လူကြီးဆိုတော့ အမြဲမှန်တယ် ပြန်မပြောရဲပါဘူး....

image
15 w - Translate

ငါ့တုန်းကဆိုရင်လို့
ပြောတဲ့လူတွေနဲ့ ဝေးဝေးမှာပဲနေချင်တယ် ၊

လိပ်ပြာဖြစ်ကာစ
အကောင်ပေါက်ကလေးတွေ စိတ်ရှိတိုင်း
ပျံထွက်သွားနိုင်ကြဖို့ရာ အတွက်
အိမ်ပြတင်းတံခါးတွေကို
ထထပြီးတော့ ဖွင့်ပေးနေခဲ့လိုက်ချင်တယ်။

အဆင်ပြေရင်
မိုးလည်း အုံ့နေစေချင်တယ်။
မှောင်ကျသွားမယ့်အချိန်တွေကိုလည်း
ဒီထက်ပိုပြီးတော့ နောက်ကျနေစေချင်တယ်။

ပကတိအတိုင်း မရှိတဲ့
ငါ့ရဲ့ စိတ်တွေကိုလည်း
ပြန်ပြီးတော့ တည်ငြိမ်လာစေချင်တယ်။

တစ်ခါလောက်ဖြစ်ဖြစ်
ကိုယ့်ငေးနေတဲ့နေရာဟာ ရုပ်ရှင်ထဲကလို
ပန်းတွေ တဖြည်းဖြည်း ပွင့်လာခဲ့တဲ့
ဇာတ်ဝင်ခန်းမျိုး ဖြစ်သွားစေချင်တယ်။

ငါ စကားတွေ အရမ်းနည်းလာချင်နေတယ်။

ကိုယ့်ဘေးမှာ အမှန်အတိုင်းတွေ
ပိုပြီးတော့ များများလာစေချင်တယ်။

ခလုတ်ခဏခဏထိချင်တယ်။
ထူးမယ့်သူရှိရင်
အမိလို့လည်း တခွင့်ရချင်တယ်။

တစ်နေ့တော့ဆိုတဲ့ နေရာကို
ငါတကယ်သိချင်တယ်။

တကယ်လို့များ ခြေဦးတည့်ရာ
ထွက်သွားမိခဲ့ရင်တောင်မှ
ကောင်းရာမွန်ရာပဲ ရောက်ရမှာပါလို့
ငါအမြဲ လိုလို ယုံကြည်ထားလိုက်ချင်တယ် ။

[ ချစ်မင်းဝေ ]

▪️

image
15 w - Translate

" မဲဇလီပင်တန်းတွေ
တရွေ့ရွေ့ ကျန်ခဲ့ပြီ ။

ဖဲကြိုးရောင်စုံတွေ ကျန်ခဲ့ပြီ ။

ဖိုးချိုသီချင်းတွေ ကျန်ခဲ့ပြီ ။

ပန်းသင်္ချိုင်းက
စောင့်နေမယ် ဆိုတာတွေ ကျန်ခဲ့ပြီ ။

ကျောင်းသားကဒ် ပြပြီး
စက်ဘီးငှားလို့ရတဲ့
ဆိုင်လေးတွေ ကျန်ခဲ့ပြီ။

ဟိုနားက သီချင်းစသင်တဲ့ နေရာ
ဒီနားက အချစ်စသင်တဲ့ နေရာ
အားလုံး ကျန်ခဲ့ပြီ ။

ဘယ်သူ့ခေါ်သံမှ
ကြားရလို့တော့မဟုတ်ပါဘူး။

ရွာရိုးကိုးပေါက်
ကျွန်တော် လျှောက်သွားနေခဲ့တာ
ဆယ်စုနှစ် တစ်ခုစာ
တစ်ယူဇနာ၊ နှစ်ယူဇနာ
ခြေရာတွေတောင် ပြာလို့ "

▪️သန်းတင့် (ခင်ဖုန်းသက်ဝေဂယ်လာရီ )

image
15 w - Translate

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံမှ ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၂၅၀ နေရပ်ပြန်ပို့
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီးနောက် လွတ်ရက်စေ့မြန်မာနိုင်ငံသား ၂၅ဝ အား မတ် ၁၉ ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ရနောင်းလူဝင်မှုကြီးကြပ်ရေးရုံးမှ ထုတ်ပြန်သည်။
ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၂၅ဝ တွင် အမျိုးသား ၂၁၆ ဦး၊ အမျိုးသမီး ၃၄ ဦးပါဝင်ပြီး ၎င်းတို့အား ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့မှ တစ်ဆင့် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့သို့ ရေကြောင်းမှ ပို့ ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင် သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၄ ခုနှစ်က ရနောင်းထိန်းသိမ်းရေးစခန်းမှ မြန်မာဘက်သို့ ထိုင်းအာဏာပိုင်များ လွှဲပြောင်းပေးခဲ့သည့်မြန်မာနိုင်ငံသား ၂ဝဝဝ ကျော်ရှိပြီး ၂ဝ၂၅ ခုနှစ်၌ ယခုအကြိမ်အပါအဝင် သုံးကြိမ်အတွင်းမြန်မာနိုင်ငံသား ၆ဝဝ နီးပါးပြန်လွှဲပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ - Chit Ngwe's Facebook

image

ကျွန်တော်တို့ရဲ့မင်းသားကြီး လီယိုနာဒိုရဲ့ရုပ်ရှင်ကားသစ်

15 w - Translate

" ကိုယ်တွေရဲ့နေထိုင်မှုက ငါးတွေလိုပဲ
အသံမထွက်တတ်တော့
ဘယ်တော့မှ အသနားမခံရဘူး
ရပါတယ် ။ ။

▪️ဘုန်းပြည့်စုံမင်း▪️

image

snow white horror version \

15 w - Translate

ချစ်သူသာပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်-ပုညခင်(Rating-5/5)
အရှေ့မှာနေထွက်လို့ အနောက်ဖတ်မှာတဲ့နေဝင်...
မောင်လေးခင် အိပ်မတ်တုန်း
ပန်းသုံးပွင့်မြင်
ပန်းကိုမြင်ပန်ချင်လိုက်ပါဘိ
ပန်းသခင်မျက်နှာထား
တောင်းအားမရှိ...။
လီယံအခုနောက်ပိုင်းစာတွေဖတ်ဖို့အချိန်မရှိသလို ဖတ်တဲ့စာအုပ်အနည်းငယ်ကိုလဲ Review မလုပ်နိုင်တာ နှစ်ဝက်လောက်ရှိပါပြီ
ဒီစာအုပ်လေးကတော့ ရုံးပိတ်ရက်အတွင်းမှာတစ်ထိုင်တည်း ဖတ်ဖြစ်ခဲ့ပါတယ်
ဒီစာအုပ်မဖတ်ခင် လွန်ခဲ့တဲ့ ၃ လလောက်တုန်းက ဖြိးငွေစိုးနဲ့ချစ်သုဝေသရုပ်ဆောင်ထားတဲ့ ဗီဒီယိုကြည့်ဖူးပါတယ်
ဒါပေမဲ့ ကြိုက်လွန်းလို့ လီယံ စာအုပ်ဝယ်ဖတ်ဖြစ်ခဲ့တော့
ဆရာမကြီးဟာ ဒီစာအုပ်ကို ၂၀၀၄ ခုနစ် သူ ၁၀ရက်လောက် အင်းလေးရောက်တုန်းကရေးခဲ့တာပါတဲ့
(သူအားမရဆုံးစာအုပ်တစ်အုပ်လဲဖြစ်တယ်ပြောထားပါတယ်)
ဆရာမကြီးကသာ အားမရတာပါ
လီယံတော့ ကြိုက်လွန်းလို့ ဘာပြောရမှန်းတောင်မသိပါဘူး
မြလေးရှင်နဲ့နေမွန် ချစ်သူနှစ်ဦးကိုသနားလိုက်တာဆိုတာလေ...
တစ်ခါတစ်လေ အချစ်စစ်အချစ်မှန်ရင်တောင် ကံကြမ္မာ ကရက်စက်တတ်ကြတယ်ဗျ
စိုင်းစိုင်းနဲ့ ဝတ်မှုံရွှေရည် ပြန်ရိုက်ထားပေမဲ့ အရင်ရိုက်ထားတဲ့ ချစ်သူဝေတို့ကို မမှီပါဘူး
ဝတ္ထု ကတော့အကောင်းဆုံးပေါ့ဗျာ

image
15 w - Translate

ခုချိန်မှတော့
လီနင်အစစ်ကိုလည်း မတွေ့ချင်တော့ပါဘူး
လင်ကွန်းအစစ်ကိုလည်း မတွေ့ချင်တော့ပါဘူး
ဗြဟ္မစိုရ်တရားကိုသာ တွေ့ချင်ပါတော့တယ်
ငယ်ငယ်တုန်းက
ရော့ခ်ဂီတနဲ့ မာရီဝါးနားကို ကြိုက်တယ်
အရွယ်ရလာတော့
အပါယ်ကျမှာ ကြောက်တယ်
တစ်ဘဝလုံး ခါချကာမှ
ကဗျာလေး တစ်ပုဒ်စ နှစ်ပုဒ်စနဲ့
ငါ့ကို ဘာကောင်လဲလို့ မမေးနဲ့
ဧည့်စာရင်းတိုင်နေရတဲ့ နိုင်ငံသားတစ်ယောက်

▪️လှသန်း▪️

" မကြီးမငယ်တစ်ယောက်ရဲ့
ကိုယ့်ကိုယ်ကို စစ်တမ်း / မှ

image
15 w - Translate

" ဘယ်ခေတ်မှာမဆို
အချစ်ကြောင့်သေမလိုဖြစ်ခဲ့ကြတဲ့
လူငယ်တွေရှိတယ်
ကံဆိုးတဲ့အများစုကတော့
တကယ်မသေခဲ့ကြဘူး "

[ အောင်ခင်မြင့် ]

image
//