1 y - Translate

ဟိုပုံးမြို့နယ် ၊ ဟိုပုံးကိုရင်လေး
ထမ်းစမ်းလှိုဏ်ဂူ🍂

ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှ ၁၃ မိုင်အကွာ ဟိုပုံးမြို့ မှတဆင့် နောက်ထပ် ခန့်မှန်း (၁၃ )မိုင်ခန့် ထပ်မံသွားရသည့် ဟိုပုံးမြို့နယ် အတွင်းရှိ ထမ်းစမ်းဂူ🍂

ရှမ်းပြည်တောင်ပိုင်းတွင်ရှိသော ထမ်းစမ်းဂူကို ဟိုပုံးကိုရင်လေး အိပ်မက်အရ စတင်ရှာဖွေတွေ့ရှိခဲ့သည်ဟု သိရှိရပါသည်🍀

လှိုဏ်ဂူ၏အမည်ကို ရှမ်းဘာသာစကားဖြင့် ''ထမ်းစမ်း"ဟု ပေးထားခြင်းဖြစ်သည်

''ထမ်း'' မှာ ''ဂူ'' ဟု အဓိပ္ပါယ်ရသည်။
''စမ်း" မှာ ''ဆင်'' ဟု အဓိပ္ပါယ်ရသည်။
မြန်မာဘာသာစကားဖြင့် ထမ်းစမ်းဂူကို ''ဆင်ဂူ''ဟု ခေါ်ဆိုလို့ရနိုင်ပါသည်

☘️ထမ်းစမ်း (ဆင်ဂူ)သည် ပင်လယ်ရေမျက်နှာပြင် အထက် ၁၈၀၀ meter (ပေ ၆၀၀၀ လုနီးပါး) အမြင့်တွင် တည်ရှိသော ကျောက်ဂူကြီးတစ်ခု ဖြစ်ပြီး အရှည်အားဖြင့်လည်း ၆၀၀၀ ပေ (1,818 meters) ရှိသည်ဟု ဆိုပါသည်

image
image
image
image
image
1 y - Translate

ရန်ကုန်မြို့မှာ ဒီလိုမိုးတွေ 🌧️

image
1 y - Translate

🩵🩵🩵

image
1 y - Translate

🩵🩵🩵

image
1 y - Translate

🩵🩵🩵

image
1 y - Translate

🩵🩵🩵

image
1 y - Translate

🩵🩵🩵

image
1 y - Translate

🩵🩵🩵

image
1 y - Translate

🩵🩵🩵

imageimage
+4
1 y - Translate

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်လာ

မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် ယူနက်စကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ပါဝင်လာကြောင်း သိရသည်။

ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန်မြို့ ၌ ဒီဇင်ဘာလ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပပြုလုပ်မည့် (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံတွင် မြန်မာနိုင်ငံမှ တင်သွင်းထားသည့် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော် အဆိုပြုစာတွဲနှင့်ပတ်သက်၍ တရားဝင်ဆုံးဖြတ်မည်ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် ယူနက်စကို၏ ပဏာမအဆုံးအဖြတ်၌ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းအဖြစ် သတ်မှတ်မည့် အဆိုပြုစာတွဲများထဲတွင် မြန်မာ့ရိုးရာနှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်စာတွဲပါဝင်လျက်ရှိနေခြင်းဖြစ်သည်။

နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်သည် မြန်မာ့ရိုးရာပွဲတော်များတွင် အထင်ရှားဆုံးပွဲတော် တစ်ခုဖြစ်ပြီး ဧပြီလလယ်တွင် ကျင်းပလေ့ရှိသော ပွဲတော်တစ်ခုဖြစ်သည်။ နှစ်သစ်ကူးပွဲတော်ကို လေးရက်မှ ငါးရက်အတွင်း ကျင်းပလေ့ရှိပြီး လူကြီးသူမများကို ကုသိုလ်ယူကာ အချင်းချင်းရေပက်ကစားကြသည့် ဗုဒ္ဓဘာသာပွဲတော်ဖြစ်သည်။ သင်္ကြန်ပွဲတော်ရက်များကို မြန်မာပြက္ခဒိန်အရ တွက်ချက်ခြင်း ဖြစ်ကာ မြန်မာနှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် အထိမ်းအမှတ်လည်း ဖြစ်သည်။

image