(၇၇) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲကို ၃၃ ရက်တိုင်တိုင် ကျင်းပမည်

နိုဝင်ဘာ ၂၊ နေပြည်တော်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေး ဦးစီးဌာနက ကြီးမှူးကျင်းပမည့် (၇၇) ကြိမ်မြောက် တိပိဋကဓရတိပိဋကကောဝိဒရွေးချယ်ရေး စာမေးပွဲကြီးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၅ ရက်အထိ ၃၃ ရက်တိုင်တိုင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ ဆဋ္ဌသင်္ဂါယနာမဟာပါသာဏ လိုဏ်ဂူသိမ်တော်ကြီးတွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါစာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက် (အင်္ဂါနေ့) နံနက် ၈နာရီခွဲတွင် ရန်ကုန်မြို့ သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေရှိ ဝိဇယမင်္ဂလာဓမ္မသဘင်၌လည်းကောင်း၊ စာပြန်ပွဲကို မဟာပါသာဏလိုဏ်ဂူသိမ်တော်ကြီး၌လည်းကောင်း၊ ဆွမ်းဆက်ကပ်ခြင်းကို သုံးထပ်ဆွမ်းစား ဆောင်တွင်လည်းကောင်း ၃၃ ရက်တိုင်တိုင် ကျင်းပမည်ဖြစ်သည်။

လှူဒါန်းလိုသော အလှူရှင်များအနေ ဖြင့် သာသနာရေးဦးစီးဌာန၊ စာမေးပွဲဌာနခွဲ၊ ကမ္ဘာအေးကုန်းမြေ၊ ရန်ကုန်မြို့ ၀၉-၄၃၀၆၇၁၆၈၊ ၀၉၄၄၃၁၉၀၁၉၃ တို့သို့ ဆက်သွယ်၍ ထာဝရကုသိုလ်ရှင်များအဖြစ် စိုက်ထူလှူဒါန်းနိုင်ကြောင်း သိရ သည်။ဖွင့်ပွဲအခမ်းအနားနှင့်စာပြန်ပွဲသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီး နှစ်ပါး၊ တိပိဋကဓရ တိပိဋကကောဝိဒ သြဝါဒါစရိယဆရာတော်ကြီး ၁၁ ပါး၊ ပုစ္ဆကဆရာတော် လေးပါး၊ ကြီးကြပ်ရေး ဆရာတော်လေးပါး၊ စာထောက်စာမဆရာတော်အပါး ၁၆၀၊ အာဂုံပြန်စာရင်းသွင်း သံဃာအပါး ၂၇၀၊ သဘောရေးဖြေ စာရင်းသွင်းသံဃာ ၂၃၈ ပါး စုစုပေါင်း ၆၈၉ ပါး ကြွရောက်တော်မူကြမည်ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ သတင်းရရှိသည်။

Credit - MHT News

#သတင်းဟင်းလေးအိုးကြီး

image
Frankie shared a post  
2 yrs

2 yrs

TATTOO IDEAS 🔥🔥🔥

imageimage
+9
2 yrs - Translate

Winter begins.

image

ဝက်အူချောင်း ကိုက်လန်ခရုဆီဟင်း
-------------------------------------------

ပါဝင်ပစ္စည်းများ

ဝက်အူချောင်း - ၂ ချောင်း ( အနေတော်လှီးထားပါ)
ကိုက်လန် - ၂ဝဝ ဂရမ် ( အနေတော်လှီးဖြတ်ပါ)
ကြက်သွန်မြိတ် - ၂ ချောင်း ( အနေတော်လှီးဖြတ်ပါ)
ကြက်သွန်ဖြူ - ၃ မြွှာ (ဓားပြားရိုက်ပါ)
ကြက်သွန်နီ - ၁ လုံး ( ပါးပါးလှီးပါ )
ငရုတ်သီးအနီ - ၄ တောင့် ( ထက်ခြမ်းခြမ်းပါ)
ငရုတ်သီးစိမ်း - ၂ တောင့် ( ထက်ခြမ်းခြမ်းပါ )
ဆီ - စားပွဲဇွန်း ၁ ဇွန်း
ဆား - အနည်းငယ်
သကြား - လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
ငရုတ်ကောင်းမှုန့် - အနည်းငယ်
ခရုဆီ - စားပွဲဇွန်း ၁ ၁/၂ ဇွန်း
ကော်ရည် - စားပွဲဇွန်း ၁ ဇွန်း
ပဲငံပြာရည်အကြည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်အဖြူ/အနီကို ဆီသတ်ပါ။ အနံ့မွှေးလာရင် ဝက်အူချောင်းကို ထည့်ပါ။ ပြီးလျှင် ခရုဆီ၊ ပဲငံပြာရည် အကြည်၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ ရေတို့ကို ထည့်ပါ။ ရေဆူလာရင် ကိုက်လန်ထည့်ပါ။ အနံ့အရသာ ပြည့်စုံရင် ကော်ရည်ထည့်ပါ။ အားလုံးရပြီဆို ကြက်သွန် မြိတ်ထည့်မွှေပြီး သုံးဆောင်နိုင်ပါပြီ။

image
2 yrs - Translate

2 - 11 - 2024 ( 100 AM )
အကယ်ဒမီ မီးလင်းရွှေစျေး
WG 1 Oz = 2735.50$ ( Close )

ပြင်ပစျေးနှုန်း
မီးလင်း - 6370000 Ks
၁၅`ရည် - 5990000 Ks

YGEA စျေးနှုန်း ( Close )
မီးလင်း - 5690000 Ks
၁၅' ရည် - 5350000 Ks

အချိန်နှင့်တပြေးညီ စျေးနှုန်း အပြောင်းအလဲ ရှိနိုင်ပါသည် ။

မှတ်ချက် ။ ။ အက်မင်သည် မည့်သည့်အရာမှ အရောင်းအဝယ် မလုပ်ပါကြောင်း အသိပေးအပ်ပါသည် ။

#ရွှေစျေး
#gdbprice

image
2 yrs - Translate

တောင်ကြီးမီးပုံးပျံပွဲတော်တွင် ညမီးကျည် ၂၆ လုံး၊ စိန်နားပန် ၂၄ လုံးနှင့် နေ့လွှတ်မီးပုံးပျံ ၁၀၀ ကျော် လွှတ်တင်မည်

ယခုလတွင်ကျင်းပမည့် တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ညမီးကျည် ၂၆ လုံး၊ စိန်နားပန် ၂၄ လုံးနှင့် နေ့လွှတ်မီးပုံးပျံ ၁၀၀ ကျော် လွှတ်တင်သွားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ်(တောင်ပိုင်း) ရိုးရာမီးပုံးပျံပညာရှင်များအသင်းထံမှ သိရသည်။

တောင်ကြီး တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို နိုဝင်ဘာ ၉ ရက်မှ ၁၅ ရက်အထိ ၇ ရက်ကြာ အဝေရာမီးပုံးပျံကွင်းတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး၊အဆိုပါ တောင်ကြီးမြို့ တန်ဆောင်တိုင်ရိုးရာမီးပုံးပျံပွဲတော်ကို အဝေရာမီးပုံးပျံကွင်းတွင် နှစ်စဉ်နှစ်တိုင်းကျင်းပခဲ့ကာ ကိုဗစ်ကပ်ရောဂါနှင့် နိုင်ငံရေးအပြောင်းအလဲများအကြား သုံးနှစ်ကြာ ရပ်နားထားခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ မီးပုံးပျံပွဲတော်ကို ယမန်နှစ် ၂၀၂၃ ခုနှစ်မှစ တင်ပြန်လည်ကျင်းပခဲ့ခြင်း ဖြစ်ပြီး အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်သူများဖြင့် စည်ကားသလို ပြည်ပ ခရီးသွားများပါ စိတ်ဝင်စားသည့် ရိုးရာပွဲတော်တစ်ခုဖြစ်သည်။

တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံပွဲတော်တွင် ပြခန်းများ၊ ပျော်ပွဲရွှင်ပွဲများ၊ ဈေးဆိုင်များ၊ ရက်ကန်းပြိုင်ပွဲနှင့် တေးဂီတဖျာ်ဖြေပွဲများထည့်သွင်းသွားမည့်အပြင် ရောင်စုံဓာတ်ပုံပြိုင်ပွဲကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

image
2 yrs - Translate

Me 😂

image
2 yrs - Translate

သူငယ်ချင်းတွေနဲ့ အလုပ်ကိစ္စတိုင်ပင်ဆွေးနွေးရတာလည်း မလွယ်ပါဘူးလေ😛

image
2 yrs - Translate

🤣🤣

image
2 yrs - Translate

No

image