Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
မနေ့က တညလုံးနဲ့ ဒီမနက် ရေဘေးဒုက္ခရောက်ရတဲ့ သတင်းတွေ အများကြီးတွေ့ရတယ်။ စိတ်မကောင်းစရာတွေကြားထဲက အချင်းချင်း ကူကြကယ်ကြတာတွေတွေ့ရတာ စိတ်ချမ်းမြေ့စရာပါ။ ဒီနှစ်ပိုင်းတွေမှာ သဘာဝဘေးဒဏ်ခံရတဲ့အဖြစ်တွေပိုများလာတာတွေ့ရတယ်။ ပိုပြီးပြင်ဆင်တတ်ကြဘို့ ပိုပြီးကူနိုင်ကြ ကယ်နိုင်ကြဘို့ မျှော်လင့်မိတာပါပဲ။

တချို့လူတွေက
သူတို့မှားတယ်ဆိုတာ သိတယ် ။
ဒါပေမယ့် အဲ့ဒီအမှားကိုဝန်ခံဖို့
ဘယ်တော့မှ မတွေးဘူး ။
မှန်နေတဲ့လူက နေပါစေတော့ ဆိုပြီး
နှုတ်ဆိတ်နေတဲ့အခါ
အမှားလုပ်ထားတဲ့သူက
မပြုပြင်တဲ့အပြင် သူတို့အမှားကို
အမှန်ပါလို့ သတ်ပုံပြင်လိုက်ကြတယ် ။
တချို့ကျ သူတို့ဘက်က
လွန်တယ်ဆိုတာ သိတယ် ။
ဒါပေမယ့် ဆောရီးတစ်ခွန်းနဲ့
တောင်းပန်ဖို့တောင် ဝန်လေးတတ်ကြတယ် ။
ခံရတဲ့သူက ထားလိုက်ပါတော့လေ ဆိုပြီး
နားလည်ပေးတဲ့အခါ
သူတို့စည်းကျော်တာကို
သူတို့မေ့သွားပြီး တဖက်လူကို
ထည့်စဉ်းစားဖို့ အတွေးမရှိကြတော့ဘူး ။
ငြိမ်ခံနေဖို့ မသင့်တော်တဲ့အချိန်ဆိုတာ ရှိတယ်.. သည်းခံဖို့ မတန်တဲ့
အတိုင်းအတာ ဆိုတာလည်း ရှိပါတယ် ။
တချို့လူတွေက ခွင့်လွှတ်ပေးခြင်းနဲ့တန်ပေမယ့် တချို့လူတွေကျ ပြန်ပြောနိုင်မှ
တော်ကာကျတာပါ ။
အဲ့ဒီတော့ တန်ပြန်ပဲ ဆက်ဆံပေးလိုက်တယ် ။
သူတို့လုပ်ရပ်အပေါ်
သူတို့ကိုယ်တိုင် ရှက်စရာလို့ မြင်သွားမှ
နောက်လူ ကိုယ့်လိုမခံရမှာ ။
နောက်ကို ဆင်ခြင်တတ်သွားမှာ ..
ကိုယ့်လူနောက်လူမခံရဖို့
အမုန်းခံပြီး ထောက်ပြသင့်ရင် ထောက်ပြရမှာပါ ။
မကောင်းတဲ့သူရဲ့
လက်တစ်လုံးခြားလှည့်စားမှုကိုခံရတဲ့
သားကောင်ထဲ ကိုယ်ဟာနောက်ဆုံးဖြစ်ပါစေ......
တချို့ လူတွေ သေခြင်းကို ဘာကြောင့် ရွေးချယ်သလဲ
ဆိုတာ နားလည်စပြုလာမိတယ် (ထင်တာပဲ)
လူဆိုတာ တယောက်နဲ့ တယောက် ခံနိုင်ရည်အားမှ မတူတာ
ငါဆိုရင် ဒီလောက်လေးနဲ့ အဲလိုမလုပ်ဘူးလို့ ပြောတာ
မှားတယ်
နာကျင်မှု ဆိုပါတော့ , တယောက်နဲ့တယောက်
pain threshold ခေါ်တဲ့ နာခြင်းကို ခံနိုင်တဲ့ဒဏ် မတူဘူး
အပ်စူးတာခြင်း တူနေရင်တောင် တယောက်က သိပ်မနာ
တယောက်က သေမတတ်နာတယ်
သေချာတာက သေမတတ်နာသူဟာ
ဟန်ဆောင်နေတာ မဟုတ်ဘူး
သူ့ရဲ့ pain အပေါ် ခံနိုင်ရည်က နိမ့်နေတာ
အဲလိုပဲလေ , လူတွေမှာ ချောင်ပိတ်မိတဲ့ ခံစားချက်တွေ
ကူကယ်ရာမဲ့တဲ့ ခံစားချက်တွေ ခဏခဏဝင်လာတဲ့အခါသေလမ်းကို လွတ်မြောက်ရာ အဖြစ် မြင်လာတတ်တယ်
ဘယ်လောက်များ နာကျင်ခဲ့ကြသလဲ
ကျနော်တို့ မခန့်မှန်းနိုင်ပါဘူး
သေချာတာက ရှင်သန်ခြင်းထက် သက်သာရာရလိမ့်မယ်လို့ ယုံကြည်သွားခဲ့ကြလို့ပဲ
လူတယောက်ဟာ ဘယ်လောက် ထွက်ပေါက်မဲ့နေမလဲဘယ်သူမှ မသိနိုင်ဘူး
ထပ်ခါ ထပ်ခါ ဖိမိနေတဲ့ ထိုင်ခုံက သံငုတ်လေးကလည်း ကြာလာတော့ အထိမခံနိုင်အောင် နာလာနိုင်တာပါပဲ
လူတယောက်နဲ့ တယောက် တိုင်းတာပုံ မတူကြပေမယ့်
သေခြင်းကို နည်းလမ်းတခုအဖြစ်
ခဏခဏ စဉ်းစားမိနေတဲ့အခါ
အဲ့လူဟာ ဘယ်လောက်နာကျင် ပိတ်မိနေသလဲ ဆိုတာ တွေးမိတာပါပဲ … ။
#tkmn