45 w - Translate

ဒီအချိန်မှာ
ဘာမှ မဟုတ်တာလေးနဲ့ကအစ
ကိုယ်က ထိလွယ်ရှလွယ်နေတယ်ထင်တယ်
ဒီအရပ်မှာ
နေလို့ ပျော်မနေဘူးဆိုရင်
အရင်လို သည်းခံပြီး နေလို့
အဆင်မပြေနေတော့ဘူး
ပြေးထွက်ဖို့ပဲတွေးတယ် ။
စကားတွေပြောလို့မှ
အဆင်မပြေဘူးဆိုရင်
အရင်လို ငြင်းခုန်မနေချင်တော့ဘူး
တိတ်ဆိတ်လိုက်ဖို့ပဲ ရွေးတယ် ။
တစ်စုံတစ်ယောက်ရှိဖို့ လိုအပ်တယ်ဆိုပေမယ့်
အဲ့ဒီလူက
ကိုယ့်ကို နားမလည်ဘူးဆိုရင်
တစ်ယောက်တည်းနေလိုက်တာပဲ များတယ် ။
အများကြီး ရှင်းပြမနေချင်တော့ဘူး
ပြီးတော့ ...
စိတ်တွေက
နောက်ထပ် အဆင်မပြေမှုဆိုတာ
မကြုံချင်လောက်အောင်
ပင်ပန်းနေတာကြောင့်လည်း ဖြစ်မယ်ထင်ပါတယ် ။
ကိုယ်ဟာ ...
ပုံမှန်ထက်ပိုပြီး
လေဖြည့်ထားခံရတဲ့
မိုးပျံ ပူပေါင်းလေးတစ်လုံးလိုပါပဲ
အပ်တစ်ပေါက်စာ
ဒါမှမဟုတ်
တစ်ခုခု ထိမှန်လာတာနဲ့
ပေါက်ကွဲဖြစ်ဖို့ များတယ်
ဒါကြောင့်ပဲ ...
ဘယ်သူမှ ရှိမနေတဲ့အရပ်မှာ
တစ်ယောက်တည်း တိတ်ဆိတ်နေတာမျိုးက
ပိုပြီးတော့ အဆင်ပြေတယ်
အခုချိန်မှာလေ
ဘယ်သူ့ကိုမှ
ဘာအကြောင်းမှ မပြောချင်လောက်အောင်
စိတ်တွေက ပင်ပန်းလို့ ။

#ကျေးကို

image
45 w - Translate

ကိုယ့်အနားမှာ တကယ်နေချင်တဲ့သူက
ခက်ခဲပင်ပန်းရရင်တောင်
ကိုယ့်နားမှာနေဖို့ နည်းလမ်းရှာလိမ့်မယ်။

အချစ်မှာအကြောင်းပြချက်တွေမရှိဘူး
မင်းအတွက်....မင်းနဲ့အတူဆိုတာတွေပဲရှိတယ်။

ကိုယ့်ကိုတကယ်ချစ်တဲ့သူက ကိုယ့်ဆီကိုပဲလာပါတယ်။
အချစ်တွေက ရိုးရှင်းပါတယ် စစ်မှန်ခဲ့ရင်ပေါ့ ..

🍀🤍
#ᗩᒪoᑎᗴ

image
45 w - Translate

တသီးတသန့်လေးရတဲ့
မေတ္တာမျိုးပဲ လိုချင်တယ် ။

ကောင်းကင်မှာ
ကြယ်တာရာတွေသိပ်များလဲ ၊
လမင်းကြီးတော့ တစ်စင်းသာပဲ ။

ချစ်ရတဲ့ လူသားလေးဆီက လိုချင်တာ
ဒီတစ်ခုထဲ ။

ချစ်ရတဲ့လူတွေ သိပ်များလဲ ၊
ကိုယ်ကတော့
တသီးတသန့်လေး ဆိုတာမျိုး ။

ကြယ်တာရာတွေကြားက
လမင်းကြီးပမာမျိုး ။

တသီးတသန့်ကလေး ၊
ပြီးတော့ ... အချစ်ရဆုံးလေး
ဒီလိုလူသား ၊ ကိုယ်ဖြစ်ချင်ရုံ ... ။

🌻🤍
#haru

image
45 w - Translate

ကိုယ့်မှာလည်း ကိုယ့်မာနနဲ့ကို ဆိုတဲ့အတွေးနဲ့မို့သာ
အတက်နိုင်ဆုံး အားတင်းပြီးပြုံးထားခဲ့တာပါ။

တကယ်တော့ မပိုင်တော့မှန်းလည်း သိတယ်
မဆိုင်တော့မှန်းလည်း သိတယ် ။

#နေညိုရောင်ခြည်

image
45 w - Translate

ညရောက်တာနဲ့အချစ်ခံချင်စိတ်တွေပြင်းထန်နေသူနှစ်ဦး
အကြည့်ချင်းဆုံနေပုံ😞

image
45 w - Translate

လူစာရင်း တင်ခါနီး ခွင့်ယူ အမျိုးမျိုးအကြောင်းပြယူ
လိုအပ်လို့စာရွက်စာတမ်းလုပ်ခိုင်းသမျှကို မသိချင်ဆောင်နေ
😁
#kuukuu

image
45 w - Translate

ဆုံဖို့ကံပါလာရင် မဆုံချင်လည်း ဆုံရတယ် "
ဝေးဖို့ကံပါလာရင် မဝေးချင်လည်း ဝေးရတယ် "

ကိုယ့်သဘောဆန္ဒမပါလည်း
အရာရာက ဖြစ်ချိန်တန်ရင် ဖြစ်သွားရတာပဲ။

ကျွန်တော်တို့ချစ်တဲ့သူတွေကို အနားမှာနေပါဆိုပြီး အတင်းဆွဲထားလို့မရသလို တစ်ဖက်က အလိုမရှိတော့လို့ ထွက်သွားမယ်ဆိုလည်း တားခွင့်မရှိပါဘူး။

အချိန်တန်ရင် . . .
ကိုယ့်အနားက ထွက်ခွာသွားကြမယ့်သူတွေချည်းပါပဲ။ ဒါကြောင့်လည်း ကျန်နေခဲ့ရမယ်ဆိုတဲ့ အသိစိတ်လေးနဲ့ပဲ လူတွေကို ချစ်ဖြစ်တော့တယ်။

🎬 " 𝙻𝚞𝚌𝚊 // 𝚋𝚢 𝙾ak

image
45 w - Translate

အစာအိမ်နာတတ်မှန်းသိလို့ အိတ်ထဲမှာ အစာအိမ်ဆေးတစ်ကတ် အမြဲဆောင်ထားပေးတာဟာ ချစ်ခြင်းမေတ္တာပါ။

ဖိနပ်ပေါက်တတ်လို့ ဖိနပ်အသစ်ဝယ်တိုင်း ပလာစတာတစ်ထုပ်ဝယ်ထားပေးတာဟာလည်း ချစ်ခြင်းမေတ္တာပါပဲ။

အရိုးနုကြိုက်တတ်မှန်းသိလို့ ထမင်းဆိုင်က ချပေးတဲ့ ကြက်ရိုးပြုတ်ဟင်းရည်ထဲက အရိုးနုကို တမင် မစားဘဲ ရှောင်ပေးတာဟာ ချစ်ခြင်းမေတ္တာပါ။

ပြန်လာရင် ရေအေးအေးလေးသောက်ချင်တာသိလို့ ရေခဲသေတ္တာထဲမှာ အမြဲ ရေတစ်ဘူး ထည့်ထားပေးတာဟာလည်း ချစ်ခြင်းမေတ္တာပါပဲ။

လမ်းထိပ်က မုန့်ဆိုင်မှာ မင်းကြိုက်တဲ့မုန့်လေး ပြန်ရပြီလားလို့ အမြဲလိုက်ရှာမိတာဟာ ချစ်ခြင်းမေတ္တာပါ။

ညစျေးတန်းရောက်လို့ အင်္ကျီလှတာလေးတွေ တွေ့ရင်လည်း မင်းနဲ့ဆို လိုက်မယ်လို့ တွေးမိတာဟာ ချစ်ခြင်းမေတ္တာပါပဲ။

💭 || 5.10.2024

image
45 w - Translate

Late dinner 🍲

image
45 w - Translate

အလုပ် - customer service
အားနည်းချက် - Customer နဲ့မတည့်🤨

image