39 w - Translate

သူက ဘယ်သူနဲ့မှအစားထိုးပစ်လို့မရတဲ့ ငါ့ရဲ့မှတ်ဉာဏ်ထဲက အစိတ်အပိုင်းဘဲ
ငါ့ရဲ့အကြောင်းတွေကို အစကနေအဆုံးငါ့ထက်ပိုသိခဲ့တဲ့သူဖြစ်ခဲ့တယ်
ငါ့ရဲ့နေ့ရက်တွေမှာ အမြဲတမ်းသူရှိနေခဲ့တယ်
စိတ်ပင်ပန်းရတဲ့နေ့ရက်တွေမှာ အခြားသူစကားတွေထက် ငါအဆင်ပြေဖို့ကိုပိုဦးစားပေးခဲ့တယ်။
အမှောင်ထဲဘဲ ငိုခဲ့ရတဲ့အချိန်ကာလတွေမှာ နွေးထွေးစွာထွေးပွေ့ခဲ့တယ်
ဘယ်လိုအကြောင်းကြောင့်ဝေးသွားရတာဘဲဖြစ်စေ၊သူက ငါ့စိတ်ကိုနားအလည်ဆုံးသူတော့ဖြစ်ခဲ့တယ်။
အဲ့တစ်ခုထဲအတွက်နဲ့ ငါလည်းကျေးဇူးတင်ခဲ့ရပါတယ်။
မတတ်သာတော့တဲ့အခြေအနေကြောင့်သာ လက်လွှတ်လိုက်‌ရပေမယ့် လက်လွှတ်လိုက်ရပေမယ့်ပေါ့...
အင်း အဆုံးမှာတော့ ငါတို့ဝေးသွားတယ်

-သက်ထားရွှေစင်(THSS)-
#thethtarshwesinthss

image
39 w - Translate

ကျနော်တို့လည်း သိပ်အများကြီး
မျှော်လင့်မထားခဲ့ကြပါဘူး
ကိုယ့်ကိုချစ်ပြီး ကိုယ်ကချစ်ရတဲ့
တစ်စုံတစ်ယောက်ကိုပဲ လိုချင်ခဲ့ကြတာပါ
ကျနော်တို့ မတန်မဆကြီးလည်း
မတောင်းဆိုခဲ့ကြပါဘူး
အဲ့ဒီလောက်လေးပဲ ရချင်ခဲ့ကြတာပဲ
ဒါပေမဲ့ အဲ့ဒီလောက်ကလေးကိုပဲ မရနိုင်ခဲ့ကြဘူး။

-မိုးနေ့

image
39 w - Translate

-ဘဝမှာ လိုချင်တာတွေ မရခဲ့ !
ဖြစ်ချင်တာတွေလည်း မဖြစ်ခဲ့ !

ဒဏ်ရာတွေ ဗရပွနဲ့ လဲကျနေခဲ့ပေါ့...

"လဲကျလိုက် ပြန်ထလိုက်"ဆိုတာ
အပြေားသာ လွယ်တာ

လဲကျသွားရင် တစ်ခါပြန်ထဖို့
နှစ်တွေ ချီ...ဘဝတွေ ချီ...

image
39 w - Translate

ကောင်လေးနဲ့ အဆင်မပြေတိုင်း မီ “

image

လန်ချန်း - မဲခေါင် ပိုက်ကျော်ခြင်းပြိုင်ပွဲမှာ မြန်မာ ငွေ နဲ့ ကြေး (၂)ဆုစီ ရရှိ
အောက်တိုဘာ ၃၁
လန်ချမ်း - မဲခေါင် ပူးပေါင်းဆောင်ရွက်တဲ့ တရုတ်ပိုက်ကျော်ြခင်း ပြိုင်ပွဲမှာ မြန်မာ့လက်‌ရွေးစင် ပိုက်ကျော်ခြင်း အသင်းက ငွေနဲ့ ကြေး (၂)ဆုစီ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီ ပြိုင်ပွဲတွေကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးကျွမ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ နန်နင်းမြို့မှာ အောက်တိုဘာ ၂၃ ရက်နေ့ကနေ ၂၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။

ပြိုင်ပွဲကို မြန်မာ၊ တရုတ်၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနဲ့ ဗီယက်နမ် နိုင်ငံတို့ ပါဝင် ယှဉ်ပြိုင်ခဲ့ကြတယ်လို့ သိရပါတယ်။

ပြိုင်ပွဲတွေရဲ့ အမျိုးသား (၄)‌ယောက်တွဲပြိုင်ပွဲမှာ ထိုင်းအသင်းက ပထမ၊ ဗီယက်နမ် (A) အသင်းက ဒုတိယ၊ မြန်မာနဲ့ လာအိုအသင်းတို့က ပူးတွဲ တတိယ ရရှိခဲ့ကြပါတယ်။

ဒါအပြင် အမျိုးသမီး (၃) ‌ယောက်တွဲ ပြိုင်ပွဲမှာ ထိုင်းအသင်းက ပထမ၊ ဗီယက်နမ် (A) အသင်း က ဒုတိယ၊ မြန်မာနဲ့ တရုတ်အသင်းတို့က ပူးတွဲ တတိယ ရရှိခဲ့ကြတာပဲ ဖြစ်ပါတယ်။

#centralnewsnaypyitaw

image
39 w - Translate

ထရမ့်၏ မှတ်ချက်များနှင့်ပတ်သက်၍ တရုတ်က ထိုင်ဝမ်သည် 'စွန့်ပစ်ခံရသော ကလေး' ဖြစ်လာနိုင်ကြောင်း ပြောကြား။

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒေါ်နယ်ထရန့် အနိုင်ရခဲ့ပါက အမေရိကန်က အမြဲတမ်း “ပထမ” ပေါ်လစီအတိုင်း လိုက်နာကျင့်သုံးမည် ဖြစ်သည့်အတွက် ထိုင်ဝမ်ကို စွန့်ပစ်နိုင်သည် လို့ တရုတ်အစိုးရက ဗုဒ္ဓဟူးနေ့မှာ ထုတ်ဖော်ပြောဆိုလိုက်သည်။

image
Zwe Htut changed his profile picture
39 w

image
Zwe Htut changed his profile cover
39 w

image

image
39 w - Translate

ရွှေဘောလုံးဆုရှင် ရိုဒရီကို နည်းပြဂွာဒီယိုလာ ဂုဏ်ပြု
--------------------
(၂၀၂၄)ခုနှစ်ရဲ့ ရွှေဘောလုံးဆုရှင်ဖြစ်လာခဲ့တဲ့ မန်စီးတီးအသင်းရဲ့ စပိန်ကွင်းလယ်ကစားသမား ရိုဒရီကို နည်းပြ ဂွာဒီယိုလာက အောက်တိုဘာလ(၂၉)ရက်နေ့မှာ ဂုဏ်ပြုစကား ပြောကြားသွားခဲ့ပါတယ်။ ရိုဒရီဟာ ရွှေဘောလုံး ဆုကို ရီးရဲလ်မတ်ဒရစ်အသင်းရဲ့တောင်ပံကစားသမား ဗီနီစီးယက်စ်ဂျူနီယာကို ကျော်ဖြတ်ကာ ရယူနိုင်ခဲ့တာပါ။

ရိုဒရီအနေနဲ့ အခုလိုရွှေဘောလုံးဆုရှင် ဖြစ်လာတဲ့အတွက် ဂုဏ်ယူမိသလို မန်စီးတီးအသင်း သမိုင်းတစ်လျှောက် ရွှေဘောလုံးဆုရတဲ့ ပထမဆုံးကစားသမား ဖြစ်လာတာကြောင့်လည်း ဝမ်းသာမိတယ်လို့ နည်းပြဂွာဒီယိုလာက ပြောပါတယ်။

ရိုဒရီအနေနဲ့ အခုအချိန်မှာ ဒဏ်ရာပြဿနာကြောင့် ရာသီကုန်အထိ အနားယူနေရပေမယ့်လည်း အမြန်ဆုံး ပြန် ကောင်းလာဖို့အတွက် မျှော်လင့်မိတယ်လို့လည်း နည်းပြဂွာဒီယိုလာက ဆက်လက်ပြောကြားခဲ့ပါ သေးတယ်။ ရိုဒရီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက မန်စီးတီးအသင်းကို ပရီးမီးယားလိဂ် (၄)ကြိမ်ဆက်ရရှိအောင် လုပ်ဆောင် ပေးနိုင်ခဲ့ရာမှာ အဓိကကျတဲ့ ကစားသမားတစ်ယောက်ဖြစ်ခဲ့သလို စပိန်အသင်းနဲ့လည်း ယူရို(၂၀၂၄) ဖလားကို ဆွတ်ခူးပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

image
//