2 နှစ်များ - ဘာသာပြန်ပါ။

တစ်ခါတလေမှာ အတိုင်းအတာ တစ်ခုထိ
မျှော်လင့်ချက် မဲ့သွားပြီးတဲ့နောက်
ပန်းတစ်ပွင့် ဖူးပွင့်လာတတ်တယ်
အဲဒီပန်း နာမည်က Never mind (ကိစ္စမရှိဘူး)တဲ့

သိပ်ကြိုက်ခဲ့တဲ့ စာသားလေးတစ်ခုပါပဲ..

လောကမှာ ကိစ္စတော်တော်များများက
မျော်လင့်ထားတဲ့အတိုင်း ဖြစ်မလာတာ များတယ် ။
ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါ
မဖြစ်ချင်တာတွေ ဖြစ်လာတဲ့အခါ

ဒါကိုပဲ အိပ်ပျက်စားပျက် မပြီးနိုင်မစီးနိုင်
ပုံကြီးချဲ့ ခံစားနေမယ်နေဆိုရင်တော့
အဆင်မပြေမှုတွေ၊ ပူလောင်မှုတွေ၊ နာကျင်မှုတွေနဲ့အတူ
ဘဝဟာ ပိုပြီး စိတ်ပျက်စရာကောင်းနေဦးမှာပဲ..

ဘဝမှာ ဘာတွေပဲ ကြုံလာကြုံလာ..
ဘာတွေပဲ ဖြစ်လာဖြစ်လာ ဒါကို လက်ခံနိုင်ရမယ်..
"ဒါလား..ရပါတယ်..Never mind (ကိစ္စမရှိဘူး)"လို့
ပြောနိုင်ရမယ်..ပြောရဲရမယ်..

အဆင်မပြေမှု‌‌တွေလား...?
Never Mind (ကိစ္စမရှိဘူး)
ငါ အကောင်းဆုံးကြိုးစားပြီး ဖြေရှင်းမယ်..

အခက်အခဲတွေလား...?
Never Mind (ကိစ္စမရှိဘူး)
ငါ အကောင်းဆုံးကြိုးစားပြီး ကျော်ဖြတ်မယ်..

ဒုက္ခတွေလား...?
Never Mind (ကိစ္စမရှိဘူး)
ငါ အကာင်းဆုံးကြိုးစားပြီး ရင်ဆိုင်မယ်..

ဒဏ်ရာတွေလား...?
Never Mind (ကိစ္စမရှိဘူး)
အချိန်က သူ့အလိုလို ကုစားသွားလိမ့်မယ်..

အတင်းအဖျင်းတွေလား...?
Never Mind (ကိစ္စမရှိဘူး)
အမှန်တရားက သူတို့ကို နှုတ်ပိတ်သွားလိမ့်မယ်..

အတုအယောင်တွေတဲ့လား...?
Never Mind (ကိစ္စမရှိဘူး)
လောကကြီးက
သူ့နည်းသူ့ဟန်နဲ့ ရှင်းထုတ်သွားလိမ့်မယ်..

ချစ်ခြင်းမေတ္တာတွေကို
အသိအမှတ် မပြုဘူးတဲ့လား..?
Never Mind (ကိစ္စမရှိဘူး)
တန်ဖိုးသိတဲ့အရပ်မှာ တန်ဖိုးရှိရှိ နေသွားမယ်..

မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရတာလား...?
Never Mind (ကိစ္စမရှိဘူး)
မနက်ဖြန်တိုင်းကို မျှော်လင့်ချက်အသစ်တွေနဲ့
ကြိုဆိုသွားမယ်..

တစ်ခုခု ကြုံလာတာနဲ့
Never Mind (ကိစ္စမရှိဘူး)လို့ ပြောနိုင်အောင် ကြိုးစားပါ။ ဖြစ်ချင်တာတွေ ဖြစ်ခွင့်မရဘူးဆိုရင်‌တောင်မှ အနည်းဆုံးတော့ ဘဝကို ပေါ့ပေါ့ပါးပါး ရှင်သန်နေထိုင်သွားနိုင်တာပေါ့...။

Crd : Dawhay

image
2 နှစ်များ - ဘာသာပြန်ပါ။

Me : သံပုရာသီး တစ်လုံးဘယ်လောက်လဲ
ဆိုင်ရှင် : ငါးရာဖိုးသုံးလုံးယူ
Me : သုံးလုံးငါးရာနဲ့ထားလိုက်
ဆိူင်ရှင် :

image

၈ နာရီ ၃၀ မိနစ်

🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
ရွှေတုံး/ရွှေဆိုင် ရွှေသန့်စင်လုပ်ငန်းများစျေး

၆၉၉၀၀၀၀

-------------------------------
#crd

image
2 နှစ်များ - ဘာသာပြန်ပါ။

လိုနေတာ ရီးစားမဟုတ်ဘူး money money

image
2 နှစ်များ - ဘာသာပြန်ပါ။

ပင်စိမ်းပုဇွန်နှပ်နည်း

ပုဇွန်ကိုရေသေချာစင်အောင်ဆေးပြီး ခေါာင်းပစ်၊ အလယ်အခွံခွါပါမယ်၊ ပြီးရင် ဆီကိုကြက်သွန်ငရုပ်သီးအစိမ်းနနွင်းမှုန့်ထည့်ပြီး(၁မီနစ်)ခန့်ဆီသတ်ပါမယ်ပြီးရင်ပုဇွန်ထည့်၊ဆား၊အချိုမှုန့်မကြိုက်ရင်ကြက်သားမှုန့်နည်းနည်းထည့်ပါပြီးရင်ကြော်ပါကျက်ခါနီသံပရာသီးတစိတ်ခန့်ထည့်ပါပြီးရင်ပင်စိမ်းများများအိုးထည့်ပြီးရင်ရပါပြီ အဆင်ပြေပါစေရှင့်

image
2 နှစ်များ - ဘာသာပြန်ပါ။

(၁၀.၉.၂၀၂၄) ရက်နေ့ ပြည်တွင်း ရွှေစျေး၊ နိုင်ငံခြား ငွေလဲလှယ်နှုန်း နှင့် စက်သုံးဆီဈေးနှုန်းများ
-----------------------
👉၁၆ ပဲရည် ရွှေတစ်ကျပ်သား
YGEA စျေး - ၅,၀၄၄,၈၉၇ ကျပ်
ပြင်ပပေါက်စျေး- ၆,၅၀၀,၀၀၀ ကျပ်

👉အမေရိကန်ဒေါ်လာ
ဗဟိုဘဏ်စျေး- ၂၁၀၀ ကျပ်(ဝယ်)၊ ၂၁၁၀ ကျပ်(ရောင်း)
ပြင်ပပေါက်စျေး- ၅၀၅၀ ကျပ်(ဝယ်)၊ ၅၁၅၀ ကျပ်(ရောင်း)

👉စက်သုံးဆီ(ရန်ကုန်)
Octane 92 - ၃၂၁၅ ကျပ်
Octane 95 - ၃၃၅၅ ကျပ်
Premium Diesel - ၃၃၉၅ ကျပ်
Diesel - ၂၇၁၀ ကျပ်
ဖော်ပြပါ စျေးနှုန်းများမှာ အချိန်နှင့်နေရာဒေသအလိုက် အပြောင်းအလဲ ရှိနိုင်ပါတယ်။

image
2 နှစ်များ - ဘာသာပြန်ပါ။

Me

image
2 နှစ်များ - ဘာသာပြန်ပါ။

ရည်းစားရှိ သူများ : သူမရှိရင် အိပ်တောင်မပျော်ပါဘူး

Me : ရတယ်နော် ငါပိုအိပ်ပေးမယ် နင်တို့တွေအစား 🥱👇

image
2 နှစ်များ - ဘာသာပြန်ပါ။

အင်ဂျင်ဟိတက်တဲ့အခါ လုပ်ဆောင်ပေးရမည့်အချက်များ

~~~~~~~~~~~~~~~~~~~~~
▫️၁။ fan motor လည်မလည်အရင်စစ်ဆေးပါ။

ကားကို လမ်းဘေးခဏရပ်ပြီး စက်နှိုးလျက်သားရေတိုင်ကီထိပ်ကပန်ကာလည် မလည်ကြည့်ရမှာဖြစ်ပါတယ်။ မလည်ရင် မော်တာကိုသံ‌ချောင်းနဲ့ အနည်းငယ်ခေါက်ကြည့်ရမယ်၊ ဆော့ကဒ်တွေလွတ်နေရင်ပြန်စွပ်ပေးပါ။ ဝါယာပြတ်နေရင် ဆက်ပေးနိုင်ပါတယ်။

▫️၂။ ရေအယိုအစိမ့်ကို ပတ်ပတ်လည်စစ်ဆေးပါ။

ရေပိုက်အဆက်တွေ၊ ရေပြန်ဗူး၊ ရေလည်အုံနှင့် core plugတွေကနေ အများဆုံးယိုစိမ့်တတ်ပါတယ်။ အနည်းငယ်ယိုတာလောက်ဆိုရင် ရေထပ်ထပ်ဖြည့်ပြီး

မိုင်အနည်းငယ်ဆက်မောင်းသွားလို့ရပါတယ်။

▫️၃။ ရေပြန်ဗူး/ရေတိုင်ကီမှာ ရေလျော့မလျော့။

အင်ဂျင်ဟိတက်တဲ့အခါ ရေပြန်ဗူးကနေရေတွေအပြင်ကို လျှံကျသွားတတ်လို့ လိုအပ်ရင်ဖြည့်ပေးရပါမယ်။

အင်ဂျင်အေးသွားပီဆိုရင်တော့ ရေတိုင်ကီဖုံးဖွင့်ပြီးတော့ ရေပြည့်အောင်ထည့်ပေးရပါမယ်။ ပူနေတဲ့အချိန်မှာ ရေတိုင်ကီဖုံး မဖွင့်မိပါစေနဲ့။

▫️၅။ သာမိုစတက်ပွင့်မပွင့် အာရုံခံကြည့်ပါ။

စက်ရပ်ပြီးအင်ဂျင်အေးသွားတဲ့အထိစောင့်ပါ။ စက်နှိုးထားပြီးရေတိုင်ကီကနေ အင်ဂျင်နဲ့ဆက်သွယ်ထားတဲ့ရေပိုက်နှစ်ပိုက်ကို လက်နဲ့ကိုင်ကြည့်ပါ။

တစ်ပိုက်ကဖြည်းဖြည်းချင်းပူလာပါလိမ့်မယ်။

နောက်တစ်ပိုက်ကအတော်ကြာအောင်နှိုးထားပေမဲ့ နွေးရုံပဲနွေးတယ် ပူမလာဘူးဆိုရင်တော့ သာမိုစတက်မပွင့်လို့ ဟိတက်နေတာဖြစ်ပါတယ်။

လက်နက်ကိရိယာပါတယ်ဆိုရင် သာမိုစတက်ကို ဖြုတ်ပြီးပြန်‌မောင်းလို့ရပါပြီ။

▫️၆။ ရေတိုင်ကီ/အင်ဂျင် ကနေ လေချူကြည့်ပါ။

ရေသွားလမ်းကြောင်းများမှာ လေတွေတစ်ခံနေရင်လည်း ကောင်းစွာမလည်ပတ်နိုင်တဲ့အတွက် ဟိတက်ပါတယ်။

ရေတိုင်ကီထိပ်နှင့် အင်ဂျင်အပေါ်ပိုင်းမှာ လေချူခေါင်းလေးတွေကနေ ဖွင့်ထုတ်ပေးရမှာဖြစ်ပါတယ်။

အဲ့တာလေးတွေမပါရင်လည်း ရေတိုင်ကီဖုံးကနေပဲချူနိုင်ပါတယ်။

လမ်းမှာအရေးပေါ်ဖြစ်တဲ့အခါ ကားမောင်းသူကိုယ်တိုင် လုပ်ဆောင်လို့ရတဲ့ နည်းလမ်းလေးတွေပဲဖြစ်ပါတယ်။ ဘာကြောင့်ပဲ ဟိတက်ပါစေ ကြာကြာဆက်မမောင်းသင့်ပါဘူး။

image
2 နှစ်များ - ဘာသာပြန်ပါ။

ကြက်ဟင်းခါးသီး၏ အံ့ဖွယ် အကျိုးကျေးဇူးများ

ကြက်ဟင်းခါးသီးဟာ ခါးသက်သော အရသာရှိသည့် အတွက် ကြိုက်နှစ် သက်သောသူ နည်းပါတယ်။

သို့ပေမယ့်လည်း ကြက်ဟင်းခါးသီးဟာ ဆေးဖက်ဝင်ပြီး စားသင့်သော အသီးတစ်မျိုးဖြစ်ကြောင်း သိရပါတယ်။ ၎င်းအသီးမှ ရရှိနိုင်သော ကျန်းမာရေး အကျိုးကျေးဇူးတွေ ကတော့ –

(၁) သွေးပြဿနာ များအတွက် ကောင်းမွန်ပါတယ်။

(၂) ကာလဝမ်းရောဂါ အတွက် ကောင်းမွန်ပါတယ်။

(၃) အရက်နာ ကျခြင်းအတွက် ကောင်းမွန်ပါတယ်။

(၄) ကိုယ်ခံစွမ်းအား ကောင်းမွန်စေ ပါတယ်။

(၅) လိပ်ခေါင်းရောဂါကို သက်သာစေနိုင်ပါတယ်။

(၆) အသက်ရှူလမ်းကြောင်း ပြဿနာများအတွက် ကောင်းမွန်ပါတယ်။

(၇) ဆီးချိုရောဂါကိုလည်း ကောင်းမွန်စေပါတယ်။

(၈) စွမ်းအင်လည်း တိုးစေနိုင်ပါတယ်။

image