15 w - Translate

" စိတ်မကောင်း ဖြစ်မနေနဲ့ လောကမှာ လူလုပ်ရင် အကြောင်းအမျိုးမျိုး ကြုံရမှာပဲ ကြုံလာရင် ကြံရမှာပဲ "
ဒီစာအုပ်လေးဟာ အမျိုးသမီးတွေအတွက် အဓိကလမ်းပြပေးတဲ့ ဝတ္ထုလို့ နာမည်ကြီးတဲ့ စာအုပ်ပေါ့ ။ အခက်ခဲဆုံး အခြေအနေမှာလည်း အမျိုးသမီးတွေဟာ ဒူးနဲ့ မျက်ရည်သုတ်မနေဘဲ ကြုံလာတဲ့ အခက်အခဲကို ရင်ဆိုင်ဖြေရှင်းနိုင်တဲ့ အစွမ်းရှိကြောင်း ပြောပြခဲ့တဲ့ စာအုပ် ။
တစ်ချိန်တည်းမှာ အမျိုးသမီးတွေရဲ့ အားငယ်စိတ်ကို ဖော်ပြထားပြီး အဲဒီတစ်ချိန်တည်းမှာပဲ ရင်ဆိုင်နိုင်စွမ်းရှိတဲ့ အစွမ်းအစရှိကြောင်း ပြသခဲ့တာမို့ တော်တော်လေး သဘောကျမိရတယ် ။
ဇာတ်လမ်းကတော့ သက်သက် နဲ့ လှဆိုတဲ့ ကိုယ့်အားကိုယ်ကိုးပြီး နေထိုင်နေကြတဲ့ မိန်းကလေးငယ် နှစ်ယောက် ။ တချိန်က ချမ်းသာကြွယ်ဝတဲ့ မိဘတွေနဲ့ နေခဲ့ရပေမဲ့ ဂျပန်ခေတ် ဗုံးဒဏ်ကြောင့် မိဘရော စည်းစိမ်ပါ ဆုံးရှုံးခဲ့လို့ ဆင်းရဲသွားကြတဲ့ သူငယ်ချင်းနှစ်ယောက်ပေါ့ ။
ဘာမှမရှိတဲ့ကြားထဲက တစ်နေ့တော့ ကားအရောင်းအဝယ်အတွက် ပွဲစားသဘောလုပ်ပေးရင်း ငွေ နှစ်ထောင့်ငါးရာ ကျပျောက်ခဲ့တယ် ။
တနေ့တနေ့ စားဖို့တောင် အနိုင်နိုင်ရုန်းကန်နေရတဲ့ ဂျပန်ခေတ်အောက်မှာ တစ်လမှ လခ တစ်ရာကျော် ရတဲ့ မိန်းကလေးနှစ်ယောက်အတွက် ငွေ နှစ်ထောင်ကျော်ဆိုတာ ဘယ်လိုမှအလွယ်တကူ ပြန်ရှာလို့ မလွယ်တဲ့ ပိုက်ဆံဖြစ်နေခဲ့တယ် ။
သမာရိုးကျဇာတ်လမ်းဆို ငိုယိုဒူးထောက်တောင်းပန်ပြီး ငွေနှစ်ထောင်ကျော်အတွက် ဖြေရှင်းလိုက်လို့ ရနိုင်ပေမဲ့ ဆရာမကြီးဟာ အမျိုးသမီးတွေရဲ့ အကျပ်အတည်းက လွတ်မြောက်အောင် စွမ်းဆောင်နိုင်ပုံကို သက်သက် ဆိုတဲ့ ဇာတ်ကောင်ကနေ ရေးပြခဲ့တယ်။
သက်သက်ဟာ ရန်ကုန်မြို့က ပညာရေးဝန်ကြီး အိမ်မှာ အိမ်ဖော် တစ်နည်း အိမ်ဖော်တွေကို စေခိုင်းရတဲ့ အိမ်ဖော်အကြီးပုံစံပေါ့ ။
ယောကျ်ားသားချည်း ငါးယောက်ရှိတဲ့ အိမ်မှာအလုပ်သွားလုပ်ခဲ့တဲ့ သက်သက် ။ သူ့ရဲ့ အိန္ဒြေ သိက္ခာကို စောင့်စည်းရင်း အိမ်ကြီးမှာ အလုပ်လုပ်ခဲ့ပုံဟာ စံပြလေးစားစရာ ။
အိမ်မပီသတဲ့ အိမ်ကြီးကို မိန်းကလေးတွေရဲ့ အိမ်ထောင်စီမံပုံနဲ့ ပြင်ဆင်ပေးခဲ့နိုင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ အရေးပါပုံတွေ ။
သူ့အိမ်မှာ အလုပ်လာလုပ်တဲ့ မိန်းကလေးမှ ချစ်မိသွားတဲ့ ဝန်ကြီး ဦးမင်းဟန် ။ လှပလွန်းတဲ့ ယမင်းရုပ်ကလေးကို သူ့ရဲ့ အိမ်ဧည့်ခန်းထဲမှာ ရာသက်ပန်ထားချင်တဲ့ ပုံရိပ်လေးကလည်း ခပ်ဝါးဝါး ပါနေခဲ့တယ် ။
သက်သက် တစ်ယောက် ပိုက်ဆံတွေ ပြန်ဆပ်သွားနိုင်မှာလား ။ အမျိုးသမီးတစ်ယောက်ရဲ့ စွမ်းဆောင်နိုင်ပုံတွေကို
ပြသထားရင်း ဦးမင်းဟန်ရဲ့ အချစ်ဇာတ်လမ်းဟာလည်း ရင်ကို နွမ်းလျစေပါတယ် ။
(စာညွန်းရေးသားသူအားcrdပေးပါသည်)
#သူမ #ဂျာနယ်ကျော်မမလေး

image
15 w - Translate

သူစိမ်း-ချမ်းမြေ့ဝင်း(Rating-4.5/5)
"အယုံလွယ်သူတွေရဲ့ အမြင်မှာတော့.....
ကမ္ဘာဟာ နေချင့်စရာ ဖြစ်နေမှာပဲ။"
Dec13ရက်နေ့ကမှအသစ်ထွက်ရှိထားတဲ့
ဆရာ့ရဲ့ပူပူနွေးနွေးဘာသာပြန်စာအုပ်လို့
ပြောရမှာပေါ့
ဇာတ်လမ်းအကျဉ်းကိုမပြောပြခင် လီယံ့အမြင်လေးပြောပြပါရစေ
ဆရာဟာဒီ"သူစိမ်း"ဆိုတဲ့စာအုပ်မှာ သွေးထွက်သံယိုတွေပါတာကြောင့်
အသက်မပြည့်သူတွေမဖတ်ရဆိုကာ18+လို့ပြောထားပေမဲ့ လီယံ့အမြင်မှာတော့ ဆရာ့ရဲ့ကိုယ်ပိုင်လုံးချင်းဝတ္ထုဖြစ်တဲ့
"စကားဝါ"လောက်ကြောက်ဖို့မကောင်းဘူးလို့ဘဲ
မြင်ပါတယ်
ကဲ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်
မြို့ငယ်လေးတစ်ခုမှာ လုံးဝမတွေးရဲစရာ
13နှစ်အရွယ် "ဖရန့်ပီတာဆန်" ဆိုတဲ့ကျောင်းသားလေးကို Rape(မုဒိန်းကျင့်)ပြီးရက်ရက်စက်စက်သတ်ဖြတ်ပစ်တဲ့ လူသတ်မှုကြီးဖြစ်ပွားခဲ့ပါတယ်။
မျက်မြင်သတ်သေတွေလည်းအများကြီးရှိပြီး
DNAတွေ၊လက်ဗွေရာတွေအကုန်
ခိုင်လုံနေတာကြောင့် ထိုမြို့ငယ်လေးရဲ့
စုံထောက်ရဲဖြစ်သူ "ရက်ဖ်အန်ဒါဆန်" ဟာ
လူအများလေးစားအားကျရပြီးလူကြီးလူကောင်းဖြစ်တဲ့ နည်းပြဆရာ "တယ်ရီမိတ်လန်း" ကို
လူပုံအလယ်မှာဖမ်းဆီးခဲ့ပါတယ်။
စုံထောက်ရဲဖြစ်သူ ရက်ဖ် မှာလည်း သားလေးရှိတာကြောင့် "ဖရန့်ပီတာဆန်" နေရာမှာ သူ့သားလေးသာဆိုတဲ့စိတ်နဲ့ရော မျက်မြင်သက်သေတွေ၊
လက်ဗွေရာတွေရောက တယ်ရီ ကိုညွှန်ပြနေတာကြောင့်ပါ ဖမ်းဆီးခဲ့ပါတယ်။
တယ်ရီ ကိုဖမ်းဆီးပြီးကာမှ သူတို့ရထားတဲ့
သက်သေတွေဟာ မရေရာ
မသေမချာဖြစ်လာခဲ့ပါတယ်။
တယ်ရီ ရဲ့အဆိုအရ ဖရန့် အသတ်ခံရတဲ့
ညနေတုန်းက သူကအခြားမြို့ငယ်တစ်ခုမှာ
အသိဘာသာရပ်ပြဆရာတွေနဲ့အတူ
စာပေဟောပြောပွဲတစ်ခုသွားခဲ့ကြောင်း
သိရသဖြင့်စုံထောက်ရဲဖြစ်သူ ရက်ဖ် ဟာ
တယ်ရီနဲ့အတူသွားခဲ့သောနေရာနဲ့ သူနဲ့အတူ
လိုက်ပါလာကြတဲ့ ဆရာတွေပါစစ်ဆေးမေးမြန်းကြည့်တော့ တယ်ရီ ဟာ တကယ်ဘဲ အဲ့နေ့မှာ
စာပေဟောပြောပွဲကို ရောက်နေခဲ့ပါတော့တယ်။
ရက်ဖ်ဟာ သူ လူမှားများဖမ်းဆီးမိခဲ့ပြီလား
သူ့ကိုဘဲ လှည့်စားနေတာလား ဆိုတာကို
သူနားမလည်နိုင်တော့ပါဘူး။
မျက်မြင်သက်သေတွေ၊DNAတွေအရကလည်း တယ်ရီကိုညွှန်ပြနေသလို တယ်ရီထွက်ဆိုချက်ကလည်း မှန်ကန်နေပြန်ပါတယ်။
တယ်ရီ့ကို ရုံးထုတ်တဲ့အချိန်မှာ သေဆုံးသူဖရန့်ဖြစ်သူ၏အကို "အိုလီဗာပီတာဆန်"ဟာ တယ်ရီ့ကို
လူပုံအလယ်မှာသေနတ်နဲ့ပစ်သတ်ခဲ့တာကြောင့်
တယ်ရီ သေဆုံးသွားခဲ့ပါတော့တယ်။
တယ်ရီ သေဆုံးရတာ သူ့အပြစ်မလွတ်ဘူးဆိုကာ
ရက်ဖ်သည် ဖရန့်သေဆုံးသည့်အမှုကို မပိတ်ဘဲ
ဆက်လက်စုံစမ်းခဲ့ပေမဲ့ သူထင်မထားလောက်အောင် အမှုက နက်နဲလာခဲ့ပါတော့တယ်။
ဖရန့် ရဲ့အမှုရှေ့မှာလည်း တရားခံမပေါ်တဲ့ ဆင်တူတဲ့အမှုတွေရှိနေကြောင်းပါ သိခဲ့ရပါတော့တယ်။
သူတစ်ယောက်တည်း ဒီအမှုကိုမနိုင်တော့တာကြောင့် ဒီစာအုပ်ရဲ့အဓိကဇာတ်ကောင်လို့ပြောလို့ရတဲ့ "ဟော်လီဂစ်ဘနီ" ဆိုတဲ့စုံထောက်မလေးနဲ့အတူ
ထိုအမှုကို အဖြေရှာရပါတော့တယ်
သူတို့အဖြေရှာနေတဲ့အမှုကရော ပေါ်ပါ့မလား
တကယ့်နောက်ကွယ်က အဓိကတရားခံကိုရော
မိပါ့မလား
ဒီစာအုပ်ထဲမှာ စုံထောက်အမှုအပြင် သဘာဝလွန်ဖြစ်ရပ်ဆန်းတွေပါ ပါတာကြောင့် ဘာဆက်ဖြစ်မလဲဆိုတာ ဖတ်ကြည့်လိုက်ပါတော့နော်

image
15 w - Translate

" ကွေကွင်းရခြင်းပေါင်းစုံ ကျဆုံးပါစေ
အဲဒီစာသားကို စက္ကူလေယာဉ်ပျံပေါ်
ရေးနေတုန်း တစ်ဝက်မှာ
ဆော့ပင် မှင်ကုန်သွားတာပေါ့။
ကံတွေဆိုးပြီဆို
ကောက်ရတဲ့ ကလေးဂေါ်လီက
အစတခြမ်းပဲ့နေတာမျိုးပေါ့။
နောင်နှစ်ပေါင်းများစွာအကြာ
ကားအကောင်းစားကြီးပေါ်
ထိုင်ပါသွားတဲ့ သူငယ်ချင်းက
အခု ကားမှတ်တိုင်မှာ
မတ်တပ်ရပ်နေတဲ့ သူ့ကို
မမြင်ချင်ယောင်ဆောင်မှန်းသိသာအောင်
မမြင်ချင်ယောင် ဆောင်သွားတယ်။
ဇင်မောင်ကျော်ကိုကိုသန့်လည်း
နာကျင်မှန်းသိသာအောင် နာကျင်ရတာပါပဲ
ဘဝ သရုပ်ဖော် ရုပ်ရှင်ဝတ္ထုများ လိုပေါ့

▪️ဏေသစ် (ဇင်မောင်ကျော်ကိုကိုသန့်/မှ)

image

“Coco 2” ဆက်ထွက်မယ်လို့သိရ !

လက်ရှိမှာတော့ Pixar ကနေ Coco 2 ကို ၂ဝ၂၉ ခုနှစ်မှာထွက်မယ်လို့သိရပါတယ်။ ဇာတ်ကားကိုတော့ မူလ ဒါရိုက်တာ Lee Unkrich ကပဲ တာဝန်ယူရိုက်ကူးသွားမှာဖြစ်ပါတယ်။

“ဇာတ်ကားက အစောပိုင်းအဆင့်သာ ရှိသေးပေမယ့် ဒီဇာတ်ကားမှာ ဟာသတွေ၊ စွန့်စားခန်းတွေနဲ့ ပြည့်
နှက်နေမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်" လို့ Bob Iger က ပြောကြားခဲ့ပါတယ်။

image
15 w - Translate

" လူတစ်ယောက် အပြစ်ကျူးလွန်တယ်
ဆိုတာကို ဘာတွေနဲ့ နှိုင်းယှဉ်
ဆုံးဖြတ်ကြတာလဲ။ လူတစ်ယောက်ဟာ
လူတချို့ ရဲ့ အသက်ကို
ထိခိုက်သေကျေစေမှ အပြစ်ရှိတယ်လို့
ဆုံးဖြတ်ကြမှာလား။ လူ တစ်ယောက်ဟာ
လူတချို့ရဲ့ ဘဝတွေ၊ နေ့ရက်တွေကို
အနာတရ ဖြစ်စေခဲ့ရင်ကော
ဒါလည်း အပြစ်မဟုတ်ဘူးလား . . . "

▪️မိုးကျော်ဇင်▪️

( လက်ဖက်ရည်ဆိုင်ထဲကအိမ် / မှ )

image

လာမယ့်ဒီဇင်ဘာလမှာ ရိုက်ကူးရေးစမယ့် Quentin Tarantion ရဲ့ ရုပ်ရှင်သစ်

မတ် ၂၁၊ ၂၀၂၅။

Pulp Fiction နဲ့ Kill Bill ဒါရိုက်တာ Quentin Tarantino ဟာ ၎င်းရဲ့ရုပ်ရှင်သစ်နဲ့ပတ်သက်ပြီး သိုသိုသိပ်သိပ်နေတတ်ပေမယ့်လည်း သတင်းသံတချို့ ထွက်ပေါ်လာပါတယ်။

The Movie Critics ရုပ်ရှင်ကို မရိုက်ကူးတော့ပဲ ဖျက်သိမ်းခဲ့တဲ့နောက်မှာ Quentin Tarantino ဟာ နောက်ထပ်ရုပ်ရှင်သစ်တစ်ကားကို ဆက်လက်ပြင်ဆင်နေလျက်ရှိပြီး Quentin Tarantino ရဲ့ လူရင်းတွေဖြစ်ကြတဲ့ သရုပ်ဆောင် Brad Pitt, Uma Thurman နဲ့ Samuel L. Jackson တို့လည်း ပါဝင်သွားမှာဖြစ်ပါတယ်။ Production Weekly မဂ္ဂဇင်းရဲ့ သတင်းအချက်အလက်များအရ အဆိုပါရုပ်ရှင်ကို ၂၀၂၅ ဒီဇင်ဘာလမှာ စတင်ရိုက်ကူးကာ Sony က ဖြန့်ချိပြသမှာဖြစ်ကြောင်းသိရပါတယ်။ သို့ပေမယ့် အဆိုပါရုပ်ရှင်ရဲ့ နာမည်နဲ့ ကျန်အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

Quentin Tarantino ဟာ အပြာမဂ္ဂဇင်းစာရေးဆရာတစ်ဦးအကြောင်းရုပ်ရှင်ဖြစ်တဲ့ The Movie Critics ကို ဇာတ်လမ်းပိုင်းအရကျေနပ်မှုမရှိတဲ့အတွက် ဇာတ်ညွှန်းပြန်လည်ရေးသားပြီး ပြင်ဆင်ခဲ့ပေမယ့်လည်း ရိုက်ကူးရေးမစခင်မှာတင် The Movie Critics ကို ဖျက်သိမ်းခဲ့တာပါ။

သတင်းတချို့အရ Quentin Tarantino ဟာ ၎င်းရဲ့သားဖြစ်သူ အသက် ၆ နှစ်ပြည့်မှ အဆိုပါရုပ်ရှင်ကို ရိုက်ကူးရေးစတင်မယ်လို့လည်း သိထားပါသေးတယ်။

လက်ရှိ နာမည်ရသရုပ်ဆောင်တွေဖြစ်ကြတဲ့ Austin Butler, Mikey Madison, Margaret Qualley, Sydney Sweeny နဲ့ Maya Hawke တို့ဟာ Quentin Tarantino ရဲ့ ၂၀၁၉ ရုပ်ရှင် Once Upon A Time.. In Hollywood မှာ ပါဝင်ခဲ့ဖူးပါတယ်။

image
15 w - Translate

ဘေဘီလုံမှာ ဗိုက်အပူဆုံးပုဂ္ဂိုလ်
ငါမဖတ်ဖူးခဲ့ဘူး။ ငါ့ထန်းလျက်ခဲ
ဘယ်သူရွှေ့ ငါမသိခဲ့ ဘူး။
၁၆ နှစ်သားမှာ ငါသိခဲ့တာပင်လယ်ဝံပုလွေ။
ငါ့သမ္မာကျမ်းစာဟာအဲ့ဒီစာအုပ်။
ငါ့ဘုရားသခင်ဟာဝံပုလွေလာဆင်။
နှလုံးရည်နဲ့ယှဉ်ပြိုင်လို့ မရတော့တဲ့အခါ
လက်ရုံးအားကိုးရလိမ့်မယ် ဆိုတဲ့
ဉာဏ်အလင်းကို ငါရခဲ့တယ်။
ငါအလင်းပွင့်ခဲ့တယ်။ ဒါမှမဟုတ်
ငါဟာ မိုက်ကန်းဆိုးသွမ်းခဲ့တယ်။
ငါ ဖဲချတယ်။ ငါ ဓားမြှောင်ခါးကြားထိုးတယ်။
ငါ မူးယစ်ဆေးသုံးခဲ့တယ်။
ငါ စတိုင်းဘတ်ကြိုက်တယ်။
ငါ ခရိုနင်ကြိုက်တယ်။
ငါ ဘိုင်ရွန့်ကဗျာတွေ အလွတ်ရတယ်။
ငါ လက်သီးပုန်းကိုင်တယ်။
ငါ ချိန်းကြိုး ကိုင်တယ်။
ငါ့ ဆံပင်တွေ ရှည်ခဲ့တယ်။
ငါ သိဒ္ဓတ္ထဖတ်တယ်။
ငါ ဒေါင်းနွယ်ဆွေ ဖတ်တယ်။
ငါ မောင်ခိုင်မာ့ကဗျာတွေ အလွတ်ရခဲ့တယ်။
ငါဟာ အင်မတန်ဒေါသကြီးခဲ့တယ်။
ငါဟာ လက်စားချေတတ်တယ်။
ငါဟာ အင်မတန် သည်းခံတတ်ခဲ့တယ်။
ငါ့ တစ်ကိုယ်လုံး အမုန်းမီးလျှံတွေ
ထိန်ထိန်လင်းခဲ့တယ်။ ငါ့အချစ်ကြောင့်
ငါ့ရင်ဘတ်ပေါ်မှာ သစ္စာပန်းတွေ
ရဲပဒေါင်းခတ်အောင် ပွင့်ခဲ့တယ်။
ငါ မှောင်ခိုကုန်ကူးတယ်။ ငါ့လွယ်အိတ်ထဲမှာ
မာ့က်စ်ရဲ့ ပြင်သစ်လူတန်းစား တိုက်ပွဲစာအုပ်
ပါတယ်။ ငါ ပင်လယ်ဆိပ်ကမ်းမှာ
ရေခဲရိုက်ငါးတွေ သယ်ပိုးတယ်။
ငါ ကူလီတွေနဲ့ အရက်မူးတယ်။
ငါ တက္ကသီလာတစ်ခုမှာ
ပညာတတ်တွေနဲ့ ဆွေးနွေးငြင်းခုံတယ်။
ငါ ဖာနန်ဒို ဆောကို သိတယ်။
ငါ တာရေးဂါးကို သိတယ်။
ငါ ဘတ်ကို သိတယ်။
ငါ မီးပွိုင့်မှာ စံပယ်ပန်း ရောင်းတဲ့
ကောင်လေးကို သိတယ်။
ငါ နန်းမေမေကြည်ကို ချစ်တယ်။
ငါ ထမင်းရောင်းတဲ့
ကျောက်ဘီလူးရဲ့မိန်းမကို မုန်းတယ်။
ငါ့မှာ သမီးလေးတစ်ယောက်ရှိရင်
ကောင်းမယ်လို့ စိတ်ကူးယဉ်တယ်။
ငါ မနာလိုဖြစ်တယ်။ ဒါကြောင့် ငါချစ်တယ်။
ငါ အသည်းမာတယ်ဆိုတာ မဟုတ်ဘူး၊
ငါ့မှာ မာစရာ အသည်းနှလုံးကို
မရှိဘူးဆိုတာ ငါပြောတယ် ။

ငါဟာ တစ္ဆေသင်္ဘောကို ရွက်လွှင့်နေတဲ့
ဝံပုလွေတစ်ကောင် ဖြစ်တယ်။
မင်းတို့သိဖို့ ငါထပ်ပြောမယ်။
ငါဟာ ဝန်ရိုးစွန်းဖက်ကို
နောက်မဆုတ်တမ်း ရွက်လွှင့်နေတဲ့
အထီးကျန် ဝံပုလွေ တစ်ကောင်ဖြစ်တယ် ။

[ ပါပီယွန် ]

▪️ ဝံပုလွေပါပီ ▪️

image
15 w - Translate

" ကျွန်တော်ကလည်း ကျွန်တော်ပါပဲ
တိမ်မြင်မြင် တောင်မြင်မြင်
ခင်ဖုန်းသက်ဝေကိုပဲ တိုင်ပင်ချင်နေမိတယ် "

▪️သန်းတင့် // ခင်ဖုန်းသက်ဝေဂယ်လာရီ

image

Universal ရဲ့ အလွန် Jason Bourne ကို ဘယ်သူတွေဆက်ပြီးတာဝန်ယူမလဲ

မတ် ၂၁၊ ၂၀၂၅။

စာရေးဆရာ Robert Ludlum ရဲ့ သည်းထိတ်ရင်ဖိုဝတ္ထုစာစဥ်တွဲဖြစ်တဲ့ Jason Bourne ဝတ္ထုတွေကို Universal Studios က သရုပ်ဆောင် Matt Damon နဲ့ ရုပ်ရှင်ငါးကားအထိ ဖန်တီးခဲ့ပေမယ့်လည်း ယခုအခါမှာတော့ Universal ဟာ Jason Bourne ဝတ္ထုတွေကို ရုပ်ရှင်အဖြစ်ဖန်တီးဖို့အခွင့်အရေးကို လက်လွှတ်ခဲ့ရပြီဖြစ်ပါတယ်။

Jason Bourne ကို ရုပ်ရှင်အဖြစ်ဖန်တီးဖို့အတွက် မူပိုင်ခွင့်ကို Universal Studios ဆီကနေ နောက်ထပ်စတူဒီယိုတစ်ခုဆီကို ရောက်ရှိသွားမှာဖြစ်ပြီး နာမည်ကြီးဟောလိဝုဒ်ရုပ်ရှင်စတူဒီယိုတွေဖြစ်ကြတဲ့ Skydance, Apple နဲ့ Netflix တို့ဟာ စာရေးဆရာ Robert Lundlum နဲ့ တွေ့ဆုံပြီး ဝယ်ယူဖို့ကြိုးပမ်းလျက်ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က Universal ဟာ သရုပ်ဆောင် Matt Damon နဲ့ ဆဋ္ဌမမြောက် Jason Bourne ရုပ်ရှင် The Bourne Dilemma ကို ဒါရိုက်တာ Edward Berger နဲ့ ရိုက်ကူးဖို့ပြင်ဆင်ခဲ့ပေမယ့်လည်း ယခုအခါမှာတော့ အဆိုပါ Jason Bourne ဟာ အဆုံးသတ်ခဲ့ပြီလို့ ယူဆရတော့မှာပါ။

သရုပ်ဆောင် Matt Damon ရဲ့ Jason Bourne ရုပ်ရှင်ငါးကားမှာ ‘The Bourne Identity,’ ‘The Bourne Supremacy’ နဲ့ ‘The Bourne Ultimatum’ တို့ကတော့ ပိုမိုလူကြိုက်များခဲ့ပြီး ‘The Bourne Legacy’ နဲ့ ‘Jason Bourne’ ကတော့ ရောထွေးတဲ့ရလဒ်တွေကိုရရှိခဲ့ပါတယ်။

ဟောလိဝုဒ်ဟာ အထင်ကရရုပ်ရှင်တွေကို reboot ချ၊ remake ရိုက်၊ sequel ထုတ်နဲ့ သံသရာလည်လျက်ရှိနေပြီး စီအိုင်အေအရာရှိဟောင်း Jason Bourne ဟာလည်း ဒီသံသရာထဲမှာ နစ်မြောခဲ့ပြီလို့ ပြောရတော့မှာပါ။

image
15 w - Translate

" ကျွန်တော့်အနားမှာ
သစ္စာမဲ့သူတွေ ဝိုင်းဝိုင်းလည်နေလိုက်ကြတာ။
ဘာဆိုင်တာမှတ်လို့လို့
မခင်ပျိုကတော့ ပြောလိမ့်မယ် ။
အဲဒီအခါမှာ မခင်ပျိုကို သတိရတယ် ။

▪️ဇော်ဇော်အောင် (ယုဇနမခင်ပျို/မှ)

image
//