44 w - Translate

သီတင်းကျွတ်ကာလ အထူးရထား ပြေးဆွဲပေးမည်
-------------------
သီတင်းကျွတ်ကာလအတွင်း ခရီးသွားပြည်သူတွေနဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေ အဆင်ပြေစွာ ခရီးသွားလာ နိုင်စေဖို့အတွက် ပုံမှန်ရထားခရီးစဉ်တွေအပြင် အထူးရထားခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားကနေ သိရပါတယ်၊၊

အထူးရထားခရီးစဉ်တွေအဖြစ် အောက်တိုဘာလ ၁၅ ရက်နဲ့ ၂၀ ရက်တွေမှာ ရန်ကုန်-ပြည်-ရန်ကုန် နဲ့ ရန်ကုန်-မော်လမြိုင်-ရန်ကုန် ခရီးစဉ်တွေကို တိုးချဲ့ပြေးဆွဲပေးသွားမှာပါ။

အောက်တိုဘာလ ၁၅ ရက်မှာ အဆန်အထူးရထားက ရန်ကုန်မှ နေ့လယ် ၁ နာရီလောက်မှာ ထွက်ခွာပြီး ပြည်ကို ည ၈နာရီ ၅၅ မိနစ်လောက်မှာ ရောက်ရှိမှာ ဖြစ်ပါတယ်။

ဆက်လက်ပြီး အဆန်အထူးရထားက ရန်ကုန်မှ မနက် ၇ နာရီ ၄၅ မိနစ်လောက်မှာထွက်ခွာပြီး မော်လမြိုင်ကို ညနေ ၅ နာရီ ၄၅ မိနစ်လောက်ရောက်ရှိမှာဖြစ်ကာ အစုန်အထူးရထားကတော့ မော်လမြိုင်မှ မနက် ၉ နာရီ ၁၅ မိနစ်လောက်မှာ ထွက်ခွာပြီး ရန်ကုန်ကို ည ၇ နာရီ ၁၀ မိနစ်လောက် ရောက်ရှိမှာဖြစ်တယ်လို့ သိရပါတယ်၊၊

အဲ့ဒီအပြင် အောက်တိုဘာလ ၂၀ ရက်နေ့မှာတော့ အစုန်အထူးရထားက ပြည်မှ ည ၁၀ နာရီခွဲလောက် ထွက်ခွာကာ ရန်ကုန်ကို နောက်တစ်နေ့ မနက် ၆ နာရီခွဲ ရောက်ရှိမှာဖြစ်ပါတယ်။

အဆန်အထူးရထားကတော့ ရန်ကုန်မှ မနက် ၇ နာရီ ၄၅ မိနစ်လောက် ထွက်ခွာပြီး မော်လမြိုင်ကို ညနေ ၅ နာရီ ၄၅ မိနစ်လောက် ရောက်ရှိမှာဖြစ်သလို အစုန်အထူးရထားကတော့ မော်လမြိုင်မှ မနက် ၉ နာရီ ၁၅ မိနစ်လောက် ထွက်ခွာပြီး ရန်ကုန်ကို ည ၇ နာရီ ၁၀ မိနစ်လောက် ရောက်ရှိမှာ ဖြစ်တယ်လို့ သိရပါတယ်၊၊

နှစ်စဉ် သီတင်းကျွတ်ကာလမှာ အထူးရထားတွေ ပြေးဆွဲပေးနေပြီး အရင်နှစ်နဲ့ နှိုင်းယှဉ်ရင် ရထားစီးခရီးသည် နည်း နေသေးတယ်လို့ ရန်ကုန်ဘူတာကြီးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

အထူးရထားခရီးစဉ်တွေအပြင် ခရီးသွားပြည်သူတွေ လိုက်ပါစီးနင်းမှုအပေါ်မူတည်ပြီး ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်အတွက် ပုံမှန်ပြေးဆွဲပေးလျက်ရှိတဲ့ ရထားတွေမှာ ဝန်ချိန်ပြည့် တွဲဆိုင်းတွေကို တိုးချဲ့ ချိတ်ဆက် ပြေးဆွဲပေးသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်၊၊

ဒါ့အပြင် ရထားစီးခရီးသွားပြည်သူတွေတွေကို လက်မှတ်ရောင်းချရာမှာ အထက်တန်းလက်မှတ်တွေကို ၃ရက် ကြိုတင်ပြီးရောင်းချမှာဖြစ်သလို ရိုးရိုးတန်းလက်မှတ်တွေကို ၁ရက်ကြိုတင်ပြီး ရောင်းချပေးသွားမှာဖြစ်ကာ ရထားလက်မှတ်ခနှုန်းထားနဲ့ ရပ်တန့်မယ့်ဘူတာတွေက ပုံမှန်ပြေးဆွဲပေးနေတဲ့အတိုင်းဖြစ်တယ်လို့ သိရပါတယ်၊၊

image
image
image
44 w - Translate

စက်တင်ဘာလတွင် ပြည်ပသို့ ဆန်နှင့်ဆန်ကွဲ တန်ချိန် (၂၁၀၀၀၀) ကျော်တင်ပို့ခဲ့ပြီး ကန်ဒေါ်လာ ၁၀၄ သန်းရရှိထား

ပြီးခဲ့သည့် စက်တင်ဘာလတွင် ပြည်ပသို့ ဆန်တန်ချိန် (၂၁၀၀၀၀) ကျော်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၀၄) သန်းရရှိထားကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်ထားသည့်အချက်အလက်များအရ သိရသည်။

ပြည်ပသို့ ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင် ကုမ္ပဏီ (၆၂) ခုမှ ဆန်တန်ချိန် (၁၄၀၀၀၀) ကျော်၊ ဆန်ကွဲတန်ချိန် (၇၅၀၀၀) ကျော်ကို အင်ဒိုနီးရှား၊ တရုတ်၊ ဖိလစ်ပိုင်၊ ကင်မရွန်း ၊ ပိုလန်၊ ဗီယက်နမ်နှင့် နယ်သာလန်သို့ တင်ပို့ခဲ့ကြောင်း သိရသည်။

လအလိုက်တင်ပို့မှုကို နှိုင်းယှဉ်ကြည့်ပါက စက်တင်ဘာလတွင် တင်ပို့မှုအများဆုံးဖြစ်ပြီး မေလတွင် တင်ပို့မှုအနည်းဆုံးဖြစ်ကြောင်း သိရသည်။

၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ပနိုင်ငံများသို့ ဆန်နှင့် ဆန်ကွဲတင်ပို့မှု အနေဖြင့် ဧပြီလတွင် (၁၁၁၈၆၂) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၅၅) သန်း၊ မေလတွင် (၇၁၂၇၉ ဒသမ ၅) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၃၆) သန်း၊ ဇွန်လတွင် (၁၆၂၃၂၅၇၅) မ က်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၄) သန်း၊ ဇူလိုင်လတွင် (၁၆၅၄၄၄ ဒသမ ၃) မက်ထရစ်တန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၁) သန်း၊ ဩဂုတ်လတွင် (၂၀၇၃၆၉ ဒသမ ၉) မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၉၇) သန်း၊ စက်တင်ဘာလတွင် (၂၁၉၅၆၅ ဒသမ ၁၃)မက်ထရစ်တန်တင်ပို့မှုမှ ကန်ဒေါ်လာ (၁၀၄) သန်းရရှိထားကြောင်း သိရသည်။

ထို့ပြင် ယခုဘဏ္ဍာနှစ်အတွင်း ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း (၁၀၀၀) ကျော်ရရှိရန် မျှော်မှန်းထားကြောင်းလည်း သိရသည်။

image
44 w - Translate

လက်ရွေးစင်းအတွက် ၃၆ပွဲမှာ ၃၄ဂိုးသွင်းပြီး ဂိုးအများဆုံးသွင်းသူအဖြစ် မှတ်တမ်း၀င်လာတဲ့ ဟာလန်း

image
44 w - Translate

တော်တယ် ချောတယ် ယဥ်ကျေးတယ်
But ရည်းစားမရှိဘူး😿

image
44 w - Translate

နော်...😏👉🎁
#kuukuu

image
44 w - Translate

ဂုဏ်သိက္ခာပိုင်းတွေ စကားပြောလာပြီ ဆို ၅၀၀၀တန် အရုပ်ကိုလည်း ၅၀၀၀၀ လောက် ရင်းကောက်ရတာပဲ
$ခွက်ကိုမေးအုံး ၂ပြားမတန်ဘူး

image
44 w - Translate

နာကျင်ရ‌အကြိမ်ရေများလို့သာ
မေတ္တာတွေပြန်သိမ်းလိုက်ရတာပါ
ကိုယ့်မှာမင်းအတွက်ဆိုချည်းပဲ ရည်ရွယ်ခဲ့ဖူးတာ ။

သံသရာမှာ သံသယကင်းခဲ့ပါရဲ့
အဆုံးသတ်မှာတော့
မရွေးချယ်ခြင်းကြောင့်နောက်ဆုတ်ခဲ့ပါတယ် ။

#မိုးဆောင်းဝေ

image
44 w - Translate

#mgi2024 👑✨🏝️MYANMAR🇲🇲
COLUMBIA PICTURES AQUAVERSE💦
#missgrandinternational2024
Thae Su Nyein❤️

imageimage
44 w - Translate

👉👉 ဂရိအသင်းဟာ အင်္ဂလန်ဂိုးပေါက်ထဲကို ၅ကြိမ်အထိ ဂိုးသွင်းနိုင်ခဲ့ပြီး ( ၃ဂိုး ပယ်ဖျက်ခံရ ) သမိုင်းတစ်လျောက် အင်္ဂလန်ကို ပထမဆုံးအကြိမ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

image
44 w - Translate

တလစာလုံးကိုလဝက်နဲ့ကုန်အောင်သုံးမိသွားသောအခါ

image