နေမာကတော့ မနေ့က အယ်လ်ဟီလယ်နဲ့ အက်စတယ်ဟယ်လ်တို့ရဲ့ အာရှချန်ပီယံလိဂ်ပွဲမှာ ပါဝင်ကစားရင်း ဒဏ်ရာပြန်ရသွားခဲ့ပါတယ်။ ဒီကစားသမားက တစ်နှစ်ကျော် အနားယူနေရာကနေ ပြန်ကောင်းလာတာ ရက်ပိုင်းပဲ ရှိပါသေးတယ်။

ဒီကြားထဲမှာ လောက်လောက်လားလားတောင် ကစားရသေးတာ မဟုတ်ပါဘူး။ အခုတော့ သူက ဒဏ်ရာပြန်ရသွားခဲ့ပြီး လူစားပါလဲခဲ့ရပါတယ်။ မနေ့ကလည်း နေမာက ပွဲချိန်ပြည့် ဝင်ကစားခဲ့တာ မဟုတ်ပါဘူး။

ဒုတိယပိုင်းမှ လူစားဝင်ကစားခဲ့တာဖြစ်ပြီး လူစားဝင်ပြီး နာရီဝက်မပြည့်ခင်မှာတင် ဒဏ်ရာကြောင့် လူစားလဲခံလိုက်ရတာပါ။ နေမာကတော့ ကစားသမားဘဝကနေပဲ အနားယူလိုက်သင့်ပြီလို့တောင် ဆိုရမလိုပါပဲ။

Credit - Duwun Sport

#သတင်းဟင်းလေးအိုးကြီး

image

ဒဏ်ရာ ပြန်လည် ရရှိသွားတဲ့ နေမာ

နိုဝင်ဘာ ၅၊ အားကစား။

အယ်လ်ဟီလယ်အသင်း တိုက်စစ်မှူး နေမာဟာ ၁ နှစ်ကြာ အနားယူခဲ့ရတဲ့ ဒူးအရွတ်(ACL)ဒဏ်ရာကနေ သက်သာပြီးနောက် အယ်လ်ဟီလယ်အသင်းအတွက် ဒုတိယမြောက် ကစားပေးတဲ့ပွဲမှာ ဒဏ်ရာ ပြန်လည် ရရှိသွားခဲ့ပါတယ်။

နေမာဟာ အယ်လ်ဟီလယ်အသင်းက အက်စတီဂဲလ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တဲ့ အာရှချန်ပီယံလိဂ် ပွဲစဉ်ရဲ့ ပွဲချိန် ၅၈ မိနစ်မှာ လူစားလဲ ဝင်ရောက်ခဲ့တာပါ။

ဒါပေမယ့် နေမာဟာ ကြွက်သားဒဏ်ရာ ရရှိခဲ့တာကြောင့် ပွဲချိန် ၈၇ မိနစ်မှာ လူစားပြန်လဲခဲ့ရတာ ဖြစ်ပါတယ်။

နေမာဟာ ဒဏ်ရာကနေ သက်သာပြီးနောက် ပြီးခဲ့တဲ့ အောက်တိုဘာလက ကစားခဲ့တဲ့ အယ်လ်အိန်းအသင်းနဲ့ အာရှချန်ပီယံလိဂ်ပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းအတွက် ပထမဆုံးပွဲစဉ်အဖြစ် လူစားလဲပါဝင်ခဲ့တာပါ။

နေမာဟာ ပွဲအပြီးသူ့ရဲ့ အင်စတာဂရမ်စတိုရီမှာ “အရမ်းကြီးမပြင်းထန်ဖို့ မျှော်လင့်ပါတယ်။ တစ်နှစ်အကြာမှာ ဒီလိုဖြစ်ပျက်ခဲ့တာက ပုံမှန်ပါပဲ။ ဆရာဝန်တွေက ကျနော့်ကို သတိပေးနေပါပြီ။ ဒါကြောင့် မိနစ်တွေ ပိုပြီး ကစားနိုင်ဖို့ ကျနော်သတိထားရမယ်”လို့ ရေးသားခဲ့ပါတယ်။

နေမာဟာ အယ်လ်ဟီလယ်အသင်းရဲ့ ဆော်ဒီပရိုလိဂ် ပွဲစဉ်တွေမှာ ပါဝင်လို့ မရသေးတာကြောင့် သူ့ရဲ့ဒဏ်ရာ အခြေအနေကို တိုးတက်အောင် လုပ်ဆောင်ဖို့ အချိန်ရသေးတာပါ။

နေမာအနေနဲ့ ကြံ့ခိုင်မှု ပြည့်ဝမယ်ဆိုရင် နိုဝင်ဘာ ၂၆ ရက်မှာကစားမယ့် အယ်လ်ဆတ်ဒ်အသင်းနဲ့ အာရှချန်ပီယံလိဂ် ပွဲစဉ်မှာ အယ်လ်ဟီလယ်အသင်းအတွက် ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

ဒီလထဲကစားမယ့် ဘရာဇီးလ်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ(တောင်အမေရိကဇုန်)လူစာရင်းမှာ နေမာဟာ ချန်လှပ်ခြင်း ခံထားရတာပါ။

အယ်လ်ဟီလယ်အသင်းဟာ အာရှချန်ပီယံလိဂ်ပွဲစဉ် ၄ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ အမှတ်ပေးဇယား အဆင့် ၁ နေရာမှာ ရပ်တည်နေသလို ဆော်ဒီပရိုလိဂ်ပြိုင်ပွဲမှာလည်း အဆင့် ၁ နေရာမှာ ရပ်တည်နေပါတယ်။

အယ်လ်ဟီလယ်အသင်းဟာ ဒီတစ်ပတ် ဆော်ဒီပရိုလိဂ် ပွဲစဉ်အဖြစ် အယ်လ်အက်တီဖတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: ESPN

ပုံ - နေမာကို တွေ့ရစဥ်

#centralnewsnaypyitaw

image

image
47 w - Translate

ဒဏ်ရာကနေပြန်ကိုမကောင်တော့ဘူး ကစားသမားဘဝအဆုံးသတ်တော့မယ်ထင်တယ်

image
47 w - Translate

ဒဏ်ရာကနေပြန်ကိုမကောင်တော့ဘူး ကစားသမားဘဝအဆုံးသတ်တော့မယ်ထင်တယ်

image
47 w - Translate

ဒဏ်ရာကနေပြန်ကိုမကောင်တော့ဘူး ကစားသမားဘဝအဆုံးသတ်တော့မယ်ထင်တယ်

image
47 w - Translate

ဒဏ်ရာကနေပြန်ကိုမကောင်တော့ဘူး ကစားသမားဘဝအဆုံးသတ်တော့မယ်ထင်တယ်

image
image
image
47 w - Translate

image

ငှက်ပျေားဖူးငပိကြော်
—————————
ငှက်ပျောဖူးကိူလေးစိမ်ခြမ်းပြီး ရေနွေးစိမ်ထားတယ်
ပြီးမှ ရေပြန်ဆေးပြီး နုတ်နုတ်လှီးထားတယ်
ကြက်သွန်ဖြူနီ နနွင်း ဆီသတ်နနွင်းပြီး
ငြုပ်သီးခွဲခြမ်းမှုန့် နဲ့ငပိ ထည့်သပ်ပါ ငပိစိမ်းနံ့ပျောက်ရင်
လှီးထားတဲ့ ငှက်ပျောဖူးများထည့်ပါ နှစ်သက်ရာ အချိုမှန့်ထည့်ပါ နံ့အောင်မွှေပေးပါ ရေနဲနဲလေးထည့်ပြီးထားပါ
ငှက်ပျောဖူးနူးပြီး အရသာကိုယ့်စိတ်ကြိုက်မှာ သုံးဆောင်ပါ

image

တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်ဝန်ကြီးချုပ်သည် ယနေ့ နံနက်ပိုင်းက တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့ရှိ တရုတ်နိုင်ငံသား လုပ်ငန်းရှင်များနဲ့ တွေ့ဆုံခဲ့သည်။

Credit - PeopleMedia

#သတင်းဟင်းလေးအိုးကြီး

imageimage