Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
လူမသိ ... သူမသိ
မင်းမှာ ရည်းစားရှိလို့လားဆိုတဲ့
မေးခွန်းတွေကို
ဘယ်လိုထင်လို့လဲဆိုတဲ့
မေးခွန်းတွေလောက်နဲ့
ပြန်ချေပ ခဲ့ရတာလေ ။
ငါ့မှာ မင်းရှိနေမှန်း
ဘယ်သူမှ မသိကြဘူး
ပြီးတော့ ...
ဘယ်သူ့ကိုမှလဲ ချမပြခဲ့ဘူးလေ။
မင်းကို ချစ်တယ်
ပြီးတော့ ...
မင်းကလဲ ချစ်တယ်ဆိုတဲ့
ဘ၀တွေမှာ
ပျော်အောင် နေဖို့လောက်တွေးခဲ့တာ ။
လူမသိ သူမသိ ရှိခဲ့ကြတဲ့
ချစ်ခြင်းမေတ္တာတွေပေါ့ ...
အဆုံးသတ်တွေမှာလဲ
လူမသိ သူမသိပဲ ကြွေကွဲရပြန်တယ်
ဘယ်သူမှ မသိအောင် ချစ်ခဲ့တော့
ဘယ်သူမှ မသိအောင် ကြေကွဲခဲ့ရတာပေါ့
အသည်းကွဲနေတယ်လို့
အော်နေလို့ မရဘူး
နာကျင်နေပါတယ်ဆိုပြီး
ငိုချလိုက်လို့လဲ မရဘူး
လူမသိ သူမသိပဲ ...
နာကျင်ရင်း
ပြုံးရတာပေါ့ ။
#ကျေးကို
လမ်းခွဲပြတ်စဲပြီးတော့မှ
ကိုယ်ကောင်းတယ်
သူမကောင်းဘူးဆိုတဲ့
အပြစ်မြင်တဲ့စကားတွေ
မပြောချင်တော့ဘူး။
ချစ်ခဲ့တုန်းက အမှတ်တရတွေက
လမ်းခွဲတော့မှ ခါးခဲ့ရတယ်မဖြစ်စေချင်ဘူးကွယ်။
ကိုယ်ကမှန်တယ် သူကမမှားဘူးဆိုတာတွေထက်
လမ်းဆုံးမို့ ခွဲကြရတယ်လို့မှတ်လိုက်မယ်။
ဘယ်သူကိုယ်မှအပြစ်မဖို့ချင်လို့ကွယ်။
ဆယိကျော်သက် နုငယ်စဉ်ကလို
နင်မရှိရင်မဖြစ်ဆိုပြီး
ကိုယ်လည်းမငိုသလို
သူလည်းမျက်ရည်မကြတာ
မချစ်ခဲ့လို့မှမဟုတ်တာ။
ရှေ့ဆက်ဖို့မဖြစ်နိုင်တဲ့အခြေအနေမှာ
တစ်ယောက်ကိုယ်တစ်ယောက်
နာကျင်စေတဲ့စကားလုံးတွေမသုံးပဲ
အေးအေးသာသာပဲ
နှုတ်ဆတ်လိုက်ကြတယ်။
ကိုယ်တွေက ရင့်ကျက်သင့်တဲ့အရွယ်မို့ပါ။
ကိုယ်လည်း ကိုယ့်လမ်းကိုဆက်လျောက်မှာဖြစ်သလို
သူလည်းသူ့ပန်းတိုင်ကိုသူလှမ်းနေတာပါပဲ။
အချိန်တွေကြာလို့ တခြားသူတွေက
သူ့အကြောင်းမေးတဲ့အခါ
မတွေ့ဖြစ်တာကြာပြီလို့
ကိုယ်ကလည်း ခပ်ပြုံ းပြုံ းလေးဖြေမှာသေချာသလို..
သူ့ကိုမေးလည်း
ငါ့တို့လက်မတွဲဖြစ်ခဲ့ကြဘူးလို့ ရီဝေဝေပြန်ဖြေမှာပါ။
ဒါပေမဲ့
ချစ်နေတုန်းက ရှိခဲ့တဲ့အမှတ်တရတိုင်းက
အမြဲတမ်းချိူ မြိန်ခဲ့တယ်ဆိုတာကိုတော့
ဝန်ခံရဲဖို့တော့လိုတာပေါ့နော်။
#crd_to_owner_with_respect
လိုက်ပို့ကြပါအုံး
ရန်ကုန်
မြောက်ဥကာလာမြို့နယ်မှာရှိတဲ့ကော်ဖီဆိုင်🍀
ဒီဆိုင်လေးက သစ်ပင်လေးတွေနဲ့စိမ်းစိမ်းစိုစိုရှိတဲ့ Breeze Cafe☕️🍀
Breeze Cafe ဆိုင်ရဲ့ Vibes လေးက မိုးရွာရွာ၊ နေပူပူဒီအတိုင်းလေးပါပဲ🍀
အခုလာမယ့်သီတင်းကျွတ်ပိတ်ရက်လေးမှာချစ်သူခင်သူတွေနဲ့ဘယ်မှာသွားDateရမှာလဲလို့တွေးထားရင် နှစ်ခါမစဥ်းစားနဲ့ Breeze Cafeကိုသာလှမ်းလာပါ☘️
ကော်ဖီဆိုင်လေးလည်းလှသလို
ပုံရို.က်လို့လှတဲ့နေရာလေးပါ🍀
☕️Coffee ကောင်းကောင်းလဲ သောက်ချင်တယ် သဘာဝန်ဆန်ဆန်လဲ ဓာတ်ပုံရို.က်ချင်တယ် စိမ်းစိုလှပနေတဲ့ အပင်လေးတွေလည်းရှိတဲ့နေရာရာဖြစ်ရမယ်ဆိုတဲ့သူတွေအတွက် သငတို့အတွက်သင့်တော်နေရာလေး🍀
☕️coffee အမျိုးအစားလဲ စုံစုံလင်လင်ရတဲ့ဆိုင်လေးပါ ☕️
☕️ကော်ဖီကောင်းကောင်လေးသောက်ချင်ရင်ဒီ Breeze Cafeကိုညွန်းပေးတယ်နော်😍
🍀မိုးအကုန်ဆောင်းအကူးအငွေ့အသက်လေးတွေရယ်
လေထုအေးအေးလေးနဲ့ ဒီကော်ဖီဆိုင်လေး ဟာဆိုရင်ဖြင့် နှစ်သစ်မှာ ရည်းစားအသစ်ရထားတဲ့လူတွေရော နှစ်တွေပြောင်းလည်း အချစ်တွေမပြောင်းတဲ့လူတွေရော Winter Vibes Photoshooot လုပ်ချင်တဲ့လူတွေရော အကုန်လာကိုလာသင့်ပါကြောင်း😍
တခြားသော Menu တွေလည်းရပါတယ်နော်🍀
လိပ်စာ📩
ခြံအမှတ် ၁၀၁၊ ကျောက်စိမ်းပတ်လမ်း (ရတနာကျွန်းရိပ်သာ)၊ သုနန္ဒာလမ်း ( ဘုရားကြီးဘက် )၊ မြောက်ဥက္ကလာပမြို့နယ်
Open Daily // 90am - 60pm
🚌Breeze Cafeဆိုင်ကိုYBSနဲ့လာမယ့်ဆိုရင် သုဓ္ဓမ္မာလမ်းမကြီးပေါ်က " သုနန္ဒာလမ်းဆုံမှတ်တိုင် " မှာဆင်းရပါမယ်
🚗" သုနန္ဒာလမ်းဆုံမှတ်တိုင် " ကိုတော့ YBS ( 19, 32, 35, 42, 64, 93, 115, 116, 119 ) တို့ရောက်ပါတယ်
🚗မှတ်တိုင်ကနေ ဘုရားကြီးရှိတဲ့ဘက်ကို လမ်းမကြီးအတိုင်းဝင်လာရင် " ချမ်းမြေ့ " ဆိုတဲ့ဆေးရုံရဲ့ အကျော်၊ ချောင်းလေးကိုကျော်တာနဲ့ ညာဖက်မှာဆိုရင် ဆိုင်ရဲ့လမ်းထိပ်ကိုရောက်ပါပြီခင်ဗျ
🚗သတိပြုစရာအနေနဲ့ 64 ကိုစီးရင်ဝောာ့ သုဓ္ဓမ္မာ လို့ ရေးထားမှ " သုနန္ဒာမှတ်တိုင် " ကိုရောက်ပါလိမ့်မယ်နော်
သီတင်းကျွတ်ရင်ဒီဆိုင်မှာဆုံမယ်နော်❤️




မင်းဟာမင်း ကြိုက်သလောက်မိုက်ရိုင်း
မင်းအနားမှာ မိတ်ဆွေစစ်ဆိုတာ
လက်ငါးချောင်းထက် မပိုဘူး။
မင်းဟာမင်း ကြိုက်သလောက် လိမ္မာ
မင်းနားမှာ မိတ်ဆွေစစ်
လက်ငါးချောင်းထက် မပိုဘူး။
ကျန် တာက စောက်ပိုတွေချည်းပဲ။
#ဘုန်းပြည့်စုံမင်း
အင်နီယေစတာနှုတ်ဆက်ပွဲ ဘာစီလိုနာ၌ ပြုလုပ်
---------------------
စပိန်လက်ရွေးစင်အသင်း၊ ဘာစီလိုနာအသင်းတွေနဲ့အတူ အောင်မြင်မှုတွေရခဲ့တဲ့ ကွင်းလယ်လူ အင်နီယေစတာရဲ့ နှုတ်ဆက်ပွဲကို အောက်တိုဘာ ၈ ရက်က ဘာစီလိုနာမြို့မှာ ပြုလုပ်ခဲ့ပါတယ်။ အသက် ၄၀ အရွယ် အင်နီယေ စတာဟာ ကစားသမားဘဝ ၂၄ နှစ်တာကာလအတွင်း စပိန်လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားနဲ့ ယူရို ချန်ပီယံဆုတွေအပါအဝင် အောင်မြင်မှုတွေရခဲ့သလို ဘာစီလိုနာအသင်းနဲ့လည်း လာလီဂါနဲ့ ချန်ပီယံလိဂ် ဆုဖလားတွေ ရယူနိုင်ခဲ့တာပါ။
ယူအေအီးကလပ် အမ်းမရိတ်စ်အသင်းမှာ နောက်ဆုံးကစားခဲ့ပြီးနောက် ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တဲ့ အင်နီယေစတာက ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်သလို ဘောလုံး ကစားတာကို အမြဲတမ်းသတိရနေမှာ ဖြစ်တယ်လို့ ပြောသွားခဲ့ပါတယ်။ ဘောလုံးနဲ့အဝေးမှာ မနေနိုင်တဲ့အတွက် နည်းပြအဖြစ်နဲ့ ဘောလုံးလောကထဲကို ပြန်ရောက်လာနိုင်ဖွယ်ရှိတယ်လို့လည်း အင်နီယေစတာက ပြောသွားခဲ့ ပါတယ်။
အင်နီယေစတာရဲ့ နှုတ်ဆက်ပွဲကို ဘာစီလိုနာအသင်း တာဝန်ရှိသူတွေအပြင် ဂါဗီနဲ့ ဖာတီတို့လို ဘာစီလိုနာကစားသမားတွေပါ တက်ရောက်လာခဲ့တာကို တွေ့ရပါတယ်။ အင်နီယေစတာရဲ့ ဘာစီလိုနာ အသင်းဖော်ဟောင်း မက်ဆီကလည်း စပိန်ဘောလုံးလောကရဲ့ အကောင်းဆုံးကစားသမားတစ်ယောက်လို့ လူမှုကွန်ရက်မှာ အင်နီယေစတာကို ချီးကျူးသွားခဲ့ပါတယ်။
ဒညင်းသီးတွေလက်ဆောင်ရထားတော့😊
အဲ့လိုလေးအစပ်ကြော်စားပါတယ်နော်😋
ဒညင်းသီးကိုပြုတ်ပီးလှီးထားပါ။
ကြက်သွန်ဖြူ၊အနီငရုပ်သီးစိမ်ထောင်းထားပါ။
ဆီပူရင်ထောင်းထားတာထည့်မယ်ဆီသတ်ပါ။
လှီးထားတဲ့ဒညင်းသီးကိုထည့်မယ်။
အရသာမှုန့်၊ခရုဆီ၊ငံပြာရည်လေးနည်းနည်းထည့်။
ခနတော့ကြော်ပေးပီးချခါနီးငရုပ်သီးအကျက်မှုန့်ထည့်ပေးပီးရင်တော့စားလို့ရပါပီးနော်😋😋😋