45 w - Translate

ဘောလုံးပြန်ကစားနိုင်၍ ဒီဂျောင် ပျော်ရွှင်
-------------------
ခြေကျင်းဝတ်ဒဏ်ရာကြောင့် ၆ လနီးပါးအနားယူခဲ့ရပြီးနောက် ဘောလုံးပြန်ကစားနိုင်ခဲ့တဲ့အတွက် ပျော်ရွှင်မိ တယ်လို့ ဘာစီလိုနာကွင်းလယ်လူ ဒီဂျောင်က ပြောကြားလိုက်ပါတယ်။ ဒီဂျောင်ဟာ ပြီးခဲ့တဲ့ရာသီက ရီးရဲလ် အသင်းနဲ့ ကစားခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ခြေကျင်းဝတ်ဒဏ်ရာရခဲ့ပြီးနောက် ကာလရှည်အနားယူခဲ့ရသလို နယ်သာလန်အသင်းရဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲကိုလည်း လွဲချော်ခဲ့ရတာပါ။

အခုရာသီမှာတော့ ဒီဂျောင်ဟာ ဒဏ်ရာ ပြဿနာကနေ ပြန်လည်သက်သာလာခဲ့သလို အသင်းနဲ့အတူ လေ့ကျင့်မှု တွေ ပြုလုပ်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ အောက်တိုဘာ ၂ ရက်ညက ကစားခဲ့တဲ့ ယန်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံ လိဂ်ပွဲစဉ်မှာတော့ ဒီဂျောင်ဟာ အသင်း ဆေးအဖွဲ့ရဲ့ခွင့်ပြုချက်နဲ့ လူစာရင်းမှာပါဝင်ခွင့်ရခဲ့ပြီး ဒုတိယပိုင်းမှာ လူစား ဝင်ကစားခွင့်ရခဲ့ပါတယ်။

ပွဲကစားချိန် ၁၅ မိနစ်ကျော်သာ ကစားခဲ့ရပေမယ့် ကာလရှည်အနားယူခဲ့ရပြီးနောက် ပြန်ကစားရတာဖြစ်လို့ စိတ်လှုပ်ရှားမိ သလို ပျော်ရွှင်ရပါတယ်လို့ ဒီဂျောင်က ပြောသွားခဲ့ပါတယ်။ ဒဏ်ရာကြောင့် အနားယူနေရချိန်မှာ ဘာစီလိုနာ အနာဂတ်နဲ့ပတ်သက်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ဒီဂျောင်ကတော့ လက်ရှိအချိန်မှာ အကောင်းဆုံး ပြန်ကစား နိုင်ဖို့ကိုပဲ အာရုံစိုက်ထားတယ်လို့ ပြောသွားခဲ့ပါတယ်။

image
45 w - Translate

၇ပွဲ ၆ပွဲနိုင် ၁၃ဂိုးသွင်း ၂ဂိူးပေး

အယ်လီဆင်ဒဏ်ရာရခဲ့တာကလွဲရင် အာလုံး ok ခဲ့တဲ့ပွဲ

image
45 w - Translate

လူတွေက မချစ်တော့ရင် သိပ်သိသာတာဘဲ

image
45 w - Translate

hmmm

image
45 w - Youtube

45 w - Translate

သူများတွေအမေရိကား စရောက်တော့....ဘလာ ဘလာ
ဂျပန် စရောက်တော့.... ဘလာ ဘလာ
ကိုရီးယား စရောက်တော့....ဘလာ ဘလာ
စင်္ကာပူ စရောက်တော့..... ဘလာ ဘလာ စသဖြင့် ပြောနေကြလို့ ကိုယ်လည်း ပြောပြရဦးမယ်။
ကိုယ်မြန်မာပြည်စရောက်တုန်းကဆို
ဘုမသိဘမသိ မျက်စိသူငယ် နားသူငယ်နဲ့ တော်တော်လည်း ငယ်ဦးမယ်
ငယ်ဆို...၉ပေါင် ကျော်ပဲရှိသေးတယ်လေ။
ဒီကြားထဲ ဘာသာစကားကလည်း
မတတ် နားလည်းမလည်တော့
နေ့တိုင်းအားငယ်လွန်းလို့
ဝါးးးဝါးးးအုငဲ...အုငဲ... ဆိုပှီး
တစ်ယောက်တည်း ရှိုက်ရှိုက်ငိုခဲ့ရသေးတယ်။
🥹🥹🥹
ခုတော့ အဆင်ပြေသွားပါပြီ
မပြေလို့လည်း မရပုလေ
အသက်ပဲ ၄၀ ကျော်လာပြီကိုး
#crd.BTU

image
45 w - Translate

ဘယ်လို ဘယ်လို...

image
45 w - Youtube

45 w - Translate

ကစားသမားဘဝ၏ အခက်ခဲဆုံးအချိန်ဖြစ်ဟု မန်ယူကွင်းလယ်လူ ဖာနန်ဒက်စ်ပြော

ကစားသမားဘဝရဲ့အခက်ခဲဆုံးအချိန်ကို ရင်ဆိုင်နေရကြောင်း မန်ယူကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်က ပြောသွားပါတယ်။

ပေါ်တူဂီကွင်းလယ်ကစားသမားဟာ ပရီးမီးယားလိဂ်နဲ့ ယူရိုပါလိဂ်ပွဲစဉ် ၂ ပွဲဆက်တိုက် အနီကတ် ပြသခံရပြီးထုတ်ပယ်ခံခဲ့ရတာပါ။

အသင်းအနေနဲ့သာမက ကစားသမား ဘဝမှာပါ အခက်ခဲဆုံးအချိန်ရင်ဆိုင်နေရပြီး အသင်းနဲ့ ၅ နှစ်တာကာလအတွင်းမှာ အကောင်းအဆိုး၊ အတက်၊ အကျတွေ များလွန်းခဲ့ကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။

မန်ယူနိုက်တက်ပရိသတ်တွေအတွက်လည်း အမောပန်းဆုံးအချိန်တခုဖြစ်ပေမဲ့ မိမိအပေါ် ဆက်လက်ဝန်းရံအားပေးခဲ့ကြတဲ့အပေါ် ကျေးဇူးတင်ရှိကြောင်း ဖာနန်ဒက်စ်က ပြောပါတယ်။

ဖာနန်ဒက်စ်ဟာ ပရီးမီးယားလိဂ်မှာ ပြသခံခဲ့ရတဲ့ အနီကတ်ပြစ်ဒဏ်က ပြန်လည် ပယ်ဖျက် ပေးခဲ့တာကြောင့် တနင်္ဂနွေနေ့မှာကစားမယ့် အက်စ်တန်ဗီလာနဲ့ ပွဲစဉ်မှာ ပြန်လည် ပါဝင်ကစားနိုင်မှာ ဖြစ်ပါတယ်။
DVB

image
45 w - Youtube