Discover postsExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ဖွဲ့စည်းပုံနှင့်ဖက်ဒရယ်အရေး NSPNC၊ EAOs၊ ပါတီများ အိန္ဒိယခရီးစဉ် စတင်
နိုဝင်ဘာ ၄၊ နေပြည်တော်။
ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲကို တက်ရောက်ရန်အတွက် တိုင်းရင်းသား လက် နက်ကိုင်များ(EAOs)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေးညှိနှိုင်းရေးကော်မတီ (NSPNC)၊ နိုင်ငံရေးပါတီများနှင့် ငြိမ်းချမ်းရေးအကျိုးပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့တွင် အိန္ဒိယခရီးစဉ်ကို စတင်ခဲ့ကြသည်။
အဆိုပါ ခရီးစဉ်တွင် နိုင်ငံရေးပါတီ (၁၀)ပါတီ၊ NSPNC မှ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ အတွင်းရေး မှူး ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ CPR မှ ဦးလှမောင်ရွှေနှင့် ဦးကျော်လင်းဦး၊ NCA ထိုးထားသည့် EAOs ၆ ဖွဲ့မှ ကိုယ်စားလှယ်များ ပါဝင်ကြသည်။
အိန္ဒိယနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ဖက်ဒရယ်စနစ်ဆိုင်ရာ ဆွေးနွေးပွဲကို ၅ ရက်မှ ၆ ရက်နေ့အထိ ပြုလုပ် မည်ဖြစ်ပြီး ၇ ရက်နေ့မှာ ခရီးစဉ်ပြီးဆုံးမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖက်ဒရယ်နှင့် ဒီမိုကရေစီစနစ်ကို အခြေခံသည့် ပြည်ထောင်စုကို တည်ဆောက်ရန် ကြိုးပမ်းနေ ကြသည်။
ပုံ - ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့က အိန္ဒိယခရီးစဉ်ကို သွားရောက်မည့် ကိုယ်စားလှယ်များကို တွေ့ရစဉ် (ဓာတ်ပုံ- ပြည်သူ့ပါတီ)
Credit - Central News Independece
#သတင်းဟင်းလေးအိုးကြီး



လောကမှာလေ အမေ့ကို
တစ်ခုခုလုပ်ပေးရတာလောက် ပျော်စရာကောင်းတာမရှိဘူး
လိုချင်တာ၊ လိုအပ်တာလေးတွေမှတ်ထား
အလုပ်ကလေးအဆင်ပြေရင် တစ်ခုချင်းဝယ်ပေးတာမျိုး
အပြင်ကပြန်လာတဲ့အခါ ကြိုက်တတ်တာလေးဝယ်လာတာမျိုး
အပေးကမ်းချင်ဆုံး အလှူခံပုဂ္ဂိုလ်ဟာမိဘပဲ
မိဘကိုရည်ရွယ်ပြီး လုပ်တဲ့အလုပ်တိုင်းဟာ
အခက်အခဲနည်းပြီး အတားအဆီးသိပ်မရှိဘဲ
အောင်မြင်တတ်တာ ကျွန်တော်ကတော့ယုံတယ်
တန်ဖိုးနည်းနည်းများများ သားသမီးကပေးတာဆို
တစ်ခါလေးတောင် ညည်းညူခြင်းမရှိဘဲ သဘောတကျနဲ့ တစ်ခုပေးရင် ဆယ်ခုမက ပြန်လုပ်ပေးချင်တာ မိဘကလွဲရှိမယ်မထင်ဘူး
ဗုဒ္ဓဟောကြားခဲ့သလိုပါပဲ မိဘဆိုတာ
သက်ရှိထင်ရှား ဘုရားမဟုတ်လား။
ခွင့်လွှတ်တတ်ရင် စွန့်လွှတ်တာလာတယ်။
မတည်မြဲခြင်းဟာ ငါတို့မပိုင်တဲ့
ကောင်းကင်ကြီး အတိုင်းပါပဲ။
ပိုင်ဆိုလိုခြင်းကို ချိုး•နှိမ်ထားလို့
မေတ္တာတရား လက်ကိုင်းထားရင်း
ကြီးကျယ်လွန်းတဲ့ လောကကြီးထဲ
မထင်မရှား ပျော.က်ကွယ်သွားရုံပဲ။ ။
#ရွက်လွှာ
ကလောမြို့ကိုလည်းလာချင်တယ် ဘယ်ကိုဘယ်လိုစပြီး သွားလည်ရမှန်းမသိသေးသူတွေအတွက် စုစည်းတင်ပြလိုက်တယ်နော်✅
အဆင်ပြေကြပါစေ😍
ကလောမြို့လေးသို့ရောက်လာလျှင် အရင်ဆုံး မိမိမလာခင်မိမိတည်းမယ့်ဟိုတယ်ကိုကြိုတင်ဘိုကင်တင်ထားပါ🍀
ကလောမြို့ကိုအလည်သွားမယ်ဆိုရင် ကလောမြို့တွင်း/ပြင် ✅
🍀အိုးစည်တောင်
🍀City View Point
🍀ကလောဘူတာ
🍀Kalaw View Point
🍀 ရှန်ဘဲလာ View
🍀 Kalaw Heritage
ရေယောင်းမ View
🍀 Pinewood နားက ရထားလမ်း
🍀ကလောနာရီစဥ်
🍀 ထင်းရူးတော(ပန်းခြံ)
🍀နှစ်တရာ church ကျောင်း
🍀ရွှေဥမင်သဘာဝလှိုင်ဂူ
🍀 ကလောနှီးဘုရား
🍀 မြင်းမထိဂူ
🍀ဗျိုက်တောင်
🍀 သဲကျင်းဂှု
🍀 တောင်နှလုံးကြား ရထားသံလမ်း
🍀 ကလောစျေး
ပင်းတယ ရွာငံ ✅
🌱 ရေပြာအိုင်
🌱တောကျယ်ရေတံခွန်
🌱 မိန်းမရဲတောင်
🌱 ယူကလစ်လမ်း
🌱 နွားဂွေ့တောင် view
🌱 အလွမ်းတောင်
🌱 ပင်းတယ သဘာဝလိုင်ဂူ
🌱 နှစ်ရှည်ညောင်ပင်တန်း
🌱 မြင်းမှုကုန်း
အင်းလေး ✅
🍀 ဖောင်တော်ဦးဘုရား
🍀 အလိုတော်ပေါက်ဘုရား
🍀 ကြောင်ခုန်ကျောင်း
🍀 ရက်ကန်းရုံ
🍀ပဒေါင်ရိုးရာ ဂျပ်ခုတ်လုပ်ငန်း
🍀 လက်ဆောင်ပစ္စည်းဆိုင်
🍀 မိုင်းသောက်တံတား
🍀 ရေပူစမ်း
🍀 ဘဝသံသရာ တံတား
🍀 ဟဲဟိုး အင်းခေါင်း view တိုဖြစ်ပါတယ်နော်
(သိသလောက်ပဲပြောပြပေးသွားတာပါနော် ကျန်ခဲ့တဲ့နေရာတွေလည်းအများကြီးရှိပါသေးတယ်)
ဒီလောက်လည်စရာများတာ ဘယ်လိုသွားရမလဲ ဘာနဲ့သွားရမလဲဆိုရင် ရှမ်းပြည် ကလော - အင်းလေးဘက်လည်ပတ်ရာမှာ ကားဝန်ဆောင်မှု အပိုင်းမှာ စိတ်ချရပြီး
စိတ်ရှည် Servicesတွေပေါပါတယ်နော်😍
ရက်ပိုင်းအတွင်း နစက ဥက္ကဋ္ဌ တရုတ်နိုင်ငံသို့ သွားရောက်မည်
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ မကြာမီရက်ပိုင်းအတွင်း သွားရောက်မည်ဖြစ်ကြောင်း သိရသည်။
ခရီးစဉ်အတွင်း နိုဝင်ဘာ (၆) ရက်မှ (၇) ရက်အထိ ကူမင်းမှာ ပြုလုပ်မည့် (၈)ကြိမ်မြောက် မဟာမဲခေါင်ဒေသခွဲ(ဂျီအမ်အက်စ်) ထိပ်သီးအစည်းအဝေးကို တက်ရောက်ရန် ရှိသည်ဟုလည်း နစကထုတ်ပြန်ချက်အရ သိရသည်။
ထို့ပြင် (၁၀)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွါးရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် ကမ္ဘောဒီးယား - မြန်မာ - လာအို - ဗီယက်နမ် ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးကိုလည်း တက်ရောက်မည် ဖြစ်သည်။
ထိုနည်းတူ တရုတ်ခရီးစဉ်အတွင်း တရုတ်နိုင်ငံ အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းများကို ဆောင်ရွက်သွားမည် ဖြစ်ကာ နှစ်နိုင်ငံအစိုးရနှင့် ပြည်သူများ အကြား ချစ်ကြည်ရေး၊စီးပွားရေးပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးတက်အောင် ဆွေးနွေးဆောင်ရွက်မည်ဖြစ်ကြောင်း နစကသတင်း ထုတ်ပြန်ချက်အရ သိရသည်။
ပုံစာ - သြဂုတ်လ ၈ရက်နေ့က တရုတ်နိုင်ငံ၏ မြန်မာ့အရေးအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း နစက ဥက္ကဋ္ဌ အား နေပြည်တော်သို့ လာရောက် တွေ့ဆုံစဥ်