Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
Skin အမျိုးအစားကို ခွဲခြားတတ်ပြီလား။
ကိုယ့်ရဲ့ Skin အနေအထားကိုသိမှ Skincare
ရွေးချယ်တဲ့အခါမှာ ကိုယ့်အတွက်ပိုအဆင်ပြေလွယ်ကူနိုင်ပါတယ်။
ဒါဆိုလေ့လာကြည့်ကြမယ်။
(1) Normal Skin
- Normal Skin တွင် အသားအရည်က ချောမွေ့နေတတ်ပြီး
ချွေးပေါက်ကိုမမြင်ရတတ်ပါ။ Skin Problem လည်း
သိပ်များများစားစားမရှိသော အသားအရည်မျိုးပါ။
(2) Dry Skin
- ဒီအသားအရည်ဟာဆိုရင် မွဲခြောက်ကြမ်းတမ်းနေတတ်ပြီး အရေးကြောင်းလည်း ထင်းလင်းနေတတ်ပြီး အရေခွံလန်တာမျိုးလည်း ဖြစ်တတ်တာကိုတွေ့ရပါတယ်။
ခြောက်သွေ့နေတာရယ်ကြောင့် ကြည့်လိုက်တာနဲ့
စိုစိုပြေပြေဖြစ်မနေသော အသားအရည်ပါ။
(3) Combination Skin
- ဒီ Skin မှာဆိုရင် ပါးနှစ်ဖက်ဟာ ခြောက်သွေ့ပြီး
နဖူးနဲ့နှာခေါင်းဟာအဆီပြန်နေတတ်ပါတယ်။ ဆားဝက်ခြံလည်း ထွက်လွယ်သော အသားအရည် ပိုင်ရှင်မျိုးပါ။
(4) Oily Skin
- သူ့မှာတော့ အသားအရည်က အမြဲလိုလို အဆီပြန်နေပြီး ပြောင်လက်နေတာမျိုးပါ။ ချွေးပေါက်တေလည်း ထင်ရှားပြီး
ဝက်ခြံထွက်လွယ်သော အသားအရည်ပါ။ သူ့တွင်မူ T-Zone Skin မှာပိုသိသာပါတယ်။
(5) Sensitive Skin
- သူ့မှာတော့ သိသာလွယ်တယ် မျက်နှာကနီမြန်းလွယ်တယ်။
အသားအရည်က အသားခြောက်တဲ့အခါမှာ ယားယံတာမျိုးဖြစ်တတ်တယ်။ မကြာခဏဆိုသလိုလည်း break out ကဖြစ်လွယ်ပါတယ်။ အထူးကရုစိုက်ပါ။
အာ့အသားအရည်တွေကို ဘယ်လိုမျိုးသိနိုင်မလဲဆိုရင်
ကိုယ်က မျက်နှာသန့်စင်ပြီးချိန် မိနစ်(4ကြာတဲ့အခါမှာ
မှန်ထဲပြန်ကြည့်ကြည့်ပါ။ စောင့်ကြည့်နေချိန်မှာ မည်သည့် Product ကိုမှ အသုံးမပြုကပါ။ အာ့အချိန်က
သင့်ရဲ့အသားအရည်အမျိုးအစားကို ခွဲခြားပေးပါလိမ့်မယ်
တစ်ပူပေါ်တစ်ပူဆင့် အပူအဆင့်ဆင့်ပတ်ကာရံလို့ပဲဆိုရတော့မလားခင်ဗျာ
ရာဂီမုန်တိုင်းအကြွင်းအကြန်ဟာ မြန်မာပြည်ထဲဝင်ရောက်လာပြီး ကျိုးတုံတာချီလိတ်ကအစ ကလောအောင်ပန်း အလယ် မြစ်သားနေပြည်တော်အဆုံး မကြုံဖူးအောင် ရေကြီးနစ်မြှုပ်မှုတွေကြုံတွေ့နေရပါတယ်
လက်ရှိ ကင်းတားဆည် တပ်ကုန်းဆည်တွေလည်း စိုးရိမ်ရေအမှတ်ရောက်ရှိနေတာဖြစ်ပြီး မိုးရေကြောင့် အနီးနားကမြို့တွေရပ်ကွက်တွေပါမကျန် ရေဘေးကြောင့် ပိတ်ဆို့ကျပ်တည်းရေးတွေဖြစ်နေသလို မုန်တိုင်းက ရှေ့မှသည် အလယ်ပိုင်း အလယ်ပိုင်းကနေမှ မြန်မာနိုင်ငံအနောက်မြောက်ပိုင်း ချင်းပြည်နယ် ရခိုင်ပြည်နယ်တွေကိုဖြတ်မှာဖြစ်ပြီး နှစ်ရက်အတွင်းဒီဒေသတွေမှာ မိုးရွာဖို့ ရာနှုန်းပြည့်ခန့်မှန်းထားတာဖြစ်လို့ ရေကြီးဘေးဒုက္ခကို အင်မတန်ထည့်တွက်ထားသင့်ပါတယ်
ရေကြီးစဉ်အတွင်း လူများသည် ကုန်းပြင်မြင့်များသို့ ရှောင်တိမ်းသင့်သည်။ ရေကြီးစဉ်အတွင်း ဘေးပတ်လည်တွင် ရေများဝိုင်းနေသော်လည်း သောက်သုံးရန် မသင့်ပေ။ အကယ်၍ သောက်သုံးခဲ့ပါလျှင် ဝမ်းလျှောခြင်း၊ ဝမ်းပျက်ခြင်းတို့ ဖြစ်နိုင်သည်။
အရေးကြုံလာလျှင် ရပ်ရွာလူထုအတွက် အဆင်သင့်ဖြစ်နေစေရန် လူမှုရေးအဖွဲ့များအကူအညီဖြင့် အောက်ပါတို့ကို ကြိုတင်ပြင်ဆင်ထားရပါမည်။
ကြိုတင်ပြင်ဆင်နိုင်တဲ့အရာများကိုစုစည်းတင်ပြလိုက်ပါတယ်
(၁) ကုန်းမြင့်နေရာများကို ရွေးချယ်ကာ လူအများနေနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားပါ။
(၂) သောက်ရေ၊ ဆန်အိတ်၊ ဆီပုံး၊ ပဲအိတ်၊ ဆား၊ ငါးပိ၊ ငါးခြောက်စသည့် အစားအသောက်၊ အခြောက်အခြမ်းများကို စုဆောင်းကာ ထိုကုန်းမြင့်နေရာများတွင် လေလုံမိုးလုံအမိုးအကာလုပ်ကာ ထားပါ။
(၃) ပြည်သူများကိုလည်း မိုးလေဝသနောက်ဆုံးသတင်းများ အမြဲထုတ်ပြန်ကြေညာပေးပါ။ (၄) ရှေးဦးသူနာပြုသေတ္တာ၊ ဆေးဝါးများစုဆောင်းပြီး လိုအပ်လျှင် အဆင်သင့်ရနိုင်စေရန် ပြင်ဆင်ထားပါ။ (၅) ကယ်ဆယ်ရေးအဖွဲ့များဖွဲ့ပြီး တာဝန်များသတ်သတ်မှတ်မှတ်ပေးပါ။ ဥပမာ - ကလေးနှင့် လူကြီးသူမများ ကယ်ဆယ်ရေးအဖွဲ့၊ သဲအိတ်များ စုဆောင်းနေရာချထားရေးအဖွဲ့၊ အစားအသောက်စုဆောင်းရေးအဖွဲ့၊ တဲဆောက်လုပ်ရေးအဖွဲ့ အစရှိသဖြင့်။
(၆) ဤအဖွဲ့များကို တကယ်ရေကြီးလာလျှင် အဆင်သင့်ဖြစ်နေစေရန် ကြိုတင်လေ့ကျင့်မှုများ ပြုလုပ်ထားပါ။ ဥပမာ - တဲထိုးနည်း၊ ရှေးဦးသူနာပြုစုနည်း၊ လှေလှော်နည်း အစရှိသဖြင့်။
(၇) ရေလျှံလာလျှင် သုံးနိုင်ရန် လှေ၊ ၀ါးဖောင် စသည်တို့ အဆင်သင့် ပြုလုပ်ထားပါ။
(၈) ရေဘေးကြုံလာလျှင် စိတ်အားမငယ်ကြရန်၊ အထိတ်တလန့် မဖြစ်ကြရန် အားပေးရမည့်အစီအစဉ်များကိုလည်း စနစ်တကျပြင်ဆင်ထားပါ။
(၉) အခြားရွာ၊ အဖွဲ့များနှင့် အဆက်ပြတ်မနေစေရန် ဆက်သွယ်ရေး နည်းလမ်းများကိုလည်း ကြိုတင်ကြံဆထားပါ။
ကျွန်တော်တို့တွေအန္တရယ်အကင်းဆုံးကျော်ဖြတ်ကြပါမယ်။ ဘာမှမဖြစ်အောင်နေပါခင်ဗျာ။ တစ်နေ့ပြန်ဆုံကြမယ်
Thaye Gyi
" ကမ္ဘာကြီးတစ်ခုလုံးကို
တုန်လှုပ်ရိုက်ခတ်ခဲ့သော ဓာတ်ပုံတစ်ပုံ "
1977 စက်တင်ဘာ( 5 )ရက်နေ့က
စလို့ ကမ္ဘာမြေကိုစွန့်ခွာပြီး
အာကာသဟင်းလင်းပြင်ကို
ခရီးဆန့်ခဲ့တဲ့ လူမဲ့အာကာသယာဉ်လေး
Voyager 1ဟာ 1990ခုနှစ်
ဖေဖော်ဝါရီ 14ရက်နေ့မှာ
စေတန်ဂြိုလ်နား
ရောက်ရှိခဲ့ပါတယ်။
အဲဒီအချိန်မှာ
မိုင်ပေါင်း 3.7billions အကွာက
အမိကမ္ဘာဂြိုလ်လေးဆီကို
နောက်ဆုံးလှည့်ကြည့်ခြင်း
One lastlook to home
အဖြစ်ဓာတ်ပုံလေးတစ်ပုံ
ရိုက်ယူခဲ့ပါတယ်။
အဲ့သည်ပုံကတော့
အောက်ဖော်ပြထားတဲ့ပုံပါပဲ။
ဒီပုံလေးဟာ
ကမ္ဘာပေါ်ကလူတွေရဲ့
အာဏာပါဝါအပေါ်
ရူးသွပ်မှုတွေ
မာန်မာနနဲ့ လောဘတွေ
မိမိကိုယ်ကိုအထင်ကြီးမှုတွေ
အားလုံးကိုမေးခွန်းထုတ်ခဲ့ပါတယ်။
သူငယ်ချင်း
မင်းအပါအဝင်
ဒို့အားလုံးဟာ
ဒီမှိန်ဖျော့ဖျော့
အပြာရောင်အစက်အပြောက်
လေးပေါ်က ဘာမှမဟုတ်တဲ့
သက်ရှိမျိုးစိတ်လေးမျှပါပဲ။
ရှိရှိသမျှ
လူကောင်းတွေ
လူတော်တွေ
လူယုတ်တွေ
လူဖျင်းတွေ
အားလုံးဟာ
ဒီ ဆုံမှတ်
အစက်အပြောက်လေးပေါ်မှာပဲ
နေထိုင်ကြတယ်။
ဘာမှအရေးမပါတဲ့
အစက်လေးပေါ်မှာနေပြီး
အချင်းချင်းနိုင်ထက်စီးနင်း
လုပ်နေသူတွေ
မိမိကောင်းစားရေးအတွက်
လောဘ မောဟကြီးမူ့တွေနဲ့
နေတဲ့လူတွေဟာ
ဘယ်လောက်တောင်
အမြင်ကျဉ်းသလဲဆိုတာ
စဉ်းစားကြည့်ပါတော့သူငယ်ချင်း။
ဒါတောင်
နေအဖွဲ့အစည်းအတွင်းကနေ
မြင်ရတဲ့ကမ္ဘာကြီးနော်
ပညာရှင်တွေ
ထောက်လှမ်းမိသမျှ
စကြဝဠာ ကြီးနဲ့
ယှဉ်ပြတာမဟုတ်သေးဘူး။
အလင်းနှစ်
(1light year =5.9trillions miles)
45billions မျှ ကြီးမားတဲ့
စကြာဝဠာကြီးနဲ့သာ
ယှဉ်လိုက်ရင်
ကမ္ဘာဂြိုလ်ဆိုတာ
အက်တမ်လေးတစ်လုံး
လောက်တောင်အရေးမပါဘူး။
ဒီကမ္ဘာလေးပေါ်မှာ
မွေးဖွားရှင်သန်ကြရင်း
သေဆုံးကြရင်းနဲ့
တို့အားလုံး
တစ်နေ့နိဂုံး
ချုပ်ကိုချုပ်ရမှာပါ။
မိမိကိုယ်ကို
ကြီးကျယ်လှပြီဆိုတဲ့
အတွေးမျိုး
ဘယ်တော့မှ
မတွေးမိစေနဲ့
မိမိ
အားကြီးတယ်ဆိုပြီး
လူ့အများအပေါ်
ဗိုလ်ကျလိုစိတ်
နည်းနည်းလေးမှ
မထားမိပါစေနဲ့
ဗုဒ္ဓဘာသာမှာ
ထာဝရဆိုတာ
မရှိပါဘူး
လူ့ဘဝဆိုတာ
တခဏတာမျှပါဘဲ
Crdit : Photo
မူရင်းစာရေးသူကို လေးစားလျှက်ပါ။
၄ နာရီ ၀ မိနစ်
🧈 အကယ်ဒမီ မီးလင်းရွှေ ဈေးကွက် ဈေးနှုန်း
ရွှေတုံး/ရွှေဆိုင် ရွှေသန့်စင်လုပ်ငန်းများစျေး
၆၇၈၉၀၀၀
------------------------------
🙏 မိဘပြည်သူ၊ ကုန်သည်များရှင့်
🇺🇲 ရန်ကုန် လက်ငင်း ၅၂၈၀-၅၃၃၀
🇹🇭 ဘတ် ၆၆၄-၆၅၈
🇸🇬 စင်္ကာပူ ၃၈၈၀-၃၉၃၀
-------------------------------
#crd
ကြက်သဲမြစ်အစပ်ကြော်
Cpကြက်သဲမြစ်တွေကပျော့တဲ့အတွက် ကြော်ရချက်ရတာခက်ပါတယ်
မာမာလေးရချင်တယ်ဆိုရင် ဒီလိုလေးလုပ်ပါ.
ဆား ဆနွင်းအနဲငယ် ခပ်ထားတဲ့ရေပွက်ပွက်ဆူမှာထည့်တည်ပါ အသားမာအောင်ပြုတ်ပါ အသားမာသွားရင်ဆယ် ရေဆေး လိုသလိုတုံးထားပါ
ကြက်သွန်ဖြူနုတ်နုတ်စင်း ကြက်သွန်နီလှီးထား ဂျင်းကိုအခွံမခွာပဲလှီးထား ဆီအနေတော်သတ် ဆနွင်းထည့် ကြက်သွန်ဖြူနီ ဂျင်း ထည့်မွှေ
ငရုတ်လှော်မူန့်ထည့်ကြက်သဲမြစ်ထည့်မီးခဏလျှော့ ငံပြာရည် ဟင်းခပ်မူန့် စို့ပုန်လို့ ပဲငံပြာရည်အကြည်ထည့်မွှေ ကျက်ရင် ရှမ်းနံနံပင်
ထည့်မွှေရပါပြီရှင်
ယနေ့ ရွှေစျေး ဒေါ်လာစျေး ဘတ်စျေးနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ
(12.Sep.24) 12:30pm
ပြင်ပစျေးကွက်၌ ဖြစ်ပေါ်နေသော အမေရိကန်ဒေါ်လာနှင့် အခြားနိုင်ငံခြားငွေ စျေးနှုန်းများ..
အမေရိကန်ဒေါ်လာ 5250 – 5350
စင်ကာပူဒေါ်လာ 3800 – 4000
ဥရောပယူရို 5460 – 5760
ဂျပန်ယန်း 34.85 – 36.74
တောင်ကိုရီးယားဝမ် 3.71 – 3.91
အိန္ဒိယရူပီး 58.82 – 62.02
မလေးရှားရင်းဂစ် 1120 – 1200
တရုတ်ယွမ် 695 – 733
ထိုင်းဘတ် 149.25 – 154.55
ပြင်ပ ရွှေဈေးကွက်မှာတော့..
၁၆ ပဲရည် မီးလင်း
ရောင်းစျေး 6,800,000
ဝယ်စျေး 6,750,000
၁၅ ပဲရည်
ရောင်းစျေး 6,380,000
ဝယ်စျေး 6,330,000
ရွှေကုန်သည်အသင်း (YGEA) သတ်မှတ်စျေးကတော့..
၁၆ ပဲရည် မီးလင်း - 5,063,000
၁၅ ပဲရည် - 4,750,000
ကမ္ဘာ့ရွှေဈေးနှုန်းမှာ တအောင်စ 2518 ဒေါ်လာ ဖြစ်သည်။
#ရွှေစျေး
#ဒေါ်လာစျေး
#ဘတ်စျေး