ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် ကျင်းပသည့် ချစ်စရာကောင်းသော ဆင်မကြီး မိုမို၏ အသက် ၇၁ နှစ်ပြည့်မွေးနေ့ပွဲ မိသားစုများ ပါဝင်ဆင်နွှ

ရန်ကုန်၊ နိုဝင်ဘာ ၃ ရက်

မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်တွင် ချစ်စဖွယ်ကောင်းသော အာရှဆင်မကြီး မိုမို၏ အသက် ၇၁ နှစ်ပြည့် မွေးနေ့ပွဲကို ပါဝင်ဆင်နွှဲကြရန် (နိုဝင်ဘာ ၃ ရက်) လာရောက်လည်ပတ်သူများက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် စုရုံးလျက်ရှိသည်။

သားနှစ်ဦးကို ဆင်မကြီး မိုမိုနှင့် မိတ်ဆက်ပေးရန် ခေါ်ဆောင်လာခဲ့သော အသက် ၃၆ နှစ်အရွယ် မဟန်စုရည်က “သားလေးတွေကို တိရစ္ဆာန်တွေအကြောင်း လေ့လာစေချင်တာရော သူတို့နဲ့နီးစပ်စေချင်တာရောကြောင့် ခေါ်လာခဲ့တာပါ” ဟု ရှင်းပြသည်။

“ဒီလိုမွေးနေ့ပွဲလေးတွေ လုပ်ပေးပြီးတော့ လူတွေက တိရစ္ဆာန်တွေကို အလေးထားဂုဏ်ပြုကြတယ်ဆိုတာ သူတို့ နားလည်ဖို့အရေးကြီးတယ်လေ” ဟု ၎င်းက ဆိုသည်။

“မနှစ်က လူတွေအရမ်းများတော့ မိုမို့ကို အဝေးကပဲ လှမ်းမြင်လိုက်ရတယ်။ ဒီနှစ်တော့ အရင်နှစ်ကလောက်တော့ လူမများတော့ဘူး” ဟု ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

မိုမို့ကို စိတ်အားထက်သန်စွာ လာရောက်ကြည့်ရှုကြသူများအနက် အသက် ၁၀ နှစ်အရွယ် မယွန်းနဒီအိမ်ကလည်း မိုမို့မွေးနေ့ပွဲတွင် ပါဝင်ရခြင်းကြောင့် ပျော်ရွှင်ကြည်နူးရပုံကို အခုလိုပြောပြခဲ့သည်။

“သမီးက မိုမို့မွေးနေ့လုပ်မယ်ဆိုလို့ တိရစ္ဆာန်ရုံကို လာခဲ့တာပါ။ မိုမို့မွေးနေ့ပွဲ လာကြည့်တာ သုံးခါ လေးခါလောက်ရှိပြီ။ မိုမို့ကို ထပ်တွေ့ရတာ အရမ်းပျော်တာပဲ”

အသက် ၃၀ အရွယ် မသီရိမေဇော်က ဆင်မကြီးမိုမိုနှင့် ကာလကြာရှည် ဆက်စပ်မှုအား ပြောကြားရာတွင် “ငယ်ငယ်ကတည်းက ကျွန်မရဲ့ အဖေက မိုမိုရဲ့ မွေးနေ့ပွဲကြည့်ဖို့ တိရစ္ဆာန်ရုံကို ခေါ်လာခဲ့ပါတယ်။ ဒီကို နှစ်တိုင်း ရောက်ခဲ့ပြီးတော့ အခုလည်း ကျွန်မရဲ့ ကလေးတွေကိုလည်း ဆင်မကြီးမိုမိုကို မြင်တွေ့စေချင်ပါတယ်” ဟု ဆိုသည်။

“ဆင်မကြီးမိုမိုက ကျွန်မ ငယ်ငယ်ကတည်းက ကျွန်မဘဝရဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီပွဲက ကျွန်မရဲ့ မိဘတွေနဲ့ မိုမိုဆီကို လာခဲ့တဲ့ ကြည်နူးဖွယ်ကောင်းတဲ့အမှတ်တရတွေကို ပြန်ပြီး ရစေပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အသက် ၈ နှစ်အရွယ်ရှိ မောင်အောင်ဘုန်းပြည့်က ဆင်များအား ကြံအစာကျွေးရင်း ၎င်း၏ စိတ်လှုပ်ရှား ပျော်ရွှင်မှုအား ပြောကြားခဲ့သည်။ “ဆင်တွေကို ချစ်လို့ သူတို့ကို ကြည့်ချင်လို့ လာခဲ့တာပါ။ ဆင်တွေက အကောင်ကြီးပြီး အားသန်ပေမဲ့ သူတို့ကို အစာကျွေးဖို့ မကြောက်ပါဘူး။ အခုက တိရစ္ဆာန်ရုံကို ပထမဆုံး လာတာပါ။ ဆင်တွေကို မြင်ရတဲ့အတွက် အရမ်းပျော်ပါတယ်”ဟု ပြောကြားခဲ့သည်။

အသက် ၁၁ နှစ်အရွယ် မောင်သွန်းဆက်အောင်ကလည်း မိုမိုအား ၎င်း၏ ချစ်ခင်မှုကို ပြောကြားရာတွင် “မိုမိုကို မြင်ချင်လို့ ဒီကို လာခဲ့တာပါ။ ဒါနဲ့ဆို သုံးကြိမ်ရှိပြီ။ သူက ထူးခြားပါတယ်”ဟု ဆိုသည်။

ဆင်မကြီး မိုမို၏ မွေးနေ့ပွဲအား ၎င်းအသက် ၆၀ ပြည့်သည့် ၂၀၁၃ ခုနှစ်မှစ၍ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်၌ နှစ်စဉ် ကျင်းပလာခဲ့ကြောင်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်ထွန်းက ပြောသည်။

နှစ်စဉ်နှစ်တိုင်း မိုမို၏ မွေးနေ့ပွဲက မိသားစုများနှင့် မိတ်ဆွေသူငယ်ချင်းများအား အတူတကွ ဆုံစည်းစေခဲ့ပြီး အားလုံးက မိုမို့ကို ချစ်မြတ်နိုးကြကာ လူသားများနှင့် တိရစ္ဆာန်များအကြား ထူးကဲသော ချည်နှောင်မှုကြောင့် တန်ဖိုးထားအသိအမှတ်ပြုကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

Credit - ဆင်ဟွာသတင်းဌာန

#သတင်းဟင်းလေးအိုးကြီး

imageimage
+4
40 w - Translate

ရခိုင်ရိုးရာ နံ့သာသွေးပွဲ 😍

image
40 w - Translate

ရခိုင်ရိုးရာ နံ့သာသွေးပွဲ 😍

image
40 w - Translate

ရခိုင်ရိုးရာ နံ့သာသွေးပွဲ 😍

image
40 w - Translate

ရခိုင်ရိုးရာ နံ့သာသွေးပွဲ 😍

image
40 w - Translate

ရခိုင်ရိုးရာ နံ့သာသွေးပွဲ 😍

image
image
image
image
40 w - Translate

သိဖို့ 😂

image
40 w - Translate

Childhood life at Tea Shop
** အမေ့! နံပြားထောပတ်သုတ်ကို နံပြားကျွတ်တာလေး‌ရွေးသုတ်ပေးဖို့ ပြောပေးနော် ၊ ပြီးတော့ သကြားခဲကြီးရင် သကြားမထည့်ဘူးလို့ပြောပေးနော် အိမ်ရောက်မှထည့်sarမယ် ၊ အီကြာကွေးက အချောင်းညီတာရွေးနော် အမေ့သားနဲ့ အတို၊ အရှည် လု မsarချင်ဘူး **

image

ကမ္ဘာ့အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲမှာ မြန်မာအသင်း ယှဉ်ပြိုင်ခွင့်ရရ

နိုဝင်ဘာ ၄

တရုတ်နိုင်ငံ ချန်ဒူးမှာ ၂၀၂၅ ခုနှစ် သြဂုတ်လ ၉ ရက်နဲ့ ၁၀ ရက်တွေမှာ ကျင်းပပြုလုပ်မယ့် ကမ္ဘာ့ အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော်ပြိုင်ပွဲမှာ မြန်မာ လှေလှော်အားကစားအသင်း ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရရှိခဲ့တယ် လို သိရပါတယ်။

မြန်မာလှေလှော်အားကစားအသင်းဟာ အောက်တိုဘာ ၂၄ ရက်နေ့ကနေ နိုဝင်ဘာ ၃ ရက်နေ့အထိ တရုတ်နိုင်ငံ Yichang မြိုနဲ့ ဖိလစ်ပိုင်နိုင်ငံ Puerto Princesa မြိုတိုမှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလား နဂါးလှေလှော်ပြိုင်ပွဲတွေမှာ ရွှေတံဆိပ် (၆)ခုနဲ့ ငွေတံဆိပ် (၃) ခု ဆွတ်ခူးရရှိခဲ့တယ်လို သိရပါတယ်။

ပြိုင်ပွဲကနေ အကောင်းဆုံး အသင်း (၁၂) သင်းဟာ ကမ္ဘာ့ အားကစားပြိုင်ပွဲ ချန်ပီယံရှစ် နဂါးလှေလှော် ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိတာဖြစ်ပြီး အဲ့ဒီထဲမှာ မြန်မာအသင်းပါဝင်ခဲ့တာလည်း ဖြစ်ပါတယ်။

#centralnewsnaypyitaw

image
40 w - Translate

အရာရာတိုင်းကတော့ မလွယ်ကူနိုင်ပါဘူး
အခက်အခဲတွေကြားက
ကြိုးစားရှင်သန်နေကြရတာ

စားဖို့ သွားဖို့ နေထိုင်နိုင်ဖို့
အားလုံး လှုပ်ရှားနေကြရတာ

အမှောင်မိုက်ဆုံးလမ်းတွေကို
မကျော်ဖြတ်နိုင်ခဲ့ရင်
အလင်းရောင်ကို တွေ့ရမှာမဟုတ်ဘူးလေ

ဘဝရဲ့အလင်းရောင်က
တန်ဖိုးကြီးလေ
အမှောင်ထုတွေကိုဖြတ်သန်းရလေဘဲ

အရမ်းကြီး စိတ်ပျက်အားလျော့မသွားပါနဲ့
ကလေးငယ်ရေ

တောင်တန်းတွေလွန်ရင် ပင်လယ်ပြင်ရှိတယ်
အမှောင်ဆုံးညတွေရဲ့အဆုံးမှာ အလင်းရောင်ရှိပါတယ်

မကြာခင်
ကောင်းတဲ့အရာတွေ
ကောင်းတဲ့လူသားတွေ
ပိုကောင်းတဲ့နေ့ရက်တွေရောက်လာတော့မှာမလို့

နည်းနည်းလေးဖြစ်ဖြစ်
အားတင်းထားပေးပါအုံးနော်

ဒီနေ့အတွက် မင်းတာဝန်ကျေပါတယ်ကွယ်..

#လင်းနန်
November 2

image