51 w - Translate

#နိုင်ငံတကာသတင်း
◼ဓာတ်အားခွဲရုံမီးလောင်မှုကြောင့် လန်ဒန်မြို့ ဟိသရိုးလေဆိပ်ကို ပိတ်ထားရ
လန်ဒန်မြို့၊ ဟိသရိုး‌လေဆိပ်အနီးရှိ လျှပ်စစ်ဓာတ်အားခွဲရုံမီးလောင်ပြီး လျှပ်စစ်မီးပြတ်တောက်မှုကြောင့် လေဆိပ်ကို ယနေ့(မတ် ၂၁ ရက်) တစ်နေ့လုံးပိတ်ထားမည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းမှ လေယာဉ်ခရီးစဉ်များကို ထိခိုက်ခဲ့သည်။
လန်ဒန်မြို့ အနောက်ဘက် ‌‌ဟေးယက်စ်ဒေသမှ မီးလောင်ကျွမ်းမှုကိုမီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး က ငြှိမ်းသတ်နေကြကြောင်း လန်ဒန်မီးသတ်တပ်ဖွဲ့ကပြောကြားသည်။
ယင်းမီးလောင်မှုကြောင့် ကမ္ဘာပေါ်တွင် ပဉ္စမမြောက် လေယာဉ် အဝင်အထွက် အများဆုံးဆိပ်တွင် လျှပ်စစ်ဓါတ်အား ပြတ်တောက်မှုဖြစ်ပေါ်ခဲ့ရသည်။
မီးညွန့် မီးတောက်များ နှင့် မီးခိုးလုံးများ တက်လာနေသည်ကို တွေ့ရှိရပြီး အနီးအနား အဆောက်အဦးများမှ လူပေါင်း ၁၅၀ ခန့်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးထားကာထောင်နှင့်ချီသော အဆောက်အဦများတွင် ဓာတ်အားပြတ်တောက်နေသည်။
မီးလောင်မှုဖြစ်ရသည့်အကြောင်းရင်းကို မသိရသေးကြောင်း မီးသတ်တပ်ဖွဲ့က ဆိုသည်။
ဒေသစံတော်ချိန်မတ် ၂၁ ရက် ည သန်း‌ခေါင်ချိန်အထိ လေဆိပ်ကို ပိတ်ထားမည်ဖြစ်ကြောင်း နှင့် ခရီးသည်များအနေဖြင့် လေဆိပ်သွားမသွားကြရန် ဟိသရိုးလေဆိပ် က X ဆိုရှယ်မီဒီယာတွင် ပြောကြားသည်။
လေယာဉ်ခရီးစဉ်များကို ခြေရာခံသော FlightRadar24 ဝက်ဘ်ဆိုက်၏ အချက်အလက်များအရ ဟိသရိုးသို့ ဆိုက်ရောက်လာမည့် လေယာဉ်ခရီးစဉ် အနည်းဆုံး ၁၂၀ ကို အခြားလေဆိပ်များသို့ လမ်းကြောင်း ပြောင်းပေးခဲ့ရကြောင်း သိရသည်။
ယနေ့တစ်နေ့လုံးတွင် ဟိသရိုးလေဆိပ်သို့ အဝင်အထွက် ခရီးစဉ် အနည်းဆုံး ၁၃၅၁ ခု ကို ထိခိုက်နိုင်ကြောင်း သိရသည်။
British Airways လေကြောင်းလိုင်းတစ်ခုတည်းကပင် ဟိသရိုးလေဆိပ်သို့ ဆိုက်ရောက်လာမည့် လေယာဉ်ခရီးစဉ် ၃၄၁ ခုရှိကြောင်း သိရသည်။
ဟိသရိုးလေဆိပ်သည် ကမ္ဘာပေါ်တွင် အချက်အခြာကျသော လေဆိပ်ကြီးတစ်ခုဖြစ်‌သောကြောင့် ကမ္ဘာတစ်ဝန်းက လေကြောင်းလိုင်းများ၏ လုပ်ငန်းလည်ပတ်မှုများကို ထိခိုက်မည်ဖြစ်ကြောင်း FlightRadar24 ဝက်ဘ်ဆိုက်မှ ပြောရေးဆိုခွင့်ရှိသူ အီယန်းပက်ချီနစ် က ပြောသည်။
လျှပ်စစ်ဓာတ်အား မည်သည့်အချိန်တွင် ပြန်လည်ရရှိမည်ဆိုခြင်းမှာ ရှင်းရှင်းလင်းလင်းမရှိသေးကြောင်း နှင့် ရှေ့လာမည့်ရက်များတွင်လည်း ထိခိုက်မှုများဆက်ရှိနေမည်ဟုမျှော်လင့်ကြောင်း ဟိ သရိုး လေဆိပ်ပြော‌ရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။
ကိုးကား-ရဲမင်း
ကိုးကား- Reuters/CNA

image
51 w - Translate

ဓာတုဗေဒ ကျောင်းဆရာအဖြစ်ကနေ စျေးကွက်ကောင်းတဲ့ ကျောင်းသားတစ်ယောက်နဲ့ မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချဖို ဖြစ်လာတဲ့အခါ (Season 1)

Breaking Bad
2008 ‧ Action/Thriller ‧ Seasons 1

Season 1 တင်ပါဗျ ကျန်တဲ့ Season တွေ နောက်ရက်တွေလာပါမယ်ခင်ဗျ။

အထက်တန်းကျောင်းက
ဓာတုဗေဒ ဆရာတစ်ယောက် ရှိပါတယ်။
သူဟာ ရိုးသားတဲ့ ကျောင်းဆရာတစ်ယောက်ပါ။
သူ့မှာ ခွဲစိတ်ကုသလိုမရတဲ့ အဆုတ်ကင်ဆာရောဂါ
ရှိနေမှန်းကို သိရှိခဲ့ရပါတယ်
သူ့မိသားစုရဲ့ရှေ့ရေးအတွက်
ဘယ်လိုစီမံရမယ် ဆိုတာကနေစပြီး ဒီဇာတ်လမ်း စပါတယ်။
ဓာတုဗေဒကျွမ်းကျင်တဲ့ ဆရာတစ်ယောက်အနေနဲ့
Methamphetamine ဘယ်လိုထုတ်ရမယ်ဆိုတာကို သိပါတယ်။
ဈေးကွက်ကို ရှာဖိုတော့
ဈေးကွက်ကျွမ်းကျင်တစ်ယောက် လိုအပ်ပါတယ်။
နှစ်ယောက်တွေ့ဆုံမိတဲ့အခါမှာတော့
နှစ်ယောက်ပေါင်း လောင်းကျော် ဖြစ်ကြပါတော့တယ်။
ပညာတတ်တစ်ယောက် ဆိုးတဲ့မိုက်တဲ့အချိန်ကျရင်
သူမတူအောင် မိုက်ပါတော့တယ်။
ကမ်းကုန်အောင် မိုက်ပါတော့တယ်။
နာမည်ကြီးပြီးသားဇာတ်လမ်းဆိုတော့
ဒီလောက်ပဲ ညွှန်းပါတော့မယ်။
နာမည်ကြီး Game of Thrones (GOT) ကို
ကျော်ပြီး ကြည့်ရှုနှုန်းမြင့်မားခဲ့တဲ့ ဇာတ်လမ်းတွဲဆိုတော့
အရမ်းညွန်းစရာ လိုမယ် မထင်ပါဘူး။
IMDb Rating ကတော့ 9.5/10 ပါ
Rotten Tomatoes အနေနဲ့ကတော့ 98% ဆိုတော့
မသေခင် ကြည့်သင့်တဲ့ဇာတ်လမ်းတွဲတွေထဲမှာ တစ်တွဲပေါ့ဗျာ

image
51 w - Translate

ထိုင်းဖုန်းနံပါတ် +66 ဖြင့် ဖွင့်ထားတဲ့ KBZPay အကောင့်တွေယာယီဆိုင်းငံ့ထားပြီး မြန်မာဆင်းကတ်နဲ့ ပြန်ပြောင်းပါက မူလအတိုင်းပြန်သုံးနိုင်မည်
********************
(ပြည်တွင်း) မတ်လ ၂၁
ထိုင်းနိုင်ငံဖုန်းနံပါတ် +66 နဲ့ဖွင့်ထားတဲ့ KBZ Pay အကောင့်တွေကို မတ်လ ၁၉ ရက်ကနေစတင်ပြီး ငွေလွှဲငွေ ထုတ်ဝန်ဆောင်မှုကို ယာယီဆိုင်းငံ့ထားမှာဖြစ်ကြောင်း KBZPay ဘက်ကသုံးစွဲသူများဆီသို့ တရားဝင်အသိပေး ထားတယ်လို့ သိရပါတယ်။

KBZPay ရဲ့အသိပေးချက်မှာ KBZPay အကောင့်ကို +66 ဖုန်းနံပါတ်နဲ့ အသုံးပြုနေပါက လက်ရှိမူဝါဒ ပြောင်းလဲမှုများအရ KBZPay ဝန်ဆောင်မှုများအားပြည်တွင်း မြန်မာဖုန်းနံပါတ်ဖြင့်သာ အသုံးပြုနိုင်မယ်လို့ သုံးစွဲသူများထံ အကြောင်းကြားထားပြီး အဆိုပါဖုန်းနံပါတ်များကို မတ်လ ၁၉ ရက်ကနေ စတင်ကာ ငွေလွှဲဝန်ဆောင်မှုများ ယာယီဆိုင်းငံ့ ထားမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် မြန်မာဖုန်းနံပါတ်ဖြင့် ပြောင်းလဲအသုံးပြုရန် KBZPay App ထဲရှိ “ဖုန်းနံပါတ်ပြောင်းရန်” function တွင် လုပ်ရမယ့် အဆင့်တစ်ခုချင်းစီအား လိုက်နာကာလွယ်ကူစွာ ပြောင်းလဲနိုင်ပြီး ဖုန်းနံပါတ်ပြောင်းလဲနိုင်ရန် မိမိတို့၏ KBZPay App အားမကြာမီရက်အတွင်းထွက်ရှိလာမယ့် ဗားရှင်း 5.8.1 သို့ အဆင့်မြှင့်တင်ထားရန် လိုအပ်တယ်လို့လည်း သိရပါတယ်။

ထို့အတူအဆိုပါ ဗားရှင်းမထွက်ရှိသေးခင်ကာလအတွင်း ဖုန်းနံပါတ်အားအမြန်ပြောင်းလဲတပ်ဆင် လိုပါကလည်း Virtual Customer Support နဲ့ booking ရယူပြီးဖုန်းနံပါတ်ချိန်းနိုင်သလို Email နဲ့ Call center ဖုန်းသို့ ဖြစ်စေဆက်သွယ်မေးမြန်းနိုင်တယ်လို့ သိရပါတယ်။

image
51 w - Translate

Solo Leveling ကြောင့် ဒီနှစ်ထဲမှာ Manhwa အခု ၂၀ ကျော်လောက်ထိကို Anime Adaptation တွေရခဲ့တယ်လို Line Webtoon CEO မှပြောပြလာခဲ့

image
51 w - Translate

Nail

image
51 w - Translate

Nail

image
51 w - Translate

Nail

image
51 w - Translate

Nail

image
51 w - Translate

Nail

image
51 w - Translate

Nail

image
image
image
image
image