစာတွေဘဲပါတယ်။

ကိုယ့်ကို တကယ်အန္တရယ်ပေးနိုင်တဲ့အရာတွေဟာ ကိုယ်ကြောက်လန့်နေတဲ့ အရာတွေမဟုတ်ဘူး။ ကိုယ် စွဲလန်း နေတဲ့အရာတွေဘဲဖြစ်တတ်ပါတယ်။

image
2 yrs - Translate

"လူဖြစ်ခြင်း၏ ပြသနာ"

ခြေဗလာနဲ့ တတ်နေရတဲ့ တောင်
ခေါင်ထိပ်မှာ ဘာရှိရှိ ငါတို့ချစ်ရမှာပဲ

အရာအားလုံးသာ ထင်သလိုတွေ ဖြစ်ရင်
နပိုလီယံဆိုတဲ့ကောင်လဲ စစ်ရှုံးမှာ မဟုတ်သလို
ငါတို့ ဗိုလ်ချုပ်လဲ သေဆုံးရမှာ မဟုတ်ဘူး

ကိုယ်အနာ ကိုယ်ပဲ ဆေးထည့်
ကိုယ့်ချွေးကြောင့် ကိုယ်အေးရတဲ့ ခံစားချက်
ငါတို့မက်မေားရမယ်

ဒါက လူဖြစ်ရတဲ့ အရသာပါပဲ
ထောင်မြင်လို့ ရာစွန့်တဲ့ကောင်နဲ့
ရာကိုချစ်လို့ ထောင်ကိုစွန့်တဲ့ ကောင်
ပျိုးတဲ့ပန်း အလှချင်းမတူ ရနံ့ချင်းမတူတာ
ဘယ်ဆန်းမလဲ..

ရွယ်တူကြယ်ဖြူတွေ လင်းနေခြင်းအား ငေးနေမှုမှာ
မင်းကိုမင်း ချစ်ဖို့ မင်းမမေ့ပါနဲ့
ဒါဟာ ပြသနာပါပဲ။

#ဒဿ 2024
-pic crd

image
thetpaingoo changed his profile picture
2 yrs

image