47 w - Translate

Butterfly 🦋

image
47 w - Translate

Butterfly 🦋

image
47 w - Translate

Butterfly 🦋

image
47 w - Translate

Butterfly 🦋

image
47 w - Translate

Butterfly 🦋

image
47 w - Translate

Butterfly 🦋

image
47 w - Translate

Butterfly 🦋

image
47 w - Translate

Butterfly 🦋

imageimage
+7
47 w - Translate

စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း (၂၇၅) ကျပ် မြင့်တက်လာ

ယခုတစ်ပါတ်အတွက် ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည့် ဈေးနှုန်းများအရ သိရသည်။

ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့်နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ နိုဝင်ဘာ (၄) ရက်မှ နိုဝင်ဘာ (၁၀) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် (၆၅၉၅) ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

ပြီးခဲ့တစ်ပါတ်တွင် တစ်ပိဿာငွေကျပ် (၆၃၂၀)သတ်မှတ်ထားပြီး ယခုတစ်ပါတ်တွင် (၂၇၅) ကျပ်မြင့်တက်လာခြင်းဖြစ်သည်။

ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

image
47 w - Translate

လာဟိုးမှာ အလွန်အမင်းလေထုညစ်ညမ်း၍ကျောင်းများ ပိတ်ရ

ပါကစ္စတန်နိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ လာဟိုးတွင် မကြုံစဖူးအောင် ထူးကဲစွာလေထုညစ်ညမ်းသဖြင့် တနင်္ဂနွေနေ့တွင် အာဏာပိုင်များသည် နေအိမ်မှသာ အလုပ်လုပ်စေခြင်း၊ မူလတန်းကျောင်းများ ကိုပိတ်စေခြင်း အပါအဝင် အရေးပေါ်အစီအမံများကို ချမှတ်ခဲ့ရသည်။

ပြည်နယ်အစိုးရနှင့် ဆွစ်အဖွဲ့အစည်းတစ်ခုဖြစ်သည့် IQAir တို့က ထုတ်ပြန်သော အချက်အလက်များအရ ပါကစ္စတန်-အိန္ဒိယနယ်စပ်အနီးတွင် စနေနေ့က လေထုညစ်ညမ်းမှုအဆင့်သည် ၁၉၀၀ အထိ စံချိန်တင် အမြင့်ဆုံး ဖြစ်ခဲ့ပြီးနောက် လာဟိုးမြို့သည် တနင်္ဂနွေနေ့တွင် လေထုညစ်ညမ်းမှုအဖြစ်ဆုံးနိုင်ငံများစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်ခဲ့သည်။

မြို့ကို ထူထပ်သော မီးခိုမြူများ က ဖုံးလွှမ်းနေသောကြောင့် အစိုးရက မူလတန်းကျောင်းများကို ရက်သတ္တတစ်ပတ်ပိတ်လိုက်ကြောင်းနှင့် ကလေ-းများကို နှာခေါင်းစည်းသေချာတပ်ဆင်ပေးကြရန် မိဘများကို အကြံပေးတိုက်တွန်းထားကြောင်း ပန်ဂျပ်ပြည်နယ်၏ ဝါရင့်ဝန်ကြီး Marriyum Aurangzeb က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အများပြည်သူတို့ကို နေအိမ်တွင်းမှာပဲ နေကြရန်၊ တံခါးနှင့် ပြတင်းပေါက်များ ပိတ်ထားရန်နှင့် မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုကြရန် တိုက်တွန်းထားသကဲ့သို့ ဆေးရုံးများသို့ မီးခိုးရှင်းလင်းရေး ကိရိယာများ ပေးအပ်ထားသည်ဟုလည်း သူက ပြောဆိုခဲ့သည်။

ထို့အပြင် မော်တော်ယာဉ်များမှထွက်သည့် လေထုညစ်ညမ်းမှုကို လျှော့ချရန်အတွက် အစိုးရဝန်ထမ်း ၅၀ ရာခိုင်နှုန်းသည် နေအိမ်မှသာ အလုပ်လုပ်ရမည်ဖြစ်သည်ဟု သူက ဆက်လက် ပြောဆိုသည်။

အစိုးရသည် သုံးဘီးယာဉ်များကိုလည်း မောင်းနှင်ခွင့် ပိတ်ပင်ထားကာ အချို့ နယ်မြေများရှိ ဆောက်လုပ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းထားစေဝည်။ စည်းကမ်းချက်များကို မလိုက်နာသော စက်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းများအနေဖြင့် ပိတ်ပင်ခံရနိုင်သည်ဟု သူက သတိပေးခဲ့သည်။

image