ရှာဖွေပါ။ ပို့စ်များExplore captivating content and diverse perspectives on our Discover page. Uncover fresh ideas and engage in meaningful conversations
ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်း လူမှုအကျိုးပြု ချန်ပီယံဆု ချီးမြှင့်ခံရ
ရိုးရာလက်ဝှေ့ကျော် ထွန်းထွန်းမင်းကို ယမန်နေ့ နိုဝင်ဘာ ၃ ရက်က လူမှုအကျိုးပြု ချန်ပီယံဆု ဂုဏ်ပြုချီးမြှင့်ခံရကြောင်း သိရသည်။
အဆိုပါ ဆုကို ဘာသာရေးကျောင်းတစ်ခုဖြစ်သည့် အယ်အဇ်ဟရ်အစ္စလာမ့်သိပ္ပံက ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်တွင် ပေးအပ်ချီးမြှင့်ခဲ့ခြင်းလည်းဖြစ် သည်။
" အယ်အဇ်ဟရ်အစ္စလာမ့်သိပ္ပံ ရန်ကုန်အခြေစိုက်က ပေးအပ်တဲ့ဆုပါ။"ဟု ထွန်းထွန်းမင်းက ပြောသည်။
ထို့အပြင် ၎င်းက ပရဟိတ လုပ်ငန်းများကိုလည်း အများပြည်သူအတွက် ကြိုးစား လုပ်ဆောင်သွားမည်ဆိုသည့်ကတိစကားကိုလည်း သူ၏လူမှုကွန်ရက်စာ မျက်နှာမှတဆင့် မျှဝေထားသည်ကိုတွေ့ရသည်။
ရိုးရာလက်ဝှေ့ကျော်ထွန်းထွန်းမင်းသည်ရေဘေးသင့်ဘေးပြည်သူများအား ထောက်ပံ့ကူညီရန် သူ၏ မြန်မာ့လက်ဝှေ့ ကမ္ဘာ့ချန်ပီယံခါးပတ်ကိုလေလံတင် ရောင်းချခဲ့ပြီး ကလောရေဘေးသင့်ပြည်သူများအား ထောက်ပံ့လှူဒါန်းမှုများပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် (၆၉)နှစ်မြောက် ကရင်ပြည် နယ်ပွဲတော်အတွင်း ထည့်သွင်းပြုလုပ်မည့် မြန်မာပြည်အလွတ်တန်းချန်ပီလုပွဲအတွက် သွေးသစ်ဝင်းလှိုင်ဖြင့် ယှဉ်ပြိုင်ထိုးသတ်ရန် လေ့ကျင့်ပြင်ဆင်နေပြီး နိုဝင်ဘာ ၅ ရက်(မနက်ဖြန်)တွင် ဘားအံမြို့သို့ ထွက်ခွာမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
ယခု ယှဉ်ပြိုင်ထိုးသတ်မည့် မြန်မာပြည်အလွတ်တန်း ချန်ပီယံဆုသည် ဒုတိယမြောက် အောင်လံလုပွဲတစ်ခုဖြစ်ပြီး၊ ပထမအကြိမ်၌ မန္တလေးသားလက်ဝှေ့အကျော်အမော် ကျော်စွာဝင်းနှင့်ယှဉ်ပြိုင်ထိုးသတ်ရာ ထွန်းထွန်းမင်းက ချန်ပီယံဆုကို ဆွတ်ခူးရရှိထားသည်။
သီးရွက်စုံအစိမ်းကြော်...
****************
ကြာစွယ်သေးသေး.......၂ ခု
ဥနီ...........................၁ လုံး
ရွှေပဲ.........................၁၀ တောင့်ခန်.
ပြောင်းဖူးသေး............၅-၆ ခု
မြေစာဥ.....................၇-၈ လုံး
ကြက်သွန်ဖြူ... ...........၂ တက်
အသီးအရွက်တွေကိုလိုအပ်သလိုဖြတ်တောက်ပြီး..ရေနွေးဆူဆူမှာခေတ္တ
ဖျေ ာကာ..ရေအေးလောင်းအအေးခံထားပါ။
ပူနေတဲ့ဒယ်အိုးထဲမှာ..ဆီ+နှမ်းဆီမွှေးအနည်းကိုထည့်ပြီး..ဓါးပြားရိုက်ထားတဲ့
ကြက်သွန်ဖြူ ကိုထည့်ကြော်ပါ။
ပဲငံပြာရည်အကြည်၊ ခရုဆီ ၊ သကြား ၊ ဟင်းခတ်မှုန်.တို.နှင့်အရသာသွင်းပြီး
နောက်ဆုံးငရုတ်ကောင်းလေးဖြူ းကာသုံးဆောင်နိူင်ပါတယ်..။
ယနေ့ ရွှေဈေးနဲ့ နိုင်ငံခြားငွေလဲနှုန်းများ
(နိုဝင်ဘာ - ၄ ရက်၊ နံနက် ၁၀ နာရီ)
#ရွှေဈေး
-ကမ္ဘာ့ရွှေဈေး
တအောင်စ ၂၇၃၉ ဒေါ်လာ
ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ရွှေစျေးကွက် အဖွင့်ဈေးနှုန်း
- အကယ်ဒမီ မီးလင်းရွှေ တကျပ်သား
၅၆၇၀၃၉၂ ကျပ်
ပြင်ပရွှေဈေးနှုန်း
-အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်)
ရောင်းဈေး ၆၄၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၃၆၀၀၀၀ ကျပ်
-၁၅ ပဲရည် တကျပ်သား
ရောင်းဈေး ၆၂၀၀၀၀၀ ကျပ်
ဝယ်ဈေး ၆၁၆၀၀၀၀ ကျပ်
“လက်ရှိ ရွှေဈေးကွက်အတွင်း ဈေးနှုန်းအတက်အကျ မငြိမ်သေးတဲ့အတွက် ရောင်းမှား၊ ဝယ်မှား မဖြစ်ဖို့ သတိပြုစေလိုပါတယ်။”
(ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။)
#နိုင်ငံခြားငွေလဲလှယ်နှုန်း
-မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း
အမေရိကန် တဒေါ်လာ - ၂၁၀၀ ကျပ်
ပြင်ပပေါက်စျေး
-အမေရိကန်ဒေါ်လာ
ရောင်းဈေး - ၄၅၂၀ ကျပ်
ဝယ်ဈေး - ၄၄၂၀ ကျပ်
-စင်္ကာပူဒေါ်လာ
ရောင်းဈေး - ၃၄၄၅ ကျပ်
ဝယ်ဈေး - ၃၃၆၅ ကျပ်
-ယူရို
ရောင်းဈေး - ၄၉၀၀ ကျပ်
ဝယ်ဈေး - ၄၇၇၅ ကျပ်
-ထိုင်းဘတ်
ရောင်းဈေး - ၁၃၃.၃၃ ကျပ်
ဝယ်ဈေး - ၁၂၉.၈၇ ကျပ်
-မလေးရှားရင်းဂစ်
ရောင်းဈေး - ၁၀၃၀ ကျပ်
ဝယ်ဈေး - ၁၀၀၀ ကျပ်
-တရုတ်ယွမ်
ရောင်းဈေး - ၆၃၀ ကျပ်
ဝယ်ဈေး - ၆၁၀ ကျပ်
-ဂျပန်ယန်း
ရောင်းဈေး - ၂၉.၆၀ ကျပ်
ဝယ်ဈေး - ၂၈.၈၃ ကျပ်
-အိန္ဒိယရူပီး
ရောင်းဈေး - ၅၃.၃၃ ကျပ်
ဝယ်ဈေး - ၅၁.၉၅ ကျပ်
-ကိုရီးယားဝမ်
ရောင်းဈေး - ၃.၂၈ ကျပ်
ဝယ်ဈေး - ၃.၁၉ ကျပ်
-စတာလင်ပေါင်
ရောင်းဈေး - ၅၉၀၀ ကျပ်
ဝယ်ဈေး - ၅၇၅၀ ကျပ်
-ဩစတြေးလျဒေါ်လာ
ရောင်းဈေး - ၂၉၈၀ ကျပ်
ဝယ်ဈေး - ၂၉၀၀ ကျပ်
-ကနေဒါဒေါ်လာ
ရောင်းဈေး - ၃၂၄၅ ကျပ်
ဝယ်ဈေး - ၃၁၅၅ ကျပ်
-ဟောင်ကောင်ဒေါ်လာ
ရောင်းဈေး - ၅၈၀ ကျပ်
ဝယ်ဈေး - ၅၆၅ ကျပ်
-ယူအေအီး
ရောင်းဈေး - ၁၂၃၀ ကျပ်
ဝယ်ဈေး - ၁၂၀၀ ကျပ်
ငွေလဲနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။
ချိန်းတွေ့နေစဉ် အချိန်လင့်လို့ အိမ်ပြန်မယ်ပြောတဲ့အမျိုးသမီး လည်ပင်း ညှစ်သတ်ခံရ
နိုဝင်ဘာ ၄၊ ရန်ကုန်။
ချိန်းတွေ့နေစဉ် အချိန်လင့်လို့ အိမ်ပြန်မယ်လို့ ပြောတဲ့ အမျိုးသမီး လည်ပင်း ညှစ်သတ်ခံရမှု ဒလမြို့နယ် ထဲက တည်းခိုခန်းတစ်ခုမှာ နိုဝင်ဘာ (၁) ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
သမီးရည်းစားစုံတွဲဟာ တည်းခိုခန်းအတွင်း ချိန်းတွေ့နေစဉ် အချိန်လင့်လို့ အိမ်ပြန်မယ်လို့ ပြောကြရာကနေ စကားများပြီး အမျိုးသားက အခန်းအတွင်းမှာရှိတဲ့ အ၀တ်လှန်းကြိုးနဲ့ အမျိုးသမီးရဲ့ လည်ပင်းကို ရစ်ပတ်ညှစ်သတ်ခဲ့တာလို့ဆိုပါတယ်။
အခင်းဖြစ်ပွားတဲ့ နေရာကို သက်ဆိုင်ရာ ရဲစခန်းက တာဝန်ရှိသူတွေ သွားရောက်ပြီး ပြစ်မှုကျူးလွန်သူ အမျိုးသားကို ဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။
အမှုကျူးလွန်သူကို ဒလမြို့မရဲစခန်းကနေ ပြစ်မှု အမှတ် (၁)၉၈/ ၂၀၂၄ ရာဇာသတ်ကြီး ဉပဒေပုဒ်မ ၃၀၂ နဲ့ အမှုဖွင့် စစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
#centralnewsnaypyitaw