39 w - Translate

Diwali Decoration Ideas 🪔

image
39 w - Translate

Diwali Decoration Ideas 🪔

image
39 w - Translate

Diwali Decoration Ideas 🪔

image
39 w - Translate

Diwali Decoration Ideas 🪔

image
39 w - Translate

Diwali Decoration Ideas 🪔

imageimage
+7
39 w - Translate

စားအုန်းဆီများ စျေးသက်သက်သာသာဖြင့် အိမ်အရောက်ပို့စနစ်ဖြင့် မှာယူနိုင်

စားသုံးသူပြည်သူများအနေဖြင့် စားအုန်းဆီကို စျေးသက်သက်သာသာဖြင့် အိမ်အရောက်ပို့စနစ်ဖြင့် မှာယူနိုင်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းထံမှသိရသည်။

ယင်းသို့ ပို့ဆောင်ရာတွင် တိုက်ကြီး၊ လှည်းကူး၊ မှော်ဘီ၊ သန်လျင်၊ တွံ့တေးခရိုင်များထဲမှ အဝေးဆုံးမြို့နယ်များအတွက် သယ်ယူပို့ဆောင်ခအပါအဝင် စုစုပေါင်းကျသင့်ငွေ (၂၃၆၀၀)ကျပ်သာ ကျသင့်မည်ဖြစ်ပြီး ကျန်မြို့နယ်များအတွက် စုစုပေါင်း(၂၃၁၀၀)ကျပ်ဖြင့် အိမ်အရောက်ပို့ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် (၄၄) မြို့နယ်ကိုပို့ဆောင်ပေးနေပြီး ယခုတစ်ပတ် အောက်တိုဘာလ (၂၈) ရက်မှ နိုဝင်ဘာလ (၂) ရက်အထိ ပို့ဆောင်ပေးနေကြောင်း သိရသည်။

မှာယူလိုပါက ဖုန်းနံပါတ် ၀၁-၄၇၀၅၅၆၆၊၀၉-၇၇၁၀၀၂၇၂၂၊၀၁-၄၇၀၆၇၂ သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။

image
39 w - Translate

လာမည့်နှစ်တွင် YPS ကတ်များကို Mobile Money Application များမှတစ်ဆင့် ငွေဖြည့်သွင်းနိုင်မည်

YPS ကတ်များကို KBZ Pay ၊ Wave Money စသည့် Mobile Money Application များမှတစ်ဆင့် ငွေဖြည့်သွင်းနိုင်ရန် လာမည့် ၂၀၂၅ ခုနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း Asia Starmar Transport Intelligent ကုမ္ပဏီလီမိတက်ထံမှ သိရသည်။

YPS ကတ်စနစ်ကို YBS ယာဉ်လိုင်းများ၌ ယာဉ်စီးခပေးချေရာတွင် အကြွေပြဿနာမရှိစေရန် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ခရီးသည်များ ယာဉ်စီးခပေးချေရာတွင် ပိုမိုအဆင်ပြေစေနိုင်ရန်အတွက် YPS ကတ်စနစ်အပြင် QR Code စနစ်ကိုပါ ပြုလုပ်ပေးထားပြီး လက်ရှိတွင် YPS ကတ်အား တစ်လသုံးပြုသူ (၂၃၀၀၀၀) ကျော်နှင့် QR Code စနစ် အသုံးပြုသူ (၂၀၀၀) ကျော်ရှိကြောင်း သိရသည်။

သို့သော် ခရီးသည်အများစုသည် YPS ကတ်စနစ်ကိုအသုံးပြုမှုများလာ‌သော်လည်း ယာဉ်လိုင်းအချို့သည် စက်များကိုပိတ်ထား၍ ယာဉ်စီးခကောက်ခံနေမှုများရှိနေသည့်အတွက် YRTC ထံသို့ ယာဉ်နံပါတ်နှင့်တကွတိုင်ကြားရန် အသိပေးထားသည်။

image
39 w - Translate

အယ်နာဆာအသင်း လိဂ်ဖလားပြိုင်ပွဲမှ ထွက်ခဲ့ရ
-------------------
အောက်တိုဘာလ(၂၉)ရက်နေ့က ကစားခဲ့တဲ့ အယ်နာဆာအသင်းနဲ့ အယ်တာဝန်အသင်းတို့ရဲ့ လိဂ်ဖလား (၁၆) သင်း ရှုံးထွက်ပွဲစဉ်မှာ အယ်နာဆာအသင်းက ရှုံးနိမ့်ခဲ့တာကြောင့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။ အယ်နာဆာ အသင်းဟာ အယ်တာဝန်အသင်းကို အိမ်ကွင်းမှာ ဖိအားပေးကစားနိုင်ခဲ့ပေမယ့်လည်း နောက်ကျဂိုးပေးခဲ့ရတာ ကြောင့် (၁)ဂိုး၊ ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာပါ။

ရော်နယ်ဒို ဦးဆောင်လာတဲ့ အယ်နာဆာအသင်းရဲ့ ပွဲထွက်စာရင်းမှာ မာနေး မပါဝင်လာခဲ့ပေမယ့် အသင်းရဲ့ အဓိက ကစားသမားတွေကို အသုံးပြုလာခဲ့တာကို တွေ့ရပါတယ်။ ဒီပွဲစဉ်မှာ အယ်နာဆာအသင်းရဲ့ ဖိအားပေး ကစားလာတာကို အယ်တာဝန်အသင်းက ဂိုးမပေးရအောင် အကောင်းဆုံး ကစားနိုင်ခဲ့ပြီး အယ်တာဝန် အသင်း အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်(၇၁)မိနစ်မှာ အယ်အာမက်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ပွဲချိန်မိနစ်(၉၀)ပြည့်လို့ နာကျင်အချိန်ပို (၆)မိနစ်မှာ အယ်နာဆာ အသင်းက ပင်နယ်တီရခဲ့ပေမယ့် တိုက်စစ်မှူး ရော်နယ်ဒိုက ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့် ပွဲအပြီးမှာ အယ်တာဝန်အသင်းက အနိုင်ရခဲ့တာဖြစ်ပါတယ်။ အယ်နာဆာအသင်းဟာ ပြီးခဲ့တဲ့ရာသီက လိဂ်ဖလားပြိုင်ပွဲမှာ ဗိုလ်လုပွဲထိ တက်ရောက်နိုင်ခဲ့ပေမယ့် အခုဘောလုံး ရာသီမှာတော့ (၁၆)သင်းရှုံးထွက်အဆင့်မှာတင် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာလည်း ဖြစ်ပါတယ်။

image

မိမိစိတ်ကို ဖြေလျော့နည်း
အခုလို မတည်ငြိမ် ခက်ခဲတဲ့ ကာလတွေမှာ ကျွန်မတို့ မြန်မာပြည်သားတွေအနေနဲ့ စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုမျိုးစုံက နာတာရှည် ရောဂါလို ဖြစ်နေပါပြီ။ စိုးရိမ်ပူပန်မှုတွေကလည်း စိတ်ဖိစီးမှုတွေကို သဘာဝအလျောက်ပြန်တဲ့ တုံပြန့်မှုတစ်ခုဖြစ်ပြီး စိုးရိမ်ပူပန်မှုတွေကို ရေရှည် ခံစားလာရမယ်ဆိုရင်တော့ ကျွန်မတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေအပေါ်ကို သက်ရောက်မှုရှိလာတော့မှာပဲဖြစ်ပါတယ်။
အထက်က ဖော်ပြခဲ့သလို စိတ်ပူပန်မှုတွေက သဘာဝအလျောက် တုံ့ပြန်တဲ့ တုံ့ပြန်မှုတစ်ခု ဖြစ်တာကြောင့် ကျွန်မတို့တွေအနေနဲ့ အချိန်မရွေး၊ နေရာမရွေး တွေ့ကြုံခံစားရတတ်ပါတယ်။
စိုးရိမ်ပူပန်မှုတွေမှုတွေကြောင့် ခံစားချက်တွေ ပြင်းထန်လာပြီး ခြေမကိုင်မိ၊ လက်မကိုင်မိ တုန်လှုပ်နေတဲ့ မိမိရဲ့ စိတ်ကို ဖြေလျော့နိုင်မယ့် နည်းလမ်းတစ်ချို့ကို မျှဝေပေးလိုက်ရပါတယ်။
⚫️အသက်ပြင်းပြင်းရှုပါ။
မည်သူ၊ မည်သည့် ပစ္စည်းကိရိယာတွေရဲ့ အကူအညီတွေမလိုအပ်ဘဲ မိမိတစ်ယောက်တည်း အလွယ်တကူ လုပ်နိုင်တဲ့ အရာကတော့ အသက်ပြင်းပြင်းရှုတာပဲ ဖြစ်ပါတယ်။ ကျွန်မတို့တွေဟာ နေ့တိုင်း အသက်ရှူနေကြပေမယ့် ဝအောင်မရှုမိတတ်ကြပါဘူး။ စိတ်ပူပန်မှုတွေကြောင့် ရင်တွေတအားတုန်လှုပ်လာခဲ့ရင် ဝင်လေ ၄စက္ကန့်၊ အသက်အောင့် ၇စက္ကန့်နဲ့ ထွက်လေ ၈စက္ကန့် အထိ ၄-၇-၈ နည်းလမ်းလေးကို စိတ်တည်ငြိမ်လာတဲ့အထိ ထပ်ခါတလဲလဲ လုပ်ပေးနိုင်ပါတယ်။
⚫️အသိအမှတ်ပြုပေးပါ
ကျွန်မတို့တွေ စိတ်ဖိစီးမှုတွေ ခံစားလာရတဲ့အခါ အတွေးတွေကို ထိန်းချုပ် ရပ်တန့်လိုကြပါတယ်။ ကျွန်မတို့ ရှောင်ပြေးလေလေ ပိုမိုပြင်းထန်လာတာကြောင့် မိမိစိတ်နဲ့ ခန္ဓာမှာ ဖြစ်ပေါ်လာတဲ့ သိစိတ်တွေ၊ ခံစားချက်တွေကို ထိန်းမချုပ်၊တားမဆီးဘဲ အသိ၊ သတိနဲ့ လက်ခံ အသိအမှတ်ပြုပေးနိုင်ပါတယ်။
⚫️ပြန်လည်ဆန်းစစ်သုံးသပ်ပါ
စိတ်ဖိစီးမှုကို ဖြစ်စေတဲ့အတွေးတွေ၊ ခံစားချက်တွေကို Journaling လုပ်တာလိုမျိုး ချရေးကြည့်ခြင်းအားဖြင့် ပြန်လည် ဆန်းစစ် သုံးသပ်ကြည့်ပြီး မိမိ ခံစားချက်တွေကို နားထောင်ပေးပါ။
⚫️ရေခဲနဲ့ မျက်နှာသစ်လိုက်ပါ
ဒီနည်းလမ်းလေးကတော့ Jue Jue's Safe Space ရဲ့ Suicide Prevention Training တွေမှာလည်း မျှဝေဖြစ်တဲ့ နည်းလမ်းလေးတစ်ခုလည်းဖြစ်ပါတယ်။ စိတ်ဖိစီးတာ၊စိုးရိမ်ပူပန်တာတို့လို နှလုံးခုန်နှုန်းတွေ မြန်လာပြီး ခံစားချက်တွေ ပြင်းထန်နေတဲ့အချိန်မျိုးမှာရေခဲရေနဲ့ မျက်နှာသစ်၊ ရေချိုးလိုက်ခြင်းက စိတ်နှလုံးကို တည်ငြိမ်လာစေပါတယ်။
⚫️ကိုယ်လက်လှုပ်ရှားပေးပါ
ပြင်းပြင်းထန်ထန်လှုပ်ရှားရတဲ့ အေရိုဗစ်လေ့ကျင့်ခန်းကနေ ယောဂကစားတာအထိ အကုန် အဆင်ပြေပြီး ကိုယ်လက်လှုပ်ရှားပေးခြင်းက သဘာဝအတိုင်းစိတ်ဖိစီးမှုသက်သာစေတဲ့ ​အဖြေလို့ဆိုလို့ရနိုင်ပါတယ်။ ခန္ဓာကိုယ်လှုပ်ရှားပေးလိုက်ခြင်းက စိုးရိမ်ပူပန်မှုနဲ့ စိတ်ဖိစီးတာတွေကနေ ကောင်းမွန်တဲ့ အားအင်အဖြစ် ပြောင်းလဲပေးပါတယ်။
အစရှိတဲ့ နည်းလမ်းလေးတွေပဲ ဖြစ်ပါတယ်။
စိုးရိမ်ပူပန်ခြင်းတွေ မှန်ကန်တဲ့ ဖြေရှင်းနည်းတွေကို သိထားမယ်ဆိုရင်တော့ အချိန်အနည်းငယ်အတွင်း သက်သာစေနိုင်ပါတယ်။မိမိအနေနဲ့ မိမိစိတ်ကို ဖြေလျော့နည်းတွေ မှန်ကန် ကောင်းမွန်တဲ့ နည်းလမ်းများကိုသိထားခြင်းဖြင့် အရေးပေါ် အခြေအနေတွေမှာ မိမိအတွက်ကော သူများကိုပါ ပြန်လည်မျှဝေ ကူညီပေးနိုင်မှာပဲ ဖြစ်ပါတယ်။
ကျွန်မတို့ Jue Jue's Safe Space ရဲ့ စာဖတ်သူတွေကော စိုးရိမ်ပူပန်မှုတွေကို ကြုံရတဲ့အခါ ဘယ်လိုရင်ဆိုင်​ဖြစ်နေလဲဆိုတာကို Comment Box မှာ မျှဝေပေးသွားပါဦးနော်။
Reference
Simone Marie- 10 Effective Ways to Reduce Anxiety Quickly- medically reviewed by Joslyn Jelinek (2024)
#juejuessafespace #jjss #mentalhealth #awareness #anxiety #relaxtationtechnique
#crd

image
NgeHtwe changed his profile cover
39 w

image
//