16 w - Translate

NVIDIA Halos (AV)
NVIDIA ၏ GTC ဗဟိုညီလာခံတွင် AI တိုးတက်မှုကြီးများကိုတင်ပြခဲ့ပြီး General Motors (GM) နှင့်ပူးပေါင်းကာ NVIDIA Halos ဟုခေါ်သော အလိုအလျောက်မောင်းနှင်နိုင်သောယာဉ်များအတွက် လုံခြုံရေးစနစ်တစ်ခုကိုမိတ်ဆက်ခဲ့သည်။

GM သည် Omniverse နှင့် Cosmo အပါအဝင် NVIDIA ၏ AIနှင့်မောင်းနှင်နိုင်သောကွန်ပျူတာနည်းပညာများကိုပေါင်းစပ်ကာယာဉ်ထုတ်လုပ်မှုနှင့် စက်ရုံစီမံရေးလုပ်ငန်းများကို မြှင့်တင်ရန် စတင်အသုံးပြုသွားမည်ဖြစ်သည်။ GM သည် နောက်ထုတ်လုပ်မည့်အလိုအလျောက်မောင်းနှင်သည့် ယာဉ်များတွင် NVIDIA DRIVE AGX ကိုအသုံးပြုမည်ဖြစ်ပြီး မောင်းနှင်သူကူညီမှုနှင့်လုံခြုံစိတ်ချရေးကို တိုးတက်စေရန် အဓိကရည်ရွယ်သည်ဟုဆိုထားသည်။

NVIDIA Halos သည် AI လေ့ကျင့်မှု(simulation) နှင့် အမှန်တကယ် မောင်းနှင်မှုများကို ပေါင်းစပ်ထားသော ပြည့်စုံသောလုံခြုံမှုစနစ်တစ်ခုကို မိတ်ဆက်ခဲ့ပြီး ၎င်းစနစ်တွင် AI Systems Inspection Lab ကို ထည့်သွင်းကာအလိုအလျောက်မောင်းနှင်မှုအတွက်AI နည်းပညာဆိုင်ရာလုံခြုံမှုနှင့်လိုအပ်သောသတ်မှတ်ချက်များအတွက် အတည်ပြုခွင့်ပြုချက်များပါရရှိထားပြီးဖြစ်သည်။

NVIDIA သည် (15 terabytes) ပါဝင်သော AI Dataset ကိုလည်း မိတ်ဆက်ခဲ့ပြီး ဤအချက်အလက်များသည် robotတစ်ချို့နှင့် အလိုအလျောက်မောင်းနှင်မှု (AV) သုတေသနကို မြန်မြန်ဆန်ဆန် တိုးတက်စေရန် ကူညီပေးမည်ဖြစ်သည်။ Volvo နှင့် Gatik တို့ကဲ့သို့သော စက်မှုလုပ်ငန်းများကလည်း NVIDIA ၏ AI နှင့်(simulation) tools များကို အသုံးပြုကာ အလိုအလျောက်မောင်းနှင်မှုနည်းပညာကို တိုးတက်အောင်လုပ်ဆောင်လျှက်ရှိသည်။

image
//