45 w - Translate

Best Bob Haircuts Ideas 😍😍😍

image
45 w - Translate

Best Bob Haircuts Ideas 😍😍😍

imageimage
+4
45 w - Translate

အင်း

image
45 w - Translate

ကမ္ဘာ့ရွှေ (Spot Gold) တစ်အောင်စ ၂၆၅၃ ဒေါ်လာဈေးတန်း ရှိနေချိန် ရန်ကုန်ရွှေအသင်း YGEA က အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားကို ၅,၃၈၇,၁၇၅ ကျပ်နဲ့ ဈေးဖွင့်ထားပါတယ်။

45 w - Translate

ငွေလဲနှုန်း ၃၅၄၃ ကျပ်နဲ့ အမေရိကန်ဒေါ်လာ ၁၃ သန်းကျော်ကို FX Trading Platform ကနေ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က အောက်တိုဘာလ ၄ ရက်နေ့မှာ ထုတ်ရောင်းပေးခဲ့ပါတယ်။ အဲဒိနေ့ တစ်ရက်တည်းမှာ ငွေလဲနှုန်း ၄၉၈.၇ ကျပ်နဲ့ တရုတ်ယွမ် ၂ သိန်း ၈ သောင်းကျော်ကိုလည်း ထုတ်ရောင်းပေးခဲ့ပါတယ်။

45 w - Translate

မြန်မာ့ဆန်ကို ဘယ်လ်ဂျီယံ အများဆုံးဝယ်

ရန်ကုန်၊ စက်တင်ဘာ ၂၆

ယခုဘဏ္ဍာနှစ် ပထမ ၅ လပတ်အတွင်း ဘယ်လ်ဂျီယံနိုင်ငံက မြန်မာ့ဆန်ကို အများဆုံး တင်သွင်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ရဲ့ အချက်အလက်တွေအရ သိရပါတယ်။

ဘယ်လ်ဂျီယံအနေနဲ့ ဆန်/ဆန်ကွဲတန်ချိန် ၁၆၂,၉၀၀ အထိ ဝယ်ယူထားပြီး တရုတ်နိုင်ငံက တန်ချိန် ၁၅၇,၂၀၀ နဲ့ ဒုတိယအများဆုံး ဝယ်ယူသူဖြစ်ကာ အင်ဒိုနီးရှားနိုင်ငံကတော့ တန်ချိန် ၁၄၅,၀၀၀ တင်သွင်းတဲ့ တတိယအများဆုံး ဝယ်လက်နိုင်ငံအဖြစ် ရှိနေပါတယ်။

မြန်မာနိုင်ငံအနေနဲ့ မိုဇမ်ဘစ်ကို ဆန်တန်ချိန် ၂၆,၅၀၀၊ စပိန်နိုင်ငံကို တန်ချိန် ၁၉,၅၀၀ ကျော်နဲ့ နယ်သာလန်ကို တန်ချိန် ၁၆,၅၀၀ ကျော် တင်ပို့ရောင်းချထားပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလမှ သြဂုတ်လအတွင်း မြန်မာနိုင်ငံမှ ဆန်နဲ့ ဆန်ကွဲတွေကို ပြည်ပဝယ်လက်တွေထံ တန်ချိန် ၇၁၈,၀၀၀ တင်ပို့ခဲ့ပြီး အဲဒိကနေ အမေရိကန်ဒေါ်လာ ၃၅၃ သန်း ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ ၂၀၂၄ ဧပြီလမှ ၂၀၂၅ မတ်အထိ ဘဏ္ဍာနှစ်အတွင်း ဆန်/ဆန်ကွဲတန်ချိန် ၂.၅ သန်း တင်ပို့နိုင်ဖို့ ရည်မှန်းထားပါတယ်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ပို့ကုန်ရငွေကို ထိန်းချုပ်တဲ့ ငွေကြေးမူဝါဒကြောင့် ဆန်တင်ပို့မှုကို ထိခိုက်စေပြီး ပို့ကုန်လုပ်ငန်းရှင်တွေကို ငွေကြေးအရ ထိခိုက်စေကြောင်း သိရပါတယ်။

ဒါ့အပြင် အယ်လ်နီညို ရာသီဥတုအခြေအနေကြောင့်လည်း ဆန်တင်ပို့ရောင်းချမှုကို အဟန့်အထားဖြစ်ကြောင်း MRF ဥက္ကဋ္ဌက ပြောကြားထားပါတယ်။

image
45 w - Translate

EV ယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်မည့် ရင်းနှီးမြှုပ်နှံမှု MIC ထပ်မံခွင့်ပြုပေး

ရန်ကုန်၊ အောက်တိုဘာ ၁

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က နိုင်ငံအတွင်းမှာ လျှပ်စစ်သုံးယာဉ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်မယ့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအသစ်တစ်ခုကို ထပ်မံခွင့်ပြုကြောင်း ၈/၂၀၂၄ ကြိမ်မြောက်အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။

အမေရိကန်ဒေါ်လာ ၉.၂၅၅ သန်းနဲ့ ကျပ်သန်းပေါင်း ၄၆,၀၀၀ ကျော် ပမာဏရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ၈ ခု ခွင့်ပြုခဲ့တဲ့အထဲမှာ EV တပ်ဆင်ထုတ်လုပ်တဲ့ လုပ်ငန်းလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။

MIC အစည်းအဝေးမှတ်တမ်းတွေအရ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေရဲ့ မတည်ငွေရင်းတိုးမြှင့်ခြင်းတွေ အပါအဝင် စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍတို့မှာ ဝင်ရောက်ရင်းနှီးမြှုပ်နှံသွားမှာပါ။

ဘက်ထရီလျှပ်စစ်သုံးယာဉ် (BEV) တွေ၊ ၎င်းရဲ့ ဆက်စပ်ပစ္စည်းတွေ၊ အားသွင်းရုံဆိုင်ရာ ပစ္စည်းတွေနဲ့ အားသွင်းစနစ်ဆိုင်ရာ ပစ္စည်းတွေ ပြည်ပကနေ တင်သွင်းခြင်း၊ ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချခြင်းနဲ့ ဝယ်ယူရောင်းချခြင်းတွေအပေါ် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပေးထားပါတယ်။

လက်ရှိမှာ နိုင်ငံခြားသုံးစွဲမှုကို စီးထွက်မှုကို ထိန်းချုပ်လိုတာကြောင့် ပြည်ပကနေ လျှပ်စစ်ယာဉ် (EV) တင်သွင်းခြင်းတွေကို ဦးစားပေးအဆင့်မှ လျှော့ချသတ်မှတ်ထားကြောင်း မော်တော်ယာဉ်လုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။

ပြည်တွင်းကို လျှပ်စစ်ကားများတင်သွင်းရောင်းချခြင်းအတွက် ကုမ္ပဏီ ၁၀၀ ကျော်ကို တရားဝင်တင်သွင်းရောင်းချခွင့်ပြုထားပြီး အဲဒိအထဲက ကုမ္ပဏီအချို့ကပဲ တင်သွင်းရောင်းချနေကာ အများစုကတော့ တင်သွင်းရောင်းချခြင်း မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့နှစ်က သုံးဘီးယာဉ်တွေ၊ ဆိုင်ကယ်တွေကို အဓိကတင်သွင်းခဲ့ကြပြီး EV လူစီး၊ အိမ်စီးကား နှစ်ထောင်ဝန်းကျင်သာ အများဆုံးတင်သွင်းနိုင်ခဲ့ပါတယ်။

image
45 w - Translate

ငါဆို အဲ့တာအစ်ကိုတို့ ကိစ္စလေဆိုပြီး ပြန်ဝုန်းတာ😅😅
#kuukuu

image
45 w - Translate

စစ်တွေဆိပ်ကမ်း ဆက်လက်လည်ပတ်နိုင်ရန် ကြိုးပမ်းနေဟု အိန္ဒိယဆိပ်ကမ်းဝန်ကြီးပြော

ရန်ကုန်၊ အောက်တိုဘာ ၂

မြန်မာနိုင်ငံမှာ စစ်တွေဆိပ်ကမ်းကို ဆက်လက်လည်ပတ်နိုင်ရေးအတွက် မြန်မာအာဏာပိုင်တွေနဲ့ နီးနီးကပ်ကပ် ဆောင်ရွက်နေကြောင်း အိန္ဒိယအစိုးရ ဆိပ်ကမ်းနှင့် ရေကြောင်းကုန်သွယ်ရေးဝန်ကြီး ဆာဘန္နဒ ဆိုနိုဝယ်က ပြောပါတယ်။

အထူးသဖြင့် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေရဲ့ အနီးအနားပတ်ဝန်းကျင်က အခြေအနေတွေဟာ စိန်ခေါ်မှုအဖြစ် ရှိနေတယ်လို့ ဆိုပါတယ်။

သိုပေမယ့် အိန္ဒိယအစိုးရက နှစ်နိုင်ငံစလုံးနဲ့ ကုန်သွယ်ရေး၊ ဆက်ဆံရေးကို ထိန်းသိမ်းမြှင့်တင်ဖို့ ကတိပြုထားတယ်လို့ အိန္ဒိယဆိပ်ကမ်းဝန်ကြီးက Hindu Business Line သတင်းဌာနကို ပြောပါတယ်။

စစ်တွေဆိပ်ကမ်းက ကုလားတန်မြစ်ဝမှာ တည်ရှိပြီး အိန္ဒိယနိုင်ငံရဲ့ ကုန်းတွင်းပိတ်အရှေ့မြောက်ပိုင်းပြည်နယ်များအတွက် ရွေးချယ်စရာ နောက်ထပ်ရေလမ်းကြောင်းတစ်ခုအဖြစ် ပံ့ပိုးပေးမှာလို့လည်း အိန္ဒိယအစိုးရက မျှော်လင့်ထားပါတယ်။

စစ်တွေမှာ ဆောက်လုပ်မယ့် အဆောက်အဦတွေက ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း (KMTTP) ရဲ့ ရည်မှန်းချက်ကို ပြည့်မီစေမှာလို့လည်း အိန္ဒိယဆိပ်ကမ်းဝန်ကြီးက ပြောထားပါတယ်။

IPGL (India Ports Global Ltd) က ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေးစီမံကိန်း လည်ပတ်ဖို့ တာဝန်ယူမှာဖြစ်ပြီး စစ်တွေနဲ့ ပလက်ဝဆိပ်ကမ်းစီမံကိန်း ပြုပြင်ထိန်းသိမ်းခြင်းလည်း ပါဝင်တယ်လို့ သိရပါတယ်။

စစ်တွေဆိပ်ကမ်းက အိန္ဒိယထံမှ ကုန်သေတ္တာတွေကို ၂၀၂၃ ခုနှစ် မေလမှာ စတင်လက်ခံခဲ့ပြီး ဆိပ်ကမ်းဖွင့်ပွဲကို နစကဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်း တက်ရောက်ခဲ့ပါတယ်။

လက်ရှိမှာ စစ်တွေကုလားတန်ဆိပ်ခံတံတား (Kaladan Multi-Modal Transit Transport Project Jetty) ကို ယာယီပြည်တွင်းဆိပ်ကမ်းတံတားအဖြစ် သတ်မှတ်ပြီး ကမ်းရိုးတန်းသွားနဲ့ မြစ်တွင်းသွား သင်္ဘောတွေ ဆိုက်ကပ်အသုံးပြုနေပါတယ်။

image
45 w - Translate

ယခုနှစ်အတွင်း EV ကား ဝယ်လိုအား တက်လာ

ရန်ကုန်၊ အောက်တိုဘာ ၅

ကားဈေးကွက်အတွင်း အရောင်းအဝယ်ကျနေပေမယ့် မနှစ်ကထက် လျှပ်စစ်ယာဉ် EV ဝယ်လိုအား မြင့်တက်လာကြောင်း မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်အသင်း (MAMDA) ကနေ သိရပါတယ်။

လောင်စာဆီသုံး ICE ဈေးကွက်ထက် EV ကားဈေးကွက်မှာ ဝယ်လိုအားပိုများနေပြီး ယခုနှစ်မှာ ပိုရောင်းနေရတယ်လို့ MAMDA အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က မီဒီယာတွေကို ပြောပါတယ်။

“မနှစ်က EV ဝယ်တဲ့သူ ၅ ယောက်ဆိုရင် ဒီနှစ်မှာ ၇ ယောက် ဖြစ်လာနိုင်တယ်။ Demand လည်း တက်လာတယ်။ EV ဈေးကွက်လည်း မနှစ်ကထက်စာရင် ဒီနှစ်မှာ ပိုရောင်းရတယ်”လို့ ဆိုပါတယ်။

လက်ရှိ ICE ကားဈေးကွက်အတွင်း အနိမ့်ဆုံး ကျပ်သိန်း ၃၀၀ မှ သိန်း ၁၀၀၀ ကြား ရှိတဲ့ ကားတွေ အရောင်းအဝယ် ပိုဖြစ်နေတယ်လို့ သိရပါတယ်။

“လက်ရှိကားဈေးကွက်ကတော့ လွန်ခဲ့တဲ့ နှစ်လလောက်ထက်စာရင်တော့ ဈေးကွက်အေးပါတယ်။ ကျသင့်တဲ့ ကားလည်း ကျသွားတယ်။ လက်ရှိကားဈေးကွက်ကတော့ ကျတယ်လို့ပဲ ပြောရမယ်”လို့ ဦးကျော်စွာထွန်းမြင့်က ပြောပါတယ်။

ဝါကျွတ်ကာလအထိ ကားဈေးကွက်အတွင်း အရောင်းအဝယ် ဆက်ကျနိုင်ပြီး အပြောင်းအလဲ သိပ်မြင်တွေ့ရနိုင်ခြေမရှိဘူးလို့လည်း ၎င်းရဲ့ ပြောကြားထားချက်အရ သိရပါတယ်

image