39 w - Translate

Back Tattoo Ideas 🖤✨

image
39 w - Translate

Back Tattoo Ideas 🖤✨

image
39 w - Translate

Back Tattoo Ideas 🖤✨

imageimage
+4
39 w - Translate

နိုင်ငံ၏ အနာဂတ်ကာလတွင် သယံဇာတ အရင်းအမြစ်များ ရေရှည်ဖွံဖြိုး တိုးတက်စေရေး ကြိုးပမ်းလုပ်ဆောင်ကြမည်ဟု ဒုဝန်ကြီး ပြောကြား

တရုတ်-မြန်မာ ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု (၁၀)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူက နိုင်ငံ၏ သယံဇာတအရင်းအမြစ်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်နေ့နံနက် ၉ နာရီတွင် နေပြည်တော် Grand Amara ဟိုတယ်၌ ကျင်းပခဲ့ပြီး တရုတ်သိပ္ပံအကယ်ဒမီ (CAS) နှင့် မြန်မာနိုင်ငံ သစ်တောဦးစီးဌာနတို့၏ (၁၀)နှစ်တာ ပူးပေါင်းဆောင်ရွက်မှု အတွေ့အကြုံများကို ဆွေးနွေးခဲ့ကြသည်။

ဒုတိယဝန်ကြီးက ၂၀၁၃ ခုနှစ်မှစတင်၍ တရုတ်သိပ္ပံအကယ်ဒမီ၏ စစ်ဆောင်ပါးနား အပူပိုင်းရုက္ခဗေဒဥယျာဉ် (XTBG) နှင့် ပူးပေါင်း၍ မြန်မာနိုင်ငံရှိ အပင်မျိုးစိတ်အသစ်များ၊ တောရိုင်းတိရစ္ဆာန်မျိုးစိတ်အသစ်များနှင့် ရေနေဇီဝမျိုးစိတ်အသစ်များကို သုတေသနပြုလုပ်ခဲ့ရာ အောင်မြင်ကောင်းမွန်သောရလဒ်များစွာ ရရှိခဲ့ကြောင်း ထည့်သွင်းပြောကြားခဲ့ပြီး အနာဂတ်ကာလများတွင်လည်း ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အခမ်းအနားတွင် သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှ Key Note Presentation တင်ပြခြင်း၊ တရုတ်သိပ္ပံအကယ်ဒမီမှ တာဝန်ရှိသူများက (၁၀)နှစ်တာကာလ ပူးပေါင်းဆောင်ရွက်မှု ရလဒ်များကို တင်ပြခြင်းတို့ ပြုလုပ်ခဲ့ကြသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူးကြီး၊ တရုတ်သိပ္ပံအကယ်ဒမီ(CAS)မှ ဌာနဆိုင်ရာအကြီးအကဲများ၊ ပါမောက္ခများ၊ ကျောင်းသားကျောင်းသူများ၊ နှင့် မြန်မာနိုင်ငံမှ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ အပါအဝင် စုစုပေါင်း လူဦးရေ ၁၅၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။

image
39 w - Translate

Learn more about omnichannel marketing

https://www.omnisend.com/channels/

39 w - Translate

မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား သုံးနိုင်ငံမှ သင်တန်းသား/သူများပါဝင်သည့် "နိုင်ငံတော်အသိအမှတ်ပြုစနစ် တည်ဆောက်မှုမြှင့်တင်ခြင်း" လန်ချန်း-မဲခေါင်စီမံကိန်း သင်တန်းဖွင့်လှစ်

လန်ချန်း-မဲခေါင် ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် ဖွင့်လှစ်သည့် "နိုင်ငံတော်အသိအမှတ်ပြုစနစ် တည်ဆောက်မှုမြှင့်တင်ခြင်း" သင်တန်း ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာလ ၂၉ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

လန်ချန်း-မဲခေါင်စီမံကိန်းဖြစ်သည့် အဆိုပါသင်တန်းကို မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနိုင်ငံတို့မှ သင်တန်းသား၊ သင်တန်းသူ(၃၀)ဦးတက်ရောက်လျက်ရှိပြီး ၎င်းတို့အနက် ၁၅ ဦးကို လက်တွေ့လေ့လာမှုများပြုလုပ်နိုင်ရန် တရုတ်နိုင်ငံသို့စေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖွင့်ပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ သံမှူး Mr. Ouyang Daobing တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံအပါအဝင် လန်ချန်း-မဲခေါင် မိတ်ဖက်နိုင်ငံများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ခြင်းနှင့် လန်ချန်း-မဲခေါင်နိုင်ငံများ အေးအတူပူအမျှအသိုက်အဝန်းကို တည်ဆောက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည့်အခြေအနေများကို ပြောကြားခဲ့သည်။

အလားတူ ဖွင့်ပွဲသို့တက်ရောက်လာသည့် မြန်မာနိုင်ငံ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဖြူဖြူဝင်းကလည်း အခွင့်အရေးများကို အသုံးချကာ အဖွဲ့အစည်းစွမ်းရည်မြှင့်တင်ခြင်းနှင့် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးတို့ကို ဖော်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။

အမိုရင်ကို မန်ယူစိတ်ဝင်စားဟု စပို့တင်း အတည်ပြု
-----------------------
ပေါ်တူဂီကလပ် စပို့တင်းအသင်းဟာ အသင်းရဲ့နည်းပြ အမိုရင်ကို မန်ယူအသင်းက ခေါ်ယူဖို့စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေအပေါ် အောက်တိုဘာလ(၂၉)ရက်နေ့က အတည်ပြုသွားခဲ့ပါတယ်။ မန်ယူအသင်းဟာ အခု ဘောလုံးရာသီမှာ ရလဒ်ပိုင်း ဆိုးရွားနေခဲ့တာကြောင့် အသင်းရဲ့နည်းပြတန်ဟတ်ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး အမိုရင်ကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် စိတ်ဝင်စားနေခဲ့တာပါ။

နည်းပြအမိုရင်နဲ့ပတ်သက်ပြီး မန်ယူ အသင်းနဲ့ ဆွေးနွေးမှုတွေကို ပြုလုပ်နေသလို မန်ယူအသင်းအနေနဲ့ အမိုရင်ကို နည်းပြသစ်အဖြစ် ခေါ်ယူချင်တယ် ဆိုရင် စာချုပ်ဖျက်သိမ်းကြေး ယူရို(၁၀)သန်း ပေးချေသွားရမှာဖြစ်တယ်လို့ စပို့တင်းအသင်းက တရားဝင်စာ ထုတ်ပြန်ချက်ထဲမှာ ရေးသားခဲ့ပါတယ်။

မန်ယူအသင်းဟာ အခုဘောလုံးရာသီမှာ ရလဒ်ဆိုးရွားနေခဲ့တာကြောင့် စပို့တင်းအသင်းကို ရလဒ်ကောင်းရအောင် လုပ်ဆောင်ပေးနေတဲ့ နည်းပြအမိုရင်က အသင်းကို အကောင်းဆုံး ကိုင်တွယ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေပါ တယ်။ မန်ယူအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်နေခဲ့ ပေမယ့် နည်းပြအမိုရင်ကတော့ နေစီယိုနယ် အသင်းနဲ့ပွဲစဉ်အပြီးမှာ အနာဂတ်နဲ့ပတ်သက်တဲ့ မေးခွန်းတွေအပေါ် မှတ်ချက်တစ်စုံတစ်ရာ မပေးခဲ့တာကိုလည်း တွေ့ခဲ့ရပါတယ်။

image

မြန်မာ့အရေး ကုလအထူးသံနှင့် ဗိုလ်ချုပ်မှူးကြီး ဘာတွေဆွေးနွေးလဲ

အောက်တိုဘာ ၃၁၊ နိုင်ငံတကာ။

ကုလသမဂ္ဂအထူးသံတမန် ဂျူလီဘစ်ရှော့ (Julie Bishop) သည် မြန်မာနိုင်ငံ၏မြို့တော် နေပြည်တော်သို့ သွားရောက်ခဲ့ပြီး နစကအစိုးရအဖွဲ့ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သည့်ဟု အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် ကုလသမဂ္ဂအစည်းအဝေးတွင် ပြောကြားခဲ့သည်ဟု The Straits Times မှ ဖော်ပြခဲ့သည်။

ထိုတွေ့ဆုံမှုအတွင်း မြန်မာ့အရေးတွင် ပါဝင်သူများအနေဖြင့် “zero-sum mentality” ဟုခေါ်သည့် အနိုင်-အရှုံး တွက်ချက်သည့် အယူအဆကို နောက်ချန်ထားခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မြန်မာနိုင်ငံ၏ ရုန်းမထွက် နိုင်သေးသော ပဋိပက္ခကို အဖြေရှာရန် ရှေးရှုလုပ်ဆောင်ရန်လည်း ဘစ်ရှော့က တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်က အာဏာကို ရယူခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် နောက်ပိုင်း ပဋိပက္ခများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဧပြီလက မြန်မာ့အရေးတွင် အထူးသံတမန်အဖြစ် ခန့်အပ်ခံ ဩစတြေးလျဝန်ကြီးချုပ်ဟောင်း ဘစ်ရှော့က ပြန်လည်သင့်မြတ်ရေးအတွက် အကြမ်းဖက်မှုများ အဆုံးသတ်ရန်၊ ကုလသမဂ္ဂနှင့် အကူအညီ ပေးရေးအဖွဲ့များကို ဝင်ခွင့်ပြုရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၊ အတိုက်အခံ လက်နက်ကိုင်အဖွဲ့များ အကြား ပြည်တွင်းစစ် ဖြစ်ပွားခဲ့သဖြင့် လူပေါင်း ၃ ဒသမ ၁ သန်းကျော် ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေ ရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ခဲ့သည်။

"ကျမ နေပြည်တော်ကို သွားပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါတယ်။ နောက်တစ်ကြိမ် ထပ်သွား ဦးမှာပါ" ဟု ဘစ်ရှော့က ပြောကြားခဲ့ပြီး အစည်းအဝေးနှင့် ပတ်သက်သည့် အသေးစိတ် အချက်လက်ကို ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ထို့ပြင် မည်သည့်အချိန်တွင် ၎င်းတို့နှစ်ဦး တွေ့ဆုံခဲ့သည် ဆိုခြင်းကိုလည်း ရှင်းလင်းစွာ မသိရပေ။

ဘစ်ရှော့က ၎င်းသည် NLD ပါတီ၊ NUG ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် မြန်မာ့အရေး သက်ဆိုင်သူအားလုံးနှင့် တွေ့ဆုံခဲ့ကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင်လည်း ဘက်လိုက်မှုမရှိသည့် ထိတွေ့ဆက်ဆံမှု မျိုးနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

"မတူညီမှုတွေ၊ သဘောထား မတိုက်ဆိုင်မှုတွေကို နားလည်ဖို့ ကျမ ကြိုးစားနေပါတယ်။ အဲဒါမှ သဘောတူညီမှု ရရှိဖို့ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အားထုတ်ကြိုးပမ်းမှုတွေမှာ ကျမ စွမ်းစွမ်းတမံ ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်"ဟု ၎င်းက ဆိုသည်။

"မြန်မာ့အရေးနဲ့ သက်ဆိုင်သူတွေအနေနဲ့ အနိုင်-အရှုံး တွက်ချက်တဲ့ စိတ်ထားကို စွန့်လွှတ်ရပါလိမ့်မယ်။ နိုင်ငံအနှံ့ တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ပြည်သူတွေရဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးတဲ့အချိန်မှာ တိုးတက်မှု အနည်းငယ် သာရှိနိုင်ပါလိမ့်မယ်" ဟု ဘစ်ရှော့က ပြောကြားခဲ့သည်။

Source: TST

ပုံ - ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဘစ်ရှော့ကို တွေ့ရစဉ်

#centralnewsnaypyitaw

image
//