47 w - Translate

manifesting beach vacation with friends ✨️🤞🏻

image
47 w - Translate

manifesting beach vacation with friends ✨️🤞🏻

image
47 w - Translate

manifesting beach vacation with friends ✨️🤞🏻

image
47 w - Translate

manifesting beach vacation with friends ✨️🤞🏻

image
47 w - Translate

manifesting beach vacation with friends ✨️🤞🏻

image
47 w - Translate

manifesting beach vacation with friends ✨️🤞🏻

image
47 w - Translate

manifesting beach vacation with friends ✨️🤞🏻

imageimage
+4
47 w - Translate

အသားကIင်/အကြော်အမျိုးမျိုးနဲ့ စားဖို့
အချဥ် ရည်လေးဘယ်လိုလုပ်မလဲ မသိရင်

**ကြက်သွန်ဖြူ ၁ဇွန်း

**ဂျင်း ၁ဇွန်း

**မန်ကျီးရေ ပျစ်ပျစ်လေး ၁ဇွန်း

**လျှာလကာရည် ၁ဇွန်း

** ပါးပါးလှီ၊းထားတဲ့ငရုပ်သီးစိမ်း၁ဇွန်း

**သကြား ၁ဇွန်းနဲ့ တဝက်

***ငါးငံပြာရည် ၁ဇွန်း

**ရေနွေး ၂ဇွန်း

လုပ်စားကြည့်နော်

လေးစားစွာဖြင့်

image
47 w - Translate

ကြံစိုက်တောင်သူများ ကြံတစ်တန်ကြမ်းခင်းဈေး ကျပ် (၁၇၀၀၀၀) သတ်မှတ်ပေးရန် မျှော်လင့်

၂၀၂၄ -၂၀၂၅ ကြံကြိတ်ခွဲရာသီအတွက် ကြံတစ်တန်ကြမ်းခင်းဈေးကို (၁၇၀၀၀၀) ကျပ်သတ်မှတ်ပေးရန် ကြံစိုက်တောင်သူများအနေဖြင့် မျှော်လင့်နေကြောင်း ကြံစိုက်တောင်သူများ၏ ပြောပြချက်အရ သိရသည်။

သွင်းအားစု စရိတ်မြင့်တက်လာခြင်းကြောင့် ကြံတစ်တန်ကြမ်းခင်းဈေးကို (၁၇၀,၀၀၀) ကျပ်ပေးမှသာ အဆင်ပြေနိုင်ကြောင်း၊ယင်းကြောင့် သက်ဆိုင်ရာ သကြားစက်များကို တောင်းဆိုရန် ဆောင်ရွက်နေကြောင်းလည်း သိရသည်။

" တစ်နှစ်ထက်တစ်နှစ် စိုက်ပျိုးစရိတ်ကမြင့်တက်လာတယ်။ အဓိက မြေဩဇာဈေးတွေ တတ်လာတယ်။ (၁၅၀၀၀၀) ပဲပေးမယ်ဆိုရင် ဘယ်လိုမှ မကိုက်ဘူး။ ဒါကြောင့် ဒီနှစ်ကို ပိုပေးစေချင်တာ"ဟု ကြံစိုက်တောင်သူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ပြီးခဲ့သည့်နှစ်ကြံရာသီတွင် ကြံတစ်တန် ကြမ်းခင်းဈေးနှုန်း (၁၅၀၀၀၀) ကျပ်အထိဈေး အမြင့်ဆုံးရခဲ့ကြောင်း ကြံကို တစ်နှစ်လျှင် တစ်သီးစားသာ စိုက်ပျိုးရခြင်းဖြစ်ကာ မြန်မာနိုင်ငံတွင် ကြံစိုက်တောင်သူပေါင်း (၃) သိန်းကျော်အထက်ရှိကြောင်း သိရသည်။

ပြည်တွင်း၌ ကြံစိုက်ဧကပေါင်း ၄ ဒသမ ၅ သိန်းကျော်ဝန်း ကျင်ရှိပြီး ယင်းစိုက်ပျိုးမှုမှ သကြားထုတ်လုပ်မှုသည်လည်း နှစ်စဉ်ပျမ်းမျှ တန်ချိန်ပေါင်း (၄) သိန်းခွဲမှ (၅)သိန်းကြား ရှိကြောင်း ၊ ကြံကို ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့်တောင်ပိုင်း)၊ စစ်ကိုင်းတိုင်း အထက်ပိုင်းတို့တွင် အများဆုံး စိုက်ပျိုးကြပြီး ပဲခူးတိုင်း (အရှေ့ပိုင်းနှင့် အနောက်ပိုင်း) တို့တွင်လည်း စိုက်ပျိုးကြောင်း သိရသည်။

image
47 w - Translate

ကျိုက်မရောမြို့နယ်တွင် ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲနှင့် မြို့လုံးကျွတ် ဆွမ်းအိုးမျှောပွဲကို တန်ဆောင်မုန်းလပြည့်နေ့တွင် ကျင်းပမည်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ရှင်ဥပဂုတ္တမထေရ်မြတ် ပူဇော်ပွဲနှင့် မြို့လုံးကျွတ် ဆွမ်းအိုးမျှောပွဲကို တန်ဆောင်မုန်းလပြည့်နေ့၌ ကျင်းပမည်ဖြစ်ကြောင်း ပွဲကျင်းပရေးကော်မတီမှ သိရသည်။

မွန်ပြည်နယ်၊ ကျိုက်မရောမြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကြီးကို တန်ဆောင်မုန်းလပြည့်နေ့အရုဏ်တတ်ချိန်၌ အတ္တရံမြစ်ကမ်းနားရှိ ရှင်ဥပဂုတ္တမထေရ် မြတ်ကြီးကျောင်းဆောင်ရှေ့၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ မြို့လုံးကျွတ်ဆွမ်းအိုးမျှောပွဲကို နှစ်စဉ်နှစ်တိုင်း ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်မှာ ယခုနှစ်တွင် (၄၀)ကြိမ်မြောက်ရှိပြီး ဖြစ်သည်။

အဆိုပါ ဆွမ်းအိုးမျှောမည့် အတ္တရံမြစ်ကမ်းနား တစ်လျှောက်တွင် နံနက်အာရုဏ်တက်ချိန်မှစ၍ ရှင်ဥပဂုတ္တမထေရ် မြတ်ကြီးအား ရိုသေလေးမြတ်စွာဖြင့် ဆွမ်း၊ ရေချမ်း၊ ဆီမီးဖရောင်တိုင်များ၊ အမွှေးနံသာများဖြင့် ပူဇော်ကန်တော့ကြပြီးနောက် အဆိုပါ ဆွမ်းအိုးများကို အတ္တရံမြစ်ရေတက်လာချိန်တွင် ဒေသခံပြည်သူများက မြစ်အတွင်းသို့ ဆွမ်းအိုးများ မျှောကာ ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး၏ ဖောင်တော်ရှေ့တွင် ဆီမီးဖရောင်းတိုင်များ ထွန်းညှိပူဇော်ကြပြီး မိမိတို့အလိုရှိရာ ဆုမွန်ကောင်းများကို ရှင်ဥပဂုတ္တမထေရ်ကြီး ထံ ဆုတောင်းကြောင်း သိရသည်။

image