Emily Ross သူမ၏ပရိုဖိုင်ပုံပြောင်းခဲ့သည်။
49 ပတ်

image
49 ပတ် - ဘာသာပြန်ပါ။

True Love

image
49 ပတ် - ဘာသာပြန်ပါ။

တစ်ဘဝ တစ်ခါ

တစ်သ-က်မှာတစ်ခါပဲရတဲ့အခွင့်အရေးနဲ့
မင်းကို ငါချစ်တယ်
ဒါဟာဝဋ်ကြွေးတစ်ခုဆိုရင်
အဲ့ဒီဝဋ်ကြွေးကို ငါကျေနပ်တယ်။
ဘယ်နတ်ဘုရားကပဲ စေခိုင်းပါစေ
ဘဝမှာတစ်ခါပဲရွေးချယ်ခွင့်ရှိရင်တောင်
မင်းရှိရာအရပ်ကို ငါရွေးမယ်။
ငါ့ရဲ့ရွေးချယ်မှု လွဲမှားခဲ့ရင်
ကမ္ဘာကြီးက ပြောင်းလဲခဲ့ရင်
မေတ္တာတရားက ကျောသား၊ ရင်သားခွဲခြားခဲ့ရင်
ငါတို့ဟာ မဆုံနိုင်တဲ့မျဉ်းဖြောင့်နှစ်ကြောင်းဖြစ်ခဲ့ရင်
နောင်တမရှိဘဲ ငါရှင်သန်နိုင်တယ်။
မင်းရဲ့ အမည်နာမက
ငါ့ရဲ့နေ့စဉ်သုံးဘာသာစကား
မျှော်လင့်မထားဘဲ သတိရတတ်သွားတာ
ငါ့ရဲ့ အမူအကျင့်
နတ်ပြည်နဲ့ ငရဲ
ဘယ်အရာကိုရွေးမလဲလို့မေးခဲ့ရင်
မင်းဘယ်မှာရှိမလဲလို့ ငါအရင်မေးမယ်။
ဘဝမှာတစ်ခါပဲ ချစ်ခွင့်ရမယ်ဆို
တစ်သ-က်မှာတစ်ယောက်ပဲ ချစ်ခဲ့ရမယ်ဆို
ကမ္ဘာကြီးက ပြောင်းလဲခဲ့မယ်ဆို
မင်းကိုချစ်တဲ့စိတ်က
ဘယ်အခါမှ မပြောင်းလဲပါဘူး။

#အကြည်တော်
#အလွမ်း
#phwaybookshop

imageimage
49 ပတ် - ဘာသာပြန်ပါ။

ကြက်ဆီထမင်း လုပ်နည်းလေး ....🫕🫕

အိမ်မှာထမင်းပေါင်းအိုးနဲ့ ကြက်ဆီထမင်း ချက်စားကြလို့ရပါတယ် 🍗🍚

ကြက်သားပေါင်သား ရင်အုပ် ကြိုက်ရာ အပိုင်းလေးတွေ ဆားလေးလူး နယ်နှပ်ထား ... 🍗🍗

ဂျင်း ကြက်သွန်ဖြူ နံနံပင်အမြစ် တို့ကို သေချာ ထုထောင်းထားပြီး ကြက်သားနဲ့ အတူ ရောနယ်ပြီး ပေါင်းအိုး ထဲ ထည့် .... 🧄 🍀 🫚
ဆားအနည်းငယ်ထည့် .... 🧂
ရေမြုပ်အောင် ရေများများထည့်ပြီး မိနစ် ၄၀ ပြုတ်ပေး ပေါင်းပေး ရတယ် ... ကြက်သားတွေ နူးနေပြီဆို ဆယ်ပြီး ကြက်စွပ်ပြုတ် အရည်ကို ပန်းကန်လုံးတခုထဲ ထည့် ... ကြက်သားတွေကို တပန်းကန် သက်သက်ထည့်ပြီး ညီညီစီစီလေး တုံး ထားကြမယ် ...🥘🥘🥘

ကြက်စွပ်ပြုတ် အရည်ကို ဟင်းရည်လဲ လုပ်ချင်တာမို့ ပန်းကန်လုံး ၂ လုံးစာလောက်ဖယ်ထားပြီး (( ကြက်အဆီနှစ်အရည်တွေမို့ )) ရေရော ဆားထည့်ပြီး ဟင်းချို အဖြစ် ပြန်တည် ထားရတယ် 🫕🫕🫕

ဆန် ၃ ဗူး ဆေးပြီး အိုးထဲထည့် ... 🍚🍚🍚
ဆန် ၃ ဗူးဆို ကြက်စွပ်ပြုတ် အရည်ကို ၆ ဗူး ထည့်ရတယ် .... (( ဆန် ၂ ဗူးချက်ရင် ကြက်စွပ်ပြုတ်ရည် ၄ ဗူး ထည့်ပါ )) အဓိက အပေါ်က ဝေ့နေတဲ့ အဆီတွေ ခပ်ပြီးထည့်ပေးကြရတယ် ... တကယ်လို့ စွပ်ပြုတ်အရည် ၆ ဗူးထည့်ရတာမှာ နဲနဲ လိုရင် ရေထည့်ရောလို့ရတယ် ... ဟင်းရည်အတွက်လဲ ဖယ်ရသေးတာ
ထောပတ်တဇွန်း ထည့်ပါ 🧀
ဆားပိစိထည့်ပါ 🧂
...
ထမင်းအိုး တည်ထားပြီး ကျက်ပြီဆို အပေါ်အောက် လှန်သေချာမွှေပေးကြမယ် ...

အဲ့မှာ ခုန ဖယ်ထားတဲ့ စွပ်ပြုတ်အရည်ကို ရေ တဆ နဲ့ရော အပေါ့ငံ ဆား ထည့်ပြီး ... ပွက်ပွက်ဆူပြီဆို ပန်းကန်လုံးထဲ ခပ် ထည့် ကြက်သွန်မိတ်နဲ့ ငြုပ်ကောင်းလေးခတ် လိုက်တာနဲ့ သင်းပျံ့မွှေးတဲ့ ဟင်းရည်လေး တခွက်ရပြီ 🥣🥣

ကြက်ဆီထမင်းမှာ အဓိက ကျတာ ငြုပ်ဆီ လဲပါတာမို့ အရမ်းလိုက်ဖက်စားကောင်းမဲ့ ငြုပ်ဆီ ကိုယ်တိုင်ဖျော်နည်းလေးပါ လုပ်ပြထားတယ် ...

ကြက်သွန်ဖြူ 🧄ငြုပ်သီးနီတောင့် 🌶️🌶️သံပုရာသီး 🍋 သကြား 🥡ပုစွန် ငံပြာရည် 🍶နံနံပင် 🍀🍀တို့ ပါဝင်တယ်

ကြက်သွန်ဖြူနဲ့ ငြုပ်သီးထောင်းတာ ညက်ရင် သကြားထည့် ... ပုစွန် ငံပြာရည် ၂ ဇွန်းထည့် ... သံပုရာသီး ညှစ်ထည့် ... နံနံပင် နုပ်နုပ်လေးစင်းအုပ် ... ချဉ်ငံစပ် ရှုးရှဲ အချဉ် ရှယ်တခွက်ရပါပြီ 🤗🤗 🍛🍛

ကြက်ဆီထမင်း ပြင်တော့မယ်ဆို ချက်ထားတဲ့ ကြက်ဆီထမင်းကို ပုဂံလုံးလုံးလေးနဲ့ထည့်သိပ်ပြီး ပန်းကန်ပြားပေါ် အုပ်ချ 🍚🍚 ... နံဘေးမှာ သခွားသီး 🥒 နံနံပင် 🧂🍀 တို့ ဝန်းရံပြီး ကြက်သားပြုတ် 🍗 ခုတ်စင်းထားတာကို ထမင်းပေါ်တင် .... အဲ့အပေါ်ကနေ ပဲငံပြာရည် လေး အနည်းငယ်ဆမ်းလိုက် ပြီးရင် ... နံဘေးမှာ ကြက်စွပ်ပြုတ်ဟင်းချို နဲ့ အချဉ်မိုက်မိုက်လေး ... ဒါဆို အရမ်းစားကောင်းတဲ့ ကြက်ဆီ ထမင်း တပွဲရပါပြီ ... 🍛🍛😋😋

🤗🤗🍗🍗🍚🍚

image
49 ပတ် - ဘာသာပြန်ပါ။

'အသက်ကြီးတဲ့အထိ အတူတူနေပေးမယ့် ယောက်ျားကို ရွေးနည်း ''

1.◼ သူ့ဖုန်းထက် မင်းကို ပိုဂရုစိုက်တဲ့သူ။

2.◼ သူငယ်ချင်းများရှေ့မှာ မင်းတို့လက်ကို ကိုင်သောသူ။

3 ◼ မင်းကို ဂုဏ်ယူပြီး ကမ္ဘာကိုပြချင်တဲ့သူ။

4.◼ မင်းစိတ်ဆိုးတဲ့အခါ မင်းကိုအရင်ဖုန်းဆက်တဲ့သူ။

5.◼ သူ့အမှားကို ဝန်ခံပြီး တောင်းပန်တတ်သူ။

6.◼ တခါတရံ သူ့ပျော်ရွှင်မှုကို စွန့်လွှတ်တတ်သူ။

7.◼ မင်းရဲ့ ကောင်းတဲ့အချက်တွေ တခြားသူတွေကို ပြောပြရတာ ကြိုက်တဲ့သူ။

8 ◼ မင်းလုပ်တဲ့အရာလေးတွေကို အလေးထားတတ်သူ။

9.◼ မင်း မိတ်ကပ်မလိမ်းဘဲ မွဲခြောက်နေရင်တောင်မှ မင်းကို လှတယ်လို့အမြဲပြောတဲ့သူ။

10.◼ မင်းဘာကိုကြိုက်လဲ မကြိုက်ဘူးဆိုတာသိတဲ့သူ။

11.◼ အားလုံးအဆင်ပြေလား၊ ပင်ပန်းနေပြီလားလို့ မကြာခဏမေးတတ်တဲ့ သူ။

12.◼ မိမိနှုတ်ကို မနှုတ်တတ်သောသူ၊ သူသိရင် မလုပ်နိုင်ဘူး။

13.◼ မင်းရဲ့ အတိတ်က အမှားများကို ခွင့်လွှတ်ပြီး ထိုအကြောင်းကို ဘယ်တော့မှ ပြန်မပြောတဲ့သူ။

14.◼ မင်းနဲ့ အနာဂတ်အကြောင်းတွေ ပြောရတာ ကြိုက်တဲ့သူ။

15.◼ မင်းသူငယ်ချင်းတွေကို တန်ဖိုးထားတတ်တဲ့သူ။

16.◼ မင်းကို ဘယ်လောက်ဂရုစိုက်ပြီး ချစ်တယ်ဆိုတာ ခံစားစေတဲ့သူ ။

17.◼ မင်းကို Surpise လုပ်ဖို့ ဘာမဆိုကြိုးစားတတ်တဲ့သူ။

17.◼ တစ်ခါတလေ မင်းကို အံ့အားသင့်စေဖို့အတွက် ဘာမဆိုကြိုးစားတဲ့သူ။

18.◼ မင်းရဲ့ သူငယ်ချင်းများနှင့် မိသားစုကို လေးစားတတ်သောသူ။

19.◼ မင်းဒုက္ခရောက်တိုင်း မင်းအတွက် အမြဲတမ်းရပ်တည်ပေးတဲ့သူ။

20.◼ မင်းကို သူ့ရဲ့ မိဘတွေနဲ့ တွေ့ဆုံစေပြီး မင်းကို တရားဝင်ချစ်သူအဖြစ် ကြေညာတဲ့ သူမျိုးကို ရွေးချယ်ပါ။
#crd_to_owner_with_respect
#ရွှေမိတ်သစ်

image
49 ပတ် - ဘာသာပြန်ပါ။

တစ်ယောက်နဲ့တစ်ယောက်
သေလောက်အောင်ချစ်နေပါစေ
ကံမပါတော့ဘူးဆိုတဲ့အချိန်
သေချာပေါက်
ဝေးရတာပါပဲ ။
အတူတူရှိခဲ့တဲ့ နှစ်တွေကိုထားလိုက်
ပြီးတော့ ...
အတူတူ ဖြတ်သန်းခဲ့တဲ့ ဒုက္ခတွေကို
ထားလိုက်
လူနှစ်ယောက်
ရေစက်တွေ ကုန်ခါနီးရင်
အဆင်မပြေမှုတွေဟာ တန်းစီ၀င်လာတတ်တယ်
ပြဿနာသေးသေးလေးကအစ
ကြီးကြီးမားမားတွေ ဖြစ်လာတတ်သလို
ဘာမဟုတ်တာလေးနဲ့လည်း
မခေါ်နိုင်မပြောနိုင်တွေ ဖြစ်လာရတတ်တယ် ။
ချစ်တဲ့သူက မာနတွေချပေါ့တဲ့
နှစ်ယောက်လုံးမှာ မာနတွေ ထားမနေပဲ
တစ်ယောက်နဲ့တစ်ယောက်
အလိုလို စိမ်းသွားကြတာမျိုးပေါ့
အင်း ... ဖုန်းတွေဟာ အရင်ကလောက်
မဆက်ဖြစ်တော့ဘူး
စကားတွေဟာ အရင်တုန်းကလောက်
မပြောဖြစ်တော့ဘူး ။
တစ်ယောက်နဲ့တစ်ယောက်
လွမ်းနေကြရင်းက
တစ်ယောက်နဲ့တစ်ယောက် မရှိပဲနေနိုင်အောင်
ကြိုးစားဖြစ်နေကြတယ်
ပိုချစ်တဲ့သူက
နောက်ဆုံး လမ်းခွဲမှာ
ငိုရင်း ကျန်ရစ်ခဲ့တာပါပဲ
သေချာပေါက်တော့ ဝေးတယ် ။

#ကျေးကို

image
49 ပတ် - ဘာသာပြန်ပါ။

မိန်းကလေးတွေ အကြောက်ဆုံးက
လူတစ်ယောက်ကို သံယောဇဉ်တွယ်တယ်၊
အဲဒီလူကို ကိုယ့်အကြောင်း အကုန်ပြောပြတယ်၊
သူက ဆံပင်ရှည်ထားဆို ထားတယ်၊
ဘယ်အချိန် အိပ်၊ ဘယ်အချိန် စား၊
ဘာအင်္ကျီဝတ်၊ ဘယ်သူနဲ့ မပေါင်းနဲ့ဆို
အကုန်လိုက်နာတယ်။
နောက်တော့
သူ့အပေါ် မှီခိုအားထားမှု ဖြစ်လာတဲ့အခါ
အဲဒီလူက အဝေးကို ထွက်သွားတာပါပဲ။

လူတစ်ယောက်အပေါ် ကျင့်သားရနေ၊
အကျင့်ဖြစ်နေတာက
အလေးအနက် ချစ်မိတာထက်
ပိုကြောက်ဖို့ ကောင်းတယ်။


#နိုင်းနိုင်းစနေ

image
49 ပတ် - ဘာသာပြန်ပါ။

#ပျိုမနိုင်ပန်း
မပင်နဲ့မလိုက်အောင်ဖွေးထုပ်နေအောင်ပွင့်သောကံ့ကော်

image
49 ပတ် - ဘာသာပြန်ပါ။

ဟိုစကားလေးတစ်ခွန်းက အရမ်းမှန်တာပဲ
“တစ်ခါတလေမှာ ဘယ်သူနဲ့ ဘယ်လောက်ချစ်ပါတယ်၊ဘယ်သူက ဘယ်လောက်ချစ်တယ် ဆိုတာတွေထက် အရေးကြုံလာရင်ဘယ်သူက ကိုယ့်နားမှာရှိနေပေးလဲ အဆုံးသတ်မှာ ဘယ်သူက ကိုယ့်ကို
ရွေးချယ်လဲဆိုတာက အရေးကြီးဆုံးပဲ”တဲ့

ကဗျာဆန်ဆန်လေး ပြောရရင်
ဘယ်သူက ကိုယ်နဲ့အတူတူ
နေပူကိုအတူတူလျှောက်မလဲ
အဲ့လူနဲ့ပဲ ကြယ်တွေကိုအတူတူ ကြည့်ရင်း
ဘဝအကြောင်း ရယ်ရယ်မောမောနဲ့
ဒဿနတွေပြောချင်သေးတယ်

အတူတူရှိနေပေးတာ ကျေးဇူးပါ လို့လည်း
သေချာပေါက်ထည့်ပြောရမယ်

#nayvel
#motivation
#juu-ဂျူး

image
49 ပတ် - ဘာသာပြန်ပါ။

ဆေးဘဲဥ ကြက်သားဆန်ပြုတ်

1.ဆန်နို့ဆီဗူး တစ်လုံး
2. ကြက်ပြုတ်ရည် 2လီတာခွဲ
3. ကြက်ရင်အုံသား 300ဂရမ်
(အသားများကိုနွင်ထားပါ)
4.ဟင်းချက်ဝိုင် စားပွဲတင်ဇွန်း ၁ဇွန်း
5.နုတ်နုတ်စဉ်းထားသောဂျင်း
လက်ဖက်ရည်ဇွန်း ၂ ဇွန်း
6. ဆေးကြက်ဥ ၂လုံး (ပါးပါးလှီးထားပါ )
7. ကြက်သွန်မြိတ် ၂ ပင်(ပါးပါးလှီးထားပါ)
8. နှမ်းဆီ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
9. ဆားအနည်းငယ်

ပြုလုပ်နည်း

ဆန်ကို ရေစင်ကြယ်စွာဆေး၍ အိုး
အကြီးတစ်လုံးထဲသို့ထည့်ပါ
ကြက်ပြုတ်ရည်နှင့် ရေနှစ်လီတာတို့ကို ထည့်ကာ ဆူပွက်အောင်တည်ထားလိုက်ပါ။
ဆူပွက်ပါက ကြက်သား၊ဟင်းချက်ဝိုင်၊ဂျင်းတို့ကိုထည့်ပြီး ၁၅ မိနစ်ခန့် ထပ်တည်ပါ။
ကြက်သားနူးညံ့ပြီး အိသွားပါက ဆေးကြက်ဥ၊
ကြက်သွန်မြိတ်၊ဆား တို့ကို ထည့်ကာ
သမအောင် မွှေပေးလိုက်ပါ
အရသာအပေါ့အငန် မြည်းကြည့်ပြီးနောက်
အရသာကောင်းမွန်တဲ့ ဆေးကြက်ဥ
ကြက်သားဆန်ပြုတ်လေး ရရှိပါပြီနော်

Credit See less

image