49 w - Translate

FACT: တောင်ပံကစားသမားဖြစ်သူ အာမက်သည် (2016)ခုနှစ် ဖေဖော်ဝါရီလ တုန်းက အသက်(2အရွယ် (59)ရက်သာ ရှိသေးသည့် တိုက်စစ်မှူး မာစီယဲလ်နောက်ပိုင်း ယူနိုက် တက်အတွက် ပရီးမီးယားလိဂ်တွင် တစ်ပွဲတည်းအခွင့်အရေး (6)ကြိမ်အထိ ဖန်တီးပေးနိုင်ခဲ့သည့် အသက်ငယ်ဆုံး ကစား သမား အဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းသိရသည်။
[Sky Sport]

ယူနိုက်တက်အသင်းသည် တန်းတက်အသင်းကို ပရီးမီးယား လိဂ်၌ (9)ပွဲဆက် အနိုင်ယူခဲ့ပြီး (2002)ခုနှစ် အောက်တိုဘာလ ၊ (2008)ခုနှစ် နိုဝင်ဘာလ တို့နောက်ပိုင်း ပထမဆုံး အကြိမ်ဖြစ်ခဲ့ကြောင်းသိရသည်။
[Sky Sport]

image

ပုစွန်နဲ့ ပိန်းဥချက်
ကလောကပိန်းဥလေးတွေ လတ်မှလတ်
ကြက်သွန်ဖြူနီ ဆီသတ် ဆနွင်းငရုတ်ဆီထည့်
ပိန်းဥထည့်
လုံးပြီး ရေထည့် ရေပွက်ပြီးတအောင့်ကြာ
ပုစွန် ထည့်လုံး အရသာထည့်လုံးပြီး
မန်ကျည်းမှည့်ရည် မဆလာ နဲနဲ ပျဉ်တော်သိမ်
ရွက်ထည့်အုပ်ပြီး ပိန်းဥအိရင်စားလို့ရပါပြီ

image
49 w - Translate

"အရာအားလုံးမှာ Expired date ရှိပါတယ်"

Newsfeed ကို ပွတ်လိုက်ရင်

- မိဘတစ်ပါးပါး ဆုံးသွားသူ​တွေ ရှိတယ်
- မိသားစုနဲ့ ​ပျော်​နေသူ ရှိတယ်

- အိမ်​ထောင်ကွဲသွားသူ ရှိတယ်
- ​ယောက်ျားက ဘယ်လိုဂရုစိုက်​ကြောင်း ​ပြော​နေသူ ရှိတယ်

- လမ်း​ပျောက်​နေသူ ရှိတယ်
- ဘွဲ့ရသွားတဲ့ပုံ တင်​နေတဲ့သူ ရှိတယ်

တကယ့်ပြင်ပဘဝမှာလည်း ဒီလိုပဲ​နေမယ်။ ဘဝဆိုတာကိုက သုခ ဒုက္ခ ​ကောင်းတစ်လှည့် ဆိုးတစ်လှည့် ဖြစ်​​နေတာပဲ။

စိတ်ညစ်စရာ​တွေ ကြုံ​ရတဲ့အချိန်မှာ ငါတစ်​ယောက်တည်း ဒီလို​တွေ ဖြစ်​နေရတယ်လို့ ​တွေးမိခြင်းက အ​တော်ခံရခက်​စေတယ်။ ကိုယ့်ထက် ဆိုးတဲ့သူ​တွေလည်း အများကြီး ရှိ​နေ​သေးတယ် ဆိုတာကို သတိရဖို့ လိုတယ်။ ကိုယ် အခု ကြုံ​နေရတာကလည်း အချိန်တန် ပြီးသွားမှာပဲ။ ဒါကိုက ​လောကသဘာဝပဲ။

ဒီလိုသ​ဘော​ပေါက်ထားခြင်းဟာ အဆိုး​လောကဓံ​တွေနဲ့ ရင်ဆိုင်ရတဲ့အခါ တည်တည်ငြိမ်ငြိမ်နဲ့ ဖြတ်သန်းနိုင်ဖို့ကို ကူညီ​ပေးပါလိမ့်မယ်။

အ​မေဆိုတာ တစ်ခါတုန်းက သမီးပါပဲ ဆိုသလို၊ ကွဲသွားတဲ့ အိမ်​ထောင်တစ်ခုဟာ တစ်ချိန်က​တော့ Right person ဖြစ်ခဲ့ဖူးတယ်။

ကျရှုံး​နေတဲ့ လူတစ်​ယောက်ဟာလည်း တစ်ချိန်က​တော့ သူ့ကိုယ်သူ ယုံကြည်မှု​တွေအပြည့်နဲ့ ဖြစ်ခဲ့ဖူးလိမ့်မယ်။

မကျန်းမာ​တော့တဲ့ လူတစ်​ယောက်ဟာလည်း အရင်က​တော့ သိပ်ဖျတ်လတ်တဲ့သူ ဖြစ်ချင်ဖြစ်ခဲ့ပါလိမ့်မယ်။

​အ​ကောင်း​လောကဓံ​တွေကလည်း မတည်မြဲပါဘူး။ မမြဲလို့ပဲ ​လောကဓံလို့ ​ခေါ်တာ​ပေါ့။ မမြဲတာကို မမြဲဘူးလို့ သိထားလိုက်ရင် မရခင်မှာလည်း ငမ်းငမ်းတက် မဖြစ်ဘူး။ ရ​နေတုန်းမှာလည်း မ​ထောင်လွှားဘူး။ ဆုံးရှုံးရရင်လည်း သိပ်ပြီး မတုန်လှုပ်​​တော့ဘူး။

​ကောင်းတာ​​​တွေနဲ့ ကြုံရင် ​ပျော်တယ်။ မ​ကောင်းတာ​တွေ ကြုံရင် စိတ်ညစ်တယ်။ ဒါ ဘယ်သူ့မှာမဆို ​တွေ့ရတတ်တဲ့ တုံ့ပြန်မှု​တွေပါ။ သဘာဝပဲ။ ထူးပြီး အားထုတ်​နေစရာ မလိုဘူး။ အ​ခြေအ​နေ​ပေါ် မူတည်ပြီး စိတ်က အတက်အကျ ဖြစ်​နေမှာပဲ။

တကယ်တမ်း ​စိတ်ငြိမ်းချမ်းချင်တဲ့သူတစ်​ယောက်က​တော့ ကြိုးစားရပါလိမ့်မယ်။

အ​ကောင်းနဲ့ ကြုံ​နေရချိန်လည်း မမြဲခြင်းသ​ဘောကို သတိရ။ အဆိုးနဲ့ ကြုံ​နေရချိန်လည်း မမြဲခြင်းသ​ဘောကို သတိရ။

ဒါမှသာ ​လောကဓံတရား​တွေနဲ့ ရင်ဆိုင်ရတဲ့အခါ အတက်အကျနည်းပြီး တည်ငြိမ်စွာနဲ့ တုံ့ပြန်လာနိုင်မှာ ဖြစ်ပါတယ်။

image
49 w - Translate

င ယ်စဥ်ကတည်းကရိုးသားဖြူစင်ခဲ့

image
49 w - Translate

အပြင်တစ်ခါသွားတိုင်း me

image
49 w - Translate

Mom - နင်ပိုင်ဆိုင်တာတွေအကုန်ယူသွား
အိမ်ပေါ်ကဆ င်း
Me -

image
49 w - Translate

သိချင်ရင် အချိန်ပေးဖတ်ကြည့်ကြပါ👇🏽😍

ချွေးပေါက်တွေ အကြောင်းနှင့် ချွေးပေါက်ကျယ်ခြင်း

ချွေးပေါက် ဆိုတာ လူတိုင်းရဲ့ မျက်နှာတိုင်းမှာ ရှိတဲ့ မွှေးညှင်းပေါက်လေးတွေပါ. ဒါပေမယ့် ဘာလို့ တစ်ယောက်နဲ့ တစ်ယောက် မတူညီကြလဲဆိုတာ ဖတ်ကြည့်ကြအောင်

ချွေးပေါက်ဘာလို့ ကျယ်လာတာလဲ❓
- မိဘမျိုးရိုး
- အသက်အရွယ်
- နေလောင်ခြင်း
- မိတ်ကပ်
- သန့်ရှင်းမှု
- အစားအသောက်
- Skincare မှားသုံးခြင်း
- ဂရုမစိုက်ခြင်း စတဲ့ အရာတွေကြောင့် ချွေးပေါက်ကျယ်လာရခြင်း ဖြစ်ပါတယ်.

ချွေးပေါက်ကျယ်တာကို ဘယ်လို ကာကွယ်မလဲ?

အမျိုးသမီးအများစုက ချွေးပေါက်ကျယ်တာကို မနှစ်သက်ကြပါဘူး ဘာလို့လဲဆိုတော့ ချွေးပေါက်ကျယ်တဲ့အခါ Makeup လိမ်းရင်တောင် ထင်းနေအောင် မြင်နေရလို့ပါဘဲ.
ချွေးပေါက်ကျယ်ခြင်း ကို ကာကွယ်နည်းတွေကတော့ နေ့စဉ် Sunscreen/sunblock ပုံမှန်လိမ်းမယ်, Deep Cleansing လုပ်မယ်, Exfoliate လုပ်ပေးမယ်, ရေများများသောက်မယ်, moistuizer ပုံမှန် သုံးပေးမယ်ဆ်ိုရင်တော့ ကာကွယ်ပြီးသား ဖြစ်မှာပါ.

ချွေးပေါက်ကျယ်နေတာကို ဘယ်လိုကျဉ်းအောင် ပြန်လုပ်မလဲ?

ချွေးပေါက်ကျဉ်းစေတဲ့ toner လေးတွေသုံးမယ်
ရေခဲ ပုံမှန်ကပ်ပေးမယ်
ကိုယ့်အသားအရည်နဲ့ လိုက်ဖက်တဲ့ Skincare တွေကိုသေချာ လိမ်းပေးမယ်
Clay Mask, Sheet Mask လေးတွေ ပုံမှန်သုံးပေးမယ်
Cleansing နဲ့ Deep Cleansing ကို အချိန်ပေးပြီး သေချာလုပ်ပေးမယ်
Spa Treatment လေးတွေ ယူမယ်ဆိုရင် ချွေးပေါက်တွေ ပြန်ကျဉ်းနိုင်ပါမယ်.

ဒါဆို ချွေးပေါက်လည်းကျယ်, အဆီလည်းပြန်, ဝက်ခြံလည်း ထွက်တတ်တဲ့ သူဆို ဘာသုံးရမလဲ❓❓❓

Skin Problem ရဲ့ အရေးကြီးဆုံးဖြစ်တဲ့ ဝက်ခြံ/အဆီဖုတွေကို စ ကုပါ. (Salicylic Acid, Benzoyl Peroxide အစရှိတဲ့ ပစ္စည်းတွေ ပါတဲ့ Skincare ကိုသုံးပါ)
ပြီးမှ အဆီပြန်တာ သက်သာတဲ့ ပစ္စည်းတွေ သုံးပါ
နောက်ဆုံးကျမှ ချွေးပေါက်ကျယ်တာကို ကုသပေးပါ

အားလုံး အလှဆုံး မျက်နှာလေးတွေကို ပိုင်ဆိုင်ကြပါစေရှင့် 💖

image
49 w - Translate

ကား အင်ဂျင် ရေဝင်/ရေမြုပ်ခဲ့ရင်
ဘာတွေလုပ်ရမလဲ
📌📌📌

1. စက်ပြန်နှိုးဖို့ မကြိုးစားပါနဲ့ ❌
2. ရေအကုန်ထွက်အောင် အရင်လုပ်ပါ ✅
3.ရေစင်အောင် အ‌ခြောက်ခံပါ ✅

1. စက်ပြန်နှိုးဖို့ မကြိုးစားပါနဲ့ - သန်းခေါင်ထက် ညဥ့်မနက်တော့ပါဘူး။
အင်ဂျင်ရေဝင်/ရေမြုပ်ခဲ့ပြီဆိုမှတော့ စက်ပြန်နှိုးဖို့ မကြိုးစားပါနဲ့တော့။
အများစုက စက်နှိုး ရ/မရ စမ်းချင်စိတ် ရှိကြပါတယ်။ လုံးဝ မစမ်းပါနဲ့။
ရေမထုတ်/မခြောက်ဘဲ စက်ပြန်နှိုးမယ်ဆို အင်ဂျင်နဲ့ ဂီယာ ပျက်စီးဖို့
များပါတယ်။ စက်နှိုးလိုက်မှ ရေကို ရှိုက်သွင်းသလို ဖြစ်သွားပြီး
အင်ဂျင်ပိုပျက်သွားနိုင်ပါတယ်။ ပစ်စတင်တွေ ပျက်စီးတာ၊
ကောက်နက်တင်းတွေ ကောက်/ကျိုး ကုန်တာတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် စက်ပြန်နှိုးဖို့ကို အရင်မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ဘက်ထရီကို
ရေ‌ခြောက်တဲ့အထိ ဖြုတ်ထားပေးပါ။

2. ရေအကုန်ထွက်အောင် အရင်လုပ်ပါ - ကားထဲမှာ ရေဝင်နေတာ
အချိန်ကြာလေလေ ပိုဆိုးလေဖြစ်တဲ့အတွက် ပထမဆုံးလုပ်ရမှာက
ဝင်နေတဲ့ရေ အကုန်ထွက်အောင် လုပ်ပါ။ ဖုန်စုပ်စက်တို့
ရေစုပ်တဲ့ အဝတ်စတို့နဲ့ ကားထဲမှာ ရေမကျန်အောင် လုပ်ပေးပါ။

3. ရေစင်အောင် အခြောက်ခံပါ - အချို့သော အီလက်ထရောနစ်
ပစ္စည်းတွေက ရေတိုက်ရိုက်ထိမှ မဟုတ်ဘဲ ရေငွေ့များရင်လည်း
ပျက်တတ်တဲ့အတွက် သော့မဖွင့်ခင်/စက်မနှိုးခင်မှာ ရေ‌ခြောက်အောင်
အရင်လုပ်ရပါမယ်။ ကားက နေရောင်ခြည်ရတဲ့နေရာမှာဆို လုပ်ရပိုလွယ်ပါမယ်။
မှန်တွေအကုန်ချပါ။ တံခါးတွေဖွင့်ပါ။ အခြောက်ခံပါ။
နေရိပ်ထဲမှာဆို ပန်ကာတို့ heater တို့ သုံးပြီး အ‌ခြောက်ခံပေးပါ။

ဒီအဆင့်တွေလုပ်ပြီးမှ ဘက်ထရီး ပြန်တပ်ပြီး စမ်းနှိုးသင့်ပါတယ်။
စမ်းနှိုးမယ်ဆိုရင်လည်း ကားက ရေဘယ်လောက်ထိ မြုပ်ခဲ့တာလဲ။

ဒက်ရှဘုတ် တစ်ခုလုံး မြုပ်သွားလား။
အဲကလင်နာ၊ အင်းလက် စတာတွေရော မြုပ်သွားလား။
အင်ဂျင်ထဲ ရေဝင်လောက်တယ်လို့ သံသယရှိလား။
ဒီလိုဆိုရင် ကိုယ်တိုင် စမ်းနှိုးတာမျိုး မလုပ်ဘဲ
ကျွမ်းကျင်သူခေါ် ကြည့်ခိုင်းပြီးမှ စမ်းနှိုးသင့်ပါတယ်။

ရေဝင်/မြုပ်ခဲ့ရင် ဘာတွေ ပျက်နိုင်လဲ
❌❌
1. အဆိုးဆုံးဖြတ်ခဲ့မယ်ဆို အင်ဂျင်လစ်သွားပါမယ်။
2. သံချေးတက်မယ်/ဆွေးမယ်။
3. ဝါယာရိန်းလိုင်းမှာ error ဖြစ်မယ်

image
49 w - Translate

ခေတ်ပေါ် နွားနို့ အတုလုပ်နည်း နှင့် နွားနို့ထဲကို
ဘာတွေ ရောနှောတတ်သလဲ ဆိုတာ …
နွားနို့ထဲကို ဝိသမလောဘသား ထုတ်လုပ်သူတွေက
ဘာတွေ ရောနှောတတ်သလဲ ဆိုတာလေးကို အရင်
တင်ပြပါရစေ။
ပထမဆုံး အရာကတော့ နွားနို့ အတုဖြစ်ပါတယ်။ နွားနို့
လုံးဝ မပါတဲ့အတွက် ဈေးအပေါဆုံးနည်းမို့ အသုံးအများ
ဆုံး ဖြစ်ပါတယ်။
နွားနို့ အတုအထဲမှာ ဘာတွေပါသလဲဆိုတော့ အစစ်နဲ့
တူအောင် ယူရီးယား၊ Starch (ကော်မှုန့်)၊ ပေါင်ဒါသကြား၊ ဆော်ဒါ၊ စားအုန်းဆီ၊ အဖြူရောင်ရေဆေးနဲ့ ပျစ်အောင်
ခေါင်းလျော်ရည်ကို အချိန်နဲ့ ထည့်ကြပါတယ်။ ထည့်ထား
တဲ့ ပစ္စည်းတွေက လူကို ဥပါဒ်အပေးဆုံးမို့ အန္တရာယ် အများဆုံးလည်း ဖြစ်ပါတယ်။
နောက်တစ်မျိုးကတော့ ကျွန်မတို့ အတော်များများ သိကြတဲ့ ရေရောတာဘဲ ဖြစ်ပါတယ်။ ဒီနည်းက နွားနို့များများ ပွားစေ
ပြီး ရောတဲ့ ရေမသန့်ပါက လူကို အန္တရာယ်ပေးပါတယ်။
နောက်တစ်နည်းကတော့ အဝတ်လျှော် ဆပ်ပြာရည်
ရောတာဘဲ ဖြစ်ပါတယ်။ အဲဒီနည်းက အမြှုပ်ထစေတဲ့
အတွက် နွားနို့ကို ပြစ်သရောင် ထင်ရအောင် ဖြစ်ပါတယ်။ များများ စားသုံးမိပါက အဝတ်လျှော် ဆပ်ပြာကြောင့် အူ
လမ်းကြောင်းနဲ့ ကျောက်ကပ်ကို ဒုက္ခပေးပါတယ်။
နောက်တစ်မျိုးကတော့ နွားနို့ကို အထားခံအောင် Benzoin Acid, Salicylic Acid နဲ့ ဖော်မလင် (Formalin) စတာတွေကို ထည့်တာပါဘဲ။
နောက်ဆုံးတစ်မျိုးကတော့ နွားနို့ထဲကို အမိုးနီယား (Ammonium Sulphate) ထည့်တာပါဘဲ။
ဒီနည်းက နွားနို့ကို ပျစ်စေ၊ လေးစေပြီး နွားနို့စံချိန် စစ်တဲ့ ကိရိယာ (Lactometer) ကတောင် ရံဖန်ရံခါ ဖတ်ဖို့ ခက်ခဲတဲ့အတွက် ခွဲခြားဖို့ အခက်ခဲဆုံးအရာဘဲ ဖြစ်ပါတယ်။
(နွားနို့ရောင်းချသူ အားလုံးကို မဆိုလိုပါဘူး)
အခုနွားနို့ကို ဘယ်လို ရောနှောတတ်တဲ့ အကြောင်းကို
ပြောပြီးပြီမို့ သူတို့ကို ဘယ်လို စစ်ဆေးနိုင်သလဲ ဆိုတာ
လေးကို တင်ပြသွားပါမယ်။
အများစုသော အရာတွေက ဓါတ်ခွဲစစ်ဆေးမှ သိနိုင်တာမို့
ဓါတ်ခွဲခန်းသုံး ပစ္စည်းကိရိယာတွေ မပါဘဲ စားသုံးသူတို့
မျက်စိနဲ့ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေကို ရွေးချယ်ပြီး
တင်ပြလိုက်ပါတယ်။
ပထမဆုံး နည်းကတော့ ကိုယ်ဝယ်ထားတဲ့ နွားနို့ကို ရေ
ရော မရောသိချင်ရင်တော့ နွားနို့ကို ချောတဲ့ မျက်နှာပြင်
မှန်လိုဟာမျိုးပေါ်မှာ အစက်ချပြီး မှန်ကို နည်းနည်းမတ်
လိုက်လို့ နွားနို့က မြန်မြန် ရေလို စီးသွား တယ်ဆိုရင်
တော့ ရေပါပြီပေါ့ရှင်။
နွားနို့အစစ်က ရေထက်လေးတော့ ချက်ချင်းမစီးဘဲ ဖြေးဖြေးချင်း စီးရမယ်လေ။ အဲဒီလို မစီးရင်တော့ ရေရောပြီပေါ့ရှင်။ စီးကျနှုန်းကို ကြည့်ပြီး ရောတဲ့ရေ အနည်းအများကို ခန့်မှန်းလို့ ရနိုင်ပါတယ်ရှင်။
နောက်တစ်နည်းဖြစ်တဲ့ ဆပ်ပြာရည် ရောထားတဲ့ နွားနို့
ကတော့ သောက်ရင် ခါးသက်သက် အရသာရှိပြီး နွားနို့ကို လက်ညှိုးနဲ့ လက်မကြား ပွတ်ကြည့်ရင် ဆပ်ပြာလို ချော
ကျိကျိ နေတာကို တွေ့ရပါလိမ့်မယ်။
နောက်ဆုံးနည်းကတော့ ဝယ်ထားတဲ့ နွားနို့ကို အပူမပေး
ခင်မှာ နည်းနည်းဖယ်ထားပြီး ကျန်တာကို အပူပေးပြီးရင် အရောင်ချင်း ယှဉ်ကြည့်ပါ။ လိုအပ်တာ ထက်ပိုတဲ့ အဝါ
ရောင်ကို ပြောင်းသွားရင်တော့ နွားနို့ မစစ်တာ သေချာပြီ
ပေါ့ရှင်။
Crd- မူလ ပိုစ့်ပိုင်ရှင်

image
49 w - Translate

တချို့တွေ ခုထိလက်နှစ်ချောင်းထောင်တဲ့နေရာက မတက်နိုင်ဘူး😁
ပစ္စည်းရှိတန်းစားတွေက အောက်က နှစ်ပုံဘဲ😁

image