#ကြက်ကုန်းဘောင်ကြီးကြော်လုပ်နည်း ( Kong Pao Chicken )

အိမ်တွင် ၁၅ မိနစ်အတွင်း ကုန်းဘောင်ကြီးကြော် နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်နော်။
--------------------------------
Ingredients (ပါဝင်ပစ္စည်းများ)

- ကြက်သား (ရင်ဘုံသား) ၂၀ ကျပ်သား (အနေတော် တုံးပေးပါ)

- ကြက်သွန်နီ ၂ လုံး (လေးစိပ်စိတ်ပါ)

- မုန်လာဥနီ ၂ ခု (အနေတော် တုံးပေးပါ)

- ဘိုစားပဲ ၁ဝ ခု (အနေတော် တုံးပေးပါ)

- ပြောင်းဖူးသေး ၈ ခု (အနေတော် တုံးပေးပါ)

- ကြက်သွန်မြိတ် ၂ ခု ( အရှည်လှီးပေးပါ)

- သီဟိုစေ့ ၁၅ စေ့

- ငရုတ်ပွနီခြောက် ၃ ခု
-------------------------------

* ချက်ပြုတ်နည်း *

Step 1 - ကြက်သားကို [ ဆား(လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တဝက်)၊ ပဲငံပြာရည်အနောက် (လက်ဖက်ရည်ဇွန်း ၂ဇွန်း)၊ ခရုဆီ(စားပွဲတင်ဇွန်း တဝက်)၊ ဂျုံမှုန့်(စားပွဲတင်ဇွန်း တဝက်) ] ထည့် နုယ်ပေးပါ။

Step 2 - ပြီးလျှင် ဒယ်ထဲ ဆီများထည့်ပြီး နုယ်ထားသော ကြက်သားကို ၂မိနစ်ခန့် မီးအသင့်တင့်ဖြင့် ကြော်ပေးပါ။ ပြီးလျှင် ကြော်ထားသော ကြက်သားများကို ဇကာဖြင့် ပြန်ဆယ်ထားပါ။

Step 3 - ဒယ်ထဲ ဆီ(စားပွဲတင်ဇွန်း ၃ ဇွန်း) ထည့်ပြီး ကြက်သွန်ဖြူ(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ စက္ကန့်အနည်းငယ်မျှ ဆီပူုထိုးပေးပါ။

Step 4 - ထို့နောက် ကြက်သွန်နီ၊ မုန်လာဥနီ ထည့်မွှေပေးပါ။ ပြောင်းဖူးသေး၊ ဘိုစားပဲ ထည့်ပေးပါ။

Step 5 - ပြီးလျှင် ကြက်ပြုတ်ရည်(သို့) ရေ(တခွက်) ထည့်ပြီး အဖုံး ၁မိနစ်ခန့်အုပ်ထားပေးပါ။

Step 6 - ရေအနည်းငယ်ကျန်လျှင် ကြက်သား၊ ပဲငံပြာရည်အနောက် (လက်ဖက်ရည်ဇွန်း ၁ဇွန်း)၊ နှမ်းဆီ(၄စက်)၊ ခရုဆီ(စားပွဲတင်ဇွန်း ၁ဇွန်း)၊ သကြား(လကဖက်ရည်ဇွန်း ၁ဇွန်း)၊ ဆား(လက်ဖက်ရည်ဇွန်း ၁ ဇွန်း)၊ ကြက်သွန်မြိတ် ထည့်မွှေပေးပါ။

Step 7 - ထို့နောက် အရသာအပေါ့အငံမြည်းပြီး သီဟိုစေ့၊ ငရုတ်ပွခြောက် ထည့်ပြီး ရေခန်းသည်အထိမွှေပေးပါ။

Step 8 - အရသာစူးရှပြီး စားလို့ကောင်းသော ကြက်ကုန်းဘောင်ကြီးကြော်ကို ထမင်းနှင့်တွဲဖက် စားသုံးနိုင်ပါပြီ။

နောက်များတွက်လည်း ပို၍ကောင်းသော ဟင်းလျှာများကို ပိုမိုကောင်းမွန်သောတင်ဆက်မှုများနဲ့ ပြသပေးသွားပါမယ်နော်။

image
2 yrs - Translate

မစောင့်နိုင်တော့ဘူး🤧

image
2 yrs - Translate

တကယ် 🥲

image
2 yrs - Translate

သောက်တောင် မသောက်ရက်တော့ဘူး

image
2 yrs - Translate

ရောက်နိုင်အုံးမလား..စိတ်နဲ့
ဆက်လျှောက်ပါအုံးမယ်။

ဘာမှမဖြစ်မြောက်ခဲ့တာတော့
မဟုတ်ခဲ့ဘူး လေ

ပြောင်းလဲသင့်တာတွေကို ပြောင်းလဲနိုင်ခဲ့တယ်။
သေးငယ်ပင်သော်ငြားလည်း တစ်ချို့အိပ်မက်သေးသေးလေးတွေကို
ငါရောက်ခဲ့သေးတယ်။

အမြင့်ဆုံးထိတော့မဟုတ်ဘူးပေါ့လေ
ဒါပေမယ့် လက်ခံနိုင်လောက်တဲ့ရလဒ်တစ်ခုပါပဲ

ငါ့ရဲ့ ဖြစ်လာတဲ့ရလဒ်နဲ့
တင်းတိမ်ရောင့်ရဲစွာပဲ ဆက်သွားပါမယ်။

နှစ်ကုန်ဖို့ နီးကပ်လာနေတဲ့အချိန်မှာ
ငါဆက်ကြိုးစားမယ်
မရောက်သေးတဲ့အိပ်မက်တွေလည်း
အွားပါအုံးမယ်။

လက်ကျန်ရက်တွေက နည်းနေပါစေအုံး
ရောက်အုံးမလားမသိတာမလို့
နှစ်ဆ အားထုတ်မှုနဲ့ သွားကြည့်အုံးမယ်

ငါကိုယ်တိုင်က အရှုံးမပေးတစ်ရွေ့
မရှုံးနိုင်ပါဘူးကွယ်...

#လင်းနန်
November 1

image

image
2 yrs - Translate

"အမေရိကန် ရွေးကောက်ပွဲ - ဟားရစ် သို့မဟုတ် ထရမ့်ပ် ဘယ်သူဦးဆောင်နေသလဲ။"

အမေရိကန်ပြည်ထောင်စုရှိ မဲဆန္ဒရှင်များသည် ၎င်းတို့၏နောက်ထပ်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ရန် နိုဝင်ဘာ ၅ ရက်၌ မဲရုံများသို့ သွားရောက်မဲပေးကြမည်ဖြစ်သည်။

နိုင်ငံတဝန်း မဲစစ်တမ်းကို ဘယ်သူက ဦးဆောင်နေသလဲ။

Harris သည် ဇူလိုင်လကုန်တွင် ဝင်ရောက်ယှဉ်ပြိုင်ပြီးကတည်းက နိုင်ငံလုံးဆိုင်ရာမဲရုံပျမ်းမျှများတွင် Trump ထက် အနည်းငယ်သာလွန်နေခဲ့ပြီး၊ ယခုထက်တိုင် ၄၈ ရာခိုင်နှုန်းဖြင့် ဦးဆောင်ဆဲဖြစ်သည်။

image
2 yrs - Translate

900 Free Computer Science Courses from the World’s Top Universities

https://www.freecodecamp.org/n....ews/free-courses-top

Crd

🍀 ငါးခြောက် ရုံးပတီဟင်း 🍀
**************************
ငါးခြောက်ကို
အရသာမှုန့်,သကြား နဲနဲ,ဒံပေါက်မဆလာနဲ့ နယ်ထားပါ။
ခရမ်းချဉ်သီး ကြိတ်ထားပါ။

__________________________________________________

ကြက်သွန်ဖြူ/နီ,ငရုတ်သီးအစိမ်းမှုန့် ရွလာအောင် ဆီသတ်ပီး
ပျဉ်းတော်သိမ်းရွက်ပါ တခါတည်း ဆီသတ်ပါ။
ကြိတ်ထားတဲ့ ခရမ်းချဉ်သီး ထည့်မွှေပါ။
ခရမ်းချဉ်သီး လုံးသွားမှ ငါးခြောက် ထည့်မွှေပီး
ရေထည့်၍ အဖုံးအုပ်ထားပါ။
ငါးခြောက်နူးခါနီးရင် ငရုတ်သီးစိမ်းတောင့်လေး အုပ်လိုက်ပါ။
အငံလိုမှ ငံပြာရည်ထည့်ပါ။
အိုးချခါနီးမှ ရုံးပတီသီးထည့်မွှေ, မီးပိတ်ပီး
လက်ကျန်အပူချိန်လေးနဲ့ ထားလိုက်ပါ။

image
2 yrs - Translate

ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် အခြားသောကဏ္ဍများအတွက် မြန်မာ - သီရိလင်္ကာ နှစ်နိုင်ငံဆွေးနွေးခဲ့

မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း လက်ခံတွေ့ဆုံစဉ် ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များအပါအဝင် အခြားသောကဏ္ဍများအတွက် နှစ်နိုင်ငံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း သည် မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E Mrs.Prabashini Ponnamperuma အား အောက်တိုဘာ (၃၀) ရက်၊ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ရုံး သံတမန်ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန် (၂၉) ဇုန်နှင့် သီလဝါအထူးစီးပွားရေးဇုန်တို့တွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များ၊ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်များ၊ လျှပ်စစ်ကဏ္ဍ၊ ခရီးသွားလာရေးကဏ္ဍ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများ၊ ဘာသာသာသနာရေးနှင့် ယဉ်‌ကျေးမှုဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

image