2 yrs - Translate

Best Emerald Green Hair Ideas 💚

image
2 yrs - Translate

Best Emerald Green Hair Ideas 💚

image
2 yrs - Translate

Best Emerald Green Hair Ideas 💚

image
2 yrs - Translate

Best Emerald Green Hair Ideas 💚

imageimage
+5
2 yrs - Translate

မိုးလွန်ကာလတွင် ဖျက်မိုးရွာသွန်းတတ်သည့်အတွက် စိုက်ပျိုးရေး လုပ်ကိုင်သူများ သတိထားရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင် အသိပေး ပြောဆို

မိုးလွန်ကာလ ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်အတွင်းဖြစ်ပေါ်တတ်သည့် လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်းများကြောင့် ဖျက်မိုးရွာသွန်းတတ်သည့်အတွက် စိုက်ပျိုးရေး လုပ်ကိုင်သူများ သတိထားရန် ပြင်ပမိုးလေဝသပညာရှင် ဦးဝင်းနိုင်က ယနေ့ အောက်တိုဘာ(၁၀) ရက်တွင် အသိပေးပြောဆိုထားသည်။

အောက်တိုဘာ (၁၄) ရက် ၊ ညပိုင်းတွင် ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း ပင်လယ်ပြင်တွင် လေဖိအားနည်းဆဲလ်(Low Pressure Cell) တစ်ခု စတင်ဖြစ်ပေါ်နိုင်ပြီး အောက်တိုဘာ(၁၆) ရက် နေ့လယ်ပိုင်းတွင် အိန္ဒိယနိုင်ငံအလယ်ပိုင်းအား ကျော်ဖြတ်ပြီးနောက် အာရေဗျပင်လယ်ဘက်သို့ ရောက်ရှိသွားနိုင်မည်ကြောင်း ၎င်းက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

အဆိုပါ လေဖိအားနည်းရပ်ဝန်းမှာ မြန်မာနိုင်ငံဘက် ဦးတည်ရွေ့လျားမည် မဟုတ်သော်လည်း အရှေ့ဘက်မှ လေစီးကြောင်းကို အားကောင်းစေပြီး ကပ္ပလီပင်လယ်၊ မုတ္တမကွေ့တို့တွင် အရှေ့လေအား ကောင်းလာမည်ဟု ၎င်းက ရေးသားထားသည်။

ထို့ကြောင့် ထိုင်းပင်လယ်ကွေ့နှင့် တောင်တရုတ်ပင်လယ်ဘက်မှ မိုးတိမ်များပါလာခဲ့လျှင် မြန်မာနိုင်ငံ အရှေ့ပိုင်းနှင့် ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြ ည်နယ်၊ တနင်္သာရီတိုင်းတို့တွင် အခါလွန်မိုး(ဖျက်မိုး)များ ရွာသွန်းတတ်ကြောင်းနှင့် ကချင်ပြည်နယ်အတွင်း နေရာကွက်၍ မိုးများနိုင်ပြီး၊ ရေကြီးနေဆဲ ဒေသများတွင် မိုးရေချိန်များသော မိုးများ ရွာသွန်းနိုင်မည် မဟုတ်ဟု ၎င်းက ဆိုသ ည်။

ယနေ့ အောက်တိုဘာ (၁၀) ရက်မှာ မိုးနှောင်းကာလကျော်လွန်ပြီး မိုးလွန်ကာလအတွင်း စတင်ဝင်ရောက်ကာ အနောက်တောင်မုတ်သုံလေမှာမှာလည်း စတင်ဆုတ်ခွာနေပြီဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှလည်း ကြေညာထားပြီးဖြစ်ကြောင်း သိရသည်။

“မုတ်သုံလေဆုတ်ခွာချိန်မှာ မုတ်သုံမြောင်တန်း (MONSO ON TROUGH)က ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းမှ တောင်ပိုင်း အီကွေတာဘက်သို့ တဖြည်းဖြည်း နိမ့်ကျလာချိန်လည်း ဖြစ်ပါတယ်။ ဒီအချိန် မိုးလွန်ကာလအတွင်းမှာ ဘင်္ဂလားပင်လယ်အော်နဲ့ တောင်တရုတ်ပင်လယ်တွေအတွင်း ဖြစ်ပေါ် တတ်တဲ့ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံပေါ်ကို အရှေ့-အရှေ့မြောက်နဲ့ တောင်ဘက်အရပ်များဆီက မိုးတိမ်တွေသယ်ဆောင်လာတတ်ပြီး အခါ လွန်မိုး (ဖျက်မိုး)တွေ ရွာသွန်းတတ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် မိုးလွန်ကာလကုန်ဆုံးချိန် နိုဝင်ဘာ(၃၀) ရက်အထိ မိုးလေဝသ အခြေအနေများကို စဉ်ဆက်မပြတ် နားထောင်ပြီး စပါးရိတ်သိမ်းချိန်အတွင်း အပျက်အစီးများ မရှိရအောင် အမိုးအကာများ ကြိုတင်ဖုံးအုပ်ကာကွယ်ထားရန် စသည်ဖြင့် ပြင်ဆင်ထားသင့်ကြောင်း ၎င်းကဆိုသည်။

image
2 yrs - Translate

နိုင်ငံအသီးသီးရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် IOM နှင့် အလုပ်သမားဝန်ကြီးတို့ ဆွေးနွေး

ပြည်ပနိုင်ငံအသီးသီး၌ အလုပ်လုပ်ကိုင်နေရသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် အကူအညီပေးနိုင်ရေး ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) နှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့ ဆွေးနွေးခဲ့ကြသည်။

နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာနတွင် အောက်တိုဘာ (၉)ရက်က IOM ၏ Chief of Mission ဖြစ်သူ Mr. Daihei Mochizuki ဦးဆောင်သော အဖွဲ့ကို လက်ခံတွေ့ဆုံစဉ် ယင်းသို့ဆွေးနွေးခြင်း ဖြစ်သည်။

ဆွေးနွေးချက်များတွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများ လုံခြုံစိတ်ချစွာ ရွှေ့ပြောင်းလုပ်ကိုင်နိုင်ရေး၊ လူမှုကာကွယ်စောင့်ရှောက်မှုပေးနိုင်ရေး၊ ရွှေ့ပြောင်းအလုပ်သမားများအား လူသားချင်းစာနာထောက်ထားမှု အကူအညီများ ဆောင်ရွက်ပေးနိုင်ရေး အပါအဝင် အလုပ်သမားရေးရာ ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် MoU လက်မှတ်ရေးထိုးရေးကိစ္စရပ်များနှင့် အလုပ်သမားဝန်ကြီးဌာနနှင့် IOM တို့ ပူးပေါင်းပြီး နိုင်ငံတကာလုပ်သားများ ရွှေ့ပြောင်းသွားလာခြင်း စီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များလည်း ပါဝင်ကြောင်း သိရသည်။

image
2 yrs - Translate

သီတင်းကျွတ်မုန့်ဖိုး​ပေးရမှာ လက်တွန့်​နေတဲ့ ​သူများကြည့်ထားကြ​နော်.....ဟွင်းဟွင်းဟွင်းးး😎🤭

image
2 yrs - Translate

အကြောင်းပြချက်တွေ မလိုပါဘူး
လူတွေက သူတို့မချစ်တဲ့လူတွေဆိုရင်
ဘယ်လောက်ပဲ ချစ်ပြ ချစ်ပြ သူတို့ချစ်ချင်မှ ချစ်တာ..

MyatThu

image
2 yrs - Translate

တစ်ယောက်ယောက်က
မင်းကို ကူညီတဲ့အချိန်မှာ သူတို့လည်း---"

ရုန်းကန်နေရပါတယ် အဲဒါ
အကူအညီမဟုတ်ဘူး အဲဒါ ချစ်ခြင်းမေတ္တာ---"😔🥀

- မိုဃ်းဇော်

image
2 yrs - Translate

ဝက်ဆလပ်သွားစားတာလောက်တော့ သနားတာပေါ့😌😌
#kuukuu

image