40 ပတ် - ဘာသာပြန်ပါ။

တရုတ်နိုင်ငံရဲ့ ဖိတ်ကြားချက်နဲ့ နစက ဥက္ကဋ္ဌ တရုတ်သို့ သွားမည်

နိုဝင်ဘာ ၄

တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ကျင်းပပြုလုပ်မယ့် ထိပ်သီးအစည်းအဝေးပွဲတွေကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မယ်လို့ သိရပါတယ်။

“နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ဖိတ်ကြားချက်အရ မကြာမီ ရက်ပိုင်းအတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်”လို့ နစက သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်အသိပေးလာပါတယ်။

နစက ဥက္ကဋ္ဌဟာ (၈)အကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေး၊ (၁၀)ကြိမ်မြောက် ဧရာ၀တီ - ကျောက်ဖရား - မဲခေါင် စီးပွား‌ရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီး အစည်းအဝေးနဲ့ (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတွေကို တက်ရောက်မှာ သိရပါတယ်။

အဲ့ဒီ ခရီးစဉ်မှာ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ အစိုးရအဖွဲ့နဲ့ တွေ့ဆုံပြီး နှစ်နိုင်ငံ စီးပွားရေးနဲ့ ကဏ္ဏပေါင်းစုံ ပူးပေါင်းဆောင်မှုတွေကိုလည်း ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

ဒါအပြင် လာမယ့် နိုဝင်ဘာ ၆ ရက်ကနေ ၇ ရက်မှာပြုလုပ်မယ့် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး၊ ဧရာဝတီ - ကျောက်ဖရား - မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာအစည်းအဝေး နဲ့ ကမ္ဘောဒီးယား - လာအို - မြန်မာ - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှုအစည်းအဝေးတွေကို တက်ရောက်မယ်လို့ဆိုပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ရဲ့ တရုတ်ခရီးစဉ်ဟာ နိုဝင်ဘာ ၅ ရက်မှာ စတင်မှာဖြစ်ပြီး ငါးရက်ကြာမယ်လို့ စုံစမ်းသိရှိရပါတယ်။

အစည်းအဝေးကာလအတွင်းမှာ တရုတ်ဝန်ကြီးချုပ်လီချန်းနဲ့တွေ့ရှိနိုင်တယ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းတွေကတဆင့် သိရပါတယ်။

၂၀၂၁ အာဏာထိမ်းပြီးနောက် ပထမဆုံးအ​ကြမ်အဖြစ် တရုတ်နိုင်ငံသို့ သွားရောက်တာလည်း ဖြစ်ပါတယ်။

ပုံစာ - တရုတ်သမ္မတနှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ၂၀၁၉ ခုနှစ်က တွေ့ဆုံစဥ်

#centralnewsnaypyitaw

image

Beginner to Advance Level အထိ ၁၀၀ % အခမဲ့ Profit Organizations နှင့် Non-Profit organizations အလုပ်တွေမှာ လိုအပ်တဲ့ skills တွေကို တစ်ပြိုင်တည်း တစ်နေရာတည်းမှာ လေ့လာသင်ယူနိုင်ပြီး Free certificate လည်းရရှိမှာဖြစ်ပါတယ်။ ကျောင်းသား၊ အကိုင်အကိုမဲ့၊ အကိုင်အကိုရှိ မည်သူမဆို တက်ရောက်သင်ယူနိုင်ပါတယ်။ မိမိမှာ 0 skill ရှိရင်တောင် ဒီ free courses ကို တက်လို့ရပါတယ်။
ဉပမာတစ်ခုအနေနဲ့ဆို Software အပိုင်းတွေဆို
Excel, Google sheets, PowerPoint, Zoom စသော Software တွေကို Beginner ကနေ advance level အထိ သင်ယူလို့ရပါတယ်။ နောက်ထပ် courses ကိုလည်း Beginner ကနေ advance level အထိသင်ယူလို့ရပါတယ်။
လုပ်ဆောင်ရမဲ့ ပုံစံကတော့
(၁) Register ကို ကိုယ့် Email နဲ့လုပ်ရပါမယ်။
(၂) ကိုယ်တက်ချင်တဲ့ course ကို ရွေးပြီးတက်နိုင်ပါပြီ။
သင်ယူလို့ရတဲ့ အပိုင်းတွေကတော့
Grants
Fundraising
Project Management
Accounting Finance
How Nonprofits work
Diversity and Inclusion
Marketing and Communications
Human Resources
Leadership and Management
Starting a Non-profit
Board Development
Volunteer Management
link: https://get.nonprofitready.org..../ngo-training/?gad_s

#crd

image
40 ပတ် - ဘာသာပြန်ပါ။

"Breaking News"

KL Seven Group of Companies ပိုင်ရှင် ကြည်သာဟန် ဖမ်းဆီးထိန်းသိမ်းစစ်ဆေးခံရနေသည်မှာ မှန်ကန်ကြောင်း နီးစပ်သူများက အတည်ပြုပြောဆိုပါသည်။

EV ကားတင်သွင်းခွင့်အပါဝင် လုပ်ငန်းများစွာလုပ်ကိုင်ခွင့်ရထားတဲ့ ကြည်သာဟန်ကို ဘာကြောင့် ဖမ်းဆီးစစ်ဆေးခံနေရတယ်ဆိုတော့ မသိရှိရသေးပါဘူး

#centralnewsnaypyitaw

image
40 ပတ် - ဘာသာပြန်ပါ။

Cheesy garlic chicken wraps🤤

image
40 ပတ် - ဘာသာပြန်ပါ။

Cheesy garlic chicken wraps🤤

image
40 ပတ် - ဘာသာပြန်ပါ။

Cheesy garlic chicken wraps🤤

image
40 ပတ် - ဘာသာပြန်ပါ။

Cheesy garlic chicken wraps🤤

image
image
image

ရွေးကောက်ပွဲပြီးနောက် အမေရိကန်နှင့်တရုတ် ပြိုင်ဆိုင်မှုမြင့်တက်ဖွယ်ရှိ

နိုဝင်ဘာ ၄၊ နိုင်ငံတကာ။

အမေရိကန်သမ္မတရွေးကောက်ပွဲပြီးနောက်ပိုင်း တရုတ်နှင့် အမေရိကန်အကြား ပြိုင်ဆိုင်မှုများ မြင့်တက်လာမည့် အခြေအနေသည် ကျိန်းသေပေါက် ဖြစ်သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

သို့သော်လည်း အမေရိကန်သမ္မတရွေးကောက်ပွဲ ရလဒ်သည် တရုတ်အပေါ်ထားရှိသည့် အမေရိကန်၏ နည်းဗျူဟာများကို ပြောင်းလဲမည် ဟုတ်၊ မဟုတ် အဆုံးအဖြတ်ပေးလိမ့်မည်။

အမေရိကန်၏ နည်းဗျူဟာများသည် ကြမ်းတမ်းမည်လော သို့မဟုတ် နူးညံ့မည်လော အစရှိသည့် ချဉ်းကပ်မှု ၂ ခု အနက် ၁ ခုကို ရွေးကောက်ပွဲက အဆုံးအဖြတ်ပေးလိမ့်မည်ဟု တရုတ်၏ Renmin တက္ကသိုလ်မှ နိုင်ငံတကာ ဆက်ဆံရေးဌာနမှ ပါမောက္ခ ကျင်းကန်ရွန် (Jin Canrong) က ပြောကြားခဲ့သည်။

အမေရိကန်ဒုတိယသမ္မတ ကာမယ်လာဟားရစ် (Kamala Harris) သည် ရွေးကောက်ပွဲတွင် အနိုင်ရရန် ပိုပြီး အခွင့်အရေးရှိနေကြောင်းလည်း ကျင်းက ဖိုရမ်တစ်ခု၌ ပြောကြားခဲ့သည်။

ရွေးကောက်ပွဲတွင် ဟားရစ် အနိုင်ရခဲ့ပါက တရုတ်အပေါ်ထားရှိသည့် အမေရိကန်၏ မူဝါဒသည် ပိုမိုပျော့ပြောင်း ပြီး ပိုမိုစနစ်ကျမည်ဖြစ်သော်လည်း ပိုမိုနားလည်ရခက်ခဲမည့် ချဉ်းကပ်မှုမျိုး ရှိလာနိုင်သည်ဟု ကျင်းက ပြောသည်။

သို့သော် သမ္မတဟောင်း ဒေါ်နယ်ထရမ့် (Donald Trump) အနိုင်ရခဲ့မည်ဆိုပါက တရုတ်အပေါ်ထားရှိသည့် သဘောထားမှာ ပိုမိုတင်းမာမည်ဖြစ်သော်လည်း ပထမသက်တမ်း ကာလကလောက် သဘောထားတင်းမာဖွယ် မရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထရမ့်က ကြုံရာကျပန်း လက်သီးချက်တွေနဲ့ အိုမင်းနေတဲ့ ဆရာသမားကို သတ်ဖြတ်တဲ့ လူမျိုးနဲ့ တူပါတယ်။ သင့်ကို ကြုံရာထိုးနှက်ချက်တွေနဲ့အတူ မူးဝေးစေမှာပါ ဟု ကျင်းက ပြီးခဲ့သည့်လအတွင်း Chongyang Institute for Financial Studies တွင် ပြုလုပ်သည့် ဖိုရမ်၌ ပြောကြားခဲ့သည်ဟု Renmin တက္ကသိုလ်က နိုဝင်ဘာ ၂ ရက် တွင် ထုတ်ပြန်ခဲ့သည်။

အခြားလေ့လာစောင့်ကြည်သူများကလည်း ထရမ့်သာ အနိုင်ရခဲ့မည်ဆိုပါက အမေရိကန်နှင့် တရုတ် ဆက်ဆံရေး ကို သေချာရေရာမှုမရှိသည့် အခြေအနေမျိုး ပေါ်ပေါက်လာနိုင်ကြောင်း၊ ဟားရစ်သာ အနိုင်ရမည်ဆိုပါက လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန် (Joe Biden) ၏ လမ်းစဉ်အတိုင်း ဆက်လက် လုပ်ဆောင်မည်ဖြစ်ကာ ခန့်မှန်းရ ပိုမိုလွယ်ကူ လိမ့်မည်ဟု ပြောကြားခဲ့သည်။

ရွေးကောက်ပွဲမှာ ဘယ်သူပဲနိုင်နိုင် အရေးမကြီးပါဘူး။ တရုတ်ဟာ အမေရိကန်ရဲ့ အဓိကပြိုင်ဘက်အဖြစ် ဆက်ရှိ နေပါလိမ့်မယ်။ မဟာဗျူဟာအရလည်း ပြောင်းလဲမှုမရှိပါဘူး။ ဘယ်သူက ဘယ်လိုပုံစံမျိုးနဲ့ ချဉ်းကပ်လုပ်ဆောင် သွားမလဲဆိုတာပဲ ပြောင်းလဲမှာ ဖြစ်ပါတယ်။ အခြေခံ သဘောတရားတွေကတော ပြောင်းလဲမှာ မဟုတ်ပါဘူး ဟု ကျင်းက ပြောကြားခဲ့သည်။

Source: South China Morning Post

ပုံ - ဒေါ်နယ်ထရမ့်နဲ့ ဟားရစ်ကို တွေ့ရစဥ်

Credit - Central News Independence

#သတင်းဟင်းလေးအိုးကြီး

image
40 ပတ် - ဘာသာပြန်ပါ။

ကြံ့ကြံ့ခံနိုင်မှု (Resilience) ဆိုတာ
🔹ကရုဏာ မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်ကြီး ဦးစားပေးပြီးတော့ ဟောတာ ဒုက္ခနဲ့တွေ့တဲ့အခါမှာ ယိမ်းယိုင်မှု မရှိဘဲနဲ့ Resilience ၊ resilience ဆိုတာက ကြံ့ကြံ့ခံနိုင်တာပေါ့။ ကြံ့ကြံ့ခံနိုင်တယ် ဆိုတဲ့ဟာက ဟို resistance ပြောတာမဟုတ်ဘူး၊ resistance က resist လုပ်တယ် အဲဒါက ကြံ့ကြံ့ခံတယ် အဲဒါက တစ်ခု။ အသုံးပြုတဲ့ အင်္ဂလိပ်စကား။
🔹နောက်တစ်ခုက Resilience ဆိုတာက ဥပမာ ကားကြပ်လို့ ဒါမှမဟုတ် လိုချင်တဲ့ပစ္စည်းမှာတာ နောက်ကျနေလို့ စိတ်ညစ်သွားရင် စိတ်ညစ်တာကို သိလိုက်တယ်၊ အဲဒီ စိတ်ညစ်တာကနေပြန်ပြီး မြန်မြန်ဆန်ဆန် နလန်ထူနိုင်တာ။
🔹စိတ်ညစ်တဲ့အခါမှာ အဆိုးမြင်ဝါဒ ဝင်တယ်။ Negative thinking တွေ ဝင်တယ်၊ အဲဒီ Negative thinking ကနေ ပြန်နလန်ထူတာ recover ဖြစ်တယ် ခေါ်တာပေ့ါ။
🔹ပြန်ပြီးတော့ နလန်ထူတယ် ပြန်ပြီး recover ဖြစ်တယ် အဲဒီဟာကို positive thinking ခေါ်တာ။ အဲဒီလို ဒုက္ခနဲ့တွေ့တိုင်း ပြဿနာနဲ့ တွေ့တိုင်း ခလုတ်တိုက်တိုင်း ကိုယ့်ဟာကိုယ်ကို ပြန်ပြီးတော့ မြန်မြန်ဆန်ဆန် recover ဖြစ်တာ နလန်ထူတာ နလန်ထနိုင်တာ အတွေးအခေါ်အနေနဲ့ရော စိတ်ခံစားမှု emotion အနေနဲ့ရော ပြန်ပြီးတော့ နလန်ထနိုင်တာ။
🔹Negative attitude ကနေ Poisitive attitude ပြန်ဖြစ်သွားတယ်။ ရမှရပါ့မလားဆိုတဲ့ သံသယကနေပြီးတော့ ဒီဟာ လုပ်နိုင်ပါတယ်ဆိုပြီးတာ့ ယုံကြည်ချက်လေး ပြန်ပြီးတော့ ရရှိထားတယ်။ Negative ဘက်ကနေ Positive ဘက် ပြန်ရာက်သွားတယ်။
အဲဒါကို Resilience လို့ ခေါ်တယ်။
🔹Resilience ကို တချို့ psychologist တွေကတော့ Mental Immune System - immunity က ကိုယ်ခံအားကို ပြောတယ်လေ၊ ကိုယ်ခံအားကောင်းတဲ့လူ အအေးဒဏ် ခံနိုင်တယ်၊ နှာစီးဒဏ်တွေ ခံနိုင်တယ်၊ ရာသီဥတု climate ဒဏ်တွေခံနိုင်တယ်။
🔹အဲဒီလိုပါပဲတဲ့ စိတ်ထဲမှာ စိတ်ဓာတ်ခံအား ခေါ်ရမှာပေါ့ psychological immune system ကောင်းတဲ့ပုဂ္ဂိုလ်၊ အဲဒီပုဂ္ဂိုလ်ကလည်း တော်ရုံတန်ရုံ သူများဝေဖန်တာတို့ တော်ရုံတန်ရုံ အခက်အခဲနဲ့ တွေ့တာမျိုးတို့ အဲဒါမျိုးဆို သူက
🍃စိတ်ဓာတ် မကျတတ်ဘူး
🍃လက်မလျှော့တတ်ဘူး
လက်မလျှော့ရုံတင် မကဘူး မိမိတွေးခေါ်တဲ့နေရာမှာ -
🍃မိမိအတွက်လည်းတွေးတယ်
🍃သူတစ်ပါးအတွက်လည်း တွေးတယ်။
🔹တချို့ကျတော့ အခက်အခဲနဲ့တွေ့ပြီဆိုရင် ကိုယ့်အတွက်ပဲ တွေးတော့တယ်၊ inward-looking တစ်ခုပဲ လုပ်တော့တယ် outward-looking မလုပ်တော့ဘူး balance မဖြစ်တော့ဘူး။
🙏ကျေးဇူးတော်ရှင်အောက်စဖို့ဒ်ဆရာတော်ဒေါက်တာဓမ္မသာမိ🙏
"နေ့စဉ်အသုံးချ ကရုဏာ(၁၇.၁.၂၀၁၉ မြစ်ကြီးနားမြို့)" တရားတော်မှ ကောက်နှုတ် ရေးသားပူဇော်ပါသည်။
ချစ်ခြင်းအားဖြင့်
ပြေခိုင်
#crd

image
40 ပတ် - ဘာသာပြန်ပါ။

စားအုန်းဆီ ရည်ညွှန်း စျေးနှုန်း တစ်ပိသာ ကျပ် ၂၇၀ ကျော် အထိ မြင့်တက်
 
နိုဝင်ဘာ ၄၊ ရန်ကုန်။
 
စီးပွာရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ စားအုပ်ဆီ အခြေခံ လက်ကားရည်ညွှန်းစျေးနှုန်းကို တစ်ပိဿာ ငွေကျပ် ၆၅၉၅ ကျပ် လို့ နိုဝင်ဘာ ၄ ရက်နေ့က ထုတ်ပြန်ကြေညာထားတာကိုတွေ့ရပါတယ်။
 
ဒီကနေ့ စျေးနှုန်းဟာဆိုရင် ပြီးခဲ့တဲ့ တစ်ပတ်တာကာလ ရည်ညွှန်းစျေးနှုန်း ထက် ၂၇၅ ကျပ် မြင့်တက်နေပြီး အဲ့အချိန်တုန်းက တစ်ပိဿာကို ၆၃၂၀ ကျပ် ရှိခဲ့တယ်လို့ သိရပါတယ်။
 
စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့တဲ့ မလေးရှား နိုင်ငံရဲ့ FOB စျေးနှုန်းများကို ကြည့်ရှုပြီး သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်၊ ဘဏ်စရိတ်၊ အခွန်အခတွေကို ထည့်သွင်းတွက်ချက်ပြီး အခြေခံ လက်ကား ရည်ညွှန်းစျေးနှုန်းတွေကို တွက်ချက်ထုတ်ပြန်ပေးနေတာဖြစ်ပါတယ်။
 
ယခု သတ်မှတ်တဲ့ တစ်ပိဿာ ၆၅၉၅ ကျပ်ဟာ နိုဝင်ဘာ ၁၀ ရက်နေ့ အထိဖြစ်ပြီး စျေးကွက်အတွင်း တင်သင့်မျှတဲ့ စျေးနှုန်းထက် မြှင့်တင်ရောင်းချခြင်း၊ စျေးကစားဖို့ ရည်ရွယ် သိုလှောင်ထားမယ်ဆိုရင် အရေးကြီးကုန်စည်နဲ့ ဝန်‌ဆောင်မှု ဥပဒေအရ အရေးခံရနိုင်တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

image