Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
တစ်ခြမ်းတည်းသာရတဲ့ လ လိုပါပဲအမေရယ်
ကျွန်တော့်ဘေးမှာ အဖော်လည်းမရှိသလို
အားပေးမဲ့သူလည်းမရှိခဲ့ဘူး။
အအေးဓာတ်ပိုတဲ့ရာသီမှာတောင်
အနွေးဓာတ်မဲ့စွာ
ကိုယ့်ကိုကိုအားပေးရင်း
ဝေဝါးနေတဲ့ အနာဂတ်လေးကို ထမ်း
မပြီးဆုံးတဲ့ခရီးလမ်းကို
အထီးကျန်မှုတွေနဲ့လျောက်နေရစဲ။
#ပင်လယ်ဖျံ
ဘာတွေပဲဖြစ်ဖြစ်
နောက်ဆုံးတော့ ကိုယ်ကိုယ်တိုင်ကသာ
အရေးအကြီးဆုံးဖြစ်တယ်ဆိုတာသိပြီးတဲ့နောက်မှ
လိုတာထက်ပိုနေတဲ့ခံစားချက်တွေကို
ဖြုတ်ချခဲ့ရတာပဲ ။
ဘယ်သူမှ အသိအမှတ်မပြုလည်း
ကိုယ်လုပ်နိုင်တဲ့အရာတွေအပေါ်မှာ
ကိုယ့်ကိုယ်ကိုယ်တိုးတိုးလေးပြန်ပြီး
အသိအမှတ်ပြန်ပြုပေးနေရတယ်။
ဘာကိစ္စပဲ ဖြစ်ဖြစ်
ဘာတွေပဲစိတ်ဆိုးဆိုး
ဘယ်လောက်ပဲပျော်ပျော် လူဆိုတာ
ကိုယ့်ကိုယ်ကိုယ်ပဲ ပြန်ပြန်ပြီး အားပေးမှ
ကိုယ်ပြန်ထနိုင်တယ်ဆိုတာ ဒီနှစ်တွေထဲမှာ
အများကြီးပိုသိလာရတယ် ။
ကိုယ့်ပေတံနဲ့ နေရာတကာ လိုက်လိုက်တိုင်းပြီး
ကိုယ်ချစ်ခင်ဖြစ်ရင် ကိုယ့်ပမာကိုယ်ချင်းစာစိတ်နဲ့
စိတ်ပူပေးတတ်တဲ့
အလေ့အထလေးကိုလည်း ခဏခဏသင်းသတ်နေရတယ်
လူတွေဟာ ကိုယ့်လိုမဟုတ်ဘူးလေ ဆိုပြီး
မကြာခဏ ကိုယ့်ကိုယ်ကိုယ်ပြန်သတိပေးနေရပါတယ်
ဒီနှစ်တွေထဲမှာ ကိုယ့်အတ္တနဲ့ကိုယ် အဆင်ပြေပြေ
နေနိုင်ဖို့ ကိိုယ့်ကိုယ်ကိုယ် ကြိုးစားနေထိုင်နေရပါတယ်။
အဆင်ပြေပြေမပြေပြေ ကိုယ့်ပြဿနာနဲ့ကိုယ်တော့
အသားကျအောင်ကြိုးစားနေရတာပါပဲ ။
#luah
20:10pm
ဒီနှစ်တွေထဲမှာ